Monday, November 14, 2011

မြန်မာဒီမိုကရေစီကွန်ဂရက် နှင့်မဟာမိတ်ပါတီ များ တစ်ဦးခြင်း ကိုယ်စားလှယ်များအပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲဝင်မည်

.

Sunday, 13 November 2011 11:15
AddThis Social Bookmark Button
လစ်လပ်မဲဆန္ဒနယ် ၄၈ ခု အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာလ ဒုတိယပတ်က အကြောင်းကြား ထားကြောင်း သတင်းရရှိပါသည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသား လွှတ်တော်တွင် ခြောက် နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စား လှယ်များ လစ်လပ်လျက်ရှိသည်။

မူလမဲစာရင်းကို အခြေခံ၍ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီသော တိကျမှန်ကန်သည့် မဲစာရင်းများကို ကြိုတင်ပြုစုထားရန်နှင့် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ပြည့်စုံ ကောင်းမွန်မှု ရှိ၊ မရှိ စိစစ်ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရန် အကြောင်းကြားထားခြင်း ဖြစ်ကြောင်း . . .
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သည့် မဲဆန္ဒနယ် အသီးသီးတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၉ အရ ဥပဒေနှင့်အညီ အစားထိုး ရွေးကောက်တင်မြှောက်နိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် ရှိနေရာ လစ်လပ်မဲဆန္ဒနယ်များ အလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၀ အရ မူလ မဲစာရင်းကို အခြေခံ၍ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီသော တိကျ မှန်ကန်သည့် မဲစာရင်းများကို ကြိုတင်ပြုစုထားရန်နှင့် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ပြည့်စုံကောင်းမွန်မှု ရှိ၊ မရှိ စိစစ်ခြင်းတို့ကို ကြိုတင် ဆောင်ရွက်ထားရန် အကြောင်းကြားထားခြင်း ဖြစ်ကြောင်း သိရသည်။
လစ်လပ် မဲဆန္ဒနယ်များအလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမည့် မဲဆန္ဒနယ်များမှာ ကချင် ပြည်နယ်တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ အမျိုးသားလွှတ်တော် နှစ်နေရာ (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) နှင့် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး)၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် လေးနေရာ (တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံ တန်း)၊ အမျိုးသားလွှတ်တော် တစ်နေရာ(အုတ်တွင်း၊ ထန်းတပင်)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (က၀မြို့နယ် မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ငါးနေရာ (မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ အမျိုးသားလွှတ်တော် တစ်နေရာ (တောင်တွင်းကြီး)၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော် ၁၀ နေရာ (ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီလာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ(မော်လမြိုင်)၊ ရန်ကုန်တိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ခြောက်နေရာ (ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ် ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှည်း ကူး၊ မရမ်းကုန်း)၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ (ကလော)၊ အမျိုးသားလွှတ်တော် တစ်နေရာ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ် တော် ငါးနေရာ(ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်)၊ အမျိုးသားလွှတ်တော် တစ်နေရာ (ဖျာပုံ၊ ဒေးဒရဲ)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (ရေကြည် မြို့နယ်-မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။



.

Saturday, November 12, 2011

ပြည်ပ မီဒီယာများ၏ မေးမြန်းများကိုဖြေကြားရန် ဇာဂနာယာယီရပ်ဆိုင်း

..



 ပြည်ပမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရန် ဇာဂနာယာယီရပ်ဆိုင်း



ရန်ကုန်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁ ပြည်ပအခြေစိုက် မီဒီယာများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားရန် ယာယီရပ်ဆိုင်းလိုက်ကြောင်း လူရွှင်တော်ဇာဂနာက သူ၏ Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး လူရွှင်တော် ဇာဂနာအား The Messenger Journal မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်တို့ စေတနာနဲ့ လုပ်နေတဲ့အလုပ်တွေကို စေတနာပျက်အောင်၊ စေတနာကွက်အောင် အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။ သူတို့ ပြောတာဆိုတာတွေကြောင့် ကျွန်တော်တို့ကို ထောင်ဝန်ထမ်းတွေ မကူညီတော့ရင် ကျွန်တော်တို့ သူငယ်ချင်းတွေပဲ ဒုက္ခရောက်မယ်။ လှူနေတဲ့သူတွေလဲ မလှူရဲလောက်အောင် ဖြစ်နေတယ်"ဟု ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ လွတ်မြောက်လာခဲ့သော လူရွှင်တော်ဇာဂနာသည် မလွတ်မြောက်သေးသည့်နိုင်ငံရေးအကျဉ်းသား များကို ငွေကြေး၊ ဆေးဝါး၊ အစားအစာနှင့် လိုအပ်သည်များကို အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ပြီး ပေးပို့ လှူဒါန်းခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ပြည်ပမီဒီယာအချို့မှ သတင်းအချက်အလက်များ မှားယွင်းဖော်ပြခဲ့ရာ လူရွှင်တော် ဇာဂနာက ပြည်ပ မီဒီယာများနှင့် ဆက်ဆံရေးယာယီရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ "မီဒီယာတွေ အနေနဲ့က ဒါမျိုးမတော်တဆ လွဲချော်တာတွေ ဖြစ်တတ်တယ်။ တမင်လုပ်မယ်လို့တော့ မထင်ဘူး။ မှားယွင်းဖော်ပြခဲ့မိရင်လည်း မှားယွင်းကြောင်း ရှင်းသင့်တယ်။ မီဒီယာသမားနဲ့ နိုင်ငံရေးသမား၊ အနုပညာသမားဆိုတာ မကင်းရာ မကင်းကြောင်းတွေ ဖြစ်တဲ့အတွက် ညှိနှိုင်းလို့ ရမယ်ထင်ပါတယ်" ဟု ၀ါရင့် သတင်းစာဆရာ ဆရာမောင်ဝံသက ပြောသည်။ ပြည်ပမီဒီယာများသည် လုံးဝလွတ်လပ်သော အနေအထားတွင် ရှိနေရာ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ထိရောက်လျင်မြန်စွာ ဖြန့်ဝေနိုင်စွမ်းရှိသကဲ့သို့ ၎င်းတို့ ဖြန့်ဝေသော သတင်းအပေါ်တွင် တာဝန်ယူမှုအပြည့်အ၀ပေးရန် လိုအပ်ကြောင်း ပြည်တွင်းစာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သုံးသပ်သည်။ "ပြည်ပအခြေစိုက် မီဒီယာတိုင်း၊ သတင်းထောက်တိုင်း ကိုတော့ မဆိုလိုပါဘူး။ တချို့ ပြည်ပ သတင်းဌာနတွေ၊ တချို့ ပြည်ပအခြေစိုက် မြန်မာသတင်းထောက်တွေ သတင်းတင်ပြပုံ၊ အင်တာဗျူးမေးပုံတွေက ပြည်သူကို တကယ်သတင်းအမှန်ပေးချင်တာထက် သူတို့ လိုချင်တဲ့လမ်းကြောင်းကို မရောက်ရောက်အောင် ဆွဲတင်သလိုဖြစ်နေတယ်။ သတင်းလက်ခံသူတွေကို သူတို့စိတ်ထဲမှာ ဘယ်လိုထင်ထားလဲ၊ ပြည်သူက မအဘူးဆိုတာ သဘောပေါက်စေချင်တယ်" ဟု ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ တာဝန်ခံအယ်ဒီတာတစ်ဦးက ပြောသည်။ ပြည်ပမီဒီယာများနှင့် ဆက်ဆံရသောအခြေအနေကို လူရွှင်တော်ဇာဂနာက"တခါတလေကျရင် သူတို့က အစိုးရမကောင်းကြောင်းကို ကျွန်တော့်ကို အတင်းပြောခိုင်းသလိုဖြစ်နေတယ်။ သူတို့ ပြောချင်တာကို ကျွန်တော့်ကို အတင်းတိုက်တွန်းပြီး ပြောခိုင်းသလိုဖြစ်နေတယ်။ သူတို့အနေနဲ့ အဲဒီလို ဆန္ဒရှိတယ်ဆိုရင် ဒီမှာ ကိုယ်တိုင်လာပြောကြစေချင်တယ်" ဟု ပြောကြားခဲ့သည်။ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဥ်းထောင်မှ လွတ်မြောက်လာသော လူရွှင်တော် ဇာဂနာသည် လုပ်ဖော်ကိုင်ဘက် အနုပညာရှင်များ၏ အကူအညီဖြင့် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် ၄၂ ခုမှ မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသားများအား လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။


..

ဦးသိန်းစိန် တရုတ် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တွေ့ဆုံ

Myanmar president meets CPC delegation

English.news.cn 2011-11-12 00:20:27FeedbackPrintRSS
NAY PYI TAW, Nov. 11 (Xinhua) -- Myanmar President U Thein Sein met with a visiting Communist Party of China (CPC) delegation led by senior Chinese official Liu Qi at the Presidential Office in Nay Pyi Taw Friday.
Liu Qi is a member of the Political Bureau of the CPC Central Committee and Secretary of the Beijing Municipal Committee of the CPC.
Liu said the Chinese side would like to make joint efforts with the Myanmar side to continuously strengthen the exchange at each level, realize the practical cooperation in economic and trade sectors, unshakably push the smooth implementation of major cooperation projects of the two countries and the continuous development of the two countries' strategic partnership.
Speaking highly of the Myanmar government's achievements in economic and social development, Liu maintained that China would continue to support Myanmar people's independent choice of the development path that suits the country.
President U Thein Sein said Myanmar-China bilateral ties developed smoothly with political trust of the two countries deepening, personnel exchange expanding and the development trend of economic and trade cooperation remaining fine.
U Thein Sein thanked China for rendering its long-term support and aid to Myanmar, expressing wishes to continuously push the realization of the two countries' cooperation project, expand sectorwise cooperation and push ahead the stable and healthy development of bilateral relations.
Speaker of Myanmar's Parliamentary House of Representative U Shwe Mann also met with Liu at the Parliament Building on the same day.
Both sides expressed wishes to work for the close ties between the two governments, the two parliaments and the two parties.
Moreover, Liu also met with ruling party USDP Secretary-General U Htay Oo separately.
The CPC delegation arrived at the new capital earlier on Friday on a goodwill visit to Myanmar at the invitation of the USDP.
Myanmar is the final leg of the CPC delegation's four-country tour. They had visited Laos, Nepal and Bangladesh earlier.
Editor: Deng Shasha

Thursday, November 3, 2011

ရန်ကုန်တွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲ

..
ရန်ကုန် တက္ကဆီတစ်စင်းပေါ်မှာဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ကားမောင်းသူသေဆုံးသွားတယ်လို့ အေပီက လာတဲ့သတင်းတစ်ရပ်မှာဖေါ်ပြပါတယ်။ ကားပေါ်ပါလာတဲ့ခရီးသည် နှစ်ဦးလည်း ထိခိုက်မှုရှိတယ်လို့ဖေါ်ပြ ပါတယ်။ ပေါက်ကွဲမှုဟာ ၂၅ ရက် အောက်တိုဘာ လမှာ ဖြစ်ခဲ့တဲ့အကြောင်း မြန်မာ တာဝန်ရှိသူ ကပြေခဲ့တာ ဖြစ်ပေမဲ့ သံသယ ရှိသူတွေမည်သူဖြစ်တယ်ဆိုတာကိုတော့ကွဲပြားစွာ မသိရှိတဲ့ကြောင်း နဲ့ အလားတူ ဗုံးတစ် လုံးကိုလည်း မြို့တော်ခန်းမ အနီးမှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တွေရှိခဲ့ရတယ်လို့ သတင်းမှာဆက်လက်ဖေါ်ပြပါတယ်။


..

မလေးရှား ၀န်ကြီးချုပ်ဟောင်း၏ ခရီးစဉ်ထူးခြားမှုရှိဟု သုံးသပ်

..
မလေးရှားဝန်ကြီးချုပ်မဟာသီယာ က မလေးရှား လုပ်ငန်းရှင်များကို မြန်မာနိုင်ငံမှာ အမြန်ဆုံးရင်းနှီးမှုတွေ လုပ်ကြ ဖို့ တိုက်တွန်း လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၀င်ရောက်တာနောက်ကျမယ်ဆိုရင် အခြားနိုင်ငံ တွေက လက်ဦးမှုရယူသွားနိုင် တယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်းက မလေးလုပ်ငန်းရှင်တွေကို သတိပေး လိုက်တာပါ။

မဟာသီယာ ဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး မြန်မာပြည် အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအ တွက် အဓိက ခန်းမှာပါဝင်ခဲ့တယ်လို့ မလေးရှားကလာတဲ့ သတင်းမှာ ဖေါ်ပြပါတယ်။ ယခုခရီးစဉ်ဟာ တရား ၀င်ခရီးစဉ်တစ်ခုတော့မဟုတ်ပေမဲ့  မလေးရှားအစိုးရကိုတော့ ကိုယ်စားပြုနိုင်တဲ့ အဆင့်ရှိတဲ့ အတွက် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံတာဖြစ်တယ်လို့ဆိုပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟာ မြန်မာ စက်မှုလုပ်ငန်းရှင်များနဲ့လည်းတွေ့ဆုံခဲ့ပြီး ဂလိုဘယ်လိုက်ဆေးရှင်းနဲ့ လစ်ဘရယ်လိုက်ဆေးရှင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

မလေးဝန်ကြီးချုပ်ဟောင်းဟာ လူ့အခွင့်အရေးဆိုင်ရာ မဆီလျှော်မှုတွေကို လုပ်ခဲ့ပေမဲ့ အရှေ့ တောင် အာရှကို အမေရိက နဲ့ အနောက်ဥရောပ ခေါင်းဆောင်တွေစိတ်ဝင်စားအောင် လုပ်နိုင်ခဲ့သူမို့ သူ့ရဲ့ခရီးစဉ် ဟာ မြန်မာပြည်အတွက်ထူးခြားမှုရှိတယ်လို့ ကျွန်ုပ်တို့ပါတီမှယူဆပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ပြောဆိုမှုများ မှတ်ချက်ပြုမှုများကို အလေးထား လေ့လာသွားမှာဖြစ်ပါတယ်။


..

အာဆီယမ်- ဂျပန် အစည်းဝေးရန်ကုန်တွင်စတင်ကျင်းပပြီ

..


ASEAN-Japan business meeting held in Myanmar
(philstar.com) Updated November 03, 2011 11:45 PMComments (0)View comments


YANGON (Xinhua) - A business meeting of the Association of Southeast Asian Nations (ASEAN) and Japan was held at the Sedona Hotel here Thursday aimed at boosting economic relation between ASEAN and Japan.
Jointly opened by Dr. Khin Shwe, chairman of the 37th ASEAN- Japan Business Meeting, and Yasuchika Hasegawa, Chairman of Keizai Doyukai, the event was attended by top business community of Japan and some ASEAN member countries including Cambodia, Indonesia, Myanmar, Malaysia, the Philippines, Thailand and Singapore.
Thura Thaung Lwin, Myanmar Deputy Minister for Rail Transportation, read out the message sent from President U Thein Sein, saying that this year's ASEAN-Japan forum is a platform for continuing friendship and cooperation between these two great entities.
The message stressed the need for more commitment as the frequency and the nature of the global crisis are changing and becoming more and more challenging in the integrated globalized area.
"The cooperation and synergies within ASEAN and the ties with our counterpart Japan are rather crucial to strengthen our economies especially under current circumstances such as the debt crisis in United States and Euro zone crisis, "the message said.
For Myanmar, the message said that it is a renewed co-operation and the commitment to extend its participation in ASEAN as well as to strengthening the political economic and social co-operation with Japan.
The message reaffirmed Myanmar democratic efforts and economic reform, saying that economic reform will target from transparency, foreign direct investment and high growth opportunity for international and domestic stakeholders.
At the meeting, Japanese ambassador Takasho Saito also read out the message from Japanese Prime Minister Yoshihiko Noda which voiced support for the continuous growth and development of Asia, stressing the importance of strengthening the economic partnership.The message also pledged support for ASEAN efforts to create an ASEAN Community by 2015.The meeting discussed security and risk management as a basis for sustainable growth, future energy architecture and cooperation in Asia as well as human resources development, exchange and management.


..