Saturday, October 29, 2011

ဒေါ်အောင်ဆန်းစုကြည်အား ပါလီမန်တွင်းနိုင်ငံရေးလုပ်ရန် ကမ္ဘာ့မီဒီယာများ အကြံပြု

..



ရွေးကောက်ပွဲဝင်နိုင်ငံရေးအား ဝေဖန်မှုပြုသောမှတ်ချက်များပေးပို့ပါက ယခုဘလောက်စာမျက်နှာတွင်ဖေါ် ပြပေးသွားမည်ဖြစ်ပါသည်။ ကန့်ကွက်သည်ဖြစ်စေ ထောက်ခံသည်ဖြစ်စေ ဖေါ်ပြပါမည်။

myanmardemocracycongress@gmail.com  သို့ပေးပို့နိုင်ပါသည်

Myanmar's Suu Kyi could seek parliament seat

By
  • Reuters
Published Saturday, October 29, 2011
Myanmar democracy leader Aung San Suu Kyi might stand for parliament in an upcoming by-election after her party re-registers itself to enter politics, a party spokesman said.
Suu Kyi has been blocked from politics and detained for long stretches of time since returning to her homeland from abroad in 1988.
But after holding the first election in 20 years last November, Myanmar's military nominally handed power in March to a civilian government and it has introduced some reforms and started a dialogue with Nobel Peace Prize laureate Suu Kyi.
Her National League for Democracy (NLD) party was officially disbanded for refusing to take part in last year's election although it has continued to function.
NLD spokesman Nyan Win said the party was likely to get re-registered under an amended party law that drops clauses the party had objected to.
Asked if Suu Kyi herself would stand in a by-election after the party's re-registration, Nyan Win said: "I think she will and I personally want her to."
Asked by Reuters a month ago if she would stand in a by-election if the law was amended, the 66-year old Suu Kyi said she would have to get the approval of her party's central executive committee.
A set of by-elections is expected late this year.
Analysts say the government's reforms, including the recent release of about 200 political prisoners, are aimed at shedding Myanmar's pariah status and giving it some legitimacy with the international community, particularly the Association of South East Asian Nations (ASEAN), of which Myanmar is a member.
Since coming to power this year, the new government has stopped criticising Suu Kyi and issuing veiled threats and instead sent an envoy, Labour Minister Aung Kyi, to meet her on three occasions. They are due to meet again on Sunday, government and party officials said.
Suu Kyi also had a meeting with President Thein Sein in the capital, Naypyitaw, in August.
Well-informed sources close to the government said the government wanted Suu Kyi and members of her party in parliament to give it legitimacy.
"They think the participation of some NLD lawmakers including Suu Kyi would surely help improve their image and legitimacy," said a retired senior diplomat.
Under the amended political party law, a clause barring anyone convicted of a crime from joining a party has been dropped.
Another change requires political parties to "respect and obey" a 2008 constitution instead of "preserve and protect".
Suu Kyi and other democracy activists objected to the constitution, drafted by a military-appointed convention, because it effectively enshrined the supremacy of the military in politics.

Friday, October 28, 2011

တရုတ်ရုပ်မြင်သံကြားလိုင်း ၃ ခု မြန်မာပြည်တွင် တစ်ပြိုင်နက်ပြသပြီ




.
တရုတ်နိုင်ငံရဲ့ ဗဟိုရုပ်မြင်သံကြားဌာန CCTV ကို မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ CCTV ဟာ လိုင်းခွဲများစွာရှိပြီး အဲဒီအထဲကမှ CCTV-4 (Chinese), CCTV-News (English), နဲ့ CCTV-9 (Documentry) ဆိုပြီး  လိုင်းခွဲသုံးခု ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ MRTV-4 ရဲ့ SKY NET လိုင်းက ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

MRTV-4 ဟာမြန်မာ ရေဒီယိုနဲ့ရုပ်မြင်သံကြားဌာန MRTV ရဲ့လက်အောင်ခံအဖြစ် Forever Media Group နဲ့ပူးတွဲတည်ထောင်ထားတာဖြစ်ပါတယ်။ SKY NET ကတော့ ရွှေသံလွင်ကုမ္ပဏီက MRTV နဲ့ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးစိုးဝင်းနဲ့ တရုတ်နိုင် ငံ ရေဒီရိုနဲ.ရုပ်မြင်သံကြားဌာန ဒုဝန်ကြီး MR. TIAN JIN တို့က ဖွင့်လှစ်ပေးပါတယ်။

CCTV ကို MRTV-4 ကနေထုတ်လွှင့်တဲ့အခါ SKY NET ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုသုံးမှာဖြစ်ပါတယ်။ CCTV-4 တီဗီလိုင်းကို အောက်တိုဘာလ ၁ ရက်နေ. ၁၉၉၂ မှာ အပြည်ပြည်ဆိုင်ရာကို တရုတ်ဘာသာနဲ. စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ CCTV-News (English) လိုင်းကိုတော့ စက်တင်ဘာလ ၂၅ ရက်နေ့ ၂၀၀၀ ခုနှစ်မှ စတင်ပြီး ၂၄ နာရီထုပ်လွှင့်ခဲ့တာပါ။ CCTV-9 (Documentary) ကိုလည်း ၂၄ နာရီပတ်လုံး တစ်ပြိုင်နက်ထုတ်လွှင်ခဲ့တာဖြစ်ပါတယ်။

တရုတ်မြန်မာ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း နီးနီးကပ်ကပ် တိုးတက်မှုရှိခဲ့တယ်လို. သတင်းမှာဖေါ်ပြပါတယ်။



..

Wednesday, October 26, 2011

နာဂဒေသ စီးပွားရေး နှင့် လူမှုအဖွဲ့စည်းများ မန္တလေးတွင် တွေ့ဆုံစည်းဝေး

...


                                                                     အစည်းဝေးတက်ရောက်သူများ            


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှဒေသခံတွေ မန္တလေးမြို.မှာ စီးပွားရေး၊ လူမှုအဖွဲ့အစည်းများတည်ထောင် ရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ၊ ရင်းနှီးမြုတ်နှံမှု တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။ စီးပွားရေးနဲ. ရင်းနှီးမြုတ်နှံမှုတွေကို Nagaland လို့ခေါ်တဲ့ အိန္နိယဒေသက ခေါ်ယူမယ်လို့သတင်းမှာဖေါ်ပြ ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ  Ru San Chu က ပြောရာမှာ ယခု ကျင်းပတဲ့အစည်းဝေးကို Shwe Naung Yan co.ltd. က တာဝန်ယူကျင်းပပေးတာလို့ပြောပါတယ်။ အစည်းဝေးမှာ  Sarameti  ကုန်သယ် ကြီးများအသင်းက မြန်မာနိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ဖို.ကြိုးစားမှဖြစ်ပြီး ပညာ ရေး၊ အလုပ်အကိုင်အခွင့်အလန်းများရရှိရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများ ထောက်ပံ့ရေး၊ စိုက်ပျိုးရေး၊  ဆယ်မြောင်းနဲ့ လယ်ယာလုပ်ငန်းများကို ထောက်ပံ့မှုများပြုလုပ်သွားမှာဖြစ်ပါတယ်။

နာဂဒေသခံများကတော့ Dimapur မှ Chabou & co. Ltd  ကိုအထူးအလေးထားကြိုဆိုလျှက်ရှိပြီး အိန္နိယ နဲ. မြန်မာ အစိုးရများ ကြားမှာ ပထမဆုံးလာရောက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ နာဂ ဒေသရဲ့ အကြီအကဲ များကတော့ Nagaland ကလာတဲ့ စီးပွားရေးအဖွဲ့များကို လက်ခံကြိုဆိုသွားမယ်လို. ကြေငြာပါတယ်။



..

Tuesday, October 25, 2011

တောင်ကိုရီးယား နှင့်မဲခေါင်ဒေသ စီးပွားရေးပိုမိုပူးပေါင်းဆောင်ရွက်မည်

                                                                              

..                                 ကီလိုမီတာ ၄၈၀၀ ရှည်လျှားသောမဲခေါင်မြစ်


တောင်ကိုရီးယား နိုင်ငံခြားရေးဌာန အနေဖြင့် မဲခေါင်ဒေသ ၅ နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက် ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမယ်လို. တရားဝင်ကြေငြာချက်ထုတ်ပြန်ပါတယ်။  မြန်မာ၊ ကမ္ဘောဒီယား၊ ထိုင်း၊ဗီယမ်နမ်နဲ. လာအိုနိုင်ငံတွေပါဝင်မှာဖြစ်ပြီး စီးပွားရေးနဲ.ဖွံ.ဖြိုးရေးကိစ္စများ အဓိက ထားဆွေးနွေးမယ်လို.သတင်းမှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ဟနွိုင်မှာကျင်းပတဲ့ ခေါင်းဆောင်များအဆင့် အရှေ.တောင်အာရှ နိုင်ငံများအစည်းအဝေး မှာ သမ္မတ လီမြောင် ဘက် က အဆိုပြု တင်ပြခဲ့တာဖြစ်တယ်လို.ဆိုပါတယ်။ တောင်ကိုရီးယားဟာ မဲခေါင်ဒေသနဲ. စီးပွားရေးပူး ပေါင်းဆောင်ရွက်ဖို. နိုင်ငံခြားရေး ၀န်ကြီးများအ ဆင့်အစည်းဝေးမှာ တင်ပြသွားမှာဖြစ်ပါတယ်။

မဲခေါင်မြစ်ဟာ ကီလိုမီတာ ၄၈၀၀ ကျော်ရှည်လျှားပြီး တရုတ်နိုင်ငံတွင်းက စတင်မြစ်ဖျားခံစီးဆင်းတာဖြစ်ပါ တယ်။ ရေအားလျှပ်စစ် ထုပ်လုပ်မှု နဲ. အခြား ရေအရင်းအမြစ်များ အတွက် အရေးပါတဲ့ မြစ်တစ်ခုဖြစ်ပြီး မဲခေါင်ဒေသ ဟာလည်း တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာနေတဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို ရရှိနေ တာဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ. မဲခေါင် ဒေသ ၅ နိုင်ငံတို.ဟာ ပြီးခဲ့တဲ့နှစ်မှာ ကုန်သွယ်မှု ၂၅ ဘီလီယံအထိရှိခဲ့ပြီး ၁၉၉၀ ခုနှစ် က ကုန်သွယ်မှု ၁.၅ ဘီလီယံထက်စာရင် အဆများစွာ တိုးတက်လာတယ်လို. တောင်ကိုရီးယား နိုင်ငံခြားနေရေးဌာနမှ ထုတ်ပြန်ပါတယ်။

မဲခေါင်မြစ်အတွင်း မှာ မြန်မာအပါအ၀င် နိုင်ငံအားလုံးတို.က ရေအားလျှပ်စစ် ထုတ်ယူဖို့အတွက် လုပ်ဆောင် လျှက်ရှိပြီး မြစ်ရဲ့ အထက်ပိုင်းမှာ မီဂါဝပ် ၂၈၉၃၀ ထုပ်လုပ်နိုင်မယ်လို.ခန်.မှန်းပြီး မြစ်အောက် ပိုင်းမှာတော့ မီဂါဝပ် ၃၀ ၀၀၀ လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်မယ်လို.ခန်.မှန်းထားပါတယ်

(မြန်မာ နဲ. လာအို နိုင်ငံတို.ရဲ့နယ်နမိတ်အဖြစ် မဲခေါင်မြစ်ကိုတွေ.မြင်ရမှာဖြစ်ပါတယ်)



..

Monday, October 24, 2011

ကိုဇာဂနာမှ NLD အနေဖြင့် သီးခြား ပါတီတစ်ခုကို တည်ထောင်သင့်ကြောင်း အကြံပြု




.
NLD ပါတီမှတ်ပုံတင်ရေးမတင်ရေးကရန်ကုန်တွင် ပြောစရာတစ်ခုလိုဖြစ်နေ၏။ မောင်ဝံသလို ရဲရဲတောက် များ ကပါ မှတ်ပုံတင်ဖို.ပြောနေပြီ။ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို.ပါပြောနေသေး၏။ တစ်ချိန်တုန်းက ရွေးကောက်ပွဲ သပိတ်မှောက်ဖို. ပြောတုန်းကလည်း သူတို.ပင်ဖြစ်သည်။ အတိုက်အခံတွေ လွတ်တော်ထဲပါဝင် နိုင်ဖို. ၅ နှစ် နောက်ကျခဲ့ပြီ။ သို.အတွက် တစ်ချိန်က ရွေးကောက်ပွဲဝင်နိုင်ငံရေး ကိုနွားတင်းဂုတ်နှင့် နှိုင်းသူများ သမိုင်းတရာခံဖြစ်ပြီလား စဉ်းစားကြဖို.ဖြစ်သည်။ နိုင်ငံရေးမူဝါဒတွေနဲ.ပတ်သက်ပြီး ငါနာမည်ကြီး ခေါင်းဆောင် တစ်ယောက်ပဲဆို ပြီး လက်လွတ်စပါယ်ပြောလို.ရပါသလား။ တိုင်းပြည်အတွက် ၅ နှစ်နောက် ကျသွားခြင်းကို ဘယ်သူတာဝန်ယူမည်လဲ။ ထိုသို. ၅ နှစ်နောက်ကျခြင်းကို ငွေကြေးနှင့်တွက်ချက်လျှင် ဒေါ်လာ ဘီလီယံပေါင်းများစွာ နဲ.ညီမျှလိမ့်မည်။ ကလေးတစ်ယောက် ကျောင်းတက်ဖို. ၅ နှစ် နောက်ကျ လျှင် တစ်သက်လုံးစာသင်ဖြစ်မည်မဟုတ်တော့။

NLD အနေဖြင့် ယခင်အခြေအနေက အပြောင်းအလဲများ မသိသာ၍ မှတ်ပုံမတင်သင့်ကြောင်း ယခုတော့ အစိုး၇အနေဖြင့်ပြောင်းလဲလာပြီဖြစ်သဖြင့် မှတ်ပုံတင်ခြင်းမှာ တရားကြောင်း ဆင်ခြေပေးသူကပေး၏။ ၂၀၁၀ NO VOTE လုပ်သည်မှာ မှားယွင်းသော နိုင်ငံရေးရွှေ.ကွက်ဖြစ်ကြောင်းမည်သူမျှဝန်မခံကြ။ အခုမှ အရှက်ပြေ ဆင်ခြေမျိုးစုံဖြင့် မှတ်ပုံတင်ရေး ၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးနှပ်ကြောင်းပေးနေကြပြီ။

NLD နေဖြင့် ကြားခံပါတီတစ်ခုကိုတည်ထောင်သင့်ကြောင်း လူရွှင်တော်ဇာဂနာကလည်း NLD သို. အကြံပြု သည်ဟုလည်းသိရပါသည်။ လူငယ်များကိုစည်းရုံးရန်အတွက်ဟု ဇာဂနာ ကထောက်ပြခဲ့၏။ ဇာဂနာ ကိုယ်တိုင် ပါတီတစ်ခု မှတ်ပုံတင် မည်ဟုလည်း အတည်မပြုနိုင်သော သတင်းများ လည်းထွက်ပေါ်လျှက်ရှိ ပါသည်။ ကျွန်ုပ်တို.ပါတီမှလည်း ကိုဇာဂနာအား ပါတီနိုင်ငံရေးလုပ်ခဲ့လျှင် NLD နှင့် မပူးပေါင်းပဲ ကျွန်ုပ်တို.ပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းထားပါသည်။ NLD နှင့်ပေါင်းလျှင် ကိုဇာဂနာ တစ်ယောက် NLD ၏ ဒုက္ခ များကို ခံစားရမည်။

NLD က ပြဿနာ  ၂ ခုနှင့်ရင်ဆိုင်နေရ၏။ တစ်ခုက ၂၀၁၀ ကို ငြင်းဆန်ခဲ့ခြင်း၏ အမှားကို ဘယ်လိုဖာ ထေးရမည်လဲဟူသော ပြဿနာဖြစ်ပြီး နောက်တစ်ခုကတော့ ဂုဏ်သိက္ခာရှိစွာဖြင့် မှတ်ပုံတင်နိုင်ရေးဖြစ်၏။ မည်သို.ပင်ဖြစ်စေ တိုင်းပြည်ကတော့ ၅ နှစ်နောက်ကျခဲ့ပြီ။ နိုင်ငံရေးလောက တစ်ခုလုံး ၂၀၁၀ သပိတ် မှောက်ရင်း ၂၀၁၅ ကို လှမ်းမျှော်နေရသည်.ကိန်းဆိုက်ခဲ့ပြီ။ ကြားဖြတ်ရွေးကောက်ပွဲကစုစုပေါင်းမှ နေရာ ၄၀ ကျော်လောက်သာရှိ၏။ ဒီကြားထဲ နိုင်ငံတကာစီးပွားပိတ်ဆို.မှုများကို ဆက်လက်ထားရှိရန် NLD မှကြိုးပမ်းနေသေး၏။ ပြည်သူကို အငတ်ထား၍ တော်လှန်ရေးလုပ်သည့်နည်းနာ ကို မစွန်.လွှတ်နိုင်သေး။

မည်သူကလက်ခံချင်သည်ဖြစ်စေမခံချင်သည်ဖြစ်စေ NLD သည် သမိုင်းတရားခံဖြစ်၍ နေလေ ပြီ။ ဒေါ်အောင်ဆန်း စုကြည်သာ မရှိလျှင် NLD သည် သတင်းထဲတွင်ပါနိုင်မည်မဟုတ်တော့။ ဒေါ်အောင်ဆန်းစု ကြည် NLD အား ကယ်တင်လျှင် သမိုင်းတွင် ပြဿနာရှိသည်။ မယုံလျှင် NLD ကိုကယ်တင်ကြည့်ပါ။ ကိုမင်း ကိုနိုင် ၊ ကိုဇာဂနာတို.အားလည်း အသိပေးလိုက်ပါ၏NLD ကို ကယ်တင်လျှင် NLD နှင့် အတူ ပျက်သုန်းမည် ။ ပါတီနိုင်ငံရေးလုပ်ဖို.လိုသည်ဟုယုံကြည်လျှင် NLD နှင့် မပူးပေါင်းပဲ မိမိကိုယ်တိုင် ပါတီထောင်ရန်သာဖြစ်ပြီး။ ကျွန်ုပ်တို.ပါတီသို. ပါဝင်ဆောင်ရွက်ပါရန်လည်း တရားဝင်ဖိတ်ခေါ်အပ်ပါသည်။



..




Saturday, October 22, 2011

ဟောင်ကောင် ရန်ကုန် တိုက်ရိုက်လေကြောင်းပျံသန်းမည်

..
                                                     ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်


ဟောင်ကောင် မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းပျံသန်း နိုင်ဖို. နှစ်ဖက်အာဏာပိုင်တွေဆွေး နွေးနေ ကြတယ် လို.ဆိုပါတယ်။ အဲဒီအတွက်လည်း ဟောင်ကောင် လေကြောင်းလိုင်းတာဝန်ခံတွေက ပြည်တွင်း မှာ လက်မှတ် ရောင်းချဖို. အေးဂျင့်တွေရှာဖွေလျှက်ရှိပါတယ်။

ဂျပန်နဲ. တောင်ကိုရီးယား ခရီးစဉ်တွေကတစ်ဆင့် မြန်မာ နိုင်ငံကိုပြေးဆွဲတာအဆင်ပြေပေမဲ့ ဟောင်ကောင်  အပြန်ခရီးစဉ်အတွက်ခရီးသည်ရရှိမှု နည်းပါးခဲ့ပါတယ်။ နိုဝင်ဘာ ၂၀၀၇ ခုနှစ်တုန်းက Hongkkong Express မှ ခရီးသည် ၁၆၄ ဦးဆန်.တဲ့ ဘိုးအင်း ၇၃၇-၈၀၀ လေယဉ်များနဲ. တစ်ပတ်ကို နှစ်ကြိမ် ၄ လခန်.ပြေဆွဲခဲ့ဘူးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်နား ခဲ့ရတာပါ။ မြန်မာ လေကြောင်းလိုင်း MAI ကလည်း ဟောင်ကောင် ရန်ကုန် တိုက်ရိုက်ခရီးစဉ်များကို ပြေဆွဲခဲ့ပေမဲ့ ခရီးသည် နည်းပါးတဲ့အတွက်ပဲရပ်နား ခဲ့ရပါသေးတယ်။

ယခင် တိုက်ရိုက်ခရီးစဉ်များ မရှိတုန်းကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို.ကို ခရီးစဉ်တစ်ထောက်နားပြီးမှ သွားလာနိုင်ကြပါတယ်။

ဟောင်ကောင် လေဆိပ်ဟာ လေကြောင်း လိုင်းပေါင်း ၉၀ ကျော် နဲ. ကမ္ဘာ. နိုင်ငံပေါင်း ၁၅၀ ကျော်ကို ပြေဆွဲလျှက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ခရီးသည်ပေါင်း သန်း ၅၀ ကျော်ကို လက်ခံနိုင်ခဲ့တဲ့ လေဆိပ်တစ် ခုဖြစ်ပါတယ်။ အဲဒီလို ကြီးမားတဲ့ လေဆိပ်တစ်ခုက မြန်မာပြည်ကို ဆင်းသက်ဖို. ခရီးသည် နည်းပါးတယ် တာလည်း မြန်မာ့ခရီးသွား လုပ်ငန်းအတွက် အားပျက်စရာဖြစ်ပါတယ်။ မြန်ပြည်ဟာ ဘယ်စံနဲ.ပဲတိုင်းတိုင်း အလွန်ပဲနောက်ကျနေတဲ့ ပမာဏကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ကျွန်ုပ်တို.ပါတီမှာ ဟောင်ကောင် လေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းမှုကို ကြိုဆိုလိုက်ပြီး ရန်ကုန်လေဆိပ် ရဲ့လေကြောင်းလိုင်းဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်နိုင်ဖို.လည်း မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါ တယ်။ မြန်မာပြည်မှာ လေကြောင်းလိုင်းတွေအတွက်ဝန်ဆောင်မှုလုပ်ငန်းတွေက အလွန်ပဲနည်းပါးလှပါ တယ်။ လေယဉ်ရေးပေါ်ပြင်ဆင်နိုင်မှု၊လေယဉ်ဆီနဲ. အခြား စက်ပိုင်းဆိုင်ရာဝန်ဆောင်မှု၊ လေယဉ်ခရီးသည် များအတွက် လိုအပ်သော အစားအသောက်များဖြည်.တင်းနိုင်တဲ့ အစားအသောက်ဝန်ဆောင်မှု၊ လေဆိပ် တွင်း ခရီးသည်ဝင်ထွက်မှု ၊ လေဆိပ်မှ မြို.တွင်းသို. ခရီးသည် ပို.ဆောင်မှု စသည်ဖြင့်တွေက တိုးတက်မှုများစွာ ကျန်နေတဲ့ကိစ္စတွေဖြစ်ပါတယ်။



..

Friday, October 21, 2011

မလေးရှားသို. မြန်မာ စစ်ပညာသင်များ စေလွတ်ပြီး စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်ဟုဆို

..


မြန်မာ စစ်ပညာသင်များ မလေးရှားတွင် စစ်ပညာလေ့လာဖို.စေလွတ်မည်ဖြစ်ကြောင်း မလေးရှားကာ ကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကိုပြောလိုက်ပါတယ်။ မြန်မာဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း မလေး ရှား နိုင်ငံကို ပြီးခဲ့တဲ. ကြာသာပတေးနေ့ထဲက ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ၎င်းရဲ့ခရီးစဉ် အတွင်းမှာ ယခုလိုစစ်ဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို သဘောတူခဲ့တာဖြစ်ပါတယ်။ မြန်မာက မလေး ရှားနိုင်ငံထုတ်ရေတပ် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများဝယ်ယူမှာဖြစ်ပြီး စစ်ဖက်ဆိုင်ရာ အဆင့်မြင့်ကိုယ်စား လှယ်တွေကိုလည်းစေလွတ်မှာဖြစ်ပါတယ်။

မြန်မာဟာ ၎င်းရဲ့ စစ်ဖက်ဆိုင်ရာ အရည်အသွေး အဆင့်မြင့်စေဖို.နဲ. စစ်လက်နက်စက်ရုံများ ခေတ်မှီဖို.အတွက် မလေးရှားနိုင်ငံမှလေ့လာမှုပြုဖို.လိုလားတဲ့အကြောင်း၊ မြန်မာ ဒုဗိုလ်ချုပ်ကြီးကို လက်ခံတွေ.ဆုံခြင်းဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အစိတ်အပိုင်း တွေထဲက တစ်ခုဖြစ်တယ်လို.  မလေးရှားကာကွယ်ရေးဝန်ကြီးက ပြောဆို ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ်အဖြစ်တဲ့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးရဲ့ခရီး စဉ်ဖြစ်တယ် လို.သတင်းမှာဖေါ်ပြပါတယ်။ မြန်မာဝန်ကြီးဟာ မလေးရှားစစ် လက်နက်စက်ရုံကြီးနှစ်ခုသို့ လည်း သွားရောက်လေ့လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်းနဲ. လေကြောင်းပြပွဲကို ပါဝင်လိုတဲ့ဆန္ဒရှိပြီး Langkawa မှာ ဒီဇင်ဘာလကျရင်ကျင်းပမဲ့ အာရှ ကာကွယ်ရေးဆိုင်ရာပြပွဲ ကိုလည်းတက်ရောက်မှဖြစ်ပါ တယ်။

ကျွန်ုပ်တို.ပါတီကတော့ သဘာဝဓါတ်ငွေ့ရောင်းရငွေ ပူပူနွေးနွေးလေးတွေ မလက္ကာရေလက်ကြားကို ဖြတ် ပြီး မလေးရှားနိုင်ငံကိုဝင်ရောက်ခိုလှုံသွားမဲ့အရေး ကို စိတ်လေးလျှက်ရှိပါတယ်။



.. 

Thursday, October 20, 2011

သီးလေးသီးကျန်အဖွဲ့သားများ နိုဝင်ဘာလတွင်မြန်မာပြည်သို.ပြန်မည်

.


ထိုင်းနိုင်ငံတွင် ကျန်ရှိနေသော သီး လေးသီးအဖွဲ့သားသုံးဦးအား မြန်မာ နိုင်ငံသို့ ပြန်ဝင်လာရန် ခေါ်ယူထားရာ နိုဝင်ဘာလ လယ်လောက်တွင် ပြန်လည် ရောက်လာနိုင်မည်ဖြစ် ကြောင်း သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ကို စတင်တည် ထောင်သူ လူရွှင်တော်ဇာဂနာက အောက်တိုဘာလ ၁၄ ရက်နေ့က ပြောသည်။
သီးလေးသီးအဖွဲ့ဝင် သုံးဦးဖြစ်သည့် ပန်းသီး၊ကြယ်သီးနှင့် မင်းသမီးမြစပယ်ငုံတို့ကို ပြည်တွင်း ပြန်ဝင်လာရန် ပြောဆိုခဲ့ရာ ၎င်းတို့သည် နိုဝင်ဘာလအတွင်း ပြည်တွင်းပြန်ဝင်လာရန် ဆောင်ရွက် နေကြောင်း ဇာဂနာက ပြောသည်။
"နှစ်သီးကော၊ မင်းသမီးကော ပြန်ခေါ်ထားတယ်။ သူတို့က ကျွန်တော် ခေါ်မှ ပြန်လာမယ်လို့ ပြောထားတယ်။ ရက်ညှိနေတယ်"ဟု ၎င်းက ပြောသည်။


..

Wednesday, October 19, 2011

ယနေ.ည ၁၉-၁၀-၂၀၁၁ နေ.တွင် ရခိုင်နှင့်မောင်းတောမြို.များသို.မုန်တိုင်းတိုက်ခတ်နိုင်

..


အင်အားအသင့်အတင့်ရှိသော ဆိုင်ကလုံးမုန်တိုင်း တစ်ခု မြန်မာနိုင်ငံအနောက်ပိုင်းကို ၀င်ရောက်ဖို.ရှိတယ်လို. ဆိုပါတယ်။ မောင်းတော့မြို့ အနောက်ဖက် ၅၆ ကီလိုမီတာ အကွာ အဝေးရှိတဲ့နေရာကို ဗဟိုပြုတာဖြစ်ပြီး မြန်မာပြည်ကို စစ်တွေနဲ. အနီးတစ် ၀ိုက်ကို ယနေ.ည သန်းခေါင်အချိန်လောက်မှာ ၀င်ရောက်မယ်လို.ခန်.မှန်းပါတယ်။

လေတိုက်နှုံး တစ်နာရီကို ၉၆ မှ ၁၁၂ ကီလိုမီတာနှုံးနဲ.တိုက်ခတ်နိုင်ပြီး  ၁.၈ မီတာမှ ၂.၄ မီတာအမြင့် ရှိတဲ့ လှိုင်း လုံးများ ရိုက်ခတ်ဖွယ်ရှိတယ်လို.ဆိုပါတယ်။



..

Tuesday, October 18, 2011

မြန်မာသင်္ဘောသားများ လိုင်စင်အတုများကိုင်ဆောင်မှုဖြင့် တရုတ်နိုင်ငံတွင်ဖမ်းဆီးခံရ

..



မြန်မာသင်္ဘောသား အယောက် ၂၀ ခန်.ကို သင်္ဘောသားလိုင်စင်အတုများ နဲ. တရုတ်နိုင်ငံဆိပ်ကမ်းတစ်ခု မှာ ဖမ်းဆီးလိုက်တယ်လို.ဆိုပါတယ်။ ၎င်းတို.ဟာ အခွန်ရှောင်ဖို.ရည်ရွယ်ချက်နဲ. သင်္ဘောလိုက်ခွင့် လိုင်စင် အတုများကို ကိုင်ဆောင်တာဖြစ်တယ်လို.ဆိုပါတယ်။ မြန်မာသင်္ဘောသားများဟာ လိုင်စင်အတုများအတွက် ဒဏ်ကြေးငွေအဖြစ် ယွမ်ငွေ ၁၅၀၀ ( အမေရိကန်ဒေါ်လာ ၂၃၅) ပေးဆောင်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရှန်ဟိုင်းဆိပ်ကမ်းကို အရှေ.တောင်အာရှမှ သင်္ဘောသား ၅၀၀၀ ခန်.နှစ်စဉ်ဝင်ထွက်လျှက်ရှိပြီး ၃၀% ကတော့ လိုင်စင်အတုများကိုင်ဆောင်ထားတာလို.ဆိုပါတယ်။ မြန်မာသင်္ဘောသားတွေက သူတို. နိုင် ငံခြားမှာ အလုပ်လုပ်တာကိုဖုံးကွယ်ဖို.အတွက် လိုင်စင်အတုများကိုကိုင်ဆောင်တာဖြစ်ပြီး လိုင်စင်အတုတစ် စောင်အတွက် ကုန်ကျစရိတ်က ဒေါ်လာ ၁၀၀ အောက်မှာပဲရှိပါတယ်။ မြန်မာသင်္ဘာသားများကတော့ ယခု လိုလိုင်စင်အတုများနဲ.အဖမ်းခံရတဲ့အပေါ်လုံးဝ စိုးရိမ်မှုမရှိကြောင်း အဘယ့်ကြောင့်ဆိုသော်၎င်း တို.ထံတွင် လိုင်စင်အစစ်များရှိ၍ဖြစ်တယ်လို.ဆိုပါတယ်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားရောက်မြန်မာ အလုပ်သမားများအတွက် အခွန်ဆောင်တဲ့နှုံးထားကို ၂ % အထိလျှော့ချထားပေမဲ့ ၆ လသာသက်တမ်းရှိတဲ့အတွက် ပိုမိုသက်တမ်းတိုးဖို.လိုအပ်နေတယ်လို. ကျွန်ုပ်တို. ပါတီက ယူဆပါတယ်။


...

Sunday, October 16, 2011

မြန်မာ့ရေနံနဲ. သဘာဝဓါတ်ငွေ.သိုက် ကြောက်ခမန်းလိလိတိုးတက်နေပြီ

..

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ. အရံသိုက်တွေ. ရှိမှုပမာဏာကို BP ကုမ္ပဏီရဲ့ စာရင်းဇယား ဌာနက ထုတ် ပြန် ကြေငြာပါတယ်။ ရေနံ စိမ်း စည်ပေါင်း ၃.၂ ဘီလီယံ အထိခန်.မှန်းတွက်ချက်ထားပြီး သဘာဝ ဓါတ်ငွေ. ကတော့ အရင်နှစ်တွေကထက် ၃ ဆခန်.တိုးတက်လာပြီး  ၈၀၀ ဘီလီယံကုဗမီတာလို.ဆိုပါတယ်။

တစ်နေ.ကို ရေနံစိမ်းစည်ပေါင်း တစ်သန်း ထုတ်လုပ်မယ်ဆိုရင်တောင် ၁၀ နှစ် ဆက်တိုက်ထုတ် လုပ်နိုင်မဲ့ပမာ ဏဖြစ်နေပါပြီ။ သဘာဝဓါတ်ငွေ.ဟာ ၁၀၀၀ ကုဗမီတာကို ဒေါ်လာ ၁၆၀ ခန်.ရှိတဲ့အတွက် တစ်ကုဗဘီလီ ယံရဲ့ပေါက်ဈေးဟာ ဒေါ်လာ သန်း ၁၆၀ ခန်.ရှိနေပါတယ်။ ၂၀၁၀ ခုနှစ်မှာ မြန်မာပြည်ဟာ ၁၂ ဘီလီယံကုဗ မီတာ×သန်း ၁၆၀ ပမာဏထုတ်လုပ်ပါတယ်။ ရှေ.ဆက်ပြီး တိုးတက်ထုတ်လုပ်ဖို.ပဲရှိနိုင်ပါတယ်။

အခုဆိုရင် မြန်မာပြည်ကို ဒေါ်လာ သန်း ၅၀၀၊ တစ်ထောင်လောက် ကို အလွယ်တကူချေးငှားမယ့်သူတွေရှိ နေပါပြီ။ 

မြန်မာပြည်ရဲ့ ရေနံသိုက်ပမာဏကို အခြားနိုင်ငံများနဲ. နှိုင်းယှဉ်ဖေါ်ပြရာမှာ တရုတ်- ရေနံစည် ပေါင်း ၁၄.၈ ဘီလီယံ။ မလေးရှား- ၅.၈ ဘီလီယံ၊ ဗီယမ်နမ်- ၄.၄ ဘီလီယံ အင်ဒိုနီးရှား- ၄.၂ ဘီလီယံစည် တို.ဖြစ်ပါတယ်။ယခုအခါ ကမ္ဘာမှာ ရေနံသိုက်တွေ.ရှိမှု အဆင့် ၂၆ ဖြစ်တဲ့ အီဂျစ်နိုင် ငံနဲ. တန်းတူဖြစ်သွား ပါတယ်။ သဘာဝ ဓါတ်ငွေ.ကတော့ ကမ္ဘာ အဆင့် ၂၈ ရှိတဲ့ အိုမန်နိုင်ငံနဲ.တန်းတူဖြစ်သွားပါပြီ။ ယခုကိန်း ဂဏန်းတွေဟာ ၂၀၁၀ ခုနှစ်ကိန်းဂဏန်းတွေဖြစ်ပါတယ်။ ယခု ၂၀၁၁ မှာ အများကြီးပိုနိုင်ပါတယ်။

မြန်မာပြည်သူတွေနဲ. နိုင်ငံရေး အတိုက်အခံတွေ ပိုမိုလိမ်မာပါးနပ်ကြဖို.လိုပါတယ်။ နိုင်ငံတကာမှ ဟန်ပြစီး ပွားပိတ်ဆို.ပြီး ရေနံနဲ. သဘာဝဓါတ်ငွေ.ကိုတော့ ကုန်အောင် တူးနေကြပါပြီ။ ရေနံနဲ.သဘာဝဓါတ်ငွေ.ကို ဘယ် သူမှာ SANCTION မလုပ်ပါဘူး။ ဘယ်လိုလုပ်ကြမှာလည်း SACNTION တစာစာ အော်ပြီး အစိုးရကိုဖိအား ပေးတဲ့နည်းနာ ကို ကျင့်သုံးကြဦးမှာလား၊ အစိုးရကိုအဲဒီလိုဖိအားပေးလို.ရမယ်များထင်ပါသလား။

မြန်မာပြည်က ရေနံနဲ. ဓါတ်ငွေ.သိုက်တွေကို တူးယူပြီး ရယ်သွမ်းသွေးနေမဲ့ နိုင်ငံတကာ ခေါင်းဆောင်များရဲ့ ရယ်သံကို သင်တို.ကြားနိုင်ပါသလား။ ဓါတ်ငွေ.ရောင်းရငွေနဲ. မြန်မာတွေ သေအောင်သတ်ကြဖို. လက်နက် တွေလည်း ရောင်းကြဦးမှာပါ။ အမေရိကနဲ. ဥရောပမှာ စီးပွားပျက်ပြီး ဒုက္ခရောက်နေချိန်မှာ မြန်မာ့အရေးကို ဘယ်သူမှစိတ် ၀င်စားကြတာမဟုတ်ပါဘူး။ အားလုံးဆင်ခြင်နိုင်ကြဖို.ဖြစ်ပါတယ်။

ရိုက်တာသင်းဌာနမှာဖေါ်ပြတဲ့မူရင်းသတင်းကို ဖတ်ရှုနိုင်ပါတယ

Western oil groups eye Myanmar changes cautiously


Tue Oct 11, 2011 1:00pm GMT

[-] Text [+]
By Tom Bergin
LONDON Oct 11 (Reuters) - International energy groups say recent signs of political change in autocratic Myanmar are unlikely to lead to a rapid expansion of their activities in the country, which holds valuable reserves of oil and gas.
Christophe de Margerie, Chief Executive of France's Total SA , said his company, which has a project in the former British colony, would like to play a bigger role in the country, formerly known as Burma, but had to see concrete signs of increased democratisation before this was possible.
Western trade sanctions have been in place since the military crushed a 1988 student uprising isolating Myanmar's army dictatorships but in March, the army nominally handed over power to civilians after elections in November. The process was ridiculed at the time as a sham to cement authoritarian rule behind a democratic facade.
It was followed by other overtures such as calls for peace with ethnic minority guerrilla groups, some tolerance of criticism and more communication with Nobel Peace Prize laureate Aung San Suu Kyi, who was released last year from 15 years of house arrest.
On Tuesday, state television said 6,359 prisoners would be freed on Wednesday and political detainees are expected to included.
"We decided that... it was important to be in Myanmar but that we will not invest until things are getting better... I do hope that will happen," Total's de Margerie told reporters on the sidelines of the Oil and Money conference in London.
Total leads the $1 billion Yadana gas project in the Andaman Sea, and the CEO said he would like to back additional exploration and production investments.
U.S. oil major Chevron is a partner in Yadana but Washington banned new investments in Myanmar by U.S. companies in 1997 and barred imports.

New investments by western oil companies could be a boon for the companies which build and supply their facilities but Andrew Gould, chief executive of the world's largest oil services company, Schlumberger , said it was too soon to tell the implications from the recent political easing.
Myanmar's crude oil reserves are estimated at 3.2 billion barrels, the energy ministry has said. This compares with China's proven oil reserves of 14.8 billion barrels, Malaysia's 5.8 billion, Vietnam's 4.4 billion and Indonesia's 4.2 billion barrels, at the end of 2010, according to the BP Statistical Review.
The country's proven gas reserves tripled in the past decade to around 800 billion cubic metres, equivalent to more than a quarter of Australia's, BP Statistical Review figures show.
Malcolm Brinded, Executive Director for Upstream International, Royal Dutch Shell PLC and Ali Moshiri, President, Chevron Africa and Latin America Exploration and Production Company all declined to talk about possible new investments in Myanmar.

Saturday, October 15, 2011

တာတာကားကုမ္ပဏီမြန်မာပြည်တွင် ဘတ်စ်ကားထုတ်လုပ်မည်

...
                                                                                                                                               မူဝါဒရေးရာဌာန


Tata Bus



                                          Tata Xenon is Tata's best selling vehicle in Europe.

The FIRST generation Tata Indica V2's excellent fuel economy, powerful engine and aggressive marketing strategy made it one of the best selling cars in the history of the Indian automobile industry.



The Tata Safari DiCOR is one of Tata's best selling vehicles in India and also has been fairly successful in the Mediterranean and Eastern Europe


ကျွန်ုပ်တို.ပါတီမှ တာတာ ကားကုမ္ပဏီဝင်ရောက်လာမှုအားကြိုဆိုလိုက်ပါတယ်။ တာတာ ကားကုမ္ပဏီ ဟာ အိန္နိယ ရဲ့ အကြီးဆုံးကားကုမ္ပဏီကြီးဖြစ်ပြီး ဂျာမန် နည်းပညာကို ဒိန်းမလားဘင့် ကုမ္ပဏီမှ ရယူထားတာဖြစ်ပါ တယ် ၁၉၅၄ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး  ယနေ.ထိ အိန္နိယ နိုင်ငံတွင်း ကားစီးရေ ၄ သန်းထုတ်လုပ် ပြီးဖြစ်ပါတယ်။အိန္နိယ နိုင်ငံအတွက်၂၀၁၁ ခုနှစ်မှာ အခွန်ငွေ ဒေါ်လာ ၂၇.၄၆ ဘီလီယံရှာပေးခဲ့တယ်လို.ဆိုပါတယ်။ ကမ္ဘာ စတုတ္ထ အကြီးဆုံး ထရပ်ကားထုပ်လုပ်သူဖြစ်ပြီး ၊ ကမ္ဘာဒုတိယ အကြီးဆုံး ဘတ်စ်ကား ထုတ်လုပ်သူဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးလာတာ မကြိုဆိုလို.မဖြစ်တဲ့အကြောင်း Sanction တော်လှန်ရေးသမားကြီးတို.အားသိစေအပ်ပါတယ်။

ပြဿနာကတော့ တာတာ ကားကုမ္ပဏီ က မြန်မာ အကြီးစားစက်မှုလုပ်ငန်းနဲ. စာချုပ်ချုပ်တာပဲဖြစ်ပါတယ်။ ဒီအတွက်ကတော့ ကျွန်ုပ်တို. ပါတီမှ တာတာ ကားကုမ္ပဏီရဲ့ အစုရှယ်ရာတွေအားလုံးကို ပြင်ပကိုထုပ်ရောင်း ပြီး ကားကုမ္ပဏီကို နိုင်ငံပိုင်မလုပ်ဖို.ပဲဖြစ်ပါတယ်။ ဒီအတွက် အိန္နိယ အစိုးရကိုလည်း တောင်းဆိုသွားမှာဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများအားလုံးဟာ အရှုံးပေါ်နေတာပါ။

ရာဘာစိုက်ပျိုးထုပ်လုပ်မှုနဲ. ရာဘာစက်မှုနည်းပညာများလည်း လာရောက်ရင်းနှီးဖို. အိန္နိယမှကမ်းလှမ်းထား တယ်လို.လည်းသိရပါတယ်။ ကျွန်ုပ်တို.ပါတီအနေဖြင့် ရာဘာစိုက်ပျိုးမှုအား ပြည်ပလာရောက်ရင်းနှီးတာကို မလိုလားပါဘူး။ ရာဘာလုပ်ငန်းဟာ မြေကြီးကိုရင်းပြီး အင်မတန် ၀င်ငွေကောင်းတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အခြားသော စိုက်ပျိုးပင်များနဲ.မတူတဲ့အချက်က သေချာစွာ အစေးခံလို.ရတဲ့ အဆင့်ရောက်ရင် ထုတ်လုပ်မှု စရိတ်မကုန်တော့ပဲ နှစ် ၃၀ မှ ၅၀ လောက်အထိ နှစ်ရှည် အကျိုးရှိစေတဲ့ အတွက်ဖြစ်ပါတယ်။ အခုချိန်မှာ ငွေရင်း ဒေါ်လာဘီလီယံ အနည်းငယ် ရင်းနှီးလိုက်တာကိုလက်ခံလိုက်ရင် မြေဧက သန်းပေါင်းများစွာကို တိုင်း တစ်ပါးလက်ထဲ နှစ်ရှည် အပ်လိုက်ရတော့မှာဖြစ်ပါတယ်။ အခြား သော နှစ်စဉ်စိုက်ပျိုးရတဲ့ သီးနှံများက တော့ စွန်.စားမှုများတဲ့အ တွက် ရင်းနှီးမဲ့သူရှားပါတယ်။

ကျွန်ုပ်တို.ပါတီမှ နှစ်ရှည်သီးနှံပင် များကို ပြည်ပ ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ချပေးခြင်းကို ကန်.ကွက်သွားမည်ဖြစ်ကြောင်း ပြည်သူအပေါင်းအားအသိပေးရင်း။

တာတာ ကားကုမ္ပဏီ ၀င်ရောက်လာမှုကို တော့ အထူးပဲလက်ကမ်းကြိုဆိုလိုက်ပါတယ်။




..

Friday, October 14, 2011

မြန်မာ မှ အိန္နိယသို. ကုန်တန်ဆာခလျှော့ချပေးရန်တောင်းဆို

..
                                                                                                             မူဝါဒရေးရာဌာန

အိန္နိယဟာ နှစ်စဉ် ပဲတန်ချိန် ၃ သန်းမှ ၄ သန်းအထိလိုအပ်လျှက်ရှိပြီး လိုအပ်ချက်အားမြန်မာနိုင်ငံမှပုံမှန် တင်သွင်းလျှက်ရှိနေပါတယ်။ ယခင်မြန်မာ ကုန်သယ်ကြီးများအသင်း ဥက္ကဌ ဦးဝင်းမြင့် မှာ ယခု အခါတွင် ၀န်ကြီးအဖြစ် ဦးသိန်းစိန် ၏ ခရီးစဉ်တွင်လိုက်ပါလျှက်ရှိပြီး။ အိန္နိယ သို.ကုန်စည်များ သင်္ဘောတင် စရိတ်မှာ အခြားတိုင်းပြည်များနှင့်စာလျှင်မြင့်မားလျှက်ရှိသဖြင့် လျှော့ချပေးရန်ညှိနိုင်းသည်ဟု သိရှိရပါတယ်။

ဦးသိန်းစိန်အစိုးရအနေဖြင့် အခွန်နှင့် ရင်းနှီးမြုတ်နှံမှု ဥပဒေများကို ပြင်ဆင်လျှက်ရှိပြီး အိန္နိယ ကဲ့သို.သော တိုင်းပြည်များကို ဆွဲဆောင်ဖို.ရည်ရွယ်တယ်လို.ပြောခဲ့တယ်လို.ဆိုပါတယ်။ မြန်မာ အိန္နိယ ကုန်သွယ်မှုပမာ ဏ မြှင့်တင်နိုင်ရေးအတွက် ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်းနဲ. အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များကို တိုးချဲ.ဖို.လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္နိယ သံအမတ်ကြီးက တင်ပြခဲ့ပြီး နောက်ပိုင်းမှာ နယ်ခြား ကုန်သွယ်ရေးမြှင့်တင်ဖို.၊ စိုက်ပျိုးရေးလုပ်ငန်းနည်းပညာများ မြှင့်တင်နိုင်ဖို. နဲ. ငွေကြေးထောက်ပံ့ဖို.ကိစ္စများပါဝင်မယ်လို.ဆိုပါတယ်။

အိန္နိယဟာ စားနပ်ရိက္ခာတင်သွင်းမှုအတွက် မြန်မာကို အားထားပုံရရှိပြီး မြန်မာ၏ သီးနှံထုပ်လုပ်ရေးလုပ် ငန်းများကို ကူညီပေးခြင်းဖြင့် ရိက္ခာပြဿနာကို ဖြေရှင်းဖို.ကြိုးစားပုံရကြောင်း ကျွန်ုပ်တို.ပါတီမှ သုံးသပ်ရပါတယ်။



..

ဒေါ်လာသန်း ၅၀၀ အိန္နိယ မှ မြန်မာသို.ကူညီမည်

..



သီးသန်.သဘောတူညီထားသော နေရာများတွင် သုံးစွဲရန်အတွက် အိန္နိယမှ ဒေါ်လာ သန်း ၅၀၀ ကူညီသွား မည်ဖြစ်တယ်လို. ဒေလီမှလာသောသတင်း တစ်ရစ်မှာ ဖေါ်ပြ ပါတယ်။ မြန်မာသမ္မတရဲ့ ခရီးစဉ်မှာ သဘောတူခဲ့ တာဖြစ်ပြီး နည်းပညာနဲ.ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများပြုလုပ်သွားမဲ့အထဲမှာ စိုက်ပျိုး ရေးဆိုင်ရာ သုတေသန လုပ်ငန်းများနဲ. ပညာရေးဆိုင်ရာ ကိစ္စများကို ရေဆင်းတက္ကသိုလ်နဲ.မနလေး နည်းပညာ တက္ကသိုလ် မှာ ပြုလုပ်သွား မယ်လို.ဆိုပါတယ်။

မြန်မာဘက်မှ အိန္နိယ နိုင်ငံမှ ကုမ္ပဏီများးကို လာရောက်ရင်းနှီးမြုတ်နှံမှုပြုရမှာဖြစ်ပါတယ်။ ရထားလမ်း ဆက်သွယ်ရေး၊ ရေလမ်းဆက်သွယ်ရေးနဲ. ဘစ်စကားလုပ်ငန်း များ မှာ ပူးပေါင်းလုပ် ဆောင်မှာဖြစ်ပြီး ရေလမ်း အဖြစ်နဲ. Chennai-Yangon ယခင် Madras နဲ. Kolkata-Yangon ယခင် ကာလတ္တကတား မြို.များ အကြားပြေး ဆွဲသွားမှာဖြစ်ပါတယ်။


..

Thursday, October 13, 2011

မြန်မာ အိန္နိယ တရုတ်ဆက်ဆံ ရေး ပြိုင်ဆိုင်စရာမရှိ အားလုံးအရေးကြီးဟု အိန္နိယပြော ရေးဆိုခွင့်ရှိသူပြောဆို

..
                                                                                             မူဝါဒရေးရာဌာန

မြန်မာနဲ. အိန္နိယ ဟာ အရေးကြီးတဲ့ ဆက်ဆံမှုတစ်ခုဖြစ်ပြီး တရုတ်နဲ. အိန္နိယ ဆက်ဆံရေးဟာလည်း အရေး ကြီးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး မိမိတို.အကြား မြန်မာ့အရေးနဲ.ပတ်သက်ပြီး ဘာမှပြိုင်ဆိုင်စရာမရှိဘူးလို. အိန္နိယ နိုင်ငံရဲ့ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

ဒေါ်လာ သန်း ၁၂၀ တန် စစ်တွေရေနက်ဆိပ်ကမ်း ကို ၂၀၁၃ မှာ အပြီးသတ်နိုင်အောင်ဆောင်ရွက်သွားမှာ ဖြစ် ပြီး အာရှနဲ. ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကိုလည်း ၂၀၁၄ မှာ အပြီးသတ်ဆောင်ရွက်နိုင်လိမ့်မယ် လို.မျှော်လင့်တဲ့အကြောင်းပြေဆိုပါတယ်။

၂၀၁၅ မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလီယံအထိ တိုးမြှင့်နိုင်ဖို.လျှာထား ချက်ပြီး အိန္နိယရဲ့ ရေနံကုမ္မဏီကြီး သုံးခုရဲ့ ဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်သွားမယ်လို.ဆိုပါတယ်။

တရုတ်နဲ.ပြည်နဲ. အိန္နိယ ဆက်ဆံရေးဟာ သုညသဘောဆောင်တဲ့ အနေထားမျိုးရှိမှာမဟုတ်ပဲ နယ်ပယ် တိုင်းမှာ လုပ်ကိုင်နိုင်မှုစွမ်းအား ပြည်ဝစွာ ရှိနိုင်ကြမှာဖြစ်တယ်လို.ပြောကြားပါတယ်။

မြန်မာ၊အိန္နိယ ၊ တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မှုတွေဟာ မြန်မာပြည်အတွက် ပထ၀ီ နိုင်ငံရေးမှ ပေးအပ်သော ဒေသတွင်း အရင်းအမြစ်တစ်ခုအဖြစ် ကျွန်ုပ်တို.ပါတီမှ ယူဆပြီး အိန္နိယ နိုင်ငံရဲ့ ရင်းနှီးမြုတ်နှံ မှု များကိုလည်း ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ သဘာဝဓါတ်ငွေ.နဲ. ရေနံကို အိန္နိယနဲ. တရုတ်နိုင်ငံအားမျှတစွာ ခွဲဝေရောင်းချတာ ကို ကျွန်ုပ်တို.ပါတီမှ ကြိုဆိုလိုက်ပြီး အိန္နိယရဲ့ ကွန်ပြူတာနည်းပညာနဲ. မော်တော်ကားထုပ်လုပ်မှု၊ ကူး သန်း ရောင်းဝယ်မှု အနာဂတ်ကာလ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း အထူး အလေးထား သွားမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။


..

ကုလ အထူးကိုယ်စားလှယ် မြန်မာပြည်သို.ရောက်ရှိ

..


ကုလ ရဲ့ သဘာဝဘေးအန္တရယ် ရေးရာ ကိုယ်စားလှယ်ရောက်ရှိနေပါသည်။ မိုးလေ၀သကြိုတင် သတိပေးချက် စနစ်များတတ်ဆင်ရန်အတွက်ဟု ဆိုပါသည်။ ကူညီမှုအသေးစိတ်နှင့် ငွေကြေးမည်၍ မည်မျှ ဆိုသည်ကိုတော့သတင်းထုတ်ပြန်ခြင်းမရှိပါ။


Myanmar: UN helps Government devise disaster mitigation plans


Margareta Wahlström, Assistant Secretary-General for Disaster Risk Reduction
12 October 2011 –
A senior United Nations official arrived in Myanmar today to help the Government devise measures to reduce the impact of natural disasters through early warning systems and other steps in a country where an estimated 140,000 people were killed and 2.4 million others affected by Cyclone Nargis in 2008.“Myanmar is one of the most disaster-affected countries in Asia,” Secretary-General Ban Ki-moon’s Special Representative for Disaster Risk Reduction Margareta Wahlström said in a statement issued ahead of her visit.
“It has been hit by six major cyclones in the last 40 years and is also vulnerable to multiple hazards such as floods, earthquakes, tsunamis, landslides and forest fires.
“UNISDR is willing to assist in whatever way we can to help the country reduce its risk which is fundamental to inclusive economic growth and poverty alleviation, which are part of the new government’s reform agenda,” she added, referring to UN International Strategy for Disaster Reduction, which she heads.
“UNISDR is supporting Myanmar in making disaster risk reduction a national and local priority for all citizens through engagement with the new National Disaster Preparedness Committee on developing law and regulations for disaster management and disaster risk reduction,” Ms. Wahlström added.
“I am looking forward to hearing how the responses to Cyclone Giri last year and the Shan State earthquake in March this year benefitted from the many lessons learned from Cyclone Nargis especially in early warning, preparedness and response.”
Giri, a category four cyclone, killed at least 45 people and affected 260,000 others when it struck Myanmar last October, and three months later UN humanitarian agencies reported that key challenges remained, including inadequate shelter, food insecurity and lack of livelihoods.
Ms. Wahlström is due to visit areas that were affected by Nargis

Tuesday, October 11, 2011

နော်ဝေနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်သို.သွားခွင့်ပြုမည်ဟုဆို

မြန်မာနိုင်ငံသို့ နော်ဝေကမ္ဘာ လှည့်ဧည့်သည် များသွားရောက်လည် ပတ်ရန် ကန့်သတ် ထားသောစည်းမျဉ်း များကို ၂၀၁၁ ခုနှစ်မေလမှ စတင်ကာ ဖယ်ရှား လိုက်ပြီဖြစ်ကြောင်း နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Espen Barth ကဆိုသည်။
“နော်ဝေနိုင်ငံအနေနဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ခရီးသွား လုပ်ငန်း တွေ အပေါ် ကန့်သတ် ထားတဲ့ ပေါ်လစီ တွေကို ဖယ်ရှားပြီး မြန်မာ နိုင်ငံသို့ ခရီး သွား များ လာရောက် လည်ပတ်ရန် အားပေး နေပါတယ်” ဟု နော်ဝေ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Espen Barth ကပြောသည်။
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟို တယ်၌ အောက်တိုဘာ ၈ရက် နေ့တွင် ပြည်တွင်း မီဒီယာ အချို့နှင့် တွေ့ဆုံစဉ် နော်ဝေ နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Espen Barth က အထက်ပါ အတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။
H.E Mr. Espen Barth သည် အောက်တိုဘာလ ၇ ရက်က ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာန ဒုတိယ၀န်ကြီးဦးဌေးအောင် နှင့် တွေ့ဆုံ ဆွေးနွေးစဉ် နှစ်နိုင်ငံ ခရီး သွား လုပ်ငန်းဆိုင်ရာ လူသား အရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ များ ကျင်းပရေး၊ မြန်မာနိုင်ငံ ရှိ ခရီးစဉ် ဒေသများကို လာရောက် လေ့လာနိုင်ရေး အတွက် နော်ဝေ နိုင်ငံမှ ခရီးသွား လုပ်ငန်း ကိုယ် စားလှယ်များ အားဖိတ်ခေါ်ပြသရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး တို့ကိုဆွေးနွေး ခဲ့ ကြောင်း သိရှိရသည်။

Monday, October 10, 2011

မြန်မာ အီရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မည်

Myanmar Willing to Set up Joint Economic Commission with Iran
TEHRAN (FNA)- Senior Myanmar officials voiced their country's interest in setting up a joint cooperation commission with Iran in a move to expand economic ties and cooperation between the two states.


The announcement was made in a meeting between Myanmar and Iran's deputy foreign ministers on Monday, according to a report by the Iranian Foreign Ministry's Information and Press Bureau.

At the meeting, the two sides emphasized expansion of trade and economic relations, and explored avenues for boosting cooperation.

The two top foreign ministry officials also exchanged views over the latest developments in the region and the world.

Also during the meeting, the Myanmarese official stressed the necessity of more activity by the two countries' private sectors in a bid to enhance trade and economic relations between the two Asian nations.

မြန်မာပြည်အကြောင်းလျှို့ဝှက်ရိုက်ကူးခဲ့သော ရုပ်ရှင်ကား Returm To Burma အာရှအကောင်းဆုံး ရရန်ရှိ


..

BUSAN, South Korea - A movie shot secretly in Myanmar is in the running for a major award at Asia’s top film festival this week with its director saying he wanted to portray the "real" state of life in the country.
"It is about the truth of Burma," said Myanmar-born director Midi Z of his first full-length feature, "Return To Burma."
"It is reality cinema."
The film is among 13 wildly diverse productions from 12 countries vying for two New Currents awards at the 16th Busan International Film Festival (BIFF), open to first or second-time Asian filmmakers and carrying prizes of US$30,000.
Midi Z revealed he had shot 90 per cent of the film in Myanmar and had sneaked his cameras and a small crew into the country after finding official regulations for filming "just far too restrictive."
"It is very personal," Midi Z said of the film, the title of which uses Myanmar's alternative name. "Most of the film belongs to my own experiences."
"Return to Burma" charts the story of how a man returning to the country of his birth finds the situation has not changed in the years since he left, despite what he had imagined. The director was born in Myanmar but left for Taiwan when he was 16 to further his studies.

The award winners will be announced on Friday, the final day of this year’s festival.

မြန်မာ တရုတ်နိုင်ငံခြားရေးဝန်ကြီးများပီကင်း တွင်တွေ.ဆုံ

..


မြန်မာ နိုင်ငံခြားရေးဝန်ကြီးဟာ သမတဦးသိန်းစိန်ရဲ့ အထူး ကိုယ်စားလှယ်အဖြစ် ပီကင်းမှာရောက်ရှိနေပြီး မြစ်ဆုံရေကာတာ ကိစ္စဆွေးနွေးခဲ့ကြတယ်လို.ဆိုပါတယ် အခြားသော နှစ်နိုင်ငံအကျိုးတူကိစ္စများကို ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း သဘောတူခဲ့ကြတယ်လို.ဆင်ဝှာ သတင်းမှာဖေါ်ပြပါတယ်။

မည်သို.ပင်ဖြစ်စေ မြန်မာတရုတ်ဆက်ဆံရေးကောင်းမွန် ရေးဟာ အရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်တယ်လို. ကျွန်ုပ်တို. ပါတီက ခံယူပါတယ်

(မူဝါဒရေးရာဌာန)


China, Myanmar agree to cooperate on suspended joint hydropower project


Chinese Foreign Minister Yang Jiechi (R) shakes hands with his counterpart of Myanmar U Wunna Maung Lwin, who came to China as the special envoy of Myanmar President U Thein Sein, in Beijing, capital of China, Oct. 10, 2011. (Xinhua/Ding Lin)

BEIJING, Oct. 10 (Xinhua) -- China and Myanmar on Monday agreed to properly settle matters related a suspended joint hydropower project in Myanmar, and both sides pledged to increase cooperation and work toward bringing mutual benefits to the two nations.
The agreement was reached in Beijing during talks held between Chinese Foreign Minister Yang Jiechi and his Myanmar counterpart U Wunna Maung Lwin, who is visiting China as a special envoy of Myanmar President U Thein Sein.
According to a press release issued by the Chinese Foreign Ministry after the talks, the two sides have conducted a thorough consultation over the Myitsone hydropower plant project, which was ordered to be suspended by Myanmar's president.
The two foreign ministers also exchanged views on bilateral relations and other issues of common concern, with both voicing commitments to push forward the bilateral comprehensive and strategic partnership in a bid to achieve joint development, said the press release



..

Sunday, October 9, 2011

ဥရောပ ရုပ်ရှင်ပွဲတော် နေပြည်တော်တွင်ကျင်းပမည်ဟုဆို

..

THE 20th European film festival will be held at Nay Pyi Daw Cinema in Yangon from October 22 to 28.
The festival will be presented by the British Council, French Institute and the Italian and German embassies in Yangon.
Seven films will be shown during the festival, including British film Made in Dagenham (2010), directed by Nigel Cole; German films My Words, My Lies — My Love (2009), directed by Alain Gsponer, and Neukölln Unlimited (2010), directed by Agostino Imondi and Dietmar Ratsh; and Italian movie La Spettatrice (The Spectator, 2004), directed by Paolo Franchi.
The French selections will include Roshdy Zemís 2006 film Mauvaise Foi (Bad Faith) and Marc Dugainís Une Exécution Ordinaire (An Ordinary Execution, 2010).
Another British film will also be shown, with the title yet to be confirmed.
Free invitations to attend the film screenings will be available starting from October 17 at the British Council, French Institute and participating embassies.
The invitations can be exchanged for tickets at Nay Pyi Daw Cinema on the day of each screening, from 9am until 20 minutes before the show.


.

အာဆီယမ်- ဂျပန် အစည်းဝေးရန်ကုန်တွင်ကျင်းပမည်

Myanmar to host ASEAN-Japan Business Meeting
(philstar.com) Updated October 09, 2011 04:30 PMComments (0)View comments


YANGON (Xinhua) - The 37th Association of Southeast Asian Nations (ASEAN)-Japan Business Meeting (AJBM) will be held in Myanmar's former city early next month, sources with AJBM holding committee said Sunday.
To make development of potential trade and economic relations between ASEAN and Japan, the three-day meeting is scheduled to take place at Sedona Hotel in Yangon from Nov. 2 to 4.
Such business meeting with ASEAN and Japan will be the first of its kind hosted by Myanmar.
A large number of entrepreneurs from all ASEAN countries and Japan will participate to discuss on the fields of economic, trading and investment cooperation, the sources said.
Some the memorandum of understanding (MoU) related with industry, hotel and tourism sectors will also be signed during the meeting, it added.
"We had tried to host such meeting four years ago, "U Khin Shwe, a Myanmar top entrepreneur, who will be also the chairman of upcoming AJBM told Xinhua.
"A total of 120 chairmen and top entrepreneurs from ASEAN countries and Japan as well as over 120 Myanmar entrepreneurs are listed to attend", he said.
"It is the best time to explore the opportunities to invest in Myanmar as the new government is making changes on economic and other sectors," he added.
 Myanmar joined the ASEAN along with Laos in July 1997, ratified the ASEAN Charter in July, 2008.
Last month, Myanmar was admitted to the ASEAN Inter- Parliamentary Assembly (AIPA) as a permanent member which was announced at the 32nd AIPA held in Phnom Penh, Cambodia.
It expects to adopt a variety of documents on political, economic, social and women affairs, rights of migrant workers, and drug fighting in order to build stronger cooperation and relations among the ASEAN member countries.
ASEAN comprises Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
Japan and ASEAN share a close relationship based on a long history of friendship.

Saturday, October 8, 2011

နိုင်ငံရေးအကျဉ်းသားများလွတ်ပေးမည်ဟု ဦးရွှေမန်း မှ နော်ဝေ ၀န်ကြီးသို.ပြောပြီ

Burma promised to release 2,000 political prisoners

The military regime in Burma held last year a highly criticized elections, but afterwards the generals pulled back and gave the country a civilian government and a parliament that acts in a kind way.

Some of the former military leaders have been eager advocates of a new, democratic development in the country.

State Secretary Espen Barth Eide met Friday National Assembly President U Shwe Mann in Burma's capital of Naw Pyi Taw.

U Shwe Mann was a former number three in the junta, but now wants democratic reforms welcome.
..


နော်ဝေဘာသာဖြင့်ပြောကြားထားသောနော်ဝေနိုင်ငံအစိုးရရုပ်မြင်သံကြားမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ သတင်းမှန် ဖြစ်လျှင် အထူးကြိုဆိုပါသည်။
ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)

Friday, October 7, 2011

ရွေးကောက်ပွဲဝင် နိုင်ငံရေးပြသနာများ (၃)

..


အစိုးရသစ်တက်လာတာဟာ ရက်ပေါင်း ၂၀၀ လောက်ပဲရှိပါသေးတယ်။ NLD ကတော့ ပါတီမှတ်ပုံတင်ဥပဒေ ပြင်ဆင်ပေးလိုက်တာနဲ့ပဲ ပါတီမှတ်ပုံပြန်တင်ဖို့ လေသံပစ်နေပါပြီ။ ရှေ့ရက်ပေါင်း ၂၀၀ လောက်တောင်ကြို တင်အကွက်မမြင်ခဲ့တဲ့ NLD ရဲ့ဦးဆောင်မှုကို ပြည်သူများ ပြန်လည်သုံးသပ်ဖို့လိုနေပြီဖြစ်ပါတယ်။ တစ်နိုင်ငံလုံး နဲ့တစ်ကမ္ဘာလုံးက ထောက်ခံထားတဲ့ ဦးဆောင်ပါတီကို အလွယ်တကူ ဖျက်သိမ်းပစ်ခဲ့ပြီး အမှားကိုဝန်မခံပဲ ပြည်သူကို သေချာရေရာတဲ့ ဦးဆောင်မှုမပေးနိုင်တဲ့ပါတီခေါင်းဆောင် အ ချို့ကို ပြည်သူဟာ ဆက်လက်ယုံ ကြည် နေကြဦးမှာလား။

ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာကိုသီဲးခြား ခွဲပြီးစဉ်းစားသင့်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။ သူ့တစ်ဦးတည်းသဘောလို့လည်းပြောသွားပါသေးတယ်။ ဘယ်သူစကားကိုယုံရမှာလည်း NLD ??? ။ ပါတီမှတ်ပုံတင်တော့မယ်ပြောရင် တစ်ချိန်က မှတ်ပုံတင်ခဲ့တဲ့ပါတီတွေကို  ရန်သူ့လူလို့ တိုက်ခိုက်ခဲ့တာကို သတိတရနဲ့ တောင်းပန်ဖို့ မမေ့သင့်ပါဘူး U WIN TIN ။

ပြည်သူကို ဦးဆောင်မှုအမှား ပေးခဲ့တာကိုလည်း ၀န်ချတောင်းပန်ဖို့မမေ့ပါနဲ့။ အခုလို သတိပေးလိုက်တော့ ကျွန်ုပ်တို့ပါတီကို ရန်သူ့လူပါ လို့ထပ်ပြောဦးမလား။ ကျွန်ုပ်တို့ဟာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင် တယ်ဆိုလို့ သဘောထားပျော့ပြောင်းသူတွေ မဟုတ်ပါ။ မိမိရဲ့ယုံကြည်ချက် မူဝါဒ အပေါ်မှာ သဘောထား တင်းမာသူတွေဖြစ်ပါတယ်။ NLD ဟာ ပြည်သူအတွက် မဆီလျှော်တဲ့မူဝါဒတွေနဲ့ ဦးဆောင်မှုပေးဖို့ကြိုးစား နေဦးမယ်ဆိုရင် ဆက်လက် ဝေဖန်မှုပြုသွားမှာဖြစ်ပါတယ်။ ဒီအတွက်ဘယ်တော့မှ အလျှော့ပေးလိမ့်မယ် မဟုတ်ပါဘူး။

ပြည်သူကို ပင်ပန်း ဆင်းရဲခံစေတဲ့ စီးပွားရေးပိတ်ဆို့မှုကို တစ်ဖက်လှည့်နဲ့ထောက်ခံ ပြီး အစိုးရကိုဖိအားပေး တဲ့နည်းကို ကျင့်သုံးနေတာကိုလည်း ရပ်တန့်သင့်ပါပြီ။ စီးပွားရေးပိတ်ဆို့တာ NLD ရဲ့မူ ၀ါဒ မဟုတ် ဘူးဆိုနေပေမဲ့ NLD က ထောက်ခံနေတဲ့မူဝါဒဆိုတာလူတိုင်းသိပါတယ်။ ဝေ့လည်ကြောင်ပတ်မလုပ် သင့်တော့ပါဘူး။ အခုချိန်ဟာ ဥရောပနဲ့ အမေရိက မှာ အလွန်ပဲ စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရချိန်ဖြစ်လို့ တိုင်းပြည်တိုင်းဟာ နည်းမျိုးစုံနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နေရချိန်ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရာသီဥတုတွေဖေါက်ပြန်မှုကြောင့် နိုင်ငံတိုင်းဟာ အင်မတန် မြင့်မားတဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးစရိတ်တွေကိုသုံးစွဲနေရပါသေးတယ်။ အခုအချိန်ဟာ တိုင်းပြည်အတွက် အကျိုးရှိမယ် ဆိုရင် ၀င်လာသမျှတစ်ကျပ်တစ်ပြားကို လက်ခံကြိုဆိုရမယ့်အချိန်ဖြစ်ပါတယ်။

NLD နားလည်ဖို့က အစိုးရဟာ စီးပွားပိတ်ဆို့မှုနဲ့ အကြပ်ကိုင်တာကို ဘယ်တော့မှ စိုးရိမ်လိမ့်မယ်မ ဟုတ်ဘူး ဆိုတာကိုပါပဲ။ နိုင်ငံတကာမိသားစု ဟာ နောက်ဆုံးတော့ စီးပွားပိတ်ဆို့မှုတွေ ကို ပြန်ဖွင့် ပေးရမှာပါ။ NLD အလိုကျပြောင်းလဲမှုတွေလုပ်ပေး မှ စီးပွားပိတ်ဆို့မှုကို ဖွင့်လှစ်ပေးဖို့ နိုင်ငံတကာ ကိုတောင်း ဆိုမယ်ဆိုတဲ့ လုပ်ရပ်ဟာ ပြည်သူကို ဆင်းရဲဒုက္ခ မျိုးစုံခံပြီး NLD ကို အာ-နာ ရအောင်လုပ်ပေး ရမယ်ဆိုတာနဲ့ အတူတူပါပဲ။

စစ်မှန်သော ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကြီး ဖြစ်လာမှတော့ NLD ဆိုတာလည်းမလိုတော့ပါဘူး။ ဒီမိုကရေစီအရေးတိုက်ပွဲဝင် သူများလည်း ဘယ်သူမှ မလိုအပ်တော့ပါဘူး။

ပြည်သူကို ပန်ကြားချင်တာကတော့ စစ်မှန်တဲ့ဦးဆောင်မှုမပေးနိုင်တဲ့ နိုင်ငံရေးပါတီတစ်ရပ်ကို ထောက်ခံမှု မပြုရေးပဲဖြစ်ပါတယ်။ လောကမှာ ယုံကြည်ရတဲ့လူဆိုတာမရှိပါဘူး ။ ယုံကြည်ရတဲ့မူဝါဒပဲရှိပါတယ်။ ဒီမိုကရေစီခေတ်မှာ ပြည်သူဟာ လူတွေထက် မူဝါဒတွေကိုသာ အလေးထားရမှာဖြစ်ပါတယ်။

NLD ရဲ့မူဝါဒ ဘာလဲ လို့မေးပါ။ ပါတီမှတ်ပုံပြန်မတင်ခဲ့တာ၊ ရွေးကောက်ပွဲဝင်နိုင်ငံရေးကို လေးလေးနက်နက် မစဉ်းစားမဆင်ခြင်ပဲ သပိတ်မှောက်ခဲ့တာ၊ စီးပွားရေးပိတ်ဆို့မှုကို မျက်စေ့စုံမှိတ် အခုချိန်ထိထောက်ခံနေတာ၊ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူက ဘာလုပ်ပေးနိုင်မလဲလို့မေးတာ။ ရွေးကောက်ပွဲဝင် နိုင်ငံရေးလုပ်သူတွေကို ရန်သူ့လူလို့ပုတ်ခတ်တာ။ ဒါတွေဟာ NLD ရဲ့မူဝါဒတွေပါပဲ။

ပြည်သူကို အသိပေးချင်တာက ပြည်သူရဲ့ အလုပ်ဟာ နိုင်ငံရေး ဦးဆောင်သူတွေကို ထောက်ခံမှုပေးခြင်း ဖြစ်ပါတယ်။ ထောက်ခံတဲ့နည်း တွေ များစွာရှိနိုင်တဲ့အထဲက ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးကြိုးပမ်း သူတွေကို မဲထည့်ခြင်းဟာ ကမ္ဘာကုန်ကျယ်သရွေ့ လုပ်ဆောင်ရမဲ့နည်း နာတစ်ခုဖြစ်ပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးကြိုးပမ်းသူတွေကို ပြတ်ပြတ်သားသား မဲထည့်ဖို့ဖြစ်ပြီး။ မဲရုံသပိတ်မှောက်တဲ့ NLD ရဲ့မူဝါဒကို ကြော ခိုင်းလိုက်ကြဖို့ပဲဖြစ်ပါတယ်။

ပြည်သူကို မှန်ကန်တဲ့ဦးဆောင်မှုမပေးနိုင်တဲ့ ပါတီတစ်ရပ်ကို နာခံစရာမလိုပါ။ ပါတီတစ်ရပ်ကို ထောက်ခံမယ်လို့ကြံတိုင်း အဲဒီပါတီရဲ့ မူဝါဒက ဘာလဲလို့မေးပါ။ အဲဒီပါတီကို ဦးဆောင်သူဟာ ဘယ်သူလဲ လို့မမေးပါနဲ့။ ဦးဆောင်သူဗဟိုပြုဝါဒ ဟာ ဒီမိုအရေစီမဟုတ်ပါ။ အာဏာရှင် စနစ်သာလျှင်ဖြစ်ပါတယ်။ ဦး ဆောင်သူတွေဟာ အသက်အရွယ်ကြီးရင့်လို့သေဆုံးသွားနိုင်ပါတယ်။ စစ်မှန်တဲ့မူဝါဒဟာ ဘယ်တော့မှ မသေပါ ။

ပါတီမှတ်ပုံတင်တာနဲ့ရွေးကောက်ပွဲဝင်တာနဲ့ကို ခွဲခြားခွဲပြီး စဉ်းစားသင့်တယ် လို့ ဦးဝင်းတင်က ဘီဘီစီကို ပြောလိုက်ပါတယ်။ သူတစ်ယောက်တည်းသဘောထားလို့လဲဆိုပါသေးတယ်။ ပါတီခေါင်းဆောင်တစ် ယောက်ရဲ့ တရားဝင် မီဒီယာမှာ ပြောတဲ့ သဘောထားဟာ ပါတီရဲ့မူဝါဒလို့ပဲ သတ်မှတ်ပါတယ်။   
ဝေ့လည်ကြောင်ပတ်မလုပ်ပါနဲ. U WIN TIN !!!!!


...