Sunday, February 26, 2012

အခွန်အများဆုံးပေးသော ကုမ္ပဏီကြီး ၁၀ခုတွင်စစ်တပ်၏ ဦးပိုင်ကုမ္ပဏီနှင့် MEC တို့မပါဟုသိရ


Sunday, 26 February 2012 11:11
AddThis Social Bookmark Button
ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွက် အခွန်အရပ်ရပ် ပေးသွင်းသူများထဲမှ အများဆုံး ပေးသွင်းသည့် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးအား ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် ၁၀ ဦး၊ အမြတ်ခွန် အများဆုံး ပေးဆောင်ခဲ့သည့် ၁၀ ဦးနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတွင် ၀င်ငွေ ခွန်အများဆုံး ပေးဆောင်ခဲ့သည့် အခွန်ထမ်းကုမ္ပဏီ ၁၀ ခုအား အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
“တစ်နိုင်ငံလုံးမှာ အခွန်အများဆုံး ပေးဆောင်တဲ့ ထိပ်ဆုံး ၁၀ ဦးပဲ အရင်က ထုတ်ပြန်ဖူးတယ်။ အခုနှစ်ကုန်ရင်တော့ ၁၀၀ ဦးအထိ ထုတ်ပြန်သွားဖို့ ရှိတယ်။ သတင်းစာထဲမှာတောင် ထည့်ကြေညာဖို့ အထိ လောလောဆယ် စီစဉ်ထားတယ်”ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အခွန်ထမ်းစာရင်း မှ ထိပ်ဆုံး ၁၀၀ ဦးအား စိစစ်ရမည်ဖြစ်၍ ၂၀၁၂ ခုနှစ် မေလရောက်ရှိမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ထိပ်ဆုံးအခွန်ထမ်း ၁၀ ဦးစာရင်းအား ထုတ်ပြန်ရာတွင် ၀င်ငွေခွန်အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၁၀ ဦး၌ ဘဏ်နှင့်အရက်၊ စီး ကရက်၊ စားသောက်ကုန် ကုမ္ပဏီများသာ ပါဝင်ကြောင်း၊ အမြတ်ခွန် အများဆုံး ပေးဆောင်သည့် လုပ်ငန်းရှင်များမှာ ငါး၊ လှေလုပ်ငန်းရှင်များသာ ဖြစ်နေကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် ကုမ္ပဏီများထဲတွင် အရက်၊ ဘီယာ၊ စီးကရက် ထုတ်သည့် ကုမ္ပဏီများသာ အများဆုံး ပါဝင်ခဲ့ကြောင်း သိရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က မြန်မာ တစ်နိုင်ငံလုံး အခွန်အရပ်ရပ် ပေးဆောင်မှုမှာ ကျပ်သန်း ၁၂၂၂၈၅၇ (၁၂၂၂ ဘီလျံကျော်)ရှိကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။
၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ၀င်ငွေခွန်အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)
၁။ KBZ Bank Ltd ၆၁၇၇ .၂၈၃
၂။ Myanmar Brewery Ltd၃၅၅၃ .၅၀၅
၃။ Shew Me' Co.,Ltd၃၁၄၇ .၄၇၁
၎။ Myanmar CP Live Stock Co.,Ltd ၃၀၀၀ .၀၀၀
၅။ CB Bank Ltd ၂၀၆၁ .၆၃၁
၆။ Dagon Brewery Co Ltd ၂၀၅၄ .၃၀၂
၇။ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက် ၁၅၉၈ .၁၆၈
၈။ Diethelm & Co., Ltd ၁၃၀၈ .၃၆၃
၉။ Yathar Cho Industry Co.,Ltd ၁၃၀၈ .၁၉၆
၁၀။ International Beverages Trading Co.,Ltd ၁၂၇၅ .၁၄၀
စုစုပေါင်း ၂၅၄၈၄ .၀၅၉

၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)
၁။ Myanmar Brewery Ltd ၆၈၄၂၇ .၈၅၁
၂။Dagon Brewery Co Ltd ၉၀၅၁ .၉၄၀
၃။ Myanmar Winery & Distillery Co.,Ltd ၇၂၃၅ .၀၀၀
၎။ Rothmans of Pall Mall Myanmar Pte.Ltd ၃၇၀၄ .၃၂၄
၅။ Peace Myanmar Group Co.,Ltd ၂၉၀၇ .၂၆၁
၆။ Myanmar Ivanhoe Copper Co Ltd ၂၃၀၉ .၂၆၀
၇။ International Beverages Trading Co.,Ltd ၁၇၃၀ .၅၅၂
၈။ Diethelm & Co., Ltd ၁၂၄၇ .၂၈၅
၉။ ။ မူဆယ်ကိုးကန့် ကုမ္ပဏီ ၉၆၀ .၁၆၈
၁၀။ Yathar Cho Industry Co.,Ltd ၉၂၁ .၆၅၈

နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏ ကျပ်(သန်း)
ဘဏ္ဍာနှစ် ကုန်သွယ်လုပ်ငန်းခွန် ထီခွန် တံဆိပ်ခေါင်းခွန်ဝင်ငွေခွန်အမြတ်ခွန်စုစုပေါင်း
၂၀၀၅-၀၆ ၂၂၆၄၈၁ ၈၇၆၇ ၅၁၂၆ ၁၄၄၄၀၂ ၆၃၁၈၈ ၄၄၇၉၆၄
၂၀၀၆-၀၇ ၃၁၉၂၁၃ ၁၂၇၉၈ ၆၁၂၅ ၂၆၀၀၈၀ ၇၈၅၂၆၆၇၆၇၄၂
၂၀၀၇-၀၈ ၃၈၄၅၉၇ ၁၃၉၀၄၁၁၄၈၃၃၃၄၁၄၀၉၄၁၃၃၈၃၈၂၅၇
၂၀၀၈-၀၉ ၄၁၄၇၆၄၁၇၂၉၃၁၅၀၄၈၄၀၅၁၁၄၁၀၃၀၉၆၉၅၅၃၁၅
၂၀၀၉-၁၀ ၄၆၆၁၂၁၂၀၁၀၆၂၀၈၀၄၄၁၅၆၃၄၁၁၄၁၄၃၁၁၄၁၄၃
၂၀၁၀-၁၁၆၀၁၇၇၁၂၀၂၇၄၂၉၄၇၂၄၃၅၉၆၈၁၃၅၃၇၂၁၂၂၂၈၅၇

ပြည်တွင်းရှိ ပိဿာ အလေးချိန်များကို ကီလိုယူနစ် စနစ်သို့ ပြောင်းလဲအသုံး ပြုသွားရန် စီစဉ်နေ

ပြည်တွင်းရှိ ပိဿာ အလေးချိန်များကို ကီလိုယူနစ် စနစ်သို့ ပြောင်းလဲအသုံး ပြုသွားရန် စီစဉ်နေUpdated : 24 Feb, 2012

ပြည်တွင်းမှာ လက်ရှိအသုံးပြုနေတဲ့ ပိဿာအလေးများကို နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ကီလိုယူနစ် စနစ်သို့ ပြောင်းလဲ အသုံးပြုဖို့ စီစဉ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဲ့ဒီလို ကီလိုယူနစ် စနစ်သို့ ပြောင်းလဲဖို့ စီစဉ်ရခြင်းမှာ ပြည်ပနိုင်ငံများနဲ့ ကုန်သွယ်မှု ပြုလုပ်တဲ့အခါ အလေးချိန်ပိုင်းဆိုင်ရာမှာ အလွယ်တကူနဲ့ ကုန်သွယ်မှုပြုလုပ် နိုင်စေဖို့နဲ့ အလေးချိန် ချိန်တွယ်တဲ့အခါမှာလည်း နိုင်ငံတကာ စံနှုန်းတစ်ခုနဲ့ မှန်ကန် ကိုက်ညီစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကီလိုယူနစ် စနစ် ပြောင်းလဲမှုကိုတော့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ပူးပေါင်းပြီး စီစဉ်ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ အသုံးပြုနေတဲ့ ပိဿာအလေးတွေကို ကီလိုယူနစ်စနစ် ပြောင်းလဲမှုမှာတော့ အလေးချိန်ကို ဂရမ်ကနေစပြီး ကီလိုအထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှာ အဆိုပါ အလေးချိန်စနစ် ပြောင်းလဲဖို့ အတွက်ကို အခြေခံကျတဲ့အလေး ၊ ပိဿာအလေးနဲ့ ကီလို အလေးတွေလည်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလို ကီလိုယူနစ်စနစ် ကို ပြောင်းလဲဖို့အတွက်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု ၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ အခါအားလျော်စွာ ဆွေးနွေးပွဲများ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သတင်းရရှိပါသည်။


..

Friday, February 24, 2012

NLD မူဝါဒရေးရာကို ဦးဝင်းတင်မှ ကြိုးကိုင်ခဲ့ကြောင်းမောင်ဝံသ မှဖေါ်ကောင်လုပ်ပြီ

.


ဦးဝင်းတင်ဟာ ဘာလဲဟဲ့လူ့ငရဲဆိုတဲ့စာအုပ် မှာ သူ NLD ကို မူဝါဒရေးရာ ကိုင်တွယ်ခဲ့တာကို သိပါတယ် လို့ပြောခဲ့တဲ့ လက်ယာနိုင်ငံရေးသမားတစ်ဦး ဖြစ်တဲ့ဦးရဲထွန်းကို ပုတ်ခတ်ရေးသားခဲ့ဘူးပါတယ်။

အခုတော့ မောင်ဝံသလို အတွင်းသိလက်ဝဲသမားတစ်ဦးက ဖေါ်ကောင်လုပ်ပြီဆိုတော့ ဦးဝင်းတင်ဘာငြင်း ချင်ပါသေးလဲ။ အနှစ် ၂၀ ကျော်လုံး တိုင်းပြည်ဒုက္ခရောက်စေတဲ့ ရဲရဲတောက်မူဝါဒတွေကို တင်ပြ၊ ရွေး ကောက်ပွဲကို ကြောခိုင်းခဲ့ပြီး အခုမှ ဦးသိန်းစိန် အစိုးရရဲ့  သူတော်ကောင်းဆန်မှုများကြောင့် ရွေးကောက် ပွဲဝင်နိုင်ငံရေးကို လက်ခံရကြောင်း အရှက်ပြေပြောလို့နေပါပြီ။

မောင်ဝံသဆိုသူကလည်း မွေးရာပါ တာဝန်အရ လက်ဝဲသမားတွေ လုပ်ရင် အားလုံးကောင်းပါသည်ဟု နပ် ကြောင်းပေးဆောင်းပါးရေးသော အလုပ်ကိုလည်း တာဝန်ကျေလှပါသည်။ ဒီပုံ အတိုင်းဆိုရင်တော့ တိုင်း  ပြည်ဒုက္ခရောက်ပေဦးမည်။

ယခုကော NLD ကို မည်သူ က မူဝါဒအရကြိုးကိုင်နေပါသလဲဟု မေးလိုက်ပါသည်။

ကွန်မြူနစ်တွေလူလယ်လုပ်၍ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၅ နှစ်စောင့်ရပေဦးမည်။ တိုင်းရေးပြည်ရေး မှာ ၅ နှစ်နောက်ကျလျှင် ကလေး ၅ သန်းခန့် စာမတတ်ဖြစ်ပေလိမ့်မည်။ ထို့အတွက် NLD မှာတာဝန်ရှိသည်။ မိမိကိုတိုင် အစိုးရဖြစ်အောင်လုပ်နိုင်ပါလျှက်နဲ့ ရဲရဲတောက်တွေ ပြောပြီး ပြည်သူကို လိမ်လည်နေသော လက်ဝဲသမားများကို တောထုတ်ကြပါစို့။


ကောင်းမြတ်သူ

(မူဝါဒရေးရာဌာန)



လွှတ်တော်နိုင်ငံရေး နှင်းဆီခိုင် အဖြစ်သို့
-မောင်ဝံသ
-၂၄.၂.၂၀၁၂


ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အပါအ၀င် ယှဉ်ပြိုင်ကြမယ့် ပါတီတွေဟာ အခုဆိုရင် တရားဝင် မဲဆွယ် စည်းရုံးမှုတွေကို စတင်လုပ်ဆောင်နေ ကြပြီဖြစ်တယ်ဗျ။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ NLD ဒီချုပ်ပါတီ ပြန်လည်ပါဝင်လာတဲ့ အဲဒီရွေးကောက်ပွဲဟာ အစိုးရသစ်လက်ထက်မှာ မြင်တွေ့ခဲ့ကြရတဲ့ အားတက်မျှော်လင့်စရာ မြင်ကွင်းတွေအရရော ပြည်တွင်း ပြည်ပက စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်လေ့လာ အကဲခတ်နေကြမယ့် အနေအထားအရပါ ယေဘုယျအား ဖြင့် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆထားတယ်ဗျ။

လွှတ်တော်ထဲ ရောက်သွားမယ်
အဲဒီရွေးကောက်ပွဲအပြီးမှာ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်နှယောက် အရွေးခံကြရပြီး ဘယ်ပါတီက ကိုယ်စားလှယ် အများဆုံးနဲ့ အနိုင်ရသွားမယ်ဆိုတာကို အတတ်မပြောနိုင်ပေမယ့် လောလောဆယ်မြင်တွေ့ကြားသိနေရတဲ့ အခြေအနေတွေအရ ရာခိုင်နှုန်းအတော်များများ ပြောနိုင်တာတစ်ခုကတော့NLD ဒီချုပ်ပါတီရဲ့ ကိုယ်စားလှယ်တချို့ လွှတ်တော်ထဲ ရောက်သွားမှာဖြစ်တယ်ဆိုတဲ့ အချက်ပဲဗျ။



အားလုံးသိကြတဲ့အတိုင်း ၁၉၉၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုထောက်ခံမဲတွေနဲ့ အနိုင်ရခဲ့ပေမယ့် နိုင်ငံအရေးအရာများကို စီမံခန့်ခွဲခွင့် မရရှိခဲ့တဲ့ NLDဒီချုပ်ပါတီဟာ အဆင့်ဆင့်သော ပါတီခေါင်းဆောင်များရဲ့ ကန့်ကွက်သူမရှိ တစ်ခဲနက်သဘောတူညီမှုနဲ့ ချမှတ် ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲပြီး ၂၀၁၀)ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာဖြစ်တယ်ဗျ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်မလာခင် နှစ်နှစ်ကျော်ကာလအတွင်း ပါတီကို သဘောတရားအရ ဦးဆောင်မှုပေးခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုရင် အခုကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုပါ အစောပိုင်းတုန်းက ဆက်လက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူဖြစ်တယ်ဗျ။

သူက နိုင်ငံရေးဆိုတာ လွှတ်တော်တွင်း နိုင်ငံရေးတစ်ခုတည်းရှိတာ မဟုတ်ဘူး။ လွှတ်တော် ပြင်ပနိုင်ငံရေးလည်း ရှိတယ်။
ပြည်သူတွေရဲ့ ထောက်ခံမှုသာရှိတယ်ဆိုရင် NLDပါတီဟာလည်း တရားဝင်တယ်။
လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း လုပ်လို့ရတယ်ဆိုတဲ့ သဘောထားနဲ့ ၂၀၀၈ အခြေခံဥပဒေက မွေးဖွားလာတဲ့ ရွေးကောက်ပွဲမှန်သမျှကို သပိတ်မှောက် ရေး ရပ်ချက်ကို ကိုင်စွဲထားခဲ့တာ ဖြစ်တယ်ဗျ။ NLDကလည်း ဆရာကြီး ဦးဝင်းတင်ရဲ့ အဲဒီသဘောထားအတိုင်း ရပ်တည်ခဲ့တယ်ဗျာ။

အပြောင်းအလဲတွေကြောင့် ပြောင်းလဲတာ
ဒါပေမယ့် အခုတော့NLDရဲ့ ရွေးကောက်ပွဲသပိတ်မှောက်ရေး သဘောထားဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်တယ်ဆိုတာ အားလုံးအသိ ဖြစ်တယ်ဗျာ။NLDရဲ့ ရပ်တည်ချက် ဘာကြောင့်ပြောင်းသွားခဲ့ရတာလဲ။
အဓိက အကြောင်းရင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရရဲ့ အရေးပါတဲ့အခြေခံသဘောထား ရပ်တည်ချက်တချို့ ပြောင်းလဲလာမှုပဲ ဖြစ်တယ်ဗျ။
အများမျှော်လင့်မထားခဲ့ကြတဲ့ အစိုးရရဲ့ အဲဒီသဘောထား အပြောင်းအလဲတချို့ပေါ် မူတည်ပြီးNLDက သူ့ရဲ့မူလရပ်တည်ချက်ကို စွန့်လွှတ်ပြီး လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရတယ်ဗျ။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆရာဦးဝင်းတင်က ဒါဟာ မိမိတို့ရဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို လွှတ်တော်ထဲသို့ တိုးချဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုထားပြီး ဒုတိယအကြိမ် မှတ်ပုံတင်ပြန်တင်တဲ့ NLDပါတီမှာ ဥက္ကဋ္ဌဖြစ်လာတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့ပါတီ ရွေးကောက်ပွဲဝင်တာဟာ အဓိကအားဖြင့် ရည်ရွယ်ချက်ကြီး ၃ ခုကြောင့်သာဖြစ်တယ်။

အဲဒါတွေကတော့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပေါ်ထွန်းလာစေဖို့၊ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ၂၀၀၈ အခြေခံဥပဒေ ထဲက ပြည်သူတွေ အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့အချက်တွေကို ပြင်ဆင်ဖို့တို့ ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ရှင်းရှင်းကင်းကင်း ပြောထားတယ်ဗျ။

ရွေးချင်းရွေးမယ်ဆိုရင်
The Voice ဂျာနယ် အတွဲ (၈)၊ အမှတ် (၈) မှာ ဆောင်းပါးရှင်ကျော်လင်းဦးက ]လွှတ်တော်နိုင်ငံရးနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေး} ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးထားတယ်ဗျ။ သူက သူ့ဆောင်းပါးကို ]]အကယ်၍ လွှတ်တော်နိုင်ငံရးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေးနှစ်ခုအနက် တစ်ခုကို ရွေးချယ်ရန် စာရေးသူကို တစ်စုံတစ်ယောက်က မေးလာခဲ့လျှင် လွှတ်တော်နိုင်ငံရေးကိုသာ ရွေးချယ်မိမည်ဖြစ်သည်}} ဆိုတဲ့ ၀ါကျနဲ့ စထားပြီး ထိုင်းနိုင်ငံမှာ ရှပ်နီတွေက လွှတ်တော်နိုင်ငံရေး (တစ်နည်း) အခြေခံဥပဒေဘောင်အတွင်း နိုင်ငံရေးကို ကျောခိုင်းကာ လမ်းပေါ်ဆန္ဒ ပြပွဲတွေနဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့ကြတာကြောင့် လူအများအပြား သေဆုံးဒဏ်ရာရ၊ တိုင်းပြည်လည်း အကြီးအကျယ် ဆုံးရှုံးနစ်နာ ခဲ့ရကြောင်း ဒါကြောင့် မြန်မာ့နိုင်ငံရေး မှာလည်း ရေရှည်မှာ လွှတ်တော်တွင်း နိုင်ငံရေးကို ဇောင်းပေးကြရမှာ ဖြစ်ကြောင်း ရေရှည်မှာ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်သူတို့သာ အဓိကဇာတ်ဆောင်များ ဖြစ်လာကြမှာ ဖြစ်ပြီး လွှတ်တော်ပြင်ပနိုင်ငံရေးမှာ လှုပ်ရှားနေသူတွေကတော့ ဇာတ်ပို့တွေသာ ဖြစ်လာကြမယ့် အကြောင်းနဲ့ နိဂုံးချုပ်ထားတယ်ဗျ။


အမျိုးသား ပြန်လည် သင့်မြတ်ရေးကြောင့်
ကျွန်တော့်အနေနဲ့ ဆောင်းပါးရှင်ကျော်လင်းဦးရဲ့ အယူအဆနဲ့ ပတ်သက်ပြီး လက်မခံနိုင်စရာမရှိဘူး။ ဖြည့်စွက်ဆွေးနွေးစရာပဲ ရှိတယ် ဗျ။ အဲဒါကတော့ ရေရှည်မှာ လွှတ်တော်နိုင်ငံရေး ပိုမိုအားကောင်းလာပြီး လွှတ်တော်နိုင်ငံရေးသမားတွေသာ `ဇာတ်လိုက်´ တွေ ဖြစ်လာဖို့အတွက် လွှတ်တော်ဟာ အမှန်တကယ်ပြည်သူကို တစ်ရာရာခိုင်နှုန်းကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် ဖြစ်လာဖို့ လိုတယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်ဗျ။

ဆိုလိုတာက အခုရှိနေတဲ့ လွှတ်တော်ဟာ ဘယ်လိုလွှတ်တော်လဲ။ လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရရှိထားတာ ဘယ်ပါတီ လဲ။ အဲဒီပါတီဟာ ဘယ်လိုပေါ်ပေါက်လာသလဲ။ အဖွဲ့ဝင်တွေကို ဘယ်လိုစုဆောင်းခဲ့တာလဲ စတဲ့ စတဲ့ အချက်တွေဟာ ပြည်သူအားလုံး သိပြီးသားဖြစ်တယ်ဗျ။ အခုအချိန်မှာ အဲဒါတွေကို ပြည်သူတွေ ထုတ်မပြောကြတာက အတိတ်ကို ကျောခိုင်းစွန့်ခွာပြီး ပြည်သူ့ဆန္ဒကို အလေးထားကြောင်း တစ်နေ့တခြား ပိုပိုပြီး ပြသလာနေတဲ့ အစိုးရနဲ့လွှတ်တော်ရဲ့ လုပ်ရပ်တွေနဲ့ အတိတ်ထက် အနာဂတ်ကိုသာ ပိုပြီး အာရုံရောက်နေကြတဲ့ ပြည်သူတွေရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှလုံးသားကြောင့် ဖြစ်တယ်ဗျ။

မတို့မထိနေမှာမဟုတ်
ဒါပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အတိတ်ကို အတိတ် မှာပဲ ထားခဲ့ရေးဆိုပြီး ၂၀၀၈ အခြေခံဥပဒေကို မတို့မထိဘဲ နေမှာမဟုတ်ဘူးဗျ။ အခုကြွေးကြော်ထားတဲ့အတိုင်း ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ပြီး အနိုင်ရလို့ လွှတ်တော်ထဲ ရောက်သွားတဲ့အခါ အခြေခံဥပဒေပြင်ဆင်ရေးကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်မှာပဲ လို့ မျှော်လင့်ရတယ်ဗျ။ လူထုကလည်း ပြင်သင့်တာတွေကို ပြင်ဖို့ ကြိုးပမ်းကြတာကို အင်တိုက်အားတိုက် ၀ိုင်းဝန်းပံ့ပိုး ကူညီကြမှာ သေချာတယ်ဗျာ။



၂၀၀၈ အခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေးထားချက်တွေအရ အနည်းဆုံး အဲဒီအချိန်အထိတော့ ဆက်ပြီးရှိနေဦးမှာ ဖြစ်တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး အင်အားစုတွေကလည်း အဲဒီလုပ်ရပ်ကို ထောက်ခံပံ့ပိုးကြမှာ ဖြစ်တယ်ဗျ။ အဲဒီအချိန်မှာ ပြည်သူတွေရဲ့ ဆန္ဒတွေ လွှတ်တော်နိုင်ငံရေးနည်းလမ်းကတစ်ဆင့် အောင်မြင်ဖို့ အရေးမှာ အခရာကျတာကတော့ နိုင်ငံ့ခေါင်းဆောင်များရဲ့ သဘောထားပဲဖြစ်တယ်ဗျာ။ ချောချောမွေ့မွေ့ ညင်ညင်သာသာ အောင်မြင်သွားမယ်ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးဟာ အမှန်တကယ်ပဲ ``ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်´´ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေတယ်ဗျာ။

မောင်ဝံသ

Tuesday, February 21, 2012

ရွှေတိဂုံစေတီတော် အနောက်မုဒ်ဓါတ်လှေခါး ပြန်လည်တည်ဆောက်ရေး

..


ရွှေတိဂုံစေတီတော် အနောက်ဘက်မုဒ်ကို ၂ ပြားတန်းဆောင်းလို့ခေါ်ပါတယ်။ အဲဒီအချိန်အခါက အလှု့ရှင် ပြည်သူများ က တစ်ယောက်ကို ၂ ပြားနှုံးနဲ့ထည့်ဝင်လှုဒန်းငွေတွေကို အဓိက သုံးစွဲခဲ့တာမို့ အဲဒီလိုနာမယ် တွင်ခဲ့တာပါ ။ မြန်မာ့ ကုန်ဈေးနှုံး သမိုင်းမှာ ပိုက်ဆံ ၂ပြား ဟာ အလွန်ပဲတန်ဘိုးရှိခဲ့တယ်ဆိုတဲ့ သမိုင်းဆိုင် ရာ အထောက်အထားတစ်ရပ်လည်းဖြစ်ပါတယ်။ အနောက်မုဒ် စောင်းတန်းဟာ ပိသုကာ လက်ရာမြောက်သ လို အခိုင်ခန့်ဆုံးနဲ့ မုဒ် လေးမုဒ် မှာ အရှည်ဆုံးတန်ဆောင်း လည်းဖြစ်ပါတယ်။ တည်နေရာအားဖြင့်တော့ အနောက်ဘက်မုဒ်က ဆင်းလိုက်ရင် ဦးဝိစာရလမ်းကို မြင်တွေနိုင်ပြီး လူသွားလူလာအတွက် ဘတ်စကားများ အသွား အလာမရှိတာကြောင့် ဘုရားဘူးများ အတက် အဆင်း နဲပါးပါတယ်။

အနောက်မုဒ် စောင်းတန်းဟာ ရှည်လျှားပြီး မြင့်မားပေပေမဲ့ ဓါတ်လှေခါး မရှိတာကိုတော့ သတိထားမိကြမှာပါ။ အတက်အဆင်းနည်းပါးတဲ့အတွက် ဓါတ်လှေခါး မရှိခဲ့တာလို့ထင်စရာရှိပါတယ်။ န-၀-တ အစိုးရတက်ပြီး အနောက်ဘက်မုဒ်မှာ စက်လှေခါးတတ်ဆင်ခဲ့ပါသေးတယ်။ အမြဲတန်းလည်ပတ်နေရတဲ့ စက်လှေခါးရဲ့ စရိတ်ကြီးမားမှုကြောင့် ပြန်လည် ဖျက်သိမ်းခဲ့ပါတယ်။

အမှန်တော့ အနောက်ဖက်မုဒ်မှာ အခြားသော မုဒ် ၃ မုဒ် လိုပဲဓါတ်လှေခါး ရှိခဲ့ပါတယ်။ အချို့သော ရှေးဟောင်း ပြက္ခဒိန်တွေမှာ ရှိတဲ့ ရွေတိဂုံဘုရားကောင်းကင် ဓါတ်ပုံမှာ ရွေတိဂုံ ဘုရားရဲ့ အနောက်မုဒ် ဓါတ် လှေခါး ကို မြင်တွေ့နိုင်ပါတယ်။ စာရေးသူ အမှတ်မထင် မိတ်ဆွေတစ်ယောက်အိမ်မှာ တွေ့ခဲ့ဘူးပါ တယ်။ ဘယ်သူဘယ်ဝါ့အိမ်ဆိုတာ မမှတ်မိတော့လို့တင်ပြနိုင်ခြင်းမရှိသေးပါ။ ထိုဓါတ်ပုံ ရှိသူများမှ ပေးပို့လာဖို့လည်း တောင်းခံအပ်ပါတယ်။ ပြည်သူအများသိရှိစေရန်အတွက်ပါ။

အခုဒီဆောင်းပါးမှာ အဓိကတင်ပြချင်တာကတော့ အဲဒီလိုတည်ရှိခဲ့တဲ့ ရွေတိဂုံစေတီ အနောက်ဖက်မုဒ် ဓါတ်လှေခါးကြီး ဖျက်ဆီးခံလိုက်ရတဲ့ကိစ္စပဲဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ကျောင်းသာသမဂ ကို ဖျက်ဆီးတဲ့ ကိစ္စပြီးရင် ဒုတိယမြောက် အဆိုးဆုံးလို့ပြောနိုင်ပါတယ်။ လူသိတော့ အင်မတန်နဲခဲ့ပါတယ်။

အာဏာရှင်ဦးနေ၀င်းဖျက်ဆီးခဲ့တာပါ။ အာဏာရှင်ကြီး အမြဲတန်းသွားလာလေ့ရှိတဲ့ ဦးဝိစာရလမ်း ကိုအကောင်းဆုံးမြင်တွေ့နိုင်တဲ့နေရာဟာ အနောက်မုဒ်ဓါတ်လှေကားပေါ်မှဖြစ်ပြီး။ အဲဒီအပေါ်ကနေ စက်သေနပ်နဲ့ဖြစ်စေ။ လောင် ခြာနဲ့ဖြစ်စေ တိုက်ခိုက်နိုင် တယ်ဆိုတဲ့ဆင်ခြေနဲ့ စစ်ရေးအမြင်၊ လုံခြုံရေး အမြင်အရ အာဏာရှင်ကြီး အသက်အန္တရယ် ရှိတယ်ဆိုပြီး ဖျက်ဆီးခဲ့တာပါ။ အာဏာရှင်ဟာ ဘုရားကို လည်းဖျက်တယ်ဆိုတဲ့အထောက်အထားပါပဲ။

အဲဒါကို အစားထိုးဖို့ဆိုတဲ့အနေနဲ့ ယခုမြင်တွေ့နေရတဲ့ ရွေတိဂုံစေတီရဲ့ မြောက်ဖက်မုဒ် ဓါတ်လှေခါး ကို အစားထိုး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အနောက်ဘက်မုဒ် ဟာ လူအ၀င်ထွက်နဲလို့ ဓါတ်လှေခါးမ တည်ဆောက်တော့ဘူးဆိုရင် ဓါတ်လှေခါးမတည်ဆောက်တဲ့အတွက်လည်း လူအ၀င်အထွက်နည်းနေဦး မှာဖြစ်ပါတယ်။ တစ်ချိန်က ရွှေတိဂုံစေတီ တပေါင်းပွဲတော်ကို အနောက်မုဒ်မှာ ကျင်းပလေ့ရှိလို့ အနောက်မုဒ်ပွဲတော်လို့တောင်တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

အနောက်ဘက်မုဒ်ဟာ အင်မတန်ကျယ်ဝန်းတဲ့ မြေနေရာ ရှိပြီး တိုးတက်များပြားလာတဲ့ နိုင်ငံခြားခရီးသည် များ ၀င်ရောက်နိုင်အောင် ကားရပ်နားရန်နေရာ အင်မတန်များပြားတဲ့နေရာဖြစ်ပါတယ်။ အနောက်မုဒ်ဓါတ် လှေခါးဟာ အာဏာရှင် စနစ်ရဲ့ ဖျက်ဆီးခြင်းကိုခံခဲ့ရတာဖြစ်လို့ သမိုင်းဆိုင်ရာ အထိန်းအမှတ်အနေနဲ့ပြန် လည်တည်ဆောက်သင့်သလို။ တိုးတက်များပြားလာတဲ့ ဘုရားဖူးများ နိုင်ငံတကာလေ့လာရေးခရီးသွားများ အတွက် ၀င်ထွက်ရ အလွယ် ကူဆုံးနေရာလည်းဖြစ်တဲ့ အတွက်ပြန်လည်တည်ဆောက်သင့် ပါတယ်။

ဗုဒ္ဒဘာသာ မြန်မာလူမျိုးများအနေဖြင့် သမိုင်းဝင် ရွှေတိဂုံစေတီတော် အနောက်မုဒ်ဓါတ်လှေခါးပြန်လည် တည်ဆောက်နိုင်ရေးအတွက် ဆော်သြကြပါရန် လေးစားစွာဖြင့်တင်ပြအပ်ပါတယ်။


       ကောင်းမြတ်သူ

     မူဝါဒရေးရာဌာန
မြန်မာဒီမိုကရေစီကွန်ဂရက်




..

Wednesday, February 15, 2012

မြောက်ပိုင်းလူသတ်မှုအတွက် တာဝန်ရှိသောအဖွဲ့အစည်းများ စာရင်း


..


WHO WILL GUARD THE GUARDIAN?

                                              Aristotle

WHO WILL GUARD THE STUDENT LEADERS?

                                             (----------)



မိုးသီးဇွန်ကို ထောက်ခံသော အဖွဲ့ကို နိုင်အောင်ကို ထောက်ခံသော အဖွဲ့က သတ်လိုက်တယ်လို့ RFA နဲ့အင်တာဗျူးမှာ မိုးသီးကတင်ပြလာတယ်။ အဲဒီ အချိန်အခါမှာ မိမိရဲ့ ရဲဘော်တွေ ရက်ရက် စက်စက် အသတ်ခံနေရတာကို ကယ်တင်ဖို့မလုပ်ပဲ မိုးသီး ဘာလုပ်နေပါသလည်းလို့မေးရမယ့်အချိန် ရောက်လာပါပြီ ။ ရဲဘော်တွေ အသတ်ခံနေရတဲ့ နယ်မြေထဲကို တော်လှန်ရေးခေါင်းဆောင်ပီပီ အသေခံပြီး ၀င်စီးရမယ့် အစား ကြေငြာ ချက်ထုတ်ပြီး မှုန်ဝါးဝါးလုပ်နေတာ ကျောင်းသားခေါင်း ဆောင်တစ်ယောက်ရဲ့ အရည်အချင်းတော့ မဟုတ်နိုင်ပါ ။ အနှစ် ၂၀ လောက်ကြာလို့ မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်မှ တစ်လုံးတစ်လေ ၀င်ရောက်ပြောဆိုတာ  တာဝန်မဲ့ရာကျပါတယ်။ မိမိရဲ့ရဲဘော်တွေ အသတ်ခံရတာကို တာဝန်ယူဖေါ်ထုတ်ရမယ့်အစား အနှစ် ၂၀ လုံးလုံး နှုပ်ပိတ်နေတာ ဘယ်လိုခေါင်းဆောင်မျိုးလည်း။ ထစ်ခနဲရှိ မိမိကိုယ်တိုင်ထောင်ထားတဲ့ WE FIGHT WE WIN စာမျက်နှာမှာဖေါ်ပြနေကြ ဖြစ်ပေမဲ့ အခုတော့ ဘာလို့များ တာဝန်ယူဖေါ်ထုပ်ခြင်းမပြုတာပါလည်း။ ဒါတောင်မြောက်ပိုင်းလူသတ်မှုဟာ မိမိမှာတာဝန် မရှိပါဘူးလို့ အတိအလင်းပြောခဲ့ပါသေးတယ်။ မသေပဲကျန်တဲ့သက်သေတွေသာ မရှိခဲ့ရင် ဘယ်လောက်တောင် တာဝန် မဲ့စကားပြောလိုက်ကြမလဲ။

နိုင်ငံရေးလောကမှာ ခေါင်းဆောင် ၂ မျိုးရှိတယ် တစ်မျိုးက မီဒီယာမှာ ထင်ရှားတဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်တစ်မျိုးက တော့ မီဒီယာမှာ မထင်ရှားပေမဲ့ နိုင်ငံရေးလောကထဲမှာ သိသာထင်ရှားတဲ့ခေါင်းဆောင် မျိုးဖြစ်တယ်။ အသတ်ခံရတဲ့ ကိုထွန်းအောင်ကျော်ဟာ နိုင်ငံရေးလောက ထဲမှာ သိသာထင်ရှားတဲ့ခေါင်း ဆောင်တစ်ယောက်ဖြစ်တယ်။ ဒီလိုလူမျိုးကို သူလျှိုတစ်ယောက်ဖြစ်ပါတယ်ဆိုပြီး သတ်တာဟာ ထင်ရှားတဲ့ နိုင်ငံရေးလုပ်ကြံမှုဖြစ်တယ်။

အခု မီဒီယာမှာ သက်သေအဖြစ် ထွက်ဆိုနေတဲ့သူတွေဟာ ၁၉၉၂ ဆိုတဲ့အချိန်မှာတုန်းက မီဒီယာမှာထင် ရှားတဲ့ခေါင်းဆောင်တွေမဟုတ်ခဲ့လေတော့ ဖြစ်ခဲ့တဲ့အဖြစ်ဆိုးကို မီဒီယာမှာ တင်ပြဖို့ ခက်ခဲတဲ့ကိစ္စဖြစ်ခဲ့ တယ်။ ဒီကိစ္စကို သိခဲ့တဲ့ မိုးသီးဆိုသူကတော့ မီဒီယာမှာထင်ရှားသူဖြစ်ပေမဲ့ လူသတ်မှုကို ဖေါ်ထုတ်ခြင်း မပြုခဲ့တာ ဘာဖြစ်လို့ပါလဲ။ သူဟာ အဲဒီအချိန်မှာ ABSDF ရဲ့ ဥက္ကဌ တစ်ယောက်ဖြစ်တယ်။

မြောက်ပိုင်းမှာ မသေပဲကျန်ခဲ့သူတွေမှာ ပြောစရာတွေ သက်သေတွေ အများကြီးရှိနေကြပါတယ်။ တရား ခံတွေ နဲ့ တာဝန်ရှိသူတွေဟာ မီဒီယာမှာ လိမ်လည် လှည့်ဖြားလို့မဖြစ်နိုင်တော့ပါဘူး။ သတ်တဲ့သူက လည်းသတ်တယ်။ သိရှိပါတယ် ဆို တဲ့အထင်ကရ ခေါင်းဆောင်ဆို သူတွေကလည်းအနှစ် ၂၀ လုံးလုံး ရေငုံနှုပ်ပိတ်နေတယ်။  နှစ်ဖက်စလုံးကလည်း အထင် ကရကျောင်းသားခေါင်း ဆောင်ဆို သူတွေ ဖြစ်တယ်။ လက်ရှိ ABSDF ဥက္ကဌ ဆိုသူက ဒီကိစ္စတွေ ကိုဖေါ်ထုတ်ဖို့ အတွက် မီဒီယာ ကိုစကားပြောဖို့ငြင်းဆန်နေတယ်။

ဖြစ်ပွားတဲ့အချိန်ဟာ ၁၉၉၂ ခုနှစ်ဖြစ်တဲ့အတွက် ABSDF စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ ကာလကနေ ရေတွက်ကြည့်ရင် ၄ နှစ် ကြာတဲ့ကာလမှာ ဖြစ်ခဲ့တာ ဖြစ်တယ်။ အဲဒီအချိန်ဟာ အဖွဲ့ဝင်များ အချင်းချင်း မည်သူမည်ဝါ ဘယ်သူဘာလည်းဆိုတာ ကွဲကွဲပြားပြားသိရှိနိုင်ကြတဲ့ကာလဖြစ်တယ်။

ဒါဆို ဒီလူသတ်မှုကို ဘယ်လိုလုပ်ကြမှာလည်း။ သပိတ်သွတ်လိုက်ရုံနဲ့ပြီးလိုက်ကြတော့မှာလား။ ၀မ်းနည်း ကြောင်းကြေငြာချက်ထုတ်ပြီး ဂုဏ်ပြုပါတယ်လို့ လုပ်လိုက်ကြတော့မှာလား။ (ဒါမျိုးလုပ်လို့ဘယ်ရပါ့မလဲ) မသေပဲကျန်ခဲ့သူတွေနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ နိုင်ငံရေးလောကကို မီဒီယာမှာ ကြေငြာ ချက်ထုတ်ပြီး လှည့်ဖြားဖို့ ကြိုးစားလို့ ဘယ်ရပါ့မလဲ။

အမှန်တော့ မြောက်ပိုင်းလူသတ်မှုကို ထိုင်းမြန်မာ နယ်စပ်မှာ ရှိတဲ့ အောက်ပါအဖွဲ့အစည်းများ အားလုံး ဟာ သိရှိကြတယ်။ အခုအချိန်မှာ နယ်စပ်က အဖွဲ့အစည်းတွေဟာ မိမိအဖွဲ့စည်း အတွင်းမှာ ဖြစ်ခဲ့တာ မဟုတ် သည့်တိုင်အောင် တော်လှန်ရေး အဖွဲ့စည်းတွင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စ ဖြစ်တဲ့အတွက် တစ်စုံတစ်ရာ ထုတ်ဖေါ်တင်ပြကြဖို့တာဝန်ရှိတယ်။

တာဝန်ရှိသောထိုင်းမြန်မာနယ်စပ်မှ အဖွဲ့အစည်းများ စာရင်း
  • NLD (LA)
  • လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (လွတ်မြောက်နယ်မြေ DPNS)
  • မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) (၎င်းအဖွဲ့တွင် အောက်ပါ အဖွဲ့စည်းများထပ်မံပါဝင်သည်။
  • ပါဝင်သော အဖွဲ့အစည်းများ
    (၁) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊
    (၂) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)
    (၃) မြန်မာ့အမျိုးသမီးသမဂ္ဂ၊
    (၄) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊
    (၅) ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊
    (၆) ပြည်သူ့ကာကွယ်ရေးတပ်နှင့်
    (၇) ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊
    (၈) တသီးပုဂ္ဂလများ၊
  • မြန်မာနိုင်ငံရှေ့နေများကောင်စီ ( BLC)
  • မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ (BPPU)
  • နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP)
  • ဧရာဝတီ သတင်းဌာန
  • NCUB (မြန်မာနိုင်ငံအမျိုးသားကောင်စီ)
  • NCGUB ( အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့)
  • MPU (ပြည်ပရောက် လွတ်တော်ကိုယ်စားလှယ်များအဖွဲ့)
  • ဗိုလ်မှုးစောလှငွေ (တပ်မှုး KNU ထောက်လှမ်းရေး)
  • KIO (ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း)
(အခြားသော ထဲ့သွင်းသင့်သည်ဟု ယူဆသော အဖွဲ့များရှိက သက်ဆိုင်ရာအဖွဲ့တို့မှ တင်ပြနိုင်ပါသည်။)

မြောက်ပိုင်းလူသတ်မှုကို သိရှိတဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရှိ သော အဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေး သစ္စာဖြင့် မိမိတို့ သိရှိခဲ့မှုများ။ သဘောထားထုတ် ပြန်ချက်များ ကိုတင်ပြဖို့ အချိန်တန်ပြီဖြစ်ပါသည်။

လူသတ်မှုတစ်ခု ကို မီဒီယာမှာ ရှင်းလင်းပွဲလုပ်နေလို့ကတော့ ဘယ်တော့မှပြီးမှာ မဟုတ်ပါဘူး။ အခုချိန် မျိုးကျတော့  မီဒီယာမှာ အနှစ် ၂၀ လောက် အင်တာဗျူးလုပ်နေတဲ့ ဥပဒေ ပညာရှင်ဆိုသူတွေ ဘယ် ရောက် ကုန်ပြီလဲ။ ပြည်ပရောက် တော်လှန်ရေး အင်အားစုတွေဟာ အမှုမှန်ဖေါ်ထုတ်ကြဖို့ မလုပ်ဘူး ဆိုရင် သမိုင်းဆိုင်ရာထိန်ချန်မှု တစ်ခုဖြစ်လာနိုင်ပါတယ်။ ယခုသတ်ဖြတ်မှုဟာ  မှားယွင်းသတ်ဖြတ်မှု မဟုတ် တဲ့အပြင် နိုင်ငံရေးခေါင်းဆောင်နှစ်အုပ်စုရဲ့ အားပြိုင်မှုကနေဖြစ်လာတဲ့ နိုင်ငံရေးလုတ်ကြံမှုဖြစ်နေ တဲ့အတွက်ကြောင့် နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပိုမို၍ တာဝန်ရှိလာပြန်ပါတယ်။

ဒီလိုလူသတ်တဲ့ အမှုမျိုးကို တရားရုံးမှာ မရှင်းပဲ မီဒီယာမှာရှင်းနေလို့ ကတော့  တော်လှန်ရေးကြီး မိုးလင်းသွားမှပဲ ပြီးပါလိမ့်မယ်။မိမိမှာ အပစ်မရှိပါဘူးဆိုတဲ့ခေါင်းဆောင်တွေ ဟာ တရားရုံးမှာ ရဲရဲဝံ့ဝံ့ဖြေ ရှင်း ကြဖို့ပဲဖြစ်ပါတယ်။ မီဒီယာမှာ ဟိုလူ့လွှဲချ ဒီလူ့လွှဲချလုပ်နေရင် ပိုဆိုးသွားမှာဖြစ်ပါတယ်။ အားလုံးကို တရားရုံးမှာ သက်သေအဖြစ်တင်သွင်း ခံရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်သူတွေက တရားဥပဒေ ကြောင်းအရဆောင်ရွက်တော့ မှာ ဖြစ်လို့ပါပဲ။
 



        ကောင်းမြတ်သူ
      (မူဝါဒရေးရာဌာန)
 မြန်မာဒီမိုကရေစီကွန်ဂရက်



.

Friday, February 10, 2012

မြောက်ပိုင်းလူသတ်မှုအတွက် ABSDF ခေါင်းဆောင်များသို့အိတ်ဖွင့်ပေးစာ

.

                                                                                                                   နေ့စွဲ-၁၁-၂-၂၀၁၂

(မြန်မာနိုင်ငံမြောက်ပိုင်း ABSDF နယ်မြေတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုများ အတွက် သေဆုံးသွားခဲ့သူများ၏ ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်း၊ တရားဥပဒေ စိုးမိုးမှုအားလူသားတိုင်း ခံစားနိုင်ခွင့်ရှိစေခြင်း၊ မွေးရာပါလူ့အခွင့်အရေးများ အားကာကွယ်စောင့်ရှောက်ရန် လိုအပ်ခြင်းစသည့် အချက်များ အတွက်သိသာစေရန် တင်ပြချက်။)

လူသတ်မှုဆိုသည်မှာ ရဲအရေးပိုင်သောကိစ္စဖြစ်၏ ABSDF အဖွဲ့၏ အဖွဲ့စည်းတွင်းပြဿနာတစ်ရပ် မဟုတ် ပါ။ ABSDF အဖွဲ့တွင် အဖွဲ့စည်းအတွင်းပြဿနာ များရှိကောင်းရှိနိုင်သော်လည်း ပြဿနာ တစ်ရပ် ကိုလူသတ်သည့်နည်းဖြင့်ဖြေရှင်းလျှင် အဖွဲ့အစည်း၏ ပြဿနာ မဟုတ်တော့ ပါ။ လူ့အဖွဲ့အစည်း၏ ပြဿနာဖြစ်ပါ၏။

လူသတ်မှုအတွက် မျက်မြင်သက်သေ၊ ကြားသိသောသက်သေ စသည်ဖြင့် သက်သေအထောက်အထား များ လို၏။ သက်သေရှိလျှင် အမှုဖွင့်လို့ရပြီဖြစ်သည်။ လူသတ်မှုကိုထောင်ချသူမှာ တရားသူကြီးမဟုတ် သက်သေသာလျှင် ဖြစ်၏။

လူသတ်မှုက အနှစ် ၂၀ ကျော်ပြီဖြစ်၏။ အနှစ် ၂၀ ကျော် လုံးလုံး ဖေါ်ထုတ်မည့်သူမရှိခဲ့၍ ဖြစ်သည်ဟု ဆိုနိုင် ပါသည်။ ယခုဖေါ်ထုပ်သူများ ရှိနေပြီဖြစ်သောကြောင့် တာဝန်ရှိသူများက တာဝန်ရှိသ လိုဆောင် ရွက်သင့်ပါ သည်။ တာဝန်ရှိသူများအနေဖြင့် စုံစမ်းရေးကော်မရှင်ကို တရားဝင်ဖွဲ့စည်းဖို့အချိန် တန်ပြီဖြစ် ပါသည်။ တာဝန်ရှိသူများမှာ ABSDF ခေါင်ဆောင်ဟောင်း များအားလုံးနှင့် လက်ရှိ ခေါင်း ဆောင်များအားလုံးတို့ဖြစ်၏။

တာဝန်ရှိသူများမှ တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိလျှင် လူသတ်မှုအား ထိန်ချန်မှုဖြစ်၏။ လူသတ်မှုတစ်ခု အားထိန်ချန်ခြင်းအတွက် ဆင်ခြေမရှိပါ။ အခြေအနေ အချိန်အခါအရ တရားဥပဒေ လောကနှင့် ဆက်ဆံမှု ခက်ခဲသည်ဖြစ်၍ တင်ပြနိုင်ခြင်းမရှိသည်ကို တရားဥပဒေ အရ နားလည်မှုပေးနိုင်သော်လည်း။ လူသိရှင် ငြားမီဒီယာပေါင်းစုံတွင် တင်ပြမှုအား ဖုံးကွယ်ထားလျှင် ထိန်ချန်မှုဖြစ်ပါ၏။

ABSDF ဌာနချုပ်မှ မြောက်ပိုင်းလူသတ်မှုအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးပြီဟုကြားသိရသော် လည်း တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။ လူသတ်မှုဖြစ်သည့် အတွက် အဖွဲ့စည်းတွင်း ကော်မ တစ်ရပ်ဖွဲ့စည်း၍ ကြေငြာချက်ထုတ် ရုံဖြင့် မလုံလောက်ပါ။ လူသတ်မှုဖြစ်ပွားသောနေရာသည်။ ထိုင်း မြန်မာနယ်စပ် (သို့) တရုတ်မြန်မာနယ်စပ် ဒေသတွင်ဖြစ်ခဲ့ ပြီး မည်သည့် အစိုးရ၏ ဥပဒေ ထိန်းချုပ်မှု နယ်မြေတွင်း မရှိခဲ့၍ ကျူးလွန်သူများရောထိန်ချန်သူများပါ ရာဇ၀တ်ဘေး ပြေးလို့လွတ်ပြီဟု ထင်နေကြဟန်ရှိပါသည်။

လူသတ်မှုဆိုသည်မှာ မည်သည့်နေရာတွင် ဖြစ်သည်ဖြစ်စေ ပြေးလို့လွတ်မြောက်သောအမှုမဟုတ်ပါချေ။ မြောက်ပိုင်းလူသတ်မှုအား နိုင်ငံတကာ အဆင့် တရားဝင်သော စုံစမ်းရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်း ကြောင်း ABSDF မှ တရားဝင်ဆောင်ရွက်ခြင်းမပြုနိုင်လျှင် ။ယနေ့မှစ၍ ရက်ပေါင်း (၆၀)အတွင်းအင်္ဂလန် နိုင်ငံ  ရောက်မြန်မာများမှ အင်္ဂလန်နိုင်ငံရှေ့နေများကောင်စီဖြင့် ပူးပေါင်း၍ အမှုဖွင့်တရားစွဲဆိုမှုပြုလုပ် သွားမည် ဖြစ်ကြောင်း သိစေလိုက်ပါသည်။

ABSDF ခေါင်းဆောင် အချို့က အဖွဲ့၏ ပြဿနာကို ပြင်ပမှ သူများက ၀င်မရှုပ်ဖို့ ဟန့်တားကြ၏။ လူသတ်မှုကို ပြည်သူက ၀င်ရှုပ်မည်ဖြစ်ပါသည်။ ပြည်သူကိုဝင်မရှုပ်ဖို့တားမြစ်၍ မရပါ။ ABSDF ကိုလွတ် မြောက်နယ်မြေတွင်ဖွဲ့စည်းခဲ့၏။ လွတ်မြောက်နယ်မြေဆိုသည်မှာ ခေတ်ကာလအရ ရန်သူမှ လက်လမ်း မမှီနိုင်သောနေရာကိုဆိုလိုပါသည်။ တရားဥပဒေ မှလွတ်မြောက်သောနယ်မြေတော့မဟုတ်ပါချေ။

လွတ်မြောက်နယ်မြေတစ်ရပ်တွင် ထိုနယ်မြေကို ထိမ်းချုပ်သော အဖွဲ့အစည်းတစ်ရပ်ရပ် ၏ တာဝန်ယူမှုရှိရမည်ဖြစ်သော်လည်း။ လူသတ်မှုကို ကျူးလွန်သူများကို လွတ်မြောက်နယ်မြေတွင်ရှိသော သက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုခု၏။ တရားစီရင်မှု မရှိခဲ့သည်ဖြစ်၍။ ဖြစ်ပွားခဲ့သောလူသတ်မှုမှာ ယနေ့ထက်ထိ တရားစွဲစိုဖို့လိုအပ်နေသော ကိစ္စတစ်ခုသာဖြစ်ပါသည်။

တော်လှန်ရေး တစ်ရပ်တွင် ဖြစ်ပွားတတ်သော ပြစ်မှုများစွာရှိနိုင်သော်လည်း မည်သူမျှ တရားစီရင်မှု မပြုရသေးသော လူသတ်မှုဆိုသည်မှာ တော်လှန်ရေးကို ခုတုန်းလုပ်၍ ဆင်ခြေပေးလို့ရသော အမှု မဟုတ်ပါ။

ABSDF ခေါင်းဆောင်များအနေဖြင့် မြောက်ပိုင်းလူသတ်မှုအား အပြည်ပြည်ဆိုင်ရာအဆင့်ရှိသော တရားဝင် စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းနိုင်ခြင်းမျိုး မလုပ်ပဲ  တစ်ချိန်ကြတော့ သမိုင်းက ဆုံးဖြစ်လိမ့်မည်ဟု ပြော၍မရပါ။ ဤကိစ္စမှာ သမိုင်းဆိုင်ရာပြဿနာမဟုတ်ပါ။ ရာဇ၀တ်ကြောင်းဆိုင်ရာပြဿနာသာလျှင် ဖြစ်ပါ၏။

 မြောက်ပိုင်းလူသတ်မှုအတွက် ABSDF အဖွဲ့မှ ရက်ပေါင်း ၆၀ အတွင်း အပြည်ပြည်ဆိုင်ရာ အဆင့် တရားဝင် စုံစမ်း ရေး ကော်မရှင်တစ်ရပ် မဖွဲ့စည်းနိုင်လျှင် ယူကေ ရောက်မြန်မာများမှ ယူကေ တွင်ရှိသော အောက်ပါအဖွဲ့အစည်း များဖြင့် တရားဝင်ဆက်သွယ်ဆောင်ရွက်၍ အမှုမှန်ဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း သိစေ အပ်သည်။

၁။ INTERPOL (အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့)
၂။ THE LAW SOCIETY (UK)
၃။ AMNESTY INTERNATIONAL (UK)
၎။ UK (POLICE)
၅။ UK (GOVERNMENT)
၆။ UNITED NATION




 တာဝန်ယူတင်ပြသည့်အဖွဲ့အစည်း
          (မူဝါဒရေးရာဌာန )
      မြန်မာဒီမိုကရေစီကွန်ဂရက်

(မှတ်ချက်)။         ။ ယခုတင်ပြသော ကြေငြာလွှာသည် ပစ်စာ (သို့) ချိန်းချောက်စာ တစ်ရပ်မဟုတ်ပဲ ကျွန်ုပ်တို့ပါတီမှ တာဝန်ခံ၍ တင်ပြသော တရားဝင် ထုတ်ပြန်ချက်ဖြစ်သည်။

မတရားမှုများအားလူသိရှင်ငြားဖေါ်ထုတ်ခြင်းဖြင့် တော်လှန်ရေးတစ်ရပ်အတွက် ဂုဏ်သိက္ခာကျစေနိုင်မည် ဟု ဆင်ခြေပေးသူများရှိ၏။ တော်လှန်သောအဖွဲ့အစည်းဆိုသည်မှာ မတရားမူများကို တော်လှန်ခြင်းသာ လျှင်ဖြစ်၏။ မတရားမူများအား အမှုမှန်ဖေါ်ထုတ်ခြင်းဖြင့်သာလျှင် ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာ ကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။ ပြည်သူအများမှ ရဲရဲရင့်ရင့် ထောင်ခံကြဖို့သာလျှင်လိုရင်းဖြစ်ပါသည်။




Wednesday, February 1, 2012

မြန်မာပြည်မှာ E-VISA လုပ်မည်ဟုဆိုလေပြီ

.


မြန်မာက E-VISA လုပ်မည်ဟုဆိုသည်။ အင်တာနက်မှလျှောက်ထားနိုင်သည်ဟု သိရသည်။ ခက်သည်က မြန်မာပြည်မှာ ဟိုတယ် အခန်းက နည်းနေသည်။ လေဆိပ်ကလည်း သေး။ လေယဉ်ပြောလမ်းကလည်း တိုသည်။ သူများတိုင်းပြည်မှာ  လေဆိပ်တစ်ခုတွင် ပြေးလမ်းနှစ်ခုရှိ၏။ မြန်မာပြည်မှာက ပြေးလမ်းတစ်ခုသာရှိသည်။ ဟိုတည် အခန်းတွေနည်းတော့ ရှိပြီးသား တွေက ဈေး ၂ ဆတင်သည်။ ကြယ် ၅ ပွင်းဟိုတယ်ကို ဒေါ်လာ ၆၀၀ ဟုဆိုသည်။ ဥရောပထက်တောင်ဈေးကြီးနေ၏။ ဒါတောင် လူတွေကပြည့်နေပြီဟုဆိုသည်။ ခေတ်ပျက်တုန်း မတရား ဈေးတင်တာတော့မကောင်းပါ။ မျှမျှတတ လုပ်ဖို့တောင်းဆိုလိုက်ပါ သည်။ ခက်သည်က မြန်မာ ပြည်မှာ တည်းခိုးခန်းတိုင်းက နိုင်ငံခြားသားကို လက်ခံလို့မရပါ။ နိုင်ငံခြားတိုင်းပြည်များတွင်တော့ ထိုသို့ကန့်သတ်ချက်မရှိချေ။

ခရီးသွားလုပ်ငန်းနှင့်အတူ တိုးတက်လာမည့် ပြည်တန်ဆာလုပ်ငန်းများလည်း တားဆီးဖို့လိုသည်။ ကျောင်းသားခေါင်းဆောင် ဆိုသူများ ကဒါမျိုးတွေကိုတောင်းဆိုရမည်။ ဇိမ်ခမ်းတွေလက်ညိုးထိုးပြီး အစိုးရကို အပုတ်ချသည်ထက် ကာရာအိုကေဆိုင်ရှေ့တွင် ဆန္ဒပြပွဲလုပ်ဖို့ကောင်းသည်။ မြန်မြန်လုပ်လျှင် မြန်မြန် ကောင်းသည်။


မြန်မာ ပြည်တွင်း လေကြောင်း လိုင်း ၆လိုင်းရှိသည် နိုင်ငံပိုင်က တစ်ခု အခြား သူဌေးကြီးများက ၅ လိုင်းဖြစ်၏။ Air Mandalay, Yangon Airways, Air Bagan, Asian Wings and Kanbawza. လိုင်းတို့ဖြစ်သည်။

နိုင်ငံတကာ ၀င်ထွက်နေသော လိုင်း က ၁၃ လိုင်းဖြစ်သည်။ Air China, China Southern Airline, China Eastern Airlines, Thai Airways International, Indian airline, Air Asia, Taiwan region's China airlines, Silk Air, Malaysian Airlines, Bangkok Airways, Jetstar Asia, Thai Air Asia and Vietnam Airlines


.