Wednesday, March 7, 2012

၉၀ ရွေးကောက်ပွဲစစ်တမ်း

..


ကြားဖြတ်ရွေးကောက်ပွဲကြီးကျင်းပတော့မည်။ ၁၉၉၀ ရွေးကောက်ပွဲအ ကြောင်းပြောသံသိပ်မကြားရ တော့ပါ။ အထူးသဖြင့်တော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီနှင့် အမတ်များကိုယ်တိုင်က ပို၍ အသံတိတ်နေ၏။ ဘာကြောင့် အသံတိတ်နေလည်း တော့မသိပါ။ ကျွန်ုပ်တို့ကတော ၉၀ ရွေးကောက်ပွဲရလာဒ် ကိုသုံးသပ်ခြင်း ထက် ၉၀ ရွေးကောက် ပွဲ အနိုင်ရအမတ်မင်းများ အကြောင်း သုံးသပ်ချက်ကို တင်ပြလိုက်ပါ သည်။ စာဖတ်သူရော ၉၀ အနိုင်ရအမတ်မင်း များ အကြောင်း စဉ်းစားဘူးပါသလား။ မည်သို့ပင်ဖြစ်စေ စာဖတ်သူအနေဖြင့် မြန်မာပြည်သူတစ်ယောက် ဖြစ်သည့် အတွက် မြန်မာပြည်၏ မြို့နယ်တစ်ခုခုတွင်နေထိုင် နေသူဖြစ်ကိုဖြစ်ရမည်ဖြစ်ပါသည်။ သို့အတွက် သင်နေထိုင်သော မြို.နယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သော အမတ်မင်းတစ်ယောက်ယောက် လည်းရှိကိုရှိရပေမည်။ သို့ဖြစ်သည့်အတွက် သင် အောက်တွင်ဖေါ်ပြထားသော မေးခွန်းများကိုဖြေကြည့် ပါ။ တစ်ခုကိုဖြေနိုင်လျှင် (သို့)  အကောင်း မြင်စရာတစ်ခုရှိလျှင် (သို့) သတ်မှတ်နိုင်လျှင် တစ်မှတ်ပေးပါလေ။ ဖြေဆိုပြီးလျှင် ဆက်လက်သုံးသပ်ထားသော သုံးသပ်ချက်ကို သဘောတူမတူ ဆုံးဖြတ်ပါလေ။

  1. သင်နေထိုင်သော မြို့နယ်မှ အမတ်မင်းနာမည်ကို သိပါသလား။
  2. ထိုအမတ်မင်းကို သင်မြင်ဘူးပါသလား။ ယခုမြင်ရင်မှတ်မိပါ့မလား။
  3. သူကိုယ်စားပြုယှဉ်ပြိုင်တဲ့ပါတီကိုသိပါသလား။
  4. ထိုသူဟာ ယခုဘာလုပ်နေပါသလဲ အသက်ထင်ရှားရှိပါသေးလား။
  5. သူဟာ နှုတ်ထွက်သွားပြီလား။
  6. သူဟာ ၁၉၉၀ နောက်ပိုင်းမှာ ထောင်ကျ အဖမ်းခံရသေးလား။
  7. ထိုအမတ်မင်းဟာ ပညာအရည်အချင်းဘယ်လောက်ရှိပါသလဲ။
  8. ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ထိုအမတ်မင်း ဘာတွေလုပ်ခဲ့တာကို သင်သိပါသလဲ။
  9. သူ့ အကြောင်းကို သင်တို့ မြို့နယ်တွင်းမှာ ပြောသံကြားဘူးပါသလား။
  10. အကယ်၍ သူသာ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုရင် သင်မဲပေးဦးမှာလား။
  11. သူပြောတဲ့ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး မှတ်သားစရာတစ်ခုကို သင်ပြောနိုင်မလား။
  12. သူဟာ ၁၉၉၀ မတိုင်ခင်က နိုင်ငံရေး အတွေ့အကြုံ ဘယ်လောက်ရှိပါသလည်း။
  13. သူပြောတဲ့ စီးပွားရေးဆိုင်ရာမူဝါဒက ဘာလည်း။
  14. သင့်မြို့နယ်အတွက် သူဆောင်ရွက်ခဲ့တဲ့ အရာ ၃ ခုကိုပြောနိုင်မလား။
  15. သင်တို့ မြို့နယ်မှာ အာဏာပိုင်တွေရဲ့ မတရားမှု တွေ ကို သူ့အားသွားရောက်တင်ပြဘူးပါသလား။
  16. သင့်မြိုနယ်မှာ နေတဲ့သင့်သိတဲ့မိတ်ဆွေထဲမှာ ယခုမေးခွန်းတွေကို ဖြေနိုင်မယ့်သူ ဘယ်နှစ်ဦးရှိနိုင်ပါသလဲ။
  17. သင်သူ့ကို ဆက်သွယ်ခြင်ရင် ဘယ်လိုလုပ်ရမလဲသိပါသလား။
  18. သင်ဟာ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ထိုအမတ်မင်းကို ယုံကြည်ပါသလား။
  19. ထိုသူကိုမဲပေးမိတဲ့အတွက် သင်နောင်တရသလား(သို့) ထိုသူ အနိုင်ရတာ သင်နောင်တရသလား။
  20. သင်အခု သူ့ကို ဆက်သွယ်ချင်သလား။
  21.  
     
     
    အထက်ပါမေးခွန်းတွေကို အများစုကို သင်မဖြေနိုင်ဘူးဆိုခဲ့ရင် (သို့) သင်ဖြေဖို့ခက်ခဲနေမယ်ဆိုရင် ထိုအမတ် မင်းဟာ ပြည်သူနဲ့ အလွန်ပဲဝေးကွာနေပြီဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ သက်ဆိုင်ရာ အမတ်ဟာ ပြည်သူကို ကိုယ်စားမပြုထိုက်သူလို့သတ်မှတ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်ဟာ ပြည်သူနဲ့ ထိတွေ့ဆက်ဆံနေရမယ်ဖြစ်ပါတယ်။ သင် အထက်ပါ မေးခွန်းတွေကို မဖြေနိုင်တာ သင့်မှာ အပြစ်မရှိပါ။ လူ ၁၀၀ မှာ ဘယ်နှစ်ယောက်က အခုမေးခွန်း တွေကို ဖြေနိုင်မယ်လို့သင်ထင်ပါလဲ။
     
    ၁၉၉၀ မှာ အများစု အနိုင်ရတဲ့ပါတီဟာ အများသိတဲ့ NLD ပါတီဖြစ်ပါတယ်။ ဒါဆို NLD ပါတီက အမတ်တွေဟာ မယုံကြည်ထိုက်တဲ့ အမတ်တွေဖြစ်ခဲ့တယ်ဆိုရင် သင်လက်ခံနိုင်မလား။ ၁၉၉၀ မှာ ဘာမှအရည်အချင်းမရှိတဲ့ ခါတော်မီ အမတ်တွေက ဘယ်နှစ် ရာခိုင်နှုံးလောက်ရှိမယ်ထင်ပါသလဲ။
     
    ယခုစာရေးသူဟာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပါတယ်။ စာရေးသူဟာ ၁၉၈၉ ကနေ ၁၉၉၂ အတွင်း ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျနေစဉ်အတွင်း စာရေးသူရဲ့ အိမ်သို့ ဘယ်အမတ်မင်းမှ လာရောက်ခဲ့သည်ဟူ၍ မရှိခဲ့ပါ။ ထိုသူမှပေးပို့သော ထောင်ဝင်စာအဖြစ် ငွေကြေး (သို့) ငပိကျော်တစ်ဇွန်း လာရောက် ကူညီတာကို မကြုံ ဘူးခဲ့ပါ ။ ထို့ အတူ စာရေးသူနှင့် ထောင်ကျဖေါ်ကျဘက် မည်သူ့ကို မျှ သက်ဆိုင်ရာမြို့နယ်ရှိ အမတ်မင်းသော် ၎င်း ၊ သက်ဆိုင်ရာမြို့နယ်ရှိ အနိုင်ရပါတီမှ သော်၎င်း မည်သို့မျှ အားပေးကူညီ မှုမရှိခဲ့ပါ။ မိမိမြို့နယ် မှာ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားရဲဘော်ရဲဘက်တစ်ယောက် ကို ထောင်ဝင်စာ အနည်းငယ်တောင် ထောက်ပံ့ပေးဖေါ်မရတဲ့ (သို့) လာရောက်အားပေးဖေါ်မရတဲ့ ပြည်သူနဲ့တင်မကပဲ ရဲဘော်ရဲဘက် တွေနဲ့ပါ ဝေးကွားနေတဲ့ အမတ်မင်း တစ်ယောက်ကို ကျွန်ုပ်တို့ဘယ်လိုသဘောထားမလဲ။ ပြီးခဲ့တာတွေ ထားလိုက်ပါတော့ လို့လွယ် လွယ်ပဲပြောလိုက်ကြမလား။ အခုလာမယ့်ကြား ဖြတ်ရေးကောက်ပွဲမှာလည်း ယခုလိုအမတ်မျိုးတွေ ၅၀ % အထက်ရှိတယ်လို့ပြောရင် လွန်မလား။  အဲဒီအမတ်မင်းတွေဟာ တိုင်းပြည်ရဲ့ ကံကြမ္မာကို အနှစ် ၂၀ ကျော် ကြိုးကိုင်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် ဘာမှဖြစ်မလာတော့ စစ်အာဏာရှင် ကို လက်ညိုးထိုး ပြီး သူတို့မှာ ဘာမှတာဝန်မရှိသလို လုပ်ခဲ့ကြပါတယ်။
     
    ယခု ကြားဖြတ်ရွေးကောက်ပွဲမှာ သင်ဘယ်သူ့ကို မဲထဲ့မှာလည်း စဉ်းစားပြီးပြီလား။ သင်ဟာ ဘ၀မှာ ပထမဆုံးမဲပေးဘူး ဖြစ်နိုင်ပါတယ်။ သင်ဘယ်သူ့ကိုမဲပေးမှာလည်း။ တိုင်းပြည်ရဲ့ကံကြမ္မာဟာ သင့်လက်ထဲမှာ ရှိတယ်ဆိုတာ သင်သိပါသလား။ သင်ဟာ နောက်တစ်ကြိမ်မဲပေးခွင့်ကို ၂၀၁၅ ခုနှစ်မှ ရတော့မှာဖြစ်တယ် ဆိုတာကော သင်သိပါသလား။
     
    အခုလိုဖြစ်ခဲ့ရတာတော့ သင့် မြို့နယ်က အမတ်တွေကို သင် မဲပေးခဲ့စဉ်က သက်ဆိုင်ရာ အမတ်ဟာ ဘာမှလုပ်စရာ မလိုပဲ အနိုင်ရခဲ့လို့ပဲဖြစ်ပါတယ်။ သူဟာ NLD ပါတီရဲ့ ကျော်ကြားမှု နဲ့ အနိုင်ရလိုက်တာဖြစ်ပါတယ်။ ၁၉၉၀ တုန်းကလည်း NLD က သူတို့ အမတ်လောင်းတွေဟာ အရည် အချင်းရှိသူတွေဖြစ်တယ်လို့  အာမခံခဲ့ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဒီလိုပဲ ပြောနေ ပါသေးတယ်။ လွန်ခဲ့တဲ့ ကာလ မှာ စစ်တမ်းကောက်ယူချက်အရ နိုင်ငံရေး အကျဉ်း သား ၂၀၀၀ ကျော်မှာ NLD ပါတီ က နိုင်ငံရေး အကျဉ်းသား အရေ အတွက် ဟာ ၄၀၀ ကျော် ရှိတယ် ဆိုတဲ့ အတွက် NLD ပါတီဟာ နိုင်ငံရေး လောကရဲ့ ၂၀ % သာ ဆောင်ရွက်နိုင်ခဲ့တာဖြစ် တယ်ဆိုတဲ့ ကိန်းဂဏန်းသဘောကို သင်လက်ခံနိုင်မလား။ ဒါဆို NLD မဟုတ်တဲ့ အခြား နိုင်ငံရေး လောကထဲက ပါတီတွေဟာ ကိန်းဂဏန်း သဘော အရ ဆိုရင် ရွေးကောက်ပွဲမှာ ၈၀ % အနိုင်မရသင့်ဘူးလား။
     
    အခြားဒီမိုကရေစီအရေးဆောင်ရွက်တဲ့ နိုင်ငံရေးပါတီတစ်ခု က ဆယ်စုနှစ်နဲ့ချိပြီး  နိုင်ငံရေးအတွေ့ အကြုံရှိတဲ့ ပါတီဥက္ကဌ တစ်ဦးဟာ သာမန် လူငယ်တစ်ယောက်ကို မဲရှုံးခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် သင့်တော်ပါ့မ လား။  ဒါကို လူသားအရင်းအမြစ်ဆုံးရှုံးတယ်လို့ မပြောနိုင်ဘူး လား။ သာကူးမှန်ပြောင်း အခွင့်ရေးသမားတွေ အနိုင်ရခဲ့မယ်ဆိုရင် ရော သင့်တော်ပါ့ မလား ဒီကိစ္စကို ကျွန်ုပ်တို့ဘယ်လိုကာကွယ်မလဲ။
     
    နိဂုံး
     
    ဒီမိုကရေစီ တည်ထောင်ကာစ တိုင်းပြည်တွေမှာ အနိုင်ရ ပါတီတွေဟာ တစ်ဘက်သတ်ဖြစ်တတ်ပါ တယ်။ ပါတီတစ်ခုတည်းက မဲအများစုကို သိမ်းကြုံးယူသွားတာမျိုးကိုဆိုလိုတာပါ။ အဲဒီလို ပါတီတစ်ခုတည်း က အများစု အနိုင်ရတဲ့ဖြစ်စဉ်ဟာ နှစ် ၂၀၊ ၃၀ စသည်ဖြင့် ရှိတတ်ပါတယ်။ အဲဒီလို ဖြစ်စဉ်တွေဟာ အာဏာရှင်တစ်ပိုင်း နိုင်ငံတွေ (သို့) ဒီမိုကရေစီထူထောင်စ နိုင်ငံတွေမှာ ဖြတ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါတီတစ်ခုက နိုင်ငံရေးလောကကို ဆယ်စုနှစ်ပေါင်းများစွာ တစ်ဘက်သတ်ကြီးစိုးထားတာဟာတိုင်းပြည် အလွန်နာပါတယ်။ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ အနိုင်ရ အမတ်ဦးရေးဟာ ပါတီကြီးတစ်ခုနဲ့တစ်ခု မတိမ်းမယိမ်းပဲဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက် ပွဲမှာ နိုင်ငံရေးလောကထဲက အခြား သြဇာရှိတဲ့ပုဂိုလ်တွေ လည်း ထက်ဝက်ခန့်  အနိုင်ရခဲ့ မယ်ဆိုရင် မြန်မာပြည်ရဲ့ကံ ကြမ္မာဟာ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။
     
    နောက်လာမဲ့ရွေးကောက်ပွဲတွေ မှာလည်း ဒီလိုပါပဲ။ အရည်အခြင်းရှိသူတွေ မျှတစွာပါဝင် နိုင်ဖို့လိုပါတယ်။ အဲဒီအတွက် ပြည်သူဟာ အရည်အခြင်းရှိသူကို မဲပေးနိုင်ဖို့လိုပါတယ်။ မည်သည့် ပုဂိုလ်ဟာ အရည်အချင်းရှိတယ်ဆိုတာကို လည်း မီဒီယာတွေက မီးမောင်းထိုးပြနိုင်ရင် သိပ်ကောင်း ပါတယ်။ ယခုဆောင်းပါးဟာ တိုင်းပြည်အတွက် ရေးသားတင်ပြတာဖြစ်ပါတယ်။ ပြည်သူ အများလေ့လာ စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ ဘယ်ပါတီကို မှ ပုတ်ခတ်တာ မဟုတ်ပါ။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ဟာ အင်မတန် အရည် အခြင်းရှိတဲ့ နိုင်ငံရေးသမားတွေ ဆုံးရှုံးခဲ့ရပါတယ်။ သူတို့ အများစုဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီတော့ သူတို့ တွေ ဘာမှပြောခွင့်မရတော့ပါဘူး။
     
    ယခုဆောင်းပါးကိုလည်း ဖြည့်စွက် ဝေဖန်မှုပြုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ လာမဲ့နိုင်ငံရေးကာလ ဟာ ရွေးကောက်ပွဲဝင် နိုင်ငံရေးကာလဖြစ်တဲ့အတွက် တစ်ခါမှားရင် (၅) နှစ်ကြာပါတယ်။ လွတ်တော် သက်တမ်းဟာ (၅) နှစ်ရှိတဲ့အတွက်ဖြစ်ပါတယ်။
     
     
    ကောင်းမြတ်သူ
    မူဝါဒရေးရာဌာန
     
     
     
     
    ..
     
     
     
     
     

Sunday, March 4, 2012

ရေပေးဝေခြင်း သည်လည်း နည်းပညာတစ်ခုဖြစ်၏

.



မြန်မာပြည်ရေပေးဝေရေး စနစ်က အစကတည်းကမှားလို့နေပါသည်။ ရေရရှိရေးဆောင်ရွက်မှုကလည်း နဂို ကတည်းက မှားယွင်းလို့နေ၏။ ရေကို အိမ်တိုင်ရာရောက်တတ်ပေး၍ ရေမီတာတတ်၊ ရေဖိုးကောက်၊ ရသည့်ရေဖိုးဖြင့် နောက်ထပ် အိမ်ယာများအတွက် ရေရရှိရေးဆောင်ရွက်ရမည်ဖြစ်သော်လည်း။ ဆင်ခြေ ဖုန်းဒေသများတွင် အုတ်ကန်တူး၍ ရေအလကားပေးလိုက်သောအခါ ဘာမှရှေ.ဆက်မလုပ်နိုင်ဖြစ်ရသည်။

ရေရရှိရေးဆောင်ရွက်ချက်နှင့်ပတ်သက်၍လည်း ရေလှောင်ကန်တည်ဆောက်၍ ရေပေးဝေရမည့် အစား အ၀ီစီတွင်းတူး၍ ရေရရှိရေးဆောင်ရွက်သည့် အတွက် စရိတ်စက အလွန်ကြီးမားခဲ့ရပြီး လောက်ငှမှုလည်း မရှိတော့ချေ။

လွန်ခဲ့သော လအနည်းအငယ်က ရေသန်.အင်ဂျင်နီယာအချို့ နှင့်  ရန်ကုန်မြို့ ရေပေးဝေရေးစနစ်အကြောင်းဆွေးနွေးဖြစ်သည်။ ရန်ကုန်ရေးပေး စနစ်ကို ပုဂလိက ကုမ္ပဏီများမှ  မြစ်ရေ ကို ရေလှောင် ကန်ဖြင့် ဆယ်ယူ၍ ရေစစ်ပြီး ဖြန့်ဝေမည်ဟု သိရ၏။ ရေသန့်လုပ်ငန်း ကို ပုဂလိက သို့လွှဲပေးသင့်ပြီ။ မြန်မာပြည်တွင် ဆယ်မြောင်းများ အင်မတန်တည် ဆောက်နေသော်လည်း ရေသန့် ထုတ်၍ ရေပေးဝေရကောင်းမှန်း စစ်အစိုးရတစ်ယောက် နားမလည်ခဲ့ သည်ဖြစ်၍ ပြည်သူအများ ဆယ်ကြီးဘေးထား၍ ရေငတ်ခဲ့ရသည်။

ကျွန်ုပ်တို့ပါတီမှ ရေရရှိရေး အတွက် ရေလှောင်ကန်များမှ ရေသန့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ရေနှင့်မီး မရှိသရွေ့တော့ လူ့အခွင့်အရေးဆိုသည်လည်း မရှိနိုင်တော့၊ ပြည်သူကို ရေမရှိမီးမရှိပဲ အုပ်ချုပ်နိုင်သူဆိုလို့ အာဏာရှင်ပဲ ဖြစ်ရပေမည်။ ဒီမိုကရေစီနိုင်ငံတွင် မီးပျက်လျှင် အစိုးရပြုတ်ကျသွားနိုင်၏။

ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံလိုဟာမျိုး ကို ကန့်ကွက်တတ် သော နိုင်ငံရေးအတိုက်အခံ နိုင်ငံရေးသမား များရှိနေသရွေ့လည်း ပြည်သူများ ဘ၀ မီးမရှိပဲ မှောင်မဲနေဦးမည်။ ကမ္ဘာပေါ်တွင် ကျောက်မီးသွေး ဖြင့် ဓါတ်အားထုတ်လုပ်မှုမှာ လျှပ်စစ် ထုတ်လုပ်မှု အပေါင်း၏ ၅၀% ရှိသည်ကို မြန်မာပြည်မှ နိုင်ငံရေးသမားများ မသိကြပေ။  ပြည်ပ နိုင်ငံများ၏ စီးပွားရေးဖိအားပေးမှုများ (သို.) SANCTIONS ကြောင့် ဦးသိန်းစိန် အစိုးရပြောင်းလဲလာသည်ဟု ပြောသည့် နိုင်ငံရေးသမားများ များကလည်းရှိသေး၏။ လက်ရှိအစိုးရအနေဖြင့် လူအားလုံးထောင် ထဲပြန်ထဲ့၍ အာဏာရှင် ဆက် လုပ်လို့ရသေးသည်ကို သတိထားကြဖို့လိုသည်။ လက်ရှိအစိုးရအနေဖြင့် ဘာကိုမျှကြောက်သော အစိုးရ မဟုတ်ပါချေ။

၎င်းတို့ ပါတီ၏ SANCTIONS မူဝါဒကို မှန်ကန်သည်ဟု သက်သေထူခြင်နေသဖြင့် SANCTIONS ကြောင့် အစိုးရ မင်းများပြောင်းလဲလာသည်ဟု အော်နေခြင်းသာဖြစ်၏။

ကျွန်ုပ်တို့ MDC ပါတီမှ SANCTIONS ကို ဆက်လက်ထားရှိဖို့မသင့်တော့ပါဟု အကြိမ်ကြိမ်ပြောနေပါသည်။ ပြည်သူ၏ ထမင်းလုပ်နှင့် ရှင်းနှီး၍ နိုင်ငံရေး တိုက်ပွဲကို ဆက်လက်မဆင်နွှဲတော့ဖို့ အကြိမ်ကြိမ်ပြော နေပါသည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တော့ ပြည်သူ့အရေးဆောင်ရွက်နိုင်ဖို့ (၅) နှစ်နောက်ကျခဲ့ပြီ။ ရွေးကောက်ပွဲသပိတ်မှောက်သူတို့က နိုင်ငံရေးလောကတွင် နာမည်ကြီးများဖြစ်တော့ ပြည်သူက ယုံမိသည်။ ပြည်သူကို ကျွန်ုပ်တို့ တောင်းပန်ချင်သည်မှာ နာမည်ကြီးနိုင်ငံရေးသမားများပြောတိုင်း မယုံ ဖို့ဖြစ်သည်။

နိုင်ငံရေးပါတီ (သို့) နိုင်ငံရေးခေါင်းဆောင်ဆိုသည်မှာ ပြည်သူ အားအမှန်အတိုင်းတင်ပြဖို့လိုသည်။ နိုင်ငံရေးသမား ထက် တိုင်းပြည်ကို ပိုချစ်သော အခြားနိုင်ငံရေးသမားဟူ၍ မရှိပါ။ သို့သော်လည်း မိမိ နိုင်ငံရေးသမားဘ၀ လှလှပပ ဖြစ်ရေးအတွက် မိမိမူဝါဒ သာလျှင် မှန်သည်ဟု ပြည်သူအား အယုံသွင်းတတ်သော နိုင်ငံရေးသမား ဟူ၍ တော့ရှိနိုင်သည်။

၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်သော NLD ၏ ဆင်ခြေမှာ ၂၀၀၈ အခြေခံဥပဒေကြောင့်ဟုဆိုသည်။ ဒါဆို ၂၀၀၈ အခြေခံဥပဒေ ရှိနေသရွေ့ ခင်ဗျားတို့ သပတ်မှောက်နေရမည်။ ၂၀၀၈ အခြေခံဥပဒေကို ပျက်ပြားသွားအောင် လုပ်ဖို့ မလွယ်သေးချိန်မှာ ဒါကြီးကို အနာလုပ် NO VOTE လုပ်နေလျှင် တိုင်းပြည် နာမည်။ သို့အတွက်ကြောင့် ၂၀၁၀ ကို ၀င်ပြိုင်ကြဖို့ ကျွန်ုပ်တို့တင်ပြခဲ့သည်။

ယခုတော့ ၄၈ နေရာ အနိုင်ရရှိရေးအတွက် သူတို့ပဲပြောနေကြပြန်ပြီ။ NLD ပါတီက ဒေါသကြီးသည်။ နာမည်ကြီးနေသရွေ့တော့ ဒေါသဖြင့်လုပ်နေလည်း စေတနာဟု ထင်နေကြဦးမည်။ NLD ဒေါသဖြင့် ဆောင်ရွက်ခဲ့သဖြင့် (၅) နှစ်နောက်ကျခဲ့ပြီ။

ကျွန်ုပ်တို့ပါတီမှ အမှန်တရားကို အမှန်အတိုင်းတင်ပြသွားမည်။ ကျွန်ုပ်တို့ပြောသမျှပြည်သူအတွက်ဖြစ် သည်။ အခြားပါတီတစ်ခုအား မတရားတိုက်ခိုက်နေခြင်းမဟုတ်။  ပြည်သူများအနေဖြင့် လူကိုဗဟိုပြုသော နိုင်ငံရေးမှ မူဝါဒကို ဗဟိုပြုသော နိုင်ငံရေးကို ကွဲပြားစွာလေ့လာနိုင်ဖို့လိုပြီဖြစ်၏။

တိုင်းပြည်အတွက် ချမှတ်သော မူဝါဒများကို ကြည့်၍ ကောင်းဆိုးဝေဖန်နိုင်ဖို့လိုလေပြီ။ မိမိမဲထဲ့မည့် ကိုယ် စားလှယ်လောင်းတစ်ဦးခြင်းစီ၏ အရည်အခြင်းကို ကြည့်၍ မဲပေးနိုင်ဖို့လိုလေပြီ။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသော အမတ် ၅၀% ကျော်မှာ အရည်အခြင်းမရှိသူများဖြစ်၍ ထိုရွေးကောက်ပွဲ ရလာဒ် ကို ဦးဆောင်နိုင်မည့်သူ မရှိဖြစ်ခဲ့ရသည်။ ပြည်သူများစဉ်းစားကြဖို့ဖြစ်သည်။ ရဲရဲတောက် မိန့်ခွန်း ဆိုသည်မှာ ကြီသီးထဖွယ်နားထောင်၍ ကောင်းသော်လည်း လက်တွေ့နှင့် ဘာမှ မဆိုင်ဖြစ်တတ်သည်။

ယခုလည်း NLD တွင် လွတ်တော်ကိုယ်စားလှယ်လုပ်နိုင်စွမ်း မရှိသော သူများ ကြားဖြတ်ရွေးကောက်ပွဲ တွင် ၀င်ရောက်အရွေးခံကြဦးမည်။ ၂၀၁၀ တုန်းကလည်း  သပိတ်မှောက်ဆိုတော့ သူတို့ပဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်ညိုးထောင်ခေါင်းငြိမ့် ဆိုသည်မှာ ကြံ့ဖွံ့ပါတီတွင်သာမဟုတ် NLD ပါတီတွင် လည်း ထိုနည်း၎င်း ဖြစ်သည်။

ကျွန်ုပ်တို့၏ မဟာမိတ်ပါတီ MYANMAR NATIONAL CONGRESS မှာ ရန်ကုန်မြို့တွင် (၃) နေရာ ၀င်ပြိုင်မည်။ ပြည်သူအတွက် မှန်ရာကိုပြောမည့်သူများ။ အထူးသဖြင့် အစိုးရကိုသာမက NLD ၏ အမှားများ ကိုပါထောက်ပြမည့် သူများ အရွေးခံမည်။

ပြည်သူက သတ္တိရှိဖို့လိုသည်။ သတိရှိဖို့လိုသည်။ လက်ညိုးထောင်ခေါင့်ငြိမ့်များကို ရွေးမိလျှင် ပြည်သူ့ကိုယ်စား အမှန်ပြောမည့်သူများ လွတ်တော်ထဲမရောက်ဖြစ်မည်။

မူဝါဒရေးရာဌာန



.

Sunday, 04 March 2012 01:20
AddThis Social Bookmark Button
ရန်ကုန်မြို့တော်၏ ရေပေးဝေရေး စီမံကိန်းအသစ်တစ်ခုအဖြစ် လျာထားသည့် လှိုင်မြစ်ရေတင်(ကွေ့တန်းရှည်) စီမံကိန်းအတွက် အကြိုလေ့လာမှုလုပ်ငန်းများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ သတင်းရရှိသည်။
လှိုင်မြစ်ရေတင်(ကွေ့တန်း ရှည်)စီမံကိန်းမှာ မှော်ဘီမြို့နယ် ကွေ့တန်းရှည်ရွာအနီး လှိုင်မြစ်၏ အငန်ဓာတ်လျော့နည်းသည့်အပိုင်းမှ သန့်စင် ကာပေးဝေမည်ဖြစ်ပြီး တစ်နေ့လျှင် ရေဂါလန် သန်း ၉၀ ခန့် ရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ရန်ကုန်မြို့တော်၏ လက်ရှိလူဦးရေနှင့် တိုးပွားလာမည့် လူဦးရေအတွက် ရေပေးဝေနိုင်မည့် ရေအရင်းအမြစ်သစ်များ လိုအပ်လာမည်ဖြစ်ရာ ယင်းအတွက် အဆိုပါစီမံ ကိန်းကို ပြုလုပ်ရန် လျာထားခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
''ရန်ကုန်မြို့ရဲ့ လက်ရှိလူဦးရေက ခြောက်သန်းနီးပါးလောက် ရှိပါတယ်။ လာမယ့် ၂၀၄၀ ခုနှစ်မှာ ရန်ကုန်မြို့မှာ လူဦးရေ ၁၀ သန်းဖြစ်လာမယ်လို့ မှန်းထားတဲ့အတွက် ရေ လုံလောက်စွာ ပေးနိုင်ဖို့ အစီအစဉ်တွေ လုပ်နေတယ်။ ရေပေးဝေရေး စီမံကိန်းအသစ်တွေ ရှာဖွေနေတယ်။ လောလောဆယ် တွေ့ရှိထားတဲ့ မှော်ဘီက လှိုင်မြစ်ရေတင်(ကွေ့တန်းရှည်) စီမံကိန်းတွေအတွက် အကြိုလေ့လာမှုတွေ လုပ်နေပါတယ်။ အဲဒီစီမံကိန်းက တစ်နေ့ကို ဂါလန် ၉၀ လောက်ရမယ်။ စီမံကိန်းကလုပ်ရမယ့် ပမာဏကြီးမားတဲ့အတွက် မြို့တော် စည်ပင်ဘတ်ဂျက်နဲ့ဆိုရင် နည်းနည်းကြာနိုင်တယ်။ ဒါကြောင့် ရေမြန်မြန်ပေးဝေနိုင်အောင် ပြည်တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ ရေပေးဝေမှုလုပ်ငန်းတွေအတွက် လုပ်ငန်းရှင်တွေနဲ့ ဒါပထမဆုံး ပူးပေါင်းပြုလုပ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအတွက် MoU လက်မှတ်ထိုးဖို့ ပြင်ဆင်နေပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယင်းစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ငမိုးရိပ်ချောင်းနှင့် အမှတ် ၇ လမ်းဆုံရာ စစ်ပင်တောင်ကျေးရွာအနီးတွင် သတ်မှတ်ထားကြောင်း သိရသည်။



.

တက္ကသိုလ်များ လွတ်မြောက်တော့မည်လား

မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ် သတ်မှတ် ပြောင်းလဲပေးရမည်ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြောကြားPDFPrint
Sunday, 04 March 2012 14:54
AddThis Social Bookmark Button
မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ကို နိုင်ငံခြား တက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ် သတ်မှတ်ပြောင်းလဲ ပေးရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ နိုင်ငံတော် အစိုးရသစ်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားရေး၊ ကျောင်းသားလူငယ်များ၏ အမျိုးသား ပညာရည်မြင့်မားရေးအတွက် ပြုစုပျိုးထောင်ပေးလျက် ရှိရာတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များကို နိုင်ငံခြားတက္ကသိုလ်များနှင့် အဆင့်တူ မိတ်ဖက်တက္ကသိုလ်များ အဖြစ်သတ်မှတ်ပြောင်းလဲပေးရေး ကို အဓိကပြောကြားခဲ့ပြီး သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း နိုင်ငံတော်စီးပွားရေးကို တိုက် ရိုက်အထောက်အကူပြုနိုင်သော အသုံးချ သုတေသနလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန် ဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရသည်။

တက္ကသိုလ် ဗဟိုကောင်စီနှင့် တက္ကသိုလ် ပညာရေးအဖွဲ့ ကောင်စီတို့ အထက်တွင် နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးသော National Education Committe ခေါ် အမျိုးသားပညာရေး ကော်မတီရှိ . . .
အဆင့်မြင့်ပညာရေးကဏ္ဍ၌ တက္ကသိုလ်များ ဗဟိုကောင်စီကို တက္ကသိုလ်ပညာရေးနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ရန်၊ လမ်းညွှန်မှုပြုရန် နှင့်ကြီးကြပ်ရန်၊ တက္ကသိုလ်ပညာ အဆင့်အတန်း၊ သင်ရိုးမာတိကာ၊ စာမေးပွဲနှင့် Academic ပညာရေးဆိုင်ရာ ကိစ္စအရပ်ရပ်အား ကြီးကြပ် ရန်ဖွဲ့စည်းထားခြင်းဖြစ်ပြီး တက္ကသိုလ်ဗဟိုကောင်စီနှင့် တက္ကသိုလ် ပညာရေးအဖွဲ့ ကောင်စီတို့ အထက်တွင် နိုင်ငံတော်အဆင့် ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးသော National Education Committe ခေါ် အမျိုးသားပညာရေး ကော်မတီရှိပြီး အဆိုပါ ကော်မတီအနေဖြင့် နိုင်ငံတော်၏ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျော ညီထွေရှိသော နိုင်ငံတော်၏ စီးပွားရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို ထိန်းသိမ်းမြှင့်တင် ပေးနိုင်သော ပညာရေးစနစ် တစ်ခု တိုးတက်အောင်မြင်ရေး အတွက် ဆောင်ရွက်ရန် တာဝန်အရှိဆုံး အမြင့်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

Saturday, March 3, 2012

သာကူးမှန်ပြောင်း လှရိုးမရှိ

..



သာကူးဆိုသည်မှာ နေရာကောင်းတစ်ခုမှ ပို၍ ကောင်းသောနေရာတစ်ခုသို့ ပြောင်းသွား၍  မိမိကိုယ် ကျိုး ကိုသာကြည့်ပြီး မိမိ ယခင်ရပ်တည်ခဲ့သော ၊ တနည်း အားဖြင့်မိမိအားကျေးဇူးပြုခဲ့သော လူ (သို့) အဖွဲ့အစည်းတစ်ခုခု အား  စုံကန်ခြင်းမျိုးကိုခေါ်ပါသည်။ လမ်း မှားသို့ ရောက်နေသူတစ်ယောက် လမ်းမှန်ပေါ် ရောက်လာခြင်းမျိုးကြတော့ သာကူးဟုမခေါ်ပါချေ။

ဥပမာအားဖြင့် NLD မှာ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦး၊ ဦးဝင်းတင် အစရှိသော ခေါင်း ဆောင်ကြီးများဖြစ် သူတို့သည် တစ်ချိန်က အာ ဏာရှင် နေ၀င်းခိုင်းသမျှလုပ်ခဲ့သော်လည်း၊ ၈၈ အရေးတော်ပုံကြီးဖြစ်၍ လူထုဘက်မှ ရပ်တည်ပြီး  အမြင်မှန်ရ လာသည် ကို သာကူးဟုမခေါ်နိုင်ပါ။

မိမိရပ်တည်နေသောနေရာတွင် တိုင်းပြည်အတွက် အလုပ်လုပ်နိုင်လောက်အောင် နေရာတစ်နေရာ ရရှိထားသော်လည်း ထိုနေရာနှင့်မှ အားမရပဲ ပိုကောင်းမည်ဟု ထင်သောနေရာသို့ပြောင်းသွားသည့် မောင်ဖြိုးမင်းသိန်း၊ ဒေါ်နေရည်ဗဆွေ၊ ဒေါက်တာမြဥာဏစိုးလိုလူမျိုးများကြတော့ သာကူးမှန်ပြောင်း ဟု ခေါ်လေသည်။

အဘယ့်ကြောင့်ဆိုသော်-- မောင်ဖြိုးမင်းသိန်းသည် မိမိယုံကြည်ရာကို တည့်တည့်မတ်မတ်လုပ် နိုင်သော နေရာတစ်နေရာကိုရထား၏။ သူသည် နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဌဖြစ်၏။ သူကိုယ်တိုင်ဦးဆောင်ခဲ့သော ပါတီကို ပစ်၍ ပြေးသည်ဆိုမှတော့ ထိုသူအားမည်သို့ သဘောထားမည်နည်း။ ပြည်သူအတွက် မတော်မ တရားပြုသောပါတီမှထွက်ပြေးလာပါသည်ဟု ဆို၍ မရချေ။ ထိုပါတီမှာသူသည်ဥက္ကဌတစ်ဦးဖြစ်သည့် အပြင် တည်ထောင်သူလည်းဖြစ်၏။ ထို့ကြောင့် သူသည် ကောင်းသောနေရာမှ ပိုကောင်းသည်ဟု ထင် သောနေရာသို့ ကူးပြောင်းသွားသူ သာကူးသာဖြစ်လေသည်။

ဒေါ်နေရည်ဗဆွေဆိုသည်မှာလည်းထိုနည်း ၎င်းဖြစ်လေသည်။ သူတည်ထောင်ခဲ့သောပါတီမှာ သူကိုယ် တိုင် အကြီးအကဲတစ်ယောက်ဖြစ်၏ပါတီကို တည်ထောင်သူတစ်ယောက်လည်း ဖြစ်၏ ။ မိမိပါတီကို ခိုင်မာအောင်တည်ဆောက်ဖို့မကြိုးစား၊ မိမိအားခေါင်း ဆောင်တင်ထားသော ပါတီဝင်များ၏ မျက်နှာကို မထောက်ပဲ ပိုကောင်းသည်ဟုထင်သော ပါတီသို့ ကူး ပြောင်းလေ၏။ NLD တွင် ဘာပဲလုပ်ရလုပ်ရလုပ် ပါမည်ဟု လူကြားကောင်းအောင်ပြောသော်လည်း နေရာတစ်နေရာအတွက် လာသည်ဆိုခြင်းကို လူတိုင်း သိလေသည်။ ထိုသူများသည် ပိုကောင်းသည်ဟု ထင်ရသောနေရာကိုပြောင်းသည့်အတွက် သာကူးမှန် ပြောင်းမည်လေ၏။

လှေငယ်လေးပေါ်မှာ မော၍ သင်္ဘောကြီးပေါ် ရောက်မှစိတ်အေးရသည်ဆိုသော ဆရာဝန် တစ်ယောက် လည်းရှိသေး၏။ သူကိုတိုင် အမတ်ဖြစ်ဖို့ အစအဆုံး မြေတောင်မြှောက်ပေးခဲ့သောပါတီ ၏ မျက်နှာနှင့် မိမိ အားမဲပေးခဲ့သောပြည်သူများ၏  မျက်နှာကိုမှ မထောက်ပဲ စွန်.ခွာခဲ့သောပါတီကို လှေငယ်လေးနှင့် နှိုင်း၍ ပုတ်ခတ်သော လူမျိုးကို သာကူးမှန်ပြောင်းမခေါ်လျှင် ကျွန်ုပ်တို့ မိုက်မဲရာကျလိမ့်မည်ဖြစ်ပေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရဖို့ဆိုသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ချေ။ ပြိုင်ဘက်ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီက နည်းမျိုးစုံဖြင့် အင်အားကြီးသည့် အပြင် NO VOTE သမားများ၏ မူဝါဒ အမှားကိုလည်း ရင်ဆိုင်ရသေး၏။ ပြည်သူ၏ ရဲဝံ့စွာမဲပေးမှုကြောင့် သာ ဒေါက်တာ မြဥာဏစိုး တစ်ယောက် လွတ်တော်ထဲတွင် ခေါင်းပေါင်းစ ထောင်နိုင်ခြင်းဖြစ်၏။ နောင်တစ်ကြိမ်ရွေးကောက်ပွဲ အတွက် အင်အား ကြီးပါတီကို ကပ်ထားနိုင်မှဖြစ်မည်ဟု ထင်ပုံရလေသည်။ ပြည်သူကို လျှော့တွက်လေ၏။ ပြည်သူက ထိုသူမျိုးကိုဘယ်တော့မှ မဲပေးတော့မည်မဟုတ်တော့ကြောင်း ဆရာဝန်လူငယ်လေး မသိရှာပေ။

ကျွန်ုပ်တို့သည် အာဏာရှင်ကိုသာမက အချောင်သမား သာကူးများကိုပါ တိုက်ပွဲဝင်နေသောကာလဖြစ်၏ ကျွန်ုပ်တို့၏ မျိုးဆက်များကို သာကူးမှန်ပြောင်းမဖြစ်စေဖို့သင်ကြားပေးရပေမည်။ သာလျှင်ကူးဖို့လမ်းပြ ပေးလျှင် ကျွန်ုပ်တို့ သည် လမ်းပြကောင်းမဟုတ်တော့။  နိုင်ငံရေးနယ်ပယ်တွင်သာ မက မိမိတို့၏ ဘ၀ ရည်တည်မှုနယ်ပယ်တွင်လည်း သာကူးမဖြစ်ဖို့လို၏။ လူငယ်များအဖို့ မိမိဘ၀ မိမိရပ်တည်ချက်တွင် ခိုင်မာ စွာရပ်တည်ခြင်းကို သာလျှင် ကျွန်ုပ်တို့က လမ်းပြပေးရမည်ဖြစ်ပေ၏။ လူဘ၀တွင် နိမ့်ကျနေသည် များရှိနိုင်သလို၊ မြင့်မားသော နေရာတွင်လည်း ရှိနေနိုင်၏။ မည်သည့်ဘ၀တွင် ရပ်တည်ရသည်ဖြစ်စေ လက် ရှိဘ၀ထက်ပိုမိုမြင့်မားသော နေရာကတော့ ရှိစမြဲဖြစ်လေသည်။ အမြင့်တက်လျှင် ပြီးရောစိတ်ထား ဖြင့် ပြောင်းလဲတတ်ခြင်းမျိုးဆိုသည်မှာ ဘ၀တွင် ထားရှိအပ်သော စိတ်ထားလည်းမဟုတ်ပါချေ။

သာကူးမှန်ပြောင်း မရှိကောင်းသဖြင့် သက်ဆိုင်ရာပါတီများအတွက် ကောင်းသည်ဟု ဆိုနိုင်သော်လည်း ထိုသူများကို လက်ခံလိုက်သော NLD အတွက်တော့ မည်သို့ဖြစ်မည်လဲ။ မိမိပါတီ အင်အားကောင်လျှင် ပြီး ရော ဆိုသည့် သဘောထားဖြင့်လက်ခံခဲ့ခြင်းပေလား။ အခြားပါတီများ အင်အားနည်း၍ ပျက်လျှင် ပြီးရော ဆိုသည့် သဘောလား။ ၂၀၁၀ ကိုလျှောက်လှမ်းခဲ့သော ပါတီများ အင်အားချိနဲ့၍ ပျက်လျှင် ပြီးရောပေ လား။
ယခု နမူနာအဖြစ်တင်ပြခဲ့သော သူများကြောင့် ၎င်းတို့စွန့်ခွာခဲ့သော ပါတီမှ ပါတီဝင်နှင့် ပြည်သူများ အထွေထွေ စိတ်ဓါကျဆင်းမှုဖြစ်ပြီး ပါတီ ရပ်တည်မှု လျှော့ရဲ ခဲ့သည်ဟုဆိုလျှင် ထိုခေါင်းဆောင်များ ၌ အထူးပင်တာဝန်ရှိလေသည်။ ၎င်းတို့စွန့်ခွာခဲ့သောပါတီများမှာ ပြည်သူ၏ အကျိုးကိုလိုလိုလားလားဖြင့် ဆောင်ရွက်ခဲ့သောပါတီများသာလျှင်ဖြစ်၏။ မြန်မာပြည်နိုင်ငံရေးလောက သည် မတည်ငြိမ်သေး။ ယခုလို အဖြစ်မျိုး ဆက်လက်ပေါ်ပေါက်ဦးမည်ဟုသာ မှန်းဆရပေမည်။

မည်သူပင်ဖြစ်စေ သာကူးမှန်ပြောင်း လှရိုးမရှိကြောင်းကိုတော့ ကျွန်ုပ်တို့မျိုးဆက်သစ်များကို သင်ကြားရပေလိမ့်မည်။ မိမိယုံကြည်ရာကိုလုပ်နိုင်သည်ဆိုသော ဒီမိုကရေစီဆိုသည်မှာ သာကူးမှန်ပြောင်း စိတ်ဓါတ်မျိုးကိုဆိုလိုခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့ မျိုးဆက်သစ်များကို သင်ကြားပေးရမည်ဖြစ်ကြောင်း သိစေအပ်သည်။

      ကောင်းမြတ်သူ
      မူဝါဒရေးရာဌာန
မြန်မာဒီမိုကရေစီကွန်ုဂရက်


..

Friday, March 2, 2012

ရှားရှားပါးပါး မြန့်မာ့အရေးသုတေသန

.
မြန်မာနိုင်ငံမှာ ရှားရှားပါးပါး ပြုလုပ်ထားတဲ့ ပြည်တွင်း ထင်းသုံးစွဲမှု ပမာဏကို လေ့လာနိုင်ဖို့တင်ပြလိုက်ပါတယ် မူရင်း စာသားများဟာ အင်္ဂလိပ်လိုပဲဖြစ်လို့ မူရင်းအတိုင်းတင်ပြပါတယ်။ စာဖတ် ပရိသတ်များမှ ဘာသာပြန်ဖေါ်ပြပေးစေလိုပါက နောက်ပိုင်းတွင် အချိန်ယူ၍ တင်ပြပေးသွားပါ့မယ်။



One of the main causes for deforestation in Dry Zone is higher dependency and demand on the woody biomass as a main source of household energy in rural area while there is a lack of alternative affordable energy supply. By promoting the use of energy efficient cooking stove, it would not only save the woody biomass at household level but also accelerate the momentum of community participation with greater awareness and conscientiousness on environmental conservation initiatives in project villages. Before the project commenced, a baseline survey was conducted in three townships of Magwe Region, namely, Aung Lan, Thayet and Sinbaung We in 2010 and it covered 924 households. Local residents used five different types of stove, viz. open stove, A1 stove, Pathein charcoal stove, hand made and electric stove. The survey results pointed out that the average firewood consumption (ton) per year per household was not less than 1.5 tons and the cost of utilizing open stove (the least energy efficient stove) per month per household was 4,332 kyats.



% of household corresponding to type of stove used Vs Township



Average of firewood consumption (ton) per year per hh Vs Township





..

    အထူးကုဆရာဝန်ကြီးများ၏ စမ်းသပ်ခကို တစ်ပြေးညီ သတ်မှတ်မည်ဟုဆို

    .



    အထူးကုဆရာဝန်ကြီးများ၏ စမ်းသပ်ခနှုန်းထားများ တစ်ပြေးညီ သတ်မှတ်ရန် မြန်မာနိုင်ငံဆရာဝန် အသင်းက စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ကျော်မြင့်နိုင်က နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆရာဝန် များအသင်းရုံး၌ကျင်းပသည့် corporate Social Responsibility စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေး ဆိုင်ရာဝတ္တရားများအကြောင်းဟော ပြောပွဲတွင် ထည့်သွင်းပြောကြား သည်။
    “လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ်၂၀ ခန့် ကစပြီး ကျွန်တော်တို့ အသင်းအနေ နဲ့ FEE တွေနဲ့ပတ်သက်လို့ ပြောခဲ့ ဖူးပါတယ်။ အဲဒီလို ပြောခဲ့ပေမယ့် အထူးသဖြင့် အထူးကု ဆရာဝန်ကြီး (specialist)များဟာ အင်မ တန်ပြောရ ခက်တယ်။ တော်တော် လေးညှိရ ခက်ပါတယ်။ ကျွန်တော် တို့ဆရာဝန်အသင်းဟာ အာဏာ ပိုင် အဖွဲ့အစည်း မဟုတ်ပါဘူး။ ကျွန် တော်တို့မှာ power မရှိပါဘူး။ ကျွန် တော်တို့ ဒီမှာပြောမယ်၊ ဟောမယ်။ လူနာ တွေကို ကြင်နာပါလို့ပဲ ကျွန် တော်တို့ပြောနိုင်မယ်။ တခြားသူ တွေကိုပြောဖို့က တော်တော် လေး ခက်တယ်။ အထူးသဖြင့် အခက်ဆုံး က specialist တွေပဲ။ အခုဆိုရင် ဆရာဝန်ငယ် တွေကပါ FEE တက် လာပြီ။ အငယ်တွေက ဘာပြောလဲ ဆိုတော့ သူတို့တွေက အခုမှစားရ တာ။ ဟိုဆရာကြီး တွေက စားလို့ဝ နေပြီဆိုတဲ့ စကားမျိုးတွေထွက်လာ တယ်။ ကျွန်တော်တို့အစီအစဉ်ရှိ ပါတယ်။ အစီအစဉ်ရှိတယ် ဆိုတာ Medical Council သည် powerful organization ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အခုလက် ရှိအနေအထား အရဆိုရင် ဒါတွေ အားလုံးကို policy ပိုင်းက ဘယ် လိုလုပ်သင့် လဲဆိုတာ စဉ်းစားမယ်။ MMC က Powerful body ဆို တော့ အဲဒီကနေ regulation လုပ်လို့ရမလား ဆိုတာတော့မသိဘူး။ ဆရာဝန်အသင်း အနေနဲ့ တိုက်ရိုက် လုပ်ပေးဖို့ဆိုတာ တော်တော်ခက် ပါတယ်။ သုံးဖွဲ့ပေါင်းပြီးတော့လုပ် ရင် ဖြစ်နိုင်မယ်လို့ ကျွန်တော်ယူဆ ပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံ မှာတော့ Medical Association ဟာ very powerful ဖြစ်ပါတယ်။ သူက suggestion ပေးတယ်။ FEE တွေ၊ regulation တွေ လုပ်ထားပြီးသားလည်းဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ စမ်းသပ်ခနှုန်း ထားကို ဘယ်လောက်ယူပါလို့ ပြော ဖို့တော်တော်ခက်တယ်။ ဒါမျိုးကို သတ်မှတ်ဖို့ဆိုတာ ပညာတန်ဖိုးဖြစ် နေတော့ အလွန်ခက်ခဲပါတယ်။ တစ်ခါတလေကျတော့ ဆရာ… သူကတော့ ချမ်းသာလို့ပိုယူလိုက် တာဆိုတာမျိုးတွေရှိသေးတယ်။ တကယ်တော့ လူနာရဲ့ချမ်းသာ ကြွယ်ဝမှုဟာ ကျွန်တော်တို့နဲ့ မ ဆိုင်ဘူးလေ။ If you charge 5,000 Kyats for one patient, you should charge 5,000 Kyats only. အဲဒီတော့ powerful organization မပါဘဲလုပ်ဖို့ တော့ခက်တယ်။ ဒါတွေက ညှိနှိုင်း ရတာ တော်တော်လေး ခက်တယ်။ ဒီကိစ္စကိုအဆင်ပြေအောင် ကျွန် တော်တို့ ဆောင်ရွက်ပါ့မယ်။ လုပ်ဖို့ လည်း အစီအစဉ် ရှိပါတယ်။ ဒါပေ မယ့် အခုလို လုပ်မယ်ဆိုတဲ့လေသံ ကြားရုံနဲ့တင် ကျွန်တော်တို့ကို ၀ိုင်း ပြီးမေတ္တာပို့နေမှာ သေချာပါတယ်” ဟု ပါမောက္ခဒေါက်တာကျော်မြင့်နိုင်က ပြောကြားသည်။
    “ပုဂ္ဂလိကဆေးရုံတွေမှာ ဘာ တွေအခက်အခဲရှိလဲဆိုရင် ဆရာဝန် ပါပဲ။ဘယ်လိုဆရာဝန်ခက်လဲဆို တော့ ကျွန်တော်တို့ဆေးရုံဟာ ရန် ကုန်နဲ့ ၁၂ မိုင်ဝေးပါတယ်။ လူနာ တွေကို အားပေးရမယ်။ ဂရုစိုက်ရ မယ်။ ဒါပေမယ့် ကျွန်တော်ဂရုစိုက် လို့မရဘူး။ဆရာဝန် ဂရုစိုက်မှရမှာ ပါ။ အဲဒီတော့ ဆရာဝန်လူငယ်တွေ ကျွန်တော်တို့ဆီမှာ ခေါ်ထားပါ တယ်။ ဒါပေမယ့် အဲဒီ့ဆရာဝန်လူ ငယ်တွေက ဘာလုပ်သလဲဆိုရင် အ ထူးကုဆရာဝန်ကြီး(specialist)တွေ ရဲ့နောက်ကလိုက်ပြီး specialist တွေပြောတာကို လိုက်ရေးပါတယ်။ specialist တွေပေးတဲ့ ဆေးတွေကို သူတို့က လူနာတွေကိုတိုက်ပါ တယ်။ သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ မရှိတဲ့ အတွက် ကျွန်တော် တို့ဟာ အရေးပေါ်ကိစ္စတစ်ခုပေါ် လာရင် specialist တွေကို ဆက် သွယ်ရပါတယ်။ ဒီလို ဆက်သွယ်တဲ့ အခါ အခက်အခဲအများကြီးရှိပါ တယ်။ နောက်တစ်ခုက လူနာတွေရဲ့ welfare ကို နံပါတ် ၁ ထားပြီးလုပ် ဆောင်ရာမှာ တကယ်ဖြစ်ရမှာက လူနာရယ်၊ ဆရာဝန်ရယ်၊ ဆေးရုံပိုင် ရှင်ရယ် အဲဒီလိုမျိုးဖြစ်ရမှာ။ ဒါပေ မယ့် တစ်ဖက်က ပါမလာဘူး။ ဆရာ ၀န်လည်း လူသားပါပဲ။ သူလည်းပဲ သူ့ရဲ့စားဝတ်နေရေးရှိပါတယ်။ ဒါပေ မယ့် ဆရာဝန်တွေရဲ့ စမ်းသပ်ခက တစ်ဦးက ကျပ် ၃,၀၀၀၊ နောက်တစ် ဦးက ကျပ် ၄,၀၀၀၊ သူက ကျပ် ၄,၀၀၀ ဆိုရင် နောက်တစ်ဦးက ကျပ် ၅,၀၀၀၊ ကျပ် ၆,၀၀၀ စသဖြင့် ထိန်း လို့မရဘူး။ အဲဒါမျိုး နယ်မြို့လေး တွေမှာလည်း ရှိပါတယ်။ အဲဒါကို ကျွန်တော်က ကော်မတီတစ်ခုဖွဲ့ပြီး ထိန်းကြည့်ပါတယ်။လူနာတွေရဲ့ဆင်း ရဲမှုကို ငဲ့ညှာသောအားဖြင့် ဒီ rate လောက်ပဲ ယူပါလို့ မေတ္တာရပ်ခံခဲ့ ပါတယ်။ ရတဲ့လူလည်းရပါတယ်။ မရတဲ့ ဆရာဝန်တွေလည်း ရှိပါတယ်” ဟု အင်းစိန်မြို့နယ်ရှိ သီရိစန္ဒာဆေးရုံ မန်နေဂျင်း ဒါရိုက်တာ ဦးတင်မြင့်က ပြောကြားသည်။ အထူးကု ဆရာဝန် ကြီးများ၏  စမ်းသပ်ခ နှုန်းထားများ တစ်ပြေးညီသတ်မှတ်ရန်စီစဉ်ခြင်း နှင့်စပ်လျဉ်း၍ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်း သက်၏ သဘောထားအမြင်ကို မြန်မာပို့စ်က ဆက်သွယ်မေးမြန်း သည့်အခါ “ဆရာက ဒီမအေန သတ် မှတ်ချက်ကို နည်းနည်းလေးစဉ်းစား စေချင်တယ်။ ဘာကိုစဉ်းစားစေချင် လဲဆိုတော့ supply and demand ၀ယ်လိုအားနှင့်ရောင်းလို အားပေါ့။ အဲဒါနဲ့ ထိန်းမှရမယ်။ ဘာ ကြောင့် လဲဆိုတော့ အဲဒီလိုမထိန်းဘဲ နဲ့ price ကိုတန်းပြီးသတ်မှတ်ရန် ဆရာ စိတ်ပူတယ်။ ဈေးကြီးမှာစိုးလို့ ဈေးနှုန်းကို သတ်မှတ်လိုက်ရင် ပြဿ နာ တွေရှိလာနိုင်တယ်။ ဥပမာ ဓာတ် ဆီကိစ္စလိုမျိုးပေါ့။ ကန့်သတ် လိုက်ရင် မှောင်ခို တွေရှိလာနိုင်တယ်။ တရား ၀င်ဈေးနှုန်းသတ်မှတ်လိုက်လို့ ကျပ် ၅,၀၀၀ ထက် ပိုမယူဘူးဆိုရင် နောက်ကွယ်မှာ လက်ကြိတ်ထိုးပေး ရတာတွေရှိလာနိုင်တယ်။ အဲဒါကို သိဖို့လိုတယ်။ ဈေးနှုန်းဆိုတာကို ဈေး ကွက်စီးပွားရေးနဲ့ယှဉ်ပြီး စဉ်းစားရ မယ်။ အခုဘာဖြစ်လို့ ဈေးတွေတက် နေလဲဆိုတော့ ၀ယ်လိုအား (demand)များတယ်။ ရောင်းလိုအား (supply)နည်းတယ်။ မြန်မာဆရာ ၀န်လောကမှာ ဒါမျိုးတွေဖြစ်နေ တယ်။ အဲဒီတော့ အရည်အချင်းရှိ တဲ့ ဆရာဝန် တွေများလာရင်ဈေးနှုန်း က အလိုလို ကျသွားမယ်။ အထူးကု ဆရာဝန်ကြီးတွေ ဈေးနှုန်းအများ ကြီးတင် နိုင်တာက သူတို့ပဲရှိနေတာ ကိုး။ သူတို့ပဲရှိရင် ဈေးနှုန်းကို သူတို့ ပါးစပ် ထဲမှာရှိတဲ့အတိုင်း ပြောလို့ရ တယ်။ အများကြီး ရှိလာရင် သူဒီလို ပြောလို့မရတော့ဘူး။ နောက်တစ်ခု က ဈေးနှုန်းသတ်မှတ်မယ်ဆိုတာ အောင်မြင်ဖို့အခွင့် အလမ်းနည်းနိုင် တယ်။ မှောင်ခိုဈေးနှုန်းတွေ ပေါ် လာနိုင်တာကြောင့် အန္တရာယ်ရှိနိုင် တယ်။ အဲဒါလေး သတိထားစေချင် တယ်။ ၀ယ်လိုအားများနေသရွေ့ ဒီပြဿနာရှိနေမှာပဲ။ အရေးကြီး တာက supply ပေါ့။ ထူးချွန်တဲ့ ဆရာဝန်တွေအများကြီး မွေးထုတ် နိုင်ဖို့လိုတယ်။ ဥပမာ အသည်း ဆရာဝန် တစ်ဦးတည်းရှိရင်သူပြော ချင်တဲ့ ဈေးနှုန်းအတိုင်း ကုရမှာပေါ့။ ၁၀ ဦးရှိရင်တော့ မျှသွာြး
    ပီလေ။ အဲဒီ လိုစဉ်းစား မှရမယ်”ဟု ဖြေကြားခဲ့ သည်။ ဆင်းရဲနွမ်းပါးသည့် လူနာ အများစုကမူ အထူးကု ဆရာဝန်ကြီး များ၏စမ်းသပ်ခ နှုန်းထား တစ်ပြေး ညီ သတ်မှတ်ပေးရန် လိုလားလျက်ရှိ ကြောင်း သိရသည်။” အဲဒီလိုဈေးနှုန်း တွေ သတ်မှတ်လိုက်ရင် ကျွန်မတို့ အနေနဲ့ ဒီပမာဏကိုချိန်ပြီး စဉ်းစား လို့ရသွားမှာပါ။ ငွေလိုအပ်သူကလည်း သူ့ရဲ့လိုအပ်မှုအတိုင်းအတာအလိုက် စဉ်းစားချင့်ချိန်ပြီး ဆောင်ရွက် နိုင်မှာ ပါ။ ဒါ့ကြောင့် ဒီလိုမျိုး စမ်းသပ်ခ နှုန်းထားတွေ တစ်ပြေးညီဖြစ်မယ်ဆို ရင် အလွန် ၀မ်းမြောက်မိမှာပါ”ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်တွင် နေ ထိုင်သူ ဒေါ်သီတာကပြောကြားသည်။
    ခိုင်လင်းကျော်
    ထွန်းလင်း ကူညီသည် (မြန်မာပို့စ်ဂျာနယ်မှကူးယူဖေါ်ပြသည်)