Wednesday, August 25, 2010

သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုနှင့်ပတ်သက်သော ကျွန်ုပ်တို့အယူအဆ


Gas Article 2 -

Tuesday, August 24, 2010

ရွေးကောက်ပွဲဝင်နိုင်ငံရေးပြဿနာများ (၄)

မြန်မာ့သဘာဝဓါတ်ငွေ့              ကောင်းမြတ်သူ
                                          (မူဝါဒရေးရာဌာန)




         အောက်ဖေါ်ပြပါသတင်းမှာ ဘန်ကောက်ပို.စ်မှ ကူးယူ ဖေါ်ပြချက်ဖြစ်ပါသည်။ ဤသတင်း အရဆိုပါ လျှင် မြန်မာပြည်သည် ကမ္ဘာ ပေါ်တွင် အကြီးဆုံး Gas Exporter ဖြစ်လာဖွယ်ရှိပါ၏။ ထို အခါမြန်မာပြည် အစိုးရသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး အစိုး ရဖြစ်လာမည်ဖြစ်ပါသည်။ တိုင်း ပြည်နှင့်ပြည်သူများ ၏ကံ ကြမ္မာကတော့မ သေချာသေးပါ။

           ချမ်းသာသောအာဏာရှင်သည် ဆင်းရဲသောအာဏာရှင်ထက် ပိုသက်ဆိုးရှည်တတ်၏။ တော်လှန် ရေးလုပ် သူများ ဘက်တွင်တော့ နောက်အနှစ် ၂၀ တော်လှန်ရေးဆက်လုပ်ဖို့မှာခက်ခဲသောကိစ္စဖြစ်၏။(မလုပ်နိုင်ဖို့များပါ သည်)။ အာဏာရှင်ဘက်တွင်တော့ ဓါတ်ငွေ့စာချုပ်အားလုံးက အနှစ် ၃၀ စာဖြစ်၏။

         တော်လှန်ရေးမလုပ်နိုင်တော့လျှင်ပြုပြင်ပြောင်းလဲရေးကိုသာ လုပ်ရ၏။ သိသာသောနိုင်ငံရေး သီအိုရီတစ် ရပ်ဖြစ်ပါသည်။ ရဲရဲတောက်များ၏ ၀ါဒဖြန့်မှုကိုပညာရှင်များနှင့်တိုင်ပင်ပြီးမှ ချင့်ချိန်ကြပါရန် အသိပေးအပ်ပါသည်။





PTTEP to sign gas deal with Burma

• Published: 29/07/2010 at 01:16 PM

• Online news:

PTT Exploration and Production Plc (PTTEP) will on Friday sign an agreement to purchase natural gas from M9 or Zawtika Field with Myanmar Oil and Gas Enterprise (MOGE), the national oil firm of Bur- ma , Energy Minister Wannarat Channukul said on Thursday.

Mr Wannarat said he will visit Burma tomorrow to witness the signing of the deal.“This is a good news for Thailand as PTTEP has ssuceeded in finding an overseas energy source to ensure energy security for the country,” the minister said.

The M9 field has an estimated total natural gas reserve of 1.4 trillion cubic meters. MOGE will supply 240 million cubic metres a day to Thailand and another 60 million for domestic sales, according to Mr Wannarat.

Under the 30-year agreement, MOGE will start supplying natural gas to PTTEP in 2013.

He said the gas pact will ensure sufficient natural gas for the production of electricity for domestic use and for vehicles running on natural gas.

The natural gas to be supplied by the Burmese state firm would help reduce imports of bunker oil by about 2.4 billion litres a year and save the country about 400 billion baht annually, he said.

This deal would also lengthen the Trans-Asean gas pipeline from the current 2,800km to 3,020km and help ensure energy security in the Asean region, Mr Wannarat said.





 

Monday, August 23, 2010

ဗမာပြည် ကွန်မြူနစ် ပါတီ၏ စိတ်ကူးယဉ်စီမံကိန်း


Ba Ka Pa 18-8-2010 -

Saturday, August 21, 2010

NLD ရွေးကောက်ပွဲသပိတ် ပါတီတွေ ဝေဖန် ( VOA News) 20-8-2-10




ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ NLD ပါတီက ဆုံးဖြတ်လိုက်တာဟာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင် ငံ ရေး ပါတီတွေကို ထိခိုက်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆုံးဖြတ်လိုက်တာဟာ ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ့် နိုင်ငံ ရေးပါတီတွေ အတွက် ထိခိုက်မှုရှိနိုင်တယ်လို့ ပါတီတွေဘက်က ပြောပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသား ဒေသတွေမှာတော့ ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ကိုကျော်အောင်လွင်က ဘန်ကောက်မြို့ ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်မှာ ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်မပြိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်တွေက ရွေးကောက်ပွဲကိုပါ သပိတ်မှောက်တယ်လို့ မနေ့က ထုတ်ပြောလိုက်ပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ အဲန်အယ်လ်ဒီ ပါတီဝင်တွေအားလုံးကပါ လိုက်ပြီး သပိတ်မှောက်မလား ဆိုတာကတော့ မသိရသေးပါဘူး။ ရွေးကောက်ပွဲကို သပိတ် မှောက်တယ်ဆိုတဲ့ သဘောက ရွေးကောက်ပွဲမှာ မဲမပေးဘူးလို့ ဆုံးဖြတ်လိုက်တာပါပဲ။ ဒါဟာလည်း ကိုယ့်ရဲ့  ဆန္ဒအရ မဲမပေးချင်ရင် မပေးဘဲ နေလို့ရတယ်ဆိုတဲ့ အခွင့်အရေးပေါ်မှာ ရပ်တည်တာလို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရထားခဲ့တဲ့ ပါတီကြီးတခုက အခုလို မဲမပေးဘူးလို့ ဆုံးဖြတ် လိုက်တဲ့အတွက် နိုဝင်ဘာလ ၇ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ့် ပါတီတွေအတွက်တော့ အတိုင်းအတာ တခုအထိ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

“ဒီမိုကရေစီရေးကို သွားမယ့် တံခါးပေါက်ကို ဖြတ်သန်းရမယ့် ကာလလေးမှာ မဲမပေးနဲ့ဆိုတာ ပြည်သူတွေ ဖြတ်သန်းရမယ့် ဒီမိုကရေစီ တံခါးပေါက်ကို ပိတ်လိုက်ပါတော့လို့ ပြောလိုက်တာနဲ့ အတူတူမိုလို့ ဒီကိစ္စကြီးက အင်မတန်မှ ဒီမိုကရေစီကို သွားရာ လမ်းကြောင်းကို အနှောက်အယှက်ဖြစ်တာတော့ သေချာတယ်ဗျ။”

အဲဒါကတော့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့  ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောခဲ့တာပါ။

“ရွေးကောက်ပွဲကနေ ငြိမ်းချမ်းတဲ့ အပြောင်းအလဲတခုကို ပြောင်းနိုင်အောင် ကျမတို့က ကြိုးစားနေတာကို မဲမပေးနဲ့ဆိုရင် တကယ်လို့ လူတွေက နားမလည်ဘဲ - ဟာ မပေးတော့ဘူးဗျာ၊ အိမ်မှာပဲ အိပ်နေမယ်ဆိုရင် အစိုးရရဲ့ အဖွဲ့ ၂ ဖွဲ့က နိုင်သွားမှာပေါ့။ အဲဒီတော့ နေရင်း ထိုင်ရင်းနဲ့ ဒီမိုကရက်တစ် အင်အားစုတွေက အထိအခိုက် ဖြစ်တာပေါ့ဗျာ။”

ဒီမိုကရက်တစ်ပါတီရဲ့  အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်း ပြောခဲ့တာပါ။ တိုင်းရင်းသား ဒေသတွေမှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုတဲ့ အဲန်အယ်လ်ဒီ ရဲ့  ဆုံးဖြတ်ချက်က မထိရောက်နိုင်ဘူးလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့  ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အဲန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားဟာ တိုင်းရင်းသား ပါတီတွေအပေါ်မှာ တိုင်းရင်သားဒေသတွေအပေါ်မှာ ထိခိုက်မှု မရှိပါဘူး။ ပြည်မက ပါတီတွေမှာတော့ တော်တော်လေး ထိခိုက်မှုရှိမယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲနည်းနဲ့ ပြောင်းလဲလိုကြတဲ့ ပါတီတွေအပေါ်မှာပဲ ထိခိုက်နိုင်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီ အစစ်အမှန်တွေကို မဲမပေးခဲ့ကြရင် တဘက် ပါတီက အနိုင်ရသွားမယ်ဆိုတဲ့ သဘောကို လူထုက သိနေကြတယ်လေ။”

ပြည်ထောင်စုဒီမိုကရေစီ (UDP) ပါတီရဲ့  အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က သူတို့ပါတီတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် နေရချိန်မှာ NLD ရဲ့  သဘောထားက ဘာမှအထောက်အကူ မဖြစ်တဲ့အပြင် သူတို့အတွက်ပါ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အတွက်ကတော့ ဒီမိုကရက်တစ် အင်အားစု ပါတီတွေအတွက်တော့ ထိခိုက်မှု ရှိပါတယ်။ ကျနော်တို့ကို ထောက်ခံမယ့် ပါတီတွေက လျော့သွားတာပေါ့ဗျာ။ ဥပဒေတွေကရော၊ တင်းကျပ်မှုတွေ၊ ရွေးကောက်ပွဲဝင်မယ့် ပါတီအသစ်ဖြစ်နေတာတွေ ကျနော်တို့ အရာရာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့ ပါတီတွေက ပြည်သူထဲကမှ ဒီမိုကရက်တစ်ပါတီတွေကို ပေးမယ့် လူတွေကို မပေးတော့ဘူးဆိုတော့ ပိုပြီးတော လျော့သွားရုံပဲ ရှိတော့မှာပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့၊ တစည ပါတီတို့က သူတို့လူနဲ့သူတို့ ရှိနေသားပဲ။”

NLD ပါတီရဲ့  ရွေးကောက်ပွဲမှာ မဲမထည့်ရေး ဆုံးဖြတ်ချက်ဟာ မြန်မာတနိုင်ငံလုံးက မဲပေး ကြ မယ့်ပြည်သူတွေ အပေါ်မှာ ဘယ်လောက်ထိ လွှမ်းမိုးမှုရှိနိုင်မလဲဆိုတာ မသိနိုင်သေးပါဘူး။ လောလောဆယ်အခြေအနေတွေမှာတော့ မြန်မာပြည်သူအများစုက ရွေးကောက်ပွဲကိစ္စကို စိတ်ဝင်တစားရှိတဲ့ လက္ခဏာတွေ ပြသတာ သိသိသာသာ မမြင်ရသေးသလိုပဲ NLD အပါအ၀င် နိုင်ငံရေး ပါတီ တွေ အခုလတ်တလော နယ်လှည့် လှုပ်ရှားမှုတွေမှာလည်း အရင်ကာလတွေမှာလို ဒေသခံလူထုတွေရဲ့  တက်တက်ကြွကြွ တုံ့ပြန်မှုတွေကို မတွေ့ရပါဘူး။

မူဝါဒ ဌာနနှင့် အင်တာဗျူး



          ပါတီမူဝါဒရေးရာဌာနနှင့် ဘီဘီစီ လွတ်လပ်အတွေး ကဏ္ဍ ဖြစ်ပါ သည်။ လက်ရှိအခြေအနေ နှင့် မူဝါဒ အမှန်ကိုတင်ပြထားပါသည်။

Saturday, August 7, 2010

ပြည်သူများအား မူဝါဒများနှင့်ပတ်သက်၍ ရှင်လင်းတင်ပြခြင်း

ဝေဖန်အကြံပြုလွှာများအားပြန်လည်ဖြေကြားခြင်း


မေး။       ။ကြံ့ခိုင်ရေးပါတီသာ အနိုင်ရလျှင်ဘာလုပ်မည်နည်း။

ဖြေ။       ။ ကျွန်ုပ်တို့အနေဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ ခြင်း၊ ဟောပြောခွင့်၊ စည်းရုံးခွင့်၊ ရေးသားထုတ်ဝေခွင့် စသည်ဖြင့်ရွေး ကောက်ပွဲဆိုင်ရာ လှုပ်ရှားခွင့်များ ချုပ်ချယ်ခံရမည်ကို ပါတီမထောင်မှီ ကပင် ကြိုတင် တွက်ချက် ထား ပြီးဖြစ်ပါသည်။


ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ မည်မျှပင်ချုပ်ချယ်သည်ဖြစ်စေ-

-ပါတီထောင်ခွင့်ရလျှင် ပါတီထောင်မည်။

-ရွေးကောက်ပွဲဝင်ခွင့်ရလျှင်ရွေးကောက်ပွဲဝင်မည်။

-ပါတီရုံးခန်း တစ်ခန်းဖွင့်ခွင့်ရလျှင်တစ်ခန်းဖွင့်မည်၊ (၁၀၀၀)ဖွင့်ခွင့်ရ လျှင် တစ်ထောင်ဖွင့်မည်။

-ကြပ်တည်းသည့်ကြားမှ ပြည်သူကိုစည်းရုံးမည်၊ ဟောပြောမည်၊၀ါဒ ဖြန့်မည်၊ မျိုးဆက်သစ်များမွေးထုတ်မည်။

-နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရရှိရေးဆောင်ရွက်မည်။

-ပညာရေး၊လူမှုရေး၊ စီးပွားရေး၊ ဥပဒေပြုရေးတို့အား ဖိနှိပ်သည့်ကြားမှ ရအောင်ပြုပြင်ပြောင်းလဲ မည်ဖြစ်ပါသည်။

          ရွေးကောက်ပွဲတွင် မတရားမှုများကြောင့် ရှုံးလျှင်လည်း မတ ရားမှုကြောင့် ရှုံးကြောင်း ကမ္ဘာသိစေရမည်ဖြစ်၏

         ကျွန်ုပ်တို့ ပါတီ၏ မူဝါဒများတွင်ဖေါ်ပြပါရှိသော အချက်များ အား လုံးပါ လီမန်တွင် အဆိုတင်သွင်းခွင့် ရရှိရန် ဆောင် ရွက်မည်။ ကျွန်ုပ် တို့အားလုံးလက်ခံရမည့်အချက်မှာ လူထု၏ အင်အားကို ယုံ ကြည် ဖို့သာ လျှင်ဖြစ်၏။ မိမိ၏ မူဝါဒကို ယုံ ကြည်ဖို့သာလျှင်ဖြစ်၏။ ဘာမူဝါဒ မျှမရှိသူတို့၏ တိုက်ခိုက်မှုကို ကျော်လွှားနိုင်ဖို့ဖြစ်၏။ ကျွန်ုပ်တို့၏ ၀ါဒ ဖြန့်မ၊ှု စည်းရုံးမှုတို့ဖြင့် ပါလီမန်အားခြောက်ခြား အောင် ဆောင်ရွက်နိုင်ရ မည်ဖြစ်၏။ ကြံ့ခိုင်ရေးအဖွဲ့မှ အာဏာရလာသူ လည်း ပြည်သူဖြစ်၏။ တပ် ကိုယ်စားလှယ်လည်းပြည်သူဖြစ်၏။ သင် လည်းပြည်သူဖြစ်သည်။ ကျွန်ုပ်လည်းပြည်သူဖြစ်သည်။ နိုင်ငံရေးပါ တီ ဆိုသည်ကတော့ ထိုပြည် သူများအားလုံးကို စည်းရုံးမည့်သူဖြစ်သည်။ ဦးဆောင်မည့်သူဖြစ်သည်။ ၀ါဒ ဖြန့်မည့်သူဖြစ်သည်။ နောက်ဆုံးကျွန် တော် တို့ပြည်သူများဘက်မှ အနိုင်ရမည်။ သပိတ်မှောက်သူများ အ နိုင် ရမည့်ပွဲမဟုတ်၊ အခက်အခဲ ကြားမှတိုက်ပွဲဝင်မည့်သူများ သာ အနိုင် ရမည့်ပွဲဖြစ်သည်။

မေး။          ။ အခွန်ကောက်ခံခြင်းနှင့်ပတ်သက်သော မေးခွန်းများ။

ဖြေ။          ။အခွန်ငွေ မကောက်ခံပဲတိုင်းပြည်အတွက် ဘာမှလုပ်လို့မရပါ။ ကျွန်ုပ်တို့အနေဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ သံရုံးတွင်သော် ၎င်း၊ သံရုံးတွင်အခွန်မဆောင်နိုင်ခဲ့လျှင် ပြည်တွင်းအခွန်ရုံးများ၌ တာဝန် ကျေ ၁၀ % အခွန်အား နိုင်ငံခြား ငွေ ဖြင့် မဖြစ်မနေအခွန်ဆောင် ခိုင်း စေခြင်း ကိုတိုက် ဖျက် လိုခြင်းသာ လျှင်ဖြစ်၏။

          ကျွန်ုပ်တို့အနေဖြင့် မူဝါဒတစ်ခုကိုချမှတ်သည့်အခါ ရှေ့နောက် ကောင်းကျိုးဆိုးကျိုး၊ အားနည်းချက်၊ အားသာချက်၊ ရလာဒ်နှင့် ပေးဆပ်ရမှု တို့ကိုပါထည့်သွင်းတွက်ချက်မှုပြုပါသည်။ ဥပဒေကြောင်း အရမှန်ကန်မှု၊ သဘာဝကြောင်းအရ မှန်ကန်မှု၊ လက်တွေ့ဘ၀နှင့်ထင် ဟပ် နိုင်မှုများအား လုံးကိုထည့်သွင်းတွက်ချက်ပါသည်။

          ဥပမာအားဖြင့်။       ။ ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အစိုးရတိုင်းသည် သက်ဆိုင်ရာလုပ်ငန်းရှင်တို့အား အ ခွန်လျှော့ပေါ့ခြင်း ၊ အခြားသောထောက်ပံ့မှုများပေး ခြင်း ကိုလုပ် လေ့ရှိကြ၏။ အခြားသော နယ်ပယ်များတွင်လည်း ထို့အတူဖြစ် ၏။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လာ ရောက်ရေး၊ စက်မှုလက် မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး စသည်ဖြင့် နယ်ပယ်အားလုံးတို့တွင်ဖြစ်သည်။

          န-၀-တ လက်ထက် ပြည်ပရင်းနှီးမြုပ် နှံမှုများ ကိုဆွဲဆောင် သည့်အနေဖြင့် နိုင်ငံခြားကုမ္ပဏီများကို ၃ နှစ် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ ၏။ ထိုလုပ်ငန်းများမှရသော အမြတ်ငွေကို ဆက်လက်ရင်းနှီးမြုပ်နှံမှု ပြုလျှင် အခွန်ကင်းလွတ်ခွင့် တစ်နှစ်ချင်းစီသက်တမ်းတိုးပေး၏။ ထို့ ကြောင့်လည်း စီးပွားရေးပိတ်ဆို့သည့်ကြားထဲက လာရောက်ရင်းနှီး မှု ပြုနေကြခြင်းဖြစ်သည်။

          ဤသို့ဆိုလျှင် နိုင်ငံခြားငွေရှာဖွေပေးသော ကျွန်ုပ်တို့ နိုင်ငံ သားများကိုတော့မည်သို့သဘောထားမည်လဲ။ စရိတ်ကြီးမားစွာ အ လုပ်သွားလုပ်သူများ စရိတ်မှ မကြေခင် အခွန်လည်းကောက်မည် ဆိုတော့ မလွန်ပေဘူးလား။

         အရှိတရားအရ တိုင်းတာရလျှင် ပြည်ပတွင်အလုပ်လုပ်နေ သော နိုင်ငံသားတိုင်း၏ အဓိကရည်ရွယ် ချက်မှာ မိသားစုထံသို့ငွေ လွှဲ နိုင်ရေး သာလျှင်ဖြစ်၏။ ထိုငွေအားလုံးက တိုင်းပြည်၏ နိုင်ငံခြားဝင်ငွေ သာ လျှင်ဖြစ်ပါသည်။

          နိုင်ငံတော်၏အခွန်ကောက်ခြင်းနှင့် နိုင်ငံကူးလက်မှတ်ထုတ် ပေးခြင်းမူဝါဒများ ကြောင့် လူတစ်သန်းတွင် ၁၀ % ဒုက္ခရောက်မည် ဆိုလျှင် လူတစ်သိန်းဒုက္ခရောက်မည်ဖြစ်ပါသည်။ ကိန်းဂဏန်းသဘော အရ ၁၀% ဆိုသည်မှာ မများလှ သော် လည်း လူ ၁၀၀,၀၀၀ နှင့် သူတို့၏ မိသားစုများဒုက္ခ ရောက်ရမည်ဆိုခြင်းမှာ အလွန်များပြား သောပ မာ ဏ ဖြစ်ပါသည်။

        ပြည်ပရောက် နိုင်ငံသားများအားအခွန် ဆောင်နေရသော်လည်း ၎င်း တို့၏ အရေးကိစ္စများအတွက် အစိုးရအနေဖြင့် ဘာမျှဆောင်ရွက် ပေးလိမ့်မည်မဟုတ် သည်ကို ပြီးခဲ့သောအတွေ့အကြုံများ အရ လေ့ လာ သိ ရှိတွက်ချက်ပြီးဖြစ်ပါသည်။


 ကောင်းမြတ်သူ
(မူဝါဒရေးရာဌာန)


Tuesday, August 3, 2010

ပညာရေးပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခြင်း



ရန်ကုန်တက္ကသိုလ် ကိုအရှေ့တောင်အာရှအဆင့်မြှင့်မည်


          မြန်မာပြည်ပညာရေးစနစ်က လွတ်လပ်ရေးမရမှီ ကိုလိုနီ ခေတ် တွင်ပြဌာန်းခဲ့သော ပညာရေးစနစ်အတိုင်းသာဆက် လက် တည် ရှိနေပါသည်။

          ကိုလိုနီခေတ်တွင်စတင်သော ပညာရေးစနစ်မှာ ပြဌာန်းစာ အုပ်သတ်မှတ်၍ ထိုပြဌာန်းစာအုပ်အားသင်ရိုးကုန်အောင် သင်ပြီး ရ လာဒ် ကိုစာမေးပွဲအောင်ခြင်းရှုံးခြင်းဖြင့်ဆုံးဖြတ်သောစနစ်ဖြစ်သည်။ ထိုစနစ် ကိုမြန်မာပြည်တွင် ယနေ့တိုင် ကျင့်သုံးဆဲဖြစ်၏။ (ယခု ခေတ် တွင်သင်ရိုး ကုန်အောင် ပင်မသင်တော့။)

          မ-ဆ-လ ခေတ် ၊ န-၀-တ ခေတ် တောက်လျှောက်သင်ရိုး ညွှန်းတမ်းပြောင်းလဲခဲ့သည်မှ အပစနစ်ပြောင်းသည်ဟူ၍ မရှိခဲ့ပါ။ ဤ စနစ်မှာ အခြေခံပညာရေးမှ တက္ကသိုလ်ပညာရေးအထိဖြစ်သည်။ ထို အရာကိုကျွန်ုပ်တို့မှပြုပြင်ပြောင်းလဲမည်။ လွယ်ကူသောကိစ္စမဟုတ်ပါ။ သို့သော် မလုပ်လို့လည်းမဖြစ်ပါ။

၁။ ရန်ကုန်တက္ကသိုလ်အား အရှေ့တောင်အာရှအဆင့်သို့မြှင့်တင်ရေး။

၂။ အခြေခံပညာအဆင့်အတွက် ဆရာအတတ်သင်သိပ္ပံ နှင့် ပညာရေးတ က္ကသိုလ် များကို အဆင့်မြှင့်ရေး။

၃။ အခြေခံပညာရေး သင်ကြားမှုစနစ်များပြောင်းလဲရေး။

၎။ အခြေခံပညာကျောင်းများရှိ မိဘဆရာအသင်း ရံပုံငွေ ကောက်ခံ ခြင်း နှင့် သုံးစွဲခြင်းဆိုင်ရာဥပဒေများ ပြဌန်းသတ်မှတ်ခြင်း။

၅။ မူလတန်းအဆင့်ပညာရေးကို လူတိုင်း မသင်မဖြစ်သင်ယူနိုင်ရေး။

          ကျွန်ုပ်တို့ ၈၈ မျိုးဆက်များက စစ်အစိုးရလက်ထက်တွင် မူလ တန်းမှ တက္ကသိုလ်ထိကျောင်းတက်ခဲ့သူများ ဖြစ်၍ မြန်မာပြည်ပညာ ရေးစနစ်အကြောင်း ကောင်းကောင်းသိသူများဖြစ်သည်။ ကျွန်ုပ်တို့တိုင်းပြည်၏ အခြေခံပညာရေးအား နိုင်ငံတကာအဆင့်မှီရန်အတွက် ဆယ်စုနှစ် ၂ စု ၃ စုခန့် အချိန်ယူရမည်ဖြစ်ပါသည်။

          ကျွန်တော်ကိုယ်တိုင် ထိုင်း နိုင်ငံတွင် ၂ နှစ်၊ နော်ဝေနိုင်ငံတွင် ၄ နှစ် နေခဲ့၏။ ယခု ယူကေ တွင်နေသည်။ သက်ဆိုင်ရာနိုင်ငံတို့၏ ပညာရေးစနစ်ကို လေ့လာခွင့်ရခဲ့၏။ ကျောင်းများကိုလေ့လာခွင့်ရ၏။ ပြဌာန်း စာအုပ်များလေ့လာခွင့်ရခဲ့၏။ ပညာရေးစနစ်က အလွန်ကွာခြားနေပြီ ဖြစ်ပါသည်။

နော်ဝေနှင့်အင်္ဂလန်ပညာရေး

          ကျွန်တော်တို့အုပ်စု နော်ဝေအထက်တန်းကျောင်းသို့ လေ့ လာရေးသွားခဲ့၏။ ဂီတအထူးပြုကျောင်းသားများက တီး ၀ိုင်းအပြည့်ဖြင့် ကျွန်ုပ်တို့အား ကြိုဆိုသည်။ တူရိယာပစ္စည်း အားလုံးတို့က ပထမတန်းစားဖြစ်သည်။ ဆေးဝါးပညာ အထူးပြုအခန်းကိုရောက်တော့ သွေးပေါင် ချိန်ခြင်း၊ သွေးအုပ်စုခွဲခြင်းတို့အား ဆောင်ရွက်ပေး၏။ သူတို့၏နားကြပ် များဖြင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်အနှံ့သို့နားထောင်ကြ၏။ အဆောက်အဦး အင်ဂျင်နီယာ ကျောင်းသားများ အခန်းကိုရောက်တော့ ဟောခန်းအ တွင်းရှိတစ်နေရာတွင် တိုက်အိမ်အသေးစားတစ်လုံးကို ကိုယ်တိုင် ဆောက်နေကြ၏။ နောက်နေ့တွင်ပြန်ဖျက်ပြီး နောက်ထပ်ဆောက်ကြအုံးမည်ဖြစ်သည်။ စက်မှုကျောင်းသားများအခန်းကိုရောက်တော့ ကျွန် တော်ဘာမှန်းမသိသောစက်ပစ္စည်းများဖြင့် အလုပ်ရှုပ်နေကြ၏။ မီဒီယာ လေ့လာနေသော ကျောင်းသားများက သူတို့ရိုက်ကူးထားသော
ကြော်ငြာစီဒီ ကိုဖွင့်ပြ၏။ ဗီဒီယိုထုတ်လုပ်ရေးအတွက် သုံးသော ပစ္စည်းများက လုပ်ငန်းခွင်သုံးပစ္စည်း အစစ်များဖြစ်သည်။ ဤ သည်က တစ်နိုင်ငံလုံး ရှိအစိုးရ ကျောင်းများ (StateSchools) အားလုံးဖြစ်သည်။ သီးသန့်ကြေးကြီးပေးရသောပုဂ္ဂလိကကျောင်းများ (Private Schools) မဟုတ်ကြပါ။

          အင်္ဂလန်ရှိမူလတန်း ကလေးအတွက် ဆရာမကပေးလိုက် သောအိမ်စာမှာ သူမှာလိုက်သော ခေါင်းစဉ် တစ်ခုအကြောင်းကို အင်တာနက်တွင် ရှာလာပြီး စာတမ်းရေးလာဖို့ဖြစ်သည်။ သူရှာဖွေ ပြုစုရေးသားလာခဲ့သော အချက်အလက်ပေါ် မူတည်၍ (ကောင်း၊သင့်၊ညံ့) ဆရာမက သတ်မှတ်ပေးသည်။

          အထက်တန်းကျောင်းသားများအတွက် ပထမဘာသာစကား အင်္ဂလိပ်စာအပြင်၊အခြားဥ ရောပဘာသာစကားတစ်ခုခုကို မသင်မနေရ သတ်မှတ်ထားသည်။ (ဥပမာ-မူလတန်းအရွယ်မှစ၍ အင်္ဂလိပ်ဘာသာရပ်အပြင် စပိန် သို့မဟုတ် ပြင်သစ် သို့မဟုတ် ဂျာမန်ဘာသာရပ် တခုခုကို မဖြစ်မနေ သင်ယူရ၏။) စာသင်နှစ် အတွင်း စံနစ်တကျ အားကစားလေ့ကျင့်ပေးခြင်း၊ ဂီတပညာသင်ပေးခြင်း၊ ခရီးရှည် ၊ ခရီးတို၊ ခရီးကြမ်း လေ့လာရေးမျိုးစုံ ကျောင်းသားကျောင်းသူများအုပ်စုလိုက် အတူတကွထွက်စေခြင်းဖြင့် အထွေထွေဗဟုသုတ ရစေခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းပညာရစေခြင်း၊ ဇွဲ လုံ့လ ဝီရိယရှိစေခြင်းတို့က တနှစ်စာ သင်ရိုးညွှန်းတမ်းတွင်မပါမပြီး ဖြစ်သည်။ ကွန်ပြူ တာသင်တန်းက မြန်မာပြည်မှာလို အီးမေး၊ အင်တာနက်သင်တန်းများ အထူးတလည် မလိုအပ်ပဲ၊ အိမ်မှာရှိသော ကွန်ပြူတာကို နေ့စဉ် သုံးစွဲလေ့ကျင့်ရင်း ကလေးတိုင်း လုပ်တတ်သည်။ Power Point, Excel တို့ကိုကျောင်းမှာသင်၏။ အထက် တန်းကျောင်းသားတိုင်း Lap Top တစ်လုံးစီရှိသည်။ အိမ်မှဝယ်မပေး နိုင်လျှင်ကျောင်းမှ လပေးဖြင့်ငှား၏။ ကွန်ပြူတာပျက်စီးလျှင် အာမခံ ကုမ္ပဏီမှလျှော်သည်။ ကျောင်းသင်ခန်းစာများ အင်တာနက်တွင် လုပ် နိုင်၏။ အားကစားက မလုပ်မနေရဖြစ်သည်။ လေ့ကျင့်ထားသော အား ကစားနည်းပြက စနစ်တကျသင်ကြား၏။ အားကစားဝတ်စုံ အပြည့်
ကလေးတိုင်းဝတ်ရ၏။ ကစားကွင်းများ အလုံအလောက်ရှိသည်။

         ဆရာများက ဆရာဖြစ်သင်တန်း မျိုးစုံတက်ပြီးဖြစ်ရသည်။ ကျောင်း နှင့် မိဘ အမြဲတန်းအဆက်အသွယ်ရှိ၏။ ဤမျှလောက် ကွာ ခြားနေသော ပညာရေးအဆင့်အတန်းကို ယခုမှ စမလုပ်လျှင် ဘယ်တော့လုပ်မည်နည်း။

          ဤအဆင့်ကိုရောက်ရန် ကျွန်ုပ်တို့အနေဖြင့် ပညာရေးတစ်ခု ထဲကိုပင်လျှင် အတင်းမြှင့်တင်နိုင်ပါမှ နောက်ဆယ်စုနှစ် ၂ စု ၃ စုခန့် အနည်း ဆုံးစောင့်ရဦးမည်ဆိုလျှင် လွန်မည်မထင်ပါ။


  ကောင်းမြတ်သူ
(မူဝါဒရေးရာဌာန)

Monday, August 2, 2010

မဇ္ဈိမ ဂျာနယ်တွင်ဖေါ်ပြထားချက်ကို ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်

မြန်မာဒီမိုကရေစီ ကွန်ဂရက် ပါတီ      


ခိုင်စု
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။ ။ နောင်လာမည့် လွှတ်တော်ထဲတွင် စစ်တပ်မှ အလိုအလျောက် ၂၅ ရာခိုင်နှုန်းမှာ ပြ ဿနာ မဟုတ်သော်လည်း လွှတ်တော်အတွင်းမှ မည်သည့်အချိန် ပြန်ထွက်သွားမည်ကို မပြောထား သည် က  ပြဿနာပါဟု ပြောလာသည်က မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ (Myanmar Democracy Congress – MDC) ပါတီအထွေထွေ အတွင်းရေးမှူး ဦးကောင်းထက်ခေါ် စာရေးဆရာ ဝေမှူးသွင်  ဖြစ် သည်။

          လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော MDCကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုလ ၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၃၄ ဖြင့် ခွင့်ပြုခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အတွက် ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အမတ်လောင်း လျာထား မှုအတွက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

          ပါတီရုံးချုပ်ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်တာဝါတွင် ဖွင့်လှစ်ထားပြီး ပါတီရုံးခွဲများကို ဖွင့်လှစ်ရန် စီစဉ်ဆဲ ဖြစ်သည်။

          ၎င်းတို့ ပါတီအတွက် အဓိက အခက်အခဲမှာ ရန်ပုံငွေ ကောက်ခံသည့်အခါ ဥပဒေကြောင့် အခက်အ ခဲ  ဟု ဦးဝေမှူးသွင်က ပြောသည်။

          ” ဥပဒေကို လက်တွေ့ ကျင့်သုံးနိုင်စွမ်း ကိစ္စတွေမှာ အလုပ်ဖြစ်တဲ့ functioning status အားနည်း နေတယ်” ဟု ဆိုသည်။

          မြန်မာပြည်သူများအနေဖြင့် လူထုရွေးချယ် တင်မြှောက်ထားသော အစိုးရမျိုးကို လိုချင်နေကြသော် လည်း အကြောက်တရား စိုးမိုးထားသောကြောင့် အခက်တွေ့နေသည်ဟု သူက ပြောသည်။

               ၂ဝဝ၈ အခြေခံ ဥပဒေတွင် မကြိုက်နှစ်သက်သည့် အချက်များစွာ ရှိသော်လည်း ယင်းတို့ကို လွှတ် တော်ထဲတွင် လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားရန် မျှော်လင့်နေသည်။

  “ဥပမာ - နိုင်ငံသားတယောက်ဟာ ဝန်ကြီးဌာန တခုထဲမှာပဲ တာ ဝန်ထမ်းဆောင်ခွင့် ရှိရမယ်ဆိုတာမျိုးကို ကျနော်တို့က လွှတ်တော် ထဲမှာ အတည်ပြုနိုင်အောင် ကြိုးစားရမယ်” ဟု သူက ပြောဆို သည်။

            ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရ ဖွဲ့စည်းနိုင်လျှင် ပြည်သူများ ယုံကြည်ကိုးစားသော အစိုးရမျိုး ဖြစ်လာစေရန် တည်ဆောက်မည်ဖြစ်ကြောင်း MDC က မျှော်လင့်သည်။

        ပါတီတွင် ဦးကောင်းမြင့်ထွဋ် (ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ် ၁၅ နှစ်သား အရွယ်တွင် ထောင်ကျခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း) ၊ ဦးဝေမှူးသွင် (အထွေထွေ အတွင်းရေးမှူး - စာရေးဆရာ)၊ ဦးကျော်ကျော်မင်း ၊ ဦးထောင်အဲရ် (ဒုဥက္ကဋ္ဌ၊ ချင်းတိုင်းရင်းသား နိုင်ငံရေးသမား၊ စီးပွားရေး လုပ်ငန်းရှင်)၊ ဦးကောင်းမြတ်သူ (ပေါလစ်ဗျူရို၊ ယခု အင်္ဂလန်နိုင်ငံတွင် နေထိုင်ပြီး MDC ပါတီ၏ မူဝါဒရေးရာ ကြေညာချက်များကို ရေးသား သူ) စသူတို့ဖြင့် ဦးဆောင်ဖွဲ့စည်းထားသည်။

ဦးဝေမှူးသွင်၏ ကိုယ်ရေးအကျဉ်း

          အမည်အရင်း ဦးကောင်းထက် ခေါ် စာရေးဆရာ ဝေမှူးသွင်ကို ပွဲရုံနှင့် ဆီစက်လုပ်ငန်းရှင် မိဘများဖြစ်သော ဦးမောင်မောင်နီနှင့် ဒေါ်ကေသီအောင်တို့က ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပဲခူးတိုင်း ပြည်မြို့၌ မွေးဖွားခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှာ ဒဿနိကဗေဒဘွဲ့ကို ဒဂုံတက္ကသိုလ်က ရရှိခဲ့သည်။ လက်ရှိတွင် စာရေးဆရာ၊ ကဗျာဆရာအဖြစ် သက်မွေးဝမ်းကျောင်းပြုသည်။