Thursday, October 13, 2011

မြန်မာ အိန္နိယ တရုတ်ဆက်ဆံ ရေး ပြိုင်ဆိုင်စရာမရှိ အားလုံးအရေးကြီးဟု အိန္နိယပြော ရေးဆိုခွင့်ရှိသူပြောဆို

..
                                                                                             မူဝါဒရေးရာဌာန

မြန်မာနဲ. အိန္နိယ ဟာ အရေးကြီးတဲ့ ဆက်ဆံမှုတစ်ခုဖြစ်ပြီး တရုတ်နဲ. အိန္နိယ ဆက်ဆံရေးဟာလည်း အရေး ကြီးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး မိမိတို.အကြား မြန်မာ့အရေးနဲ.ပတ်သက်ပြီး ဘာမှပြိုင်ဆိုင်စရာမရှိဘူးလို. အိန္နိယ နိုင်ငံရဲ့ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

ဒေါ်လာ သန်း ၁၂၀ တန် စစ်တွေရေနက်ဆိပ်ကမ်း ကို ၂၀၁၃ မှာ အပြီးသတ်နိုင်အောင်ဆောင်ရွက်သွားမှာ ဖြစ် ပြီး အာရှနဲ. ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကိုလည်း ၂၀၁၄ မှာ အပြီးသတ်ဆောင်ရွက်နိုင်လိမ့်မယ် လို.မျှော်လင့်တဲ့အကြောင်းပြေဆိုပါတယ်။

၂၀၁၅ မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလီယံအထိ တိုးမြှင့်နိုင်ဖို.လျှာထား ချက်ပြီး အိန္နိယရဲ့ ရေနံကုမ္မဏီကြီး သုံးခုရဲ့ ဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်သွားမယ်လို.ဆိုပါတယ်။

တရုတ်နဲ.ပြည်နဲ. အိန္နိယ ဆက်ဆံရေးဟာ သုညသဘောဆောင်တဲ့ အနေထားမျိုးရှိမှာမဟုတ်ပဲ နယ်ပယ် တိုင်းမှာ လုပ်ကိုင်နိုင်မှုစွမ်းအား ပြည်ဝစွာ ရှိနိုင်ကြမှာဖြစ်တယ်လို.ပြောကြားပါတယ်။

မြန်မာ၊အိန္နိယ ၊ တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မှုတွေဟာ မြန်မာပြည်အတွက် ပထ၀ီ နိုင်ငံရေးမှ ပေးအပ်သော ဒေသတွင်း အရင်းအမြစ်တစ်ခုအဖြစ် ကျွန်ုပ်တို.ပါတီမှ ယူဆပြီး အိန္နိယ နိုင်ငံရဲ့ ရင်းနှီးမြုတ်နှံ မှု များကိုလည်း ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ သဘာဝဓါတ်ငွေ.နဲ. ရေနံကို အိန္နိယနဲ. တရုတ်နိုင်ငံအားမျှတစွာ ခွဲဝေရောင်းချတာ ကို ကျွန်ုပ်တို.ပါတီမှ ကြိုဆိုလိုက်ပြီး အိန္နိယရဲ့ ကွန်ပြူတာနည်းပညာနဲ. မော်တော်ကားထုပ်လုပ်မှု၊ ကူး သန်း ရောင်းဝယ်မှု အနာဂတ်ကာလ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း အထူး အလေးထား သွားမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။


..

No comments: