Wednesday, October 26, 2011

နာဂဒေသ စီးပွားရေး နှင့် လူမှုအဖွဲ့စည်းများ မန္တလေးတွင် တွေ့ဆုံစည်းဝေး

...


                                                                     အစည်းဝေးတက်ရောက်သူများ            


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှဒေသခံတွေ မန္တလေးမြို.မှာ စီးပွားရေး၊ လူမှုအဖွဲ့အစည်းများတည်ထောင် ရေး၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ၊ ရင်းနှီးမြုတ်နှံမှု တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။ စီးပွားရေးနဲ. ရင်းနှီးမြုတ်နှံမှုတွေကို Nagaland လို့ခေါ်တဲ့ အိန္နိယဒေသက ခေါ်ယူမယ်လို့သတင်းမှာဖေါ်ပြ ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ  Ru San Chu က ပြောရာမှာ ယခု ကျင်းပတဲ့အစည်းဝေးကို Shwe Naung Yan co.ltd. က တာဝန်ယူကျင်းပပေးတာလို့ပြောပါတယ်။ အစည်းဝေးမှာ  Sarameti  ကုန်သယ် ကြီးများအသင်းက မြန်မာနိုင်ငံအတွင်းစီးပွားရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ဖို.ကြိုးစားမှဖြစ်ပြီး ပညာ ရေး၊ အလုပ်အကိုင်အခွင့်အလန်းများရရှိရေး၊ အသေးစားစီးပွားရေးလုပ်ငန်းများ ထောက်ပံ့ရေး၊ စိုက်ပျိုးရေး၊  ဆယ်မြောင်းနဲ့ လယ်ယာလုပ်ငန်းများကို ထောက်ပံ့မှုများပြုလုပ်သွားမှာဖြစ်ပါတယ်။

နာဂဒေသခံများကတော့ Dimapur မှ Chabou & co. Ltd  ကိုအထူးအလေးထားကြိုဆိုလျှက်ရှိပြီး အိန္နိယ နဲ. မြန်မာ အစိုးရများ ကြားမှာ ပထမဆုံးလာရောက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ နာဂ ဒေသရဲ့ အကြီအကဲ များကတော့ Nagaland ကလာတဲ့ စီးပွားရေးအဖွဲ့များကို လက်ခံကြိုဆိုသွားမယ်လို. ကြေငြာပါတယ်။



..

1 comment:

Anonymous said...

လူမျိုးခြင်းတူတာတောင် အန္ဒိယဘက်မှာပါတဲ့ နာဂ နဲ့ ချင်းလူမျိုးတွေနဲ့ မြန်မာပြည်ဘက်မှာပါတဲ့ နာဂ နဲ့ ချင်း
လူမျိုးတွေရဲ့အခြေအနေဟာ အလွန်ကွာတယ်။ မြန်မာ
အစိုးရရဲ့ စောက်သုံးမကျချက်ကတော့ မပြောခြင်တော့
ဘူး။ ပြောရင်လည်း လူမျိုးရေးစကားပြောတယ်ဆိုပြီး
ပြောအုံးမယ်။