Monday, November 15, 2010

ပြည်သူ့ဆန္ဒဘာလဲဆိုတာ သိဖို့ကောင်းပြီ

          ပြီးခဲ့သောရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ်များ ရှုံးနိမ့်ခဲ့သော်လည်း ရန်ကုန်မြို့တစ်မြို့ တည်းမှာပင် အတိုက်အခံကိုယ်စားလှယ်များဘက်မှမဲပေးခဲ့သော ပြည်သူများ သိန်ပေါင်းများစွာရှိခဲ့သည်။
          စစ်အစိုးရကိုယ်စားပြုပါတီအား မဲမထဲ့လျှင်ဘာဖြစ်မည်ငြာဖြစ်မည်ခြိမ်းခြောက်သည့်ကြားမှ ပြည်သူများ ရဲဝံ့စွာမဲပေးခဲ့သည်။
          ကျွန်ုပ်တို့ထက် အဆမတန်ကြော်ကြားသော နိုင်ငံရေးခေါင်းဆောင်တို့ ၏ မဲမပေးရေး လှုံ့ဆော်မှုကို တန်ပြန်ကာ အတိုက်အခံကိုယ်စားလှယ်တို့အား မဲပေးခဲ့၏။ အချို့သောမဲဆန္ဒနယ်များတွင် အနိုင် ရရှိမှုများပင်ရှိခဲ့၏။
         ပြည်သူ၏ အသံကို နိုင်ငံရေးခေါင်းဆောင်များသိချင်နေကြ၏။ ပြည်သူသန်းပေါင်းများစွာတို့ မဲရုံသို့ အတင်းသွား၍ အတိုက် အခံတို့အား ရွေးချယ်ကြ၏။
          အကယ်၍သာ မဲမပေးရေး လှုံ့ဆော်မှုမရှိပဲ အားလုံးတစ်ညီတစ်ညွတ်တည်းမဲရုံသို့သွားရောက်မဲပေး ခဲ့လျှင် ရွေးကောက်ပွဲရလာဒ် ပြောင်းလဲသွားနိုင်စရာအကြောင်းရှိ၏။
          ယခုတော့ မဲရုံသပိတ်မှောက်သော ကိုယ့်တပ်ကိုယ်ပြန်နင်းရေးမူဝါဒ ကြောင့် အားလုံးရှုံးနိမ့်ပြီ။
          ပြည်သူက ကြံ့ဖွတ်ကိုယ်စားလှယ် ကိုသူတို့နယ်မြေတွင် မမြင်လိုကြောင်းပြသခဲ့၏။
         အတိုက်အခံတို့ရှုံးသည့်တိုင် လည်းကောင်းတို့ရသောမဲတို့အား ရေတွက်လျှင် သန်းပေါင်းများစွာရှိ ၏။ ပြည်သူ့ဆန္ဒ ကိုသိဖို့ကြိုးစားနေသော ခေါင်းဆောင်များ နားလည်ဖို့အချိန်တန်ပြီ။
 


ကောင်းမြတ်သူ
မူဝါဒရေးရာဌာန

2 comments:

The Wild Rose said...

အခုအချိန်ထိ ... သဘောမပေါက်ကြသေးဘဲကိုး ...
ပြောမှသိမယ်ဆိုလဲ ထပ်ပြောရမှာပေါ့ ....
အားလည်းနာတယ် ခင်လဲခင်တယ် ... သနားလဲ သနားတယ်ဗျာ .. ဒါပေမဲ့ ပြောစရာရှိတော့ ပြောရမှာပေါ့နော် ..... လက်ခံတာ လက်မခံတာက ခင်ဗျားတို့အပိုင်းပါ .....
အစကတည်းက ဘက်ပေါင်းစုံက စနစ်တကျ ကြိုတင်ပြင်ဆင် အကွက်ချထားတဲ့ လုပ်ပွဲကြီးမှာ ဝင်ရောက်ကပြ အသုံးတော်ခံကြတာ .... ခံရတာ မရှက်ဘူးလားဗျာ ........
သေချာ လိုင်းအပ်ဆွဲထားတဲ့ အခင်းအကျင်းကို နားမလည်သေးတာ သဘောပေါက်ဟန်မတူတာ အံ့သြတယ်ဗျာ .....
မသိသေးရင် ထပ်ပြောမယ် ... သတိပေးလိုက်မယ်
မကြာခင်မှာ .... ဒီမိုကရေစီလိုလားတယ်ဆိုတဲ့ ရွေးကောက်ပွဲဝင်အင်အားစုတွေထဲက ရွေးကောက်ခံရတဲ့ ကိုယ်စာလှယ်ကြီးများ ....
အပြင်မှာတုန်းက လက်ခမောင်းခတ် ကြွေးကြော်ထားတာတွေ လက်တွေ့လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ပေါ့ဗျာ ဘာလုပ်နိုင်မလဲလို့ ..... အသာလေး ဟပေးထားတဲ့ဂွင်အထဲ လွှတ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ
အကြောင်းအမျိုးမျိုးနဲ့ ပယ်ဖျက်ခြင်း ရုပ်သိမ်းခြင်းတွေ လာပါလိမ့်မယ် .... ကံမကောင်းရင် နိုင်ငံတဝှမ်း ဖွင့်လှစ်ထားတဲ့ ဘဝတက္ကသိုလ် အသီးသီးကို တက်ရောက်သင်ကြားရပါလိမ့်မယ် .....
ခင်ဗျားတို့ နားလည်ရမှာက လွှတ်တော်ထဲကို သူတို့အလိုကျ လက်ညှိးထောင် ခေါင်းညိတ်မလုပ်တဲ့သူ အရှင်းခံရမယ်ဆိုတာပဲ ...
ဒါတွေက ဟိုးအရင်ကတည်းက စီမံအကွက်ချထားပြီးသားပါ ခင်ဗျားတို့ မသိလို့ ပြန်ပြောပြနေရတာ ....
မယုံရင် စောင့်ကြည့်လိုက်လေ .... လာပါလိမ့်မယ်
မကြာခင်ကပဲ လွှတ်တော်ထဲ ဘာမလုပ်ရ မပြောရ ဆိုပြီး အမိန့်ထုတ်လိုက်တာ ကြားတယ်ဟုတ် အဲဒါ အကင်းပဲ ရှိသေးတယ် ... ထပ်လာဦးမယ် ...
အံသြတယ်ဗျာ ... နိုင်ငံရေးလောကထဲ ခင်ဗျားတို့ ဘာဖြစ်မယ် ညာဖြစ်မယ် ဘာလုပ်မယ် ညာလုပ်မယ် ဒီလမ်းပဲရှိတယ်တို့ ကြွေးကြော်ဝင်လာကြတာ ......
ခင်ဗျားတို့အစား ကျနော်ကတော့ ရှက်မိတယ် ....
အမှားကို ပြင်ရဲ ဝန်ခံရဲတာ ... ရှက်စရာ မဟုတ်ပါဘူး ယူဒီပီက ဥက္ကဌဟောင်းတွေ တွေ့တယ်မဟုတ်လား အမှားကို ပြင်ရဲ ဝန်ခံရဲကြတာ .... ကျနော်တော့ သူတို့စိတ်ဓါတ် ရပ်တည်ချက် ဆုံးဖြတ်ချက်ကို လေးစားတယ် .....
ခင်ဗျားတို့လဲ ပြည်သူ့ဆန္ဒဘာလဲဆိုတာ သိဖို့ အရင်ဆုံး ပြန်လေ့လာပါဦး ....
အကြံပေးပါရစေ ....
ခေါင်းဆောင်လုပ်ချင်ရင် ... အရင်နောက်လိုက်ကောင်း ဖြစ်အောင်ကြိုးစားပါ .....
ကိုယ်က အားလုံးကို ခေါင်းဆောင်နိုင်မဲ့ အရည်အချင်း အနေအထားမရှိရင် ..... ခေါင်းဆောင်နိုင်တဲ့သူ နောက်ကို နောက်လိုက်ကောင်းအဖြစ် အရင်ကြိုးစားပါဦး ....
ကိုယ့်ကိုကိုယ်တော့ ပြန်လိမ်လို့တော့ မရပါဘူး
ကိုယ့်ရဲ့ ကိုယ်ကျိုးအတ္တ အကျိုးစီးပွါးအတွက် လုပ်နေတယ်ဆိုလဲ အချိန်ကုန်ပါတယ် .... အာဏာရှင်အောက်ကို ဒူးထောက်ခစားပြီး သူတို့ခိုင်းတာ ကျွေးတာ ပေးတာ ယူလိုက်ပါ ....
ခပ်ရိုင်းရိုင်းပြောရရင် မလောက်လေး မလောက်စား အတွေးအခေါ်နဲ့ နိုင်ငံရေးလောကထဲ လာပြီး လူတွင်ကျယ် မလုပ်ပါနဲ့ ..... လောကမှာ ခင်ဗျားတို့ထက် သိတဲ့ တတ်တဲ့ နားလည်တဲ့သူတွေ အသိဥာဏ် ဆင်ခြင်တုံတရားရှိတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့

Unknown said...

ပြည်သူ့ဆန္ဒကတော့ နအဖကို မလိုချင်ဘူး။ နအဖ မဟုတ်တဲ့သူကို မဲပေးချင်တယ်။ ဒါပေမယ့် သူတို့မဲပေးလိုက်တဲ့သူတွေက ပေးလိုက်တဲ့(အခွင့်အရေး) ကို အသုံးချပြီး တကယ်ပြောင်းလဲအောင် လုပ်နိုင်မယ်ဆိုတာ မယုံကြည်လို့ မပေးတဲ့ သူတွေ အများကြီး ရှိခဲ့တယ်ဆိုတာလည်း သိဖို့ (သတိထား)ဖို့ လိုပါတယ် လို့ ပြောချင်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ရာခိုင်နှုန်း ဘယ်လောက်ရှိပြီး။ ဘယ်နှစ်ရာခိုင်နှုန်း မဲပေးခဲ့တယ်၊ မပေးတဲ့ သူတွေက ဘာလို့ မပေးတာလဲ။ ဥပမာ-နိုင်ငံရေးစိတ်မ၀င်စားတဲ့သူ။ အလုပ်မအားလို့။ ပေးလည်း ဘာမှ မထူးဘူး။ ကြိုတင်မဲ ပေးပြိးသား-(ကြိုတင်မဲကတော့ပိုင်ရှင် ရှိပြီးသားနော်) သေချာစစ်တမ်းကောက်ပြီး ပြည်သူကို တင်ပြနိုင်ရင် ကောင်းပါတယ်။ (ခေါင်းဆောင်ဆိုသော သူများထဲတွင် MDC မှ ပုဂ္ဂိုလ်များ ပါဝင်ပါက ပြည်သူ့ဆန္ဒကို သိဖို့ ကောင်းပါတယ်လို့ ပြောချင်ပါတယ်၊)