Wednesday, May 25, 2011

နိုင်ငံရေး ရည်မှန်းချက်များဖြင့် လူမှုရေးလုပ်ငန်းများမလုပ်သင့်ပါ

          မြန်မာပြည်တွင်း လူမှုရေးလုပ်ငန်းများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ခဲ့ကြ သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ တစ်ဦးချင်းစီသော် ၎င်း အဖွဲ.စည်းများဖြင့်သော် ၎င်း ရှိခဲ့သည်။ ထိုလူမှုရေး လုပ်ငန်းလုပ်သူတို.မှာ နိုင်ငံရေးလှုပ်ရှားမှုများ နှင့်လူမှုရေးလုပ် ငန်းများကိုသီးခြားစီဆောင်ရွက်နိုင်ခဲ့၏။

         ယခု မြန်မာပြည်တွင် လူမှုရေးလုပ်သူ လူငယ်အချို. နှင့်နိုင်ငံရေးပါတီ အချို.တို.မှာ NGO ဆန်ဆန် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိကြ၏။ နာရေးကူညီမှုအသင်းများ၊ အခမဲ့ဆေးကုသခန်းများအား စစ်အစိုးရ၏ နှောက်ယှက်မှုကို မခံရခြင်းမှာ အခြားသော နိုင်ငံရေးလှုပ်ရှားမှုများမပါဝင်ခြင်းကြောင့်ဖြစ်၏။

           လူမှုရေး သက်သက်လုပ်လိုသော မျိုးချစ် လူမှုဝန်ထမ်းလုပ်လို သူများက ၎င်း တို.အနေဖြင့် နိုင်ငံရေးနှင့်ပတ်သက် သည်ဟု အာဏာပိုင် များကထင်မြင်ပြီး လာရောက်ဖမ်းဆီးမှာကို စိုးရိမ်ကြောင်း ဖွင့်ပြောကြ၏။ ၎င်း တို.အနေဖြင့် ဆင်းရဲသားပြည်သူများကို သဒ္ဒါစိတ်သက်သက်ဖြင့် လှူဒါန်းလိုကြောင်း  အာဏာပိုင် များနှင့် ထိပ်တိုက်ရင်ဆိုင် မှုများ မဖြစ်စေလို၍ စေတနာရှိသော်လည်း ခပ်အေးအေးသာ နေကြောင်း ရိုးသားစွာတင်ပြကြလာကြ၏။

           နိုင်ငံရေးတစ်ပိုင်း စာသင်ကျောင်းတစ်ပိုင်းလုပ်သူ လူကြီးလူငယ်များ အနေဖြင့် အလုပ်ခွဲခြားလုပ်ကိုင်ကြခြင်းဖြင့် အာဏာ ပိုင်များ နှင့်ထိပ်တိုက်ရင်ဆိုင်မှု များကိုရှောင်ရှားနိုင်ပြီး အမှန်တကယ်လိုအပ်နေသော ပြည်သူများ အားပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

               နိုင်ငံရေးတစ်ပိုင်း လူမှုရေးတစ်ပိုင်း လုပ်သူများအား အလုပ်ခွဲခြားလုပ်ကိုင်ခြင်းဖြင့် စစ်မှန်သော နိုင်ငံရေးရည်မှန်းချက်များကို ဖေါ်ဆောင်ကြပါရန် ကျွန်ုပ်တို.မှတိုက်တွန်းအပ်သည်။



...
         


               

3 comments:

Anonymous said...

လူတို့ နေမှု ထိုင်မှု စားမှု စသော စသော အကြောင်းများစွာဟာ တခုမဟုတ် တခု နိုင်ငံအရေးဆိုတဲ့ ဘောင်နှင့် ကြုံးဝင်နေတာပဲ။

လူမှုရေး လုပ်တာဟာလဲ နိုင်ငံရေးတခုပါ။ လူသားတွေ ကောင်းကျိုးကို သယ်ပိုးနိုင်တဲ့သူဟာ တိုင်းပြည်နှင့် ပြည်သူအပေါ် စေတနာ အနည်းအကျဉ်း ရှိတယ်လို့ သတ်မှတ်ရမှာပဲ။

အာဏာလိုချင်လိုပဲဖြစ်ဖြစ် မလိုချင်ဖြစ်ဖြစ် နိုင်ငံတကာမှာရှိတဲ့ နိုင်ငံရေးပါတီတွေဟာ လူမှုရေးဆိုတဲ့ လူသားများ ကောင်းကျိုးတွေကို အကောင်းဆုံးမဟုတ်ရင်တောင်မှ အသင့်အတင့် ဖန်တီးပြီး ပြည်သူ လက်ခံလာအောင် လုပ်ခဲ့ကြတယ်လေဗျ။

ပြည်သူ့အကျိုးများကို ဂရုမစိုက်ပဲ ငါ့အာဏာတည်မြဲဖို့အတွက် လုပ်နေတတ်တဲ့ အာဏာရှင်မျိုး ရှိပါတယ် ။ ကြည့်တတ်ရင်ပေါ့လေ၊ ပြည်သူများ ဆင်းရဲတွင်းထဲ ဆွဲချနေတဲ့ အာဏာရှင်အစိုးရတွေကိုလဲ ဟိုဟာ မလုပ်သင့်ပါ ဒီဟာ မလုပ်သင့်ပါ ရေးပါဦးး)))))

Nwe Thu said...

This MDC Party always suggested to NLD to achieve the "State Power". Humanitarian side, other people will do! NLD is the "Political Party", knows "Politics" and is learing many years. MDC wanted Democratic groups to win. Obviously could see all along. Some political groups and peoplle had already knew about MDC. Therefore think properly & do not change the subjects. MDC wants everyone the best!!! We respect them. Come on mates!!!

Nwe Thu said...

This MDC Party always suggested to NLD to achieve the "State Power". Humanitarian side, other people will do! NLD is the "Political Party", knows "Politics" and is learing many years. MDC wanted Democratic groups to win. Obviously could see all along. Some political groups and people had already knew about MDC. Therefore think properly & do not change the subjects. MDC wants everyone the best!!! We respect them. Come on mates!!!