ပြည်တွင်းရှိ ပိဿာ အလေးချိန်များကို ကီလိုယူနစ် စနစ်သို့ ပြောင်းလဲအသုံး
ပြုသွားရန် စီစဉ်နေUpdated : 24 Feb,
2012

အဲ့ဒီလို ကီလိုယူနစ် စနစ်သို့ ပြောင်းလဲဖို့ စီစဉ်ရခြင်းမှာ ပြည်ပနိုင်ငံများနဲ့ ကုန်သွယ်မှု ပြုလုပ်တဲ့အခါ အလေးချိန်ပိုင်းဆိုင်ရာမှာ

ပြည်တွင်းမှာ အသုံးပြုနေတဲ့ ပိဿာအလေးတွေကို ကီလိုယူနစ်စနစ် ပြောင်းလဲမှုမှာတော့ အလေးချိန်ကို ဂရမ်ကနေစပြီး ကီလိုအထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှာ အဆိုပါ အလေးချိန်စနစ် ပြောင်းလဲဖို့ အတွက်ကို အခြေခံကျတဲ့အလေး ၊ ပိဿာအလေးနဲ့ ကီလို အလေးတွေလည်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလို ကီလိုယူနစ်စနစ် ကို ပြောင်းလဲဖို့အတွက်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု ၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ အခါအားလျော်စွာ ဆွေးနွေးပွဲများ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သတင်းရရှိပါသည်။
..
No comments:
Post a Comment