ကောင်းမြတ်သူ
လယ်ယာလုပ်ငန်းနဲ.ပတ်သက်လာလျှင် စပါးတစ်မျိုးတည်းကိုဦးစားပေးပြောလို.မဖြစ်နိုင်ပါဘူး။ စပါးဟာ တိုင်းပြည်ရဲ့ အဓိကစားကုန်ဖြစ်ပေမဲ့ ပဲ၊ပြောင်းနှင့် အခြားသောလယ်ယာထွက်သီးနှံများဟာအဓိက ပြည်ပပို.ကုန်များဖြစ်တဲ့အတွက် အရေးကြီးတဲ့ကဏ္ဍများပဲဖြစ်ပါတယ်။ စပါးတင်ပို.မှုဟာ တစ်နှစ်တန်ချိန် ၅ သိန်းသာရှိခဲ့ပေမဲ့ အခြားလယ်ယာထွက်သီးနှံများ ရဲ.တင်ပို.မှုကတော့ နှစ်စဉ် တန်ချိန်သန်းနဲ.ချီရှိပါတယ်။
လယ်ယာထွက်သီးနှံဖွံ.ဖြိုးရေးမှာ အဓိက ကျတဲ့အချက် ၃ ချက်ရှိပါတယ်။ ပထမအချက်ကတော့ လယ်ယာထွက်သီး နှံကိုတင်းပို.ရောင်းချမှုမှာ ကမ္ဘာ.ပေါက်ဈေးမရပေမဲ့ လယ်ယာထွက်ကုန်ပစ္စည်းရဲ.ကုန်ကြမ်းဖြစ်တဲ့ ဓါတ်မြေသြဇာ၊ လောင်စာ ဆီနဲ. အခြားလယ်ယာလုပ်ငန်းသုံးပစ္စည်းများကိုတော့ ကမ္ဘာပေါက်ဈေးနဲ.၀ယ်သုံးနေရတဲ့အချက်ဖြစ်ပါတယ်။ အထူးသဖြင့် ဓါတ်မြေသြဇာတင်သွင်းမှုကို စစ်အစိုးရရဲ. ကုန်သယ်ကြီးများနဲ. ဦးပိုင်ကုမ္ပဏီက လက်ဝါးကြီးအုပ်ထားတဲ့အတွက် တောင်သူ ဟာ ဓါတ်မြေသြဇာကို ကမ္ဘာ.ပေါက်ဈေးထက်တောင် ပိုဈေးကြီးပေးဝယ်သုံးရပါတယ် စစ်အစိုးရရဲ. ဓါတ်မြေသြဇာ သွင်းကုန် လုပ် ငန်းရှင်ကြီးများ တစ်ချက်ဈေးကစားလိုက်ရင် သူတို.အတွက် ကျပ်ငွေ ဘီလီယံနဲ.ချီပြီး အကျိုးအမြတ် ရှိနိုင်ပါတယ် သွင်းကုန်လိုင်စင်ချပေးတဲ့ ဗိုလ်ချုပ်များလည်း လာဘ်ငွေစို.စို.ပို.ပို.ရတဲ့အကွက်ကောင်းတစ်ခုဖြစ်ပါတယ်။ ခါးစည်းပြီးခံ ရသူက လယ်သမားနဲ.ပြည်သူပဲဖြစ်ပါတယ်။ လယ်ယာထွက်သီးနှံပြည်ပတင်ပို.မှုမှာ မြန် မာပြည်က ပြည်ပပို.ကုန်တင်ပို.သူ exporter ဟာ အစောပိုင်းနှစ်တွေမှာမကျွမ်းကျင်ပါဘူး ဒီ.အတွက် ပြည်ပက ပွဲစား တွေကို တစ်ဆင့်ခံရောင်းချရပါတယ်၊ ဒါကလည်း လယ်ယာထွက်သီးနှံ ကမ္ဘာ.ပေါက်ဈေးမရစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အခု လည်း ဆန်ကိုပြည်ပတင်ပို.မှုမှာ exporter ဆန်ပို.ကုန်လုပ်ငန်းရှင်ဟာမကျွမ်းကျင်သေးဘူးဆိုရင် ပွဲစားလက်ထဲကိုပဲရောင်း ရနိုင် ဖွယ်ရှိပါတယ်။ ဒါဆိုကမ္ဘာပေါက်ဈေး ရဖို.ခဲယဉ်းနိုင်ပါတယ်။
ဒုတိယအချက်ကတော့ မြန်မာပြည်ရဲ.လယ်ယာထုပ်လုပ်မှုဟာ စစ်မှုလယ်ယာကို အသွင်ကူးပြောင်းနေတဲ့ကြားကာ လပြဿနာဖြစ်ပါတယ်။ စက်မှုလယ်ယာဆိုတာ မ.ဆ.လခောတ်မှာကြွေးကြော်ခဲ့ပေမဲ့ အချိန်မတိုင်ခဲ့ပဲပျက်စီးခဲ့ပါတယ်။ လွန် ခဲ့တဲ.ဆယ်စုနှစ်ကစပြီး စက်မှုလယ်ယာအသွင်ကူးပြောင်းရေးဟာ တရွေ.ရွေ.ဖြစ်ပေါ်ခဲ့ပါတယ်။ တိုင်းပြည်ထဲကို လယ်ယာ သုံးထွန်စက်အငယ်စားတွေ တဖြည်းဖြည်းဝင်ရောက်ခဲ့ပါတယ်။ နွားလှည်းအစားထော်လာဂျီတွေရောက်လာပါတယ်။ လယ် သမားတိုင်းတော့သုံးနိုင်တာမဟုတ်ခဲ့ပါဘူး။ နွေစပါးစိုက်ပျိုးတဲ့တောင်သူတွေက သူတို.ရဲ့နွားတွေကို တစ်နှစ်မှာ နှစ်သီးခိုင်း နိုင်လောက်အောင်နွားတွေဟာမကြံ.ခိုင်ဘူးလို.ထောက်ပြပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ နွားတွေကို အတင်းခိုင်းလို. သေသွားခဲ့ ရင် သူတို.ဟာနောင်နှစ်ကျရင် မိုးစပါးတောင် စိုက်နိုင်မှာမဟုတ်ဘူးလို.ဆိုပါတယ်။ စားသောက် ကုန်ဈေး တွေကြီးမြင့်မှုကြောင့် နွားတစ်ကောင်ရဲ.တန်ဖိုးဟာ အလွန်ပဲကြီးမြင့်တာကလည်းတစ်ပိုင်းဖြစ်ပါတယ်။ နွားမတစ်ကောင်ရှိရင် လယ်ထွန်စားမယ့်အစား နွားနို.ရောင်းစားတာက နွားပိုင်ရှင်လယ်သမားအတွက် စားဝတ်နေရေးသေခြာတဲ့သဘောဖြစ်နေ ပါတယ်။
လယ်သမားတိုင်းဟာ လယ်ယာသုံးစက်ကိရိယာတွေကို သုံးနိုင်လောက်အောင်အဆင်သင့်မဖြစ်သေးပါဘူး ငွေအ ရင်းအနှီးနဲ. နည်းပညာအခက်အခဲကြောင့်ဖြစ်ပါတယ်။ ဒီအတွက် န၀လီ လို.ခေါ်တဲ့ လယ်ယာလုပ်ကွက် အလိုက် အခစား ထွန်ယက်ပေးတဲ့ ထွန်စက်လုပ်ငန်းရှင်တွေပေါ်ပေါက်လာဖို.လိုပါတယ် ဒီအတွက် ကုမ္ပဏီ ကြီးတွေဟာ သူတို.ကိုယ်တိုင် စပါး စိုက်မဲ့အစား လယ်သမားတွေကို အားဖြည့်တဲ့ အရင်းအနှီးနဲ.နည်းပညာပိုင်းလောက်မှာပဲ ၀င်ရောက်လုပ်ကိုင်သင့် ပါတယ်။ ခိုင်းကျွဲ ခိုင်းနွားကောင်ရေတိုးတက်လာ ဖို.ကိုလည်းလုပ်သင့်ပါတယ်။ မြန်မာပြည်မှာ နွားမွေးမြူရေးဟာ မိရိုးဖလာအဆင့် ပဲရှိနေသေးတာကလည်း ပြင်ဆင်ဖို.လိုတဲ့အချက်ဖြစ်ပါတယ်။ ပြည်ပကို ကျွဲနွားအရှင်တွေ တင်ပို.မှုဟာ လယ်ယာလုပ်ငန်း ကို ထိခိုက်စေပါတယ်။ ယခုနှစ်တွေမှာ ပြည်ပကို တရားဝင်ကျွဲ နွားတင်ပို.မှုများ ရေကြောင်းလိုင်းကတစ်ဆင့်လုပ်ဆောင် တာတွေပေါ်ပေါက်လာပါတယ် အမှန်တော့ ဥပဒေနဲ.တားဆီးရမှာဖြစ်ပါတယ်။ ယ္ခုလယ်ယာကဏ္ဍ တိုးတက်မှုနှုံးနဲ.ဆိုရင် နောင်အနှစ် ၂၀ လောက် အထိ လယ်ထွန်ရာမှာ နွားနဲ.ပဲစခန်းသွားရဖွယ်ရှိတဲ့အတွက်ဖြစ်ပါတယ်။
တတိယအချက်ကတော့ နည်းပညာနဲ.အရည်အသွေးပြဿနာဖြစ်ပါတယ်။ မြန်မာ့သီးနှံတွေဟာ အရည်အသွေးမှာ ပြည်ပနိုင်ငံတွေနဲ.မယှဉ်နိုင်တဲ့အတွက် ပေါက်ဈေးနဲနဲ နဲ.ပဲရောင်းရပါတယ်။ တစ်ဧက အထွက်နှုံးမှာလည်း လျှော့နဲနေတုန်း ပဲရှိပါတယ်။ ဒီအတွက်မြန်.မာ့မြေနဲ.ကိုက်ညီမဲ့ မျိုးကောင်းမျိုးသန်.တွေနဲ. အထွက်နှုံးကောင်းမဲ့နည်းပညာကို ရှာဖွေရပါမယ်။ အခြားသော နည်းပညာတွေဖြစ်တဲ. ရိတ်သိမ်းမှု၊ သိုလှောင်မှု၊ သယ်ယူပို.ဆောင်မှု၊ ဖြန်.ဖြူးမှု၊ ဈေးကွက်တင်ပို.မှု စတာတွေ ကိုပါတွက်ချက်လိုက်ရင် မြန်မာ့လယ်ယာလုပ်ငန်းဟာ တိုးတက်မှုတွေများစွာကျန်နေသေးတာကိုတွေ.မြင်ရမှာဖြစ်ပါတယ်။
ပြည်ပပို.ကုန်လုပ်ငန်းနဲ.ဆက်စပ်နေတဲ.လယ်ယာလုပ်ငန်းတွေအတွက်ကတော့ ပို.ကုန်လုပ်ငန်းရှင်တွေအတွက် အတား အဆီးများကိုဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ ပြည်ပပို.ကုန်ကိစ္စအတွက် လာဘ်ထိုးရတာ ၊ ဦးပိုင်ကုမ္ပဏီကတစ်ဆင့်တင်ပို. ရတာ စသည်ဖြင့်အတားအဆီးတွေကို ဖယ်ရှားပစ်ရမှာဖြစ်သလို၊ ဓါတ်မြေသြဇာနဲ. လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေကို လည်း စစ်မှန်တဲ့ ပေါက်ဈေးနဲ.ပဲလယ်သမားတွေဝယ်ယူနိုင်အောင် သွင်းကုန်လုပ်ငန်းကို တရာမျှတအောင် ဆောင်ရွက်စေရမှာဖြစ်ပါတယ်။ တစ်ဆက်ထဲမှာပဲ စက် မှုလယ်ယာအသွင်ကူးပြောင်းမှုကြောင့် ပိုလျှံလာတဲ.အလုပ်လက်မဲ. လယ်သမားတွေကို အလုပ်ပေးနိုင်အောင် စက်ရုံ အလုပ် ရုံတွေကို နယ်ဒေသတွေမှာ တည်ဆောင်နိုင်ဖို.လည်းလုပ်ရပါမယ်။ တစ်ယောက်စာလယ်တစ်ကွက်ကို နှစ်ယောက်ထွန်နေ ရင် နှစ်ယောက်စလုံးထမင်းငတ်နိုင်ပါတယ်။ ပြဿနာအရပ်ရပ်ဟာ အစိုးရတစ်ရပ်ကသာ ဖြေရှင်းနိုင်တဲ့အရာတွေဖြစ်လို. အပြောင်းအလဲလုပ်ဖို.ခက်ခဲတဲ့ မြန်မာနိုင်ငံအတွက် အချိန်ယူဆောင်ရွက် ရမည်ဖြစ်ကြောင်းခန်.မှန်း ရပါတယ်။
မြန်မာပြည်မှာ ခောတ်အဆက်ဆက်က ကျေးရွာအာဏာပိုင်နဲ.ပေါင်းပြီး မိမိနာမည်ပေါက်မဟုတ်ပဲ နားလည်မှု နဲ.လုပ်ခဲ့ကြတဲ့လယ်ယာများစွာရှိပါတယ်။ လယ်ယာလုပ်ငန်းမှာ စစ်အစိုးရရဲ. ကုမ္ပဏီများဝင်ရောက်လာတော့ အဲဒီလယ် ယာမြေတွေကိုသိမ်းယူမှုများဖြစ်ပေါ်ခဲ့ပါတယ်။ အခုမြန်မာပြည်တွင်းမှာ လယ်ယာသန်းခေါင်စာရင်းကောက်ယူမှု နဲ.ပတ် သက်တဲ့ရလာဒ် ဟာ လယ် သမားများစွာလယ်ယာမဲ.ဖြစ်စေနိုင်ပါတယ်။ ပိုင်ဆိုင်မှုသက်သေ အထောက်အထား မပြနိုင်တဲ့ လယ်လုပ်သူဟာ လယ်အသိမ်းခံရဖွယ်ရှိနေပါတယ်။
ပြည်ပကုမ္ပဏီများအား လယ်ဧက သိန်းပေါင်းများစွာ ကိုရာဘာကဲ့သို.နှစ်ရှည်ပင်များ စိုက်ပျိုးခွင့်ပေးတာဟာ တိုင်း ပြည်ကို ငှားစားတာဖြစ်လို. ဥပဒေနဲ.တားမြစ်သင့်ပါတယ် အခုမြန်မာပြည်အနောက်ဖက်မှာ ဧကသိန်းပေါင်းများစွာကို အငှား ချထားပြီး ရာဘာစိုက်ပျိုးနေပြီဖြစ်ပါတယ် ဒေသခံပြည်သူတွေကတော့ မိမိတောင်ယာမှာ အလုပ်သမားပြန်ဖြစ်ရတဲ့ကိန်း ဆိုက်တော့မှာပါ။ ပြည်ပရင်းနှီးမြုန်နှံမှုကို သည်းခြေကြိုက်နေတဲ့ စစ်အစိုးရအတွက်တော့ ဘာလာလာ လက်ခံမဲ့သဘောဖြစ် နေပါတော့တယ်။