Sunday, January 29, 2012

ဒါဆို NLD မှပိုက်ဆံလှူ နေတာတွေ ချက်ချင်းရပ်ဆိုင်းပေးပါ။

.



ပည်သူ အများ အနေဖြင့် ကြံ့ဖွံ့ အစိုးရကိုသာမကNLDနှင့် အတိုက်အခံတို မျိုးစုံတို့၏ မဆီလျှော်မှု များကို ဝေဖန်ရဲသည့်နေ့ တွင်ဒီမိုက ရေစီရမည်။


ကျွန်ုပ်တို့ပါတီမှ NLD ၏ ဒါနခန်းကို ဝေဖန်ခဲ့သည်မှာ အလွန်ကြာပါပြီ။ NLD မှ ကျပ် တစ်သန်းလှူနိုင်လျှင် ကြံ့ခိုင်ရေးပါတီမှ ဒေါ်လာ တစ်သန်း လှူနိုင်ကြောင်း ထောက်ပြခဲ့၏။ ဇေကမ္ဘာ ဦး ခင်ရွှေ မှာ ကျပ်သန်း ပေါင်း တစ်သိန်း မတည်၍ မြရိပ်ညိုဖေါင်ဒေးရှင်း မှ လှူသည်ကို မည်သို့ သဘောထားမည်နည်း။ ဦးခင်ရွှေသည် ပါတီခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အတွက် ပိုက်ဆံလှူခြင်း မှာ မဲဝယ်ခြင်း မဲဆွယ်ခြင်းဟုသာ ပြောရပေမည်။ ဂီတပွဲတော် ကြီး တစ်ခုလုပ်မှ ကျပ် သိန်း ၅၀၀ ရခဲ့သည်။ အဆိုတော်များမှ မေတ္တာဖြင့်သီဆို ၏။ နောက်တော့ NLD နာမည်တတ်၍ လှူသည်။ ဘယ်မီဒီယာက မှမဝေဖန်ရဲကြ။ ပါတီစုံဒီမိုကရေစီ စနစ်ဆိုသည်မှာ ပါတီအားလုံးအတွက် တရားမျှတဖို့လိုသည်။
.

ထားဝယ်မြို့တွင် NLD ပါတီ၏ မဲဆွယ် မိန့်ခွန်း ကောက်နှုတ်ချက် ( 7 DAYS NEWS ဂျာနယ်မှဖေါ်ပြသည်)

““မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။ မဲဆွယ်တယ်ဆိုတာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရမရှိဘူး။ ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ပေးတဲ့တာဝန်ကို မကြေဘူးဆိုရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။ မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့။ ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။ ရေရှည်မှာကျဆုံးမှာပါ”
(ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ ယခု ထားဝယ်မြို့တွင်းမှ လောင်းလုံမြို့နယ်သို့ စတင်ထွက်ခွာနေပြီဖြစ်ပါသည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုနေကြသော လူထုကြီးကို မျက်စိတစ်ဆုံးမြင်နေရပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အားလုံးမှ လိုင်းကားများက ယနေ့မပြေးဆွဲတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရင် ရောက်ရှိနေကြသော လူများအား ပို့ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်)







NEWS SOURCE --7 DAYS NEWS JOURNAL
 
 
..

2 comments:

Anonymous said...

ကျွန်တော့်အမြင်မှာတော့ အယ်န်အယ်လ်ဒီက မဖြစ်မနေ လိုအပ်တဲ့ ငလျှင်ဘေး၊ မီးဘေး၊ စစ်ဘေး၊ နဲ့ ပညာရေး ကိစ္စတွေကိုပဲ လှူတာတွေ့ပါတယ်။ အလှူငွေတွေ၊ လုပ်အားတွေဟာ သူတို့ ယုံကြည်တဲ့လူ၊ လေးစားတဲ့သူတွေကို ဦးတည်ပါတယ်။ ဦးခင်ရွှေ ကို လှူမည့်လူမရှိပါ။ ဦးခင်ရွှေ ဘာတွေလုပ်ပြီး ဘယ်ကငွေတွေရတယ်။ အခွင့်အရေးတွေ ရတယ်ဆိုတာကို ကျွန်တော် မပြောလိုပါ။ ဒါပေမဲ့ သေချာ တာကတော့ မည်သူမျှ သူ့ကို မကူညီလိုပါ။ ဒါပေမဲ့ တိုင်းပြည်မှာ စည်းလုံးညီညွတ်ရေးအတွက် အားလုံး ပူးပေါင်း လုပ်ဆောင်နေတဲ့အချိန်မှာ မြန်မာဒီမိုကရေစီကွန်ဂရက် ဟာ ဒေါ်စုကို တိုက်ရိုက်တိုက်ခိုက်နေတာကတော့ မကောင်းဘူး ထင်ပါတယ်။

Anonymous said...

ပါတီစွဲမထားဘဲနဲ့ဒီမိုကရေစီဆိုတာတဲ့အနှစ်သာကိုကြည့်ဖို့အတွက်ဒေါ်စုကောNLDတစ်ဖွဲ့လုံးမှာပါစိတ်ဓာတ်မရှိပါဘူး။မြန်မာတွေမြန်မာနိုင်ငံမကောင်းကြောင်းကိုတော့ပြောတတ်တယ်။ကိုယ့်နိုင်ငံကိုဆောက်ရှက်ခွဲကျတယ်။စစ်တပ်ကိုမုန်းတာတစ်ခုထဲနဲ့ပဲကိုယ့်နိုင်ငံကိုစော်ကားကြတယ်။ဒီဆောက်ချိုးတွေမပျေက်သမျှတော့ခင်ဗျားတို့ကျုပ်တို့ရဲ့ဒီမိုကရေစီကြီးပျက်ပြီးပြည်ပြေးဦးနုနေရာမှာပြည်ပြေဒေါ်စုဆိုပြီးဖြစ်လာအုန်းမယ်ထင်ပါ့ဗျာ