Monday, April 4, 2011

ပါလီမန်တွင်းနိုင်ငံရေး



                                                                              

                                                                                           ၂၀-၃-၂၀၁၁
                   ကျင်းပနေတဲ့ပါလီမန်တွင်း အခြေအနေတွေကို ကြည့်ရင်အားတက်စရာများတွေ.ရသလို စိတ်ပျက်စရာ များလည်းတွေ.ရမှာဖြစ်ပါတယ်။ အားတက်စရာဆိုတာကတော့ လွန်ခဲ့တဲ့ရာစုနှစ်ထက်ဝက်အတွင်း ပြောပိုင်ခွင့်မရှိတဲ့စကား တွေကို ပြောနိုင်တဲ့အတွက်ဖြစ်ပေမယ့် စိတ်ပျက်စရာတွေကတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဆိုတင်သွင်းမှုများ နဲ.မေးခွန်းများ အရာမရောက်စေခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။
                   လွှတ်တော်တွင်းမှာ မေးခဲ့တဲ့မေးခွန်းအများစုဟာလည်း ဒေသဆိုင်ရာအခြေအနေများနဲ.ပတ်သက်တဲ့မေး ခွန်းများ နဲ.အဆိုများဖြစ်နေတာကိုတွေ.ရမှာပါ။ တစ်နိုင်ငံလုံးနဲ.သက်ဆိုင်တဲ့အဆိုတွေကတော့ ရှားရှားပါးပါးလို.ပဲ ပြောရမှာ ပါ။ ဒါကလည်း သက်ဆိုင်ရာကိုယ်စားလှယ်တွေအနေနဲ. သူတို.ရဲ့မဲဆန္ဒရှင်တွေကို ဒေသဆိုင်ရာအကျိုးစီးပွားများ လုပ်ပေးပါ့ မယ်ဆိုတဲ့ဂတိက၀တ်နဲ. အနိုင်ရလာတာဖြစ်လို. သူတို.ရဲ့အဆိုတွေကိုလည်း အပြစ်မတင်သင့်ပါဘူး။ ဒါဆိုရင်ဘယ်လိုဥပဒေ တွေက လွှတ်တော်တွင်းမှာတင်သွင်းသင့်ပါသလဲ၊ တိုင်းပြည်မှာ ဘယ်လိုဥပဒေတွေဟာ လိုအပ်နေပါသလဲ၊ ဥပ ဒေ တစ်ရပ်ဖြစ် လာမယ်ဆိုရင်ကော ဒီဥပဒေကိုအကောင်အထည်ဖေါ်နိုင်ပါ့မလား။ အကောင်အထည်ဖေါ်ဖို.ခက်ခဲတဲ့ ဥပဒေတွေ၊ အဆိုတွေ ကို ပါလီမန်မှာ ဆုံးဖြတ် အနိုင်ပေးခဲ့မယ်ဆိုရင် တိုင်းပြည်အတွက်သင့်တော်ပါ့မလား စသည်ဖြင့် စဉ်းစားစရာအလွန်ပဲများ လှပါတယ်။
                   ပြီးခဲ့တဲ့ကိစ္စကို ဥပမာ အနေနဲ.ပြောရရင် ရခိုင်ပြည်နယ်က ကိုယ်စားလှယ်တစ်ဦးရဲ့အဆိုဖြစ်တဲ့ရခိုင် ပြည်နယ်တောင်ကုတ် ဒေသက ထုံးကျောက်တောင်မှာ ဘိလပ်မြေစက်ရုံနဲ.ပတ်သက်တဲ့အဆိုဖြစ်ပါတယ်။ ဒေသရဲ့ထုံး ကျောက်ဟာ အရည်အသွေးမမှီတဲ့အတွက် ထုတ်လုပ်ဖို.မဖြစ်နိုင်ကြောင်းခြေပတဲ့အတွက် လက်လျှော့ခဲ့ရတဲ့နမူနာပါ။ လွတ် တော်မှာ အဆိုတင်တာ နိုင်ငံရေးသမားရဲ့အလုပ်ဖြစ်ပေမဲ့ ထုံးကျောက်ထဲမှာ သဲဓါတ်ဘယ်နှစ်ရာခိုင်နှုံးပါလဲဆိုတဲ့ကိစ္စက တော့နိုင်ငံရေးသမားရဲ့အလုပ်မဟုတ်တော့ပါဘူး၊ ပညာရှင်ရဲ့အလုပ်ဖြစ်သွားပါပြီ။ သိသာတဲ့ အချက်ကတော့ နိုင်ငံရေးသမား ဟာပညာရှင်မပါပဲ ဘာမှ လုပ်လို.မရဘူးဆိုတဲ့အချက်ပါပဲ။
                   အခုမှတည်ထောင်ခါစ နိုင်ငံရေးပါတီတွေမှာက လည်း တတ်ကြွမ်းတဲ့ပညာရှင်ကအဆင်သင့်မရှိသေးပါဘူး။ ပညာရှင်ရှိသည့်တိုင်အောင်ကလည်း သုတေသနစရိတ် နဲ.သုတေသနလုပ်ဖို. အချိန်လည်းမရှိသေးတဲ့ ကာလဖြစ်နေပါတယ်။ ပါလီမန်မှာ အဆိုတစ်ခုတင်တယ်ဆိုတာ သက်ဆိုင်ရာပညာရှင်များ၊ အချက်အလက်ကိန်းဂဏန်းများ၊ သုတေသနပြုမှုများ၊ တိုင်းပြည်မှာ တကယ်ဖြစ်ပျက်နေတဲ့ လျှို.၀ှက်အချက်အလက်များကို ကိုးကားပြီးတော့မှတင်သွင်းရတာပါ။ တင်သွင်းလိုက် တဲ့ အဆိုတွေဥပဒေတွေဟာလည်း ပါလီမန်ကျင်းပနေတဲ့ အစည်းဝေးခန်းထဲမှာ ချက်ချင်းဆုံးဖြတ်လို.ရတဲ့အလုပ်လည်း မဟုတ်ပါဘူး။ အခုပါလီမန်မှာ တက်ရောက်နေတဲ့ကိုယ်စားလှယ်များမှာ ပါလီမန်ထဲမှာဝင်ရောက်ချဲလင့်လုပ်နိုင်လောက် အောင် လိုအပ်တဲ့ အချက်အလက်များပြည့်စုံသေးတာ မဟုတ်ပါဘူး။
                                ကာလတစ်ခုအထိ အမတ်တွေဟာ လွှတ်တော်ထဲမှာရော ပြင်ပမှာပါ လေ့လာစရာတွေလုပ်ဖို.လိုနေပါသေး တယ်။ နိုင်ငံတကာပါလီမန်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အစိုးရရဲ့လျှို.၀ှက်ချက် မှတ်တမ်းမှတ်ရာများကို တရား ၀င်လေ့လာဖတ်ရှုခွင့် ရှိကြတဲ့သူတွေပါ။ အခုလွှတ်တော်မှာ လည်း ကိုယ်စားလှယ်တွေဟာ Classified Papers လို.ခေါ်တဲ့ အစိုး ရ လျှို.၀ှက် မှတ်တမ်း မှတ်ရာများကိုဖတ် ရှုလေ့လာခွင့်ရအောင်တောင်းဆိုရပါလိမ့်မယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ် တဲ့အချက်အလက်များကို လေ့လာခွင့်မရရင် အမတ်တွေဟာဘာမှ လုပ်နိုင်မယ်မဟုတ်ပါဘူး။ အမေရိကန်သမတ ကလင် တန်ဟာ ငယ်စဉ်က ပါတီရဲ့ဆီနိတ်တာရဲ့ ရုံးခန်းကိုသွားရင်း Classified Papers တွေကို ဖတ်ခွင့်ရခဲ့တယ်လို.ဆိုပါတယ်။ ကလင် တန်ဟာ ထက်မြက်ပြီးလုံခြုံစိတ်ချရတဲ့လူငယ်တစ်ယောက်ဖြစ်လို. သူ.အဖေအရွယ်လောက်ရှိတဲ့ ဆီနိတ်တာကြီးက လျှို.၀ှက်စာရွက်စာတမ်းတွေ လေ့လာခွင့်ပြုခဲ့တာဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်းငယ်ငယ်ရွယ်ရွယ်နဲ.သမတဖြစ်လာနိုင်တာ တာပါ။
မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေမှာ သုတေသနဌာနနဲ. Think Tank တွေမရှိသေးပါဘူး ဒါတွေလုပ်နိုင်ဖို.လည်း အချိန်နဲ. ငွေအား လိုအပ် နေတဲ့ကာလဖြစ်ပါတယ်။ ပညာရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို.ဆိုရင် ထူးချွန်ထက်မြက်တဲ့ လွတ်တော်ကိုယ်စား လှယ်တွေအပါအ၀င် ဘာသာရပ်ပေါင်းစုံကပါမောက္ခတွေ နဲ. ပညာရှင်ပေါင်းစုံလိုအပ်ပါတယ်။ လိုအပ် ချက် ပေါင်းစုံ နဲ. စတင်နေရတဲ့ နိုင်ငံရေးပါတီတွေရဲ့ လွတ်တော်တွင်း ကြိုးပမ်းမှုတွေဟာ ပြင်ပ က ပညာရှင်များနဲ. မီဒီယာ များရဲ့ပံ့ပိုးမှုကိုမရပဲ ဝေဖန်ပုတ်ခတ်မှု ပြင်းထန်စွာခံနေရတာဟာလည်း တိုင်းပြည်အတွက်ခြောက်ခြားဖွယ်ဖြစ်ပါတယ်။

                   လိုအပ်ချက်ပေါင်းစုံနဲ. လွှတ်တော်တွင်းမှာ အရေးနိမ့်နေတဲ့လွတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲ သပိတ်မှောက်သူတို.က အစကတည်းကပြောသားပဲ အခုတော့ခံရပြီမလား ဆိုပြီး လူသိရှင်ငြားဝမ်းသာပြနေကြတာက လည်း တိုင်းပြည်အတွက်ဘာမှကောင်းကျိုးဖြစ်လာစရာအကြောင်းမရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူရဲ. ဆန္ဒနဲ. လွှတ်တော်ထဲဝင်ရောက်နေကြတာဖြစ်လို. မဲဆန္ဒရှင်ပြည်သူများကို သဘောထားမတူသူတို.ကလေးစားသင့်ပါတယ်။ ပြည်သူ.ဆန္ဒဟာ ထာဝရမှန်ပါတယ်။
                   လွှတ်တော်ဟာ ပြည်သူ.ဆန္ဒများရဲ့အစုအဝေးဖြစ်ပါတယ်။ စစ်မှန်တဲ့ပြည်သူရဲ့ဆန္ဒမဟုတ်ဘူးလို. အတိုက်အ ခံလုပ်သူများကသဘောတူထားကြပေမဲ့။  စားဝတ်နေ ရေးအခြေအနေ အရ ပဲဖြစ်ဖြစ် ကြောက်စိတ်နဲ.ပဲဖြစ်ဖြစ် ကြံ.ခိုင်ရေးပါ တီကိုမဲပေးခဲ့တဲ့ပြည်သူ ရဲ.ဆန္ဒကို သတိပြုမိဖို.လိုပါတယ်။ တစ်ပိုင်းမှာ လည်းမဲမသမာမှုတွေကြောင့် ရွေးကောက်ပွဲမှာ မဲရှုံးခဲ့ပေမဲ့ ဒီမိုကရေစီလိုလားသူပြည်သူဟာ ရဲ့ဝံ့စွာမဲပေးခဲ့တဲ့အတွက် လွတ်တော် တစ်ရပ်ပေါ်ပေါက်လာခြင်းကိုလက်ခံတဲ့ ပြည်သူများ သန်းနဲ.ချီရှိတယ်ဆိုတာ လဲဘယ်လိုမှငြင်းလို.မရစေပါဘူး ဒါဟာရွေးကောက်ပွဲဝင်နိုင်ငံရေးကို ပြည်သူက သဘောတူလက်ခံလိုက်တာလဲဖြစ်ပါတယ်။ ပြည်သူ.စစ်တမ်းကောက်ယူတဲ့နည်းပညာပေါင်းများစွာရှိပေမဲ့ ရွေးကောက်ပွဲ နည်းထက်ပိုကောင်းတဲ့ စစ်တမ်းကောက်ယူမှုတော့မရှိနိုင်ပါဘူး။
                   တိုင်းပြည်မှာ ကြောက်စိတ်နဲ. စားဝတ်နေရေးကိုသာ ဦးစားပေးတဲ့ပြည်သူရဲ့ဆန္ဒတွေ များပြားနေတာ ကို ထောက်ရှုရင် ပြည်သူ. အားနဲ.စစ်အာဏာရှင်ကိုတော်လှန်မယ်ဆိုတဲ့ အယူအဆဟာ ပြန်လည်သုံးသပ်ရမယ် နိုင်ငံရေး အ တွေးအခေါ်တစ်ရပ်ဖြစ် နိုင်ပါတယ်။
                   ရွေးကောက်ပွဲဝင်သူတွေဟာ သူတို.ရဲ့ဆန္ဒတွေနဲ. ရွေးကောက်ပွဲဝင် နိုင်ငံရေးကို ရွေးချယ်ခဲ့ကြပေမဲ့ လွှတ် တော်ထဲသွားဖို.ကျတော့ သူတို.သဘောနဲ.သွားလို.မရတော့ပါဘူး။ ပြည်သူ.ရဲ.ဆန္ဒနဲ.သွားခဲ့ရတာပါ။ ဒီဖြစ်စဉ်ကိုပြန်ကြည့် မယ်ဆိုရင် ရွေးကောက်ပွဲကိုသပိတ်မှောက်ခဲ့သူတွေဟာလည်း သူတို.ရဲ့ ဆန္ဒတွေနဲ. သပိတ်မှောက်ခဲ့ကြတာပါ။ ပြည်သူထဲကို စစ်တမ်းကောက်ယူပြီး သပိတ်မှောက်ခဲ့ကြတာမဟုတ်ပါဘူး။ ဘယ်သူတွေရဲ့ဆန္ဒဟာ အမှန်လဲဆိုတာနဲ.ပတ်သက်လာရင် တော့ ပြည်သူဆန္ဒသာ အမှန်လို.ပြောရမှာပါ။ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နိုင်ငံရေးဖြစ်စဉ်ဟာအရေးကြီးပါတယ်။ သူ.ရဲ့နောက်ဆက်တွဲအဖြစ်နဲ.က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း ကြိုးပမ်းမှုတွေကို ဂယက်ရိုက်စေတဲ့အ တွက်ဖြစ်ပါတယ်။
                   ကြားဖြတ်ရွေးကောက်ပွဲကာလ ဆိုတာကလည်း မကြာခင်ရင်ဆိုင်ရတော့မဲ့ စိမ်ခေါ်မှုဖြစ်နိုင်ပါတယ်။ ရွေး ကောက်ပွဲဝင်ခြင်းမ၀င်ခြင်းဟာ သက်ဆိုင်ရာပါတီတွေရဲ့ကိုယ်ပိုင်မူဝါဒတွေပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ မိမိပါတီကိုပဲ မဲထည့်ဖို. အခြားပါတီကိုမဲမထည့်ဖို. ပြည်သူကိုစည်းရုံးနိုင်ပေမဲ့ ဘယ်သူကိုမှမဲမထဲ့ပဲ သပိတ်မှောက်ဖို. ဆော်သြတာတော့ ပြည် သူရဲ့ဆန္ဒကို အလေးမထားရာရောက်ပါတယ်။ ပြည်သူဟာ သူ.ရဲ့မဲဆန္ဒကို မှသူ.စိတ်တိုင်းကျ အသုံးချခွင့်မရပဲ နိုင်ငံရေး သမားတွေရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို လိုက်နာရမယ်ဆိုရင် ဒီမိုကရေစီလို.မခေါ်နိုင်တော့ပါဘူး။ ပြည်သူတစ်ယောက်မှ ကိုယ်စားလှယ်တစ်ယောက်ကိုဆန္ဒမဲတစ်ပြားပဲပေးခွင့်ရကြတာပါ။
                   နောက်တစ်ကြိမ်ကျင်းပမယ့်ရွေးကောက်ပွဲဟာ ၂၀၁၅ မှ ကျင်းပမှာဖြစ်လို. အခုအချိန်မှာ ဆွေးနွေးကြဖို. စောသေးပေမဲ့ ၂၀၁၂-၁၃ ကာလဟာ ရွေးကောက်ပွဲအကြိုကာလတွေဖြစ်တဲ့အတွက် အလွန်ပဲနီးကပ်နေပြီလို.ပြောနိုင်ပါ တယ်။ ၁၀ တန်းဖြေမယ့်ကျောင်းသားတစ်ယောက်အတွက် ကျောင်းစတက်တဲ့နေ.မှာပဲ အတန်းတင်စာမေးပွဲအတွက် ပြင် ဆင်ရ မယ်ဖြစ်သလိုပါပဲ။
                   ``ကွန်ဂရက်၏ အရှိန်အ၀ါသည်ကြီးမားလွန်းရကား မိမိသဘောဆန္ဒဖြင့် အနားယူသွားသူ ဆီနိတ်တာဆို၍ အနည်းငယ်သာလျှင်ရှိသည်`` ဟု အမေရိကန်သမတ ဂျွန်အက်ဖ် ကနေဒီကပြောဘူးပါတယ်။ အခုလွှတ်တော်ထဲမှာပါဝင် နေသူတွေဟာလည်း သူတို.ဆန္ဒနဲ.လွှတ်တော်ကိုစွန်.ခွာဖို.မလုပ်ကြတော့ဘူးဆိုရင် လာမဲ့ရွေးကောက်ပွဲ တွေဟာ အတိုက် အခိုက်အလွန်ပဲပြင်းထန်နိုင်ပါတယ်။ ကိုယ်စားလှယ်အဟောင်းတွေနဲ. မျိုးဆက်သစ် အမတ်လောင်းတွေရဲ့အားပြိုင်ပွဲဟာ အတော်ပဲပြင်းထန်တော့မှာပါ။ ဒီအားပြိုင်ပွဲမှာ ရွေးကောက်ပွဲ သပိတ်မှောက် အယူအဆတွေက ရေပန်းစားနေဦး မယ်မဟုတ် တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လာမဲ့နိုင်ငံရေးခေတ်ဟာ အသိဥာဏ်နယ်ပယ်ရဲ့ခေတ်ဖြစ်လို. ပညာရှင်တွေမပါပဲ နိုင်ငံရေး သမားတွေ ထင်တိုင်းမကြဲနိုင်တော့ဘူးဆိုတဲ့အချက်ပါပဲ။ ဒီမိုကရေစီနဲ.လူ.အခွင့်အရေးအကြောင်းဟောပြောတတ်ရုံလောက် နဲ. နိုင်ငံရေးလုပ်လို.မရတော့တဲ့ကာလကိုရောက်နေပြီဆိုတာ နိုင်ငံရေးလုပ်သူများလက်ခံနိုင်ကြဖို.ပဲဖြစ်ပါတယ်။



                  

3 comments:

Anonymous said...

ကဲ.. ဘယ်နဲ့လဲ။ ပေါင်းစား.. အဲ မှားလို့ .. ပူးတိုက်မယ်ဆိုပြီး ရွေးကောက်ပွဲကို လက်ခံတဲ့သူတွေ .. ခင်ဗျားတို့လို လူမျိုးတွေ ရှိလို့ .. ခံလိုက်ပါဦး အနှစ် ၁၀၀

Nwe Thu said...
This comment has been removed by the author.
Nwe Thu said...

Now also more than 20 years long. What is the difference then? Do you think you are going to get it from outside Burma Mr. Anonymous??? For me, we tried it but we lost it so we have to accept the Parliamentery Electoral Election System with pride if we have the quality as a politician for our country Burma's own sake! Time will gradually speak up. Time will progressively change!!! As a Burmese, we have our own responsibility and dignity to do the right thing for our people. If we don't do, no one will! As far as I concrened, MDC Party is not selfish and they are encouraging to new/young generation as well. Cheers!
Ma Nwe Thu