Wednesday, July 27, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်ဆွေးနွေးချက်များ စုစည်းတင်ပြချက်

...


ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို.တွေ. ဆုံ ဆွေးနွေးချက်များ ကိုအင်အယ်ဒီပါတီတွင်းဆွေးနွေးခဲ့ ကြပါသည်။ ဦးအောင်ကြည်တင်ပြလာသောအချက်များမှာ အင်အယ်ဒီအနေဖြင့် ရွေးကောက်ပွဲကောင်မရှင်တွင် ပါတီမှတ်ပုံတင်နိုင်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပြည်ထဲရေးဌာနတွင် မှတ်ပုံတင်နိုင်ကြောင်းအဓိကတင်ပြတယ်လို.ဆိုပါတယ်။ NLD နေဖြင့် ၎င်း တို.အစိုးရအား ယုံကြည်စွာဆက်ဆံရန်ဖေါ်ပြပါရှိပြီး တိုင်းပြည်အကျိုးအတွက်ရည်ရွယ်၍ စီးပွားရေးပိတ်ဆို.မှုများ ပြန်လည်ဖွင့်လှစ်ရေးအတွက် NLD မှတစ်တတ်တစ်အားပါဝင်ပါရန်လည်း တင်ပြပါတယ်။

ဆွေးနွေးပွဲအတွင်းရေးများကို ပြင်ပမီဒီယာများသို. ထုပ်ဖေါ်ခြင်းမပြုဖိုကိုလည်းဦးအောင်ကြည်က အထူးဂရု ပြုတင်ပြတယ်လို.ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အားပြည်ထောင်စု အစိုးရမှ တရားဝင်တွေ.ဆုံခြင်းဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အားတိုက်ရိုက်အစီရင်ခံရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်ကောင်းကျိုးအတွက်ဆောင်ရွက်လိုတဲ့ကိစ္စများနဲ.ပတ်သက်ပြီး အထူး ကူညီပေးသွားမှာဖြစ်ပြီး လုပ်ဆောင်လိုသည့်လုပ်ငန်းအလိုက် သက်ဆိုင်သူများ၊ ၀န်ကြီးဌာနများနှင့် လည်း ပူးပေါင်းဆောင်ရွက်သွားနိုင်ကြောင်း တင်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖက်မှ NLD အနေဖြင့် တရားဝင်ရပ်တည်ဆဲပါတီတစ်ခုဖြစ်ကြောင်း၊ ကနဦးအနေ ဖြင့်လုပ်ဆောင်လိုသည့်အချက်များကို ပါတီတွင်းဆွေးနွေးတိုင်ပင်၍ အကြောင်းပြန်မည်ဖြစ်ပါကြောင်း၊ အစိုးရဖက်မှ အပြုသဘောဆောင်သည့်လုပ်ရပ်များပိုမိုလုပ်ဆောင်ဖို.လိုအပ်ပါကြောင်း။ နိုင်ငံရေးအကျဉ်း သားများလွတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများကို NLD အနေဖြင့်မြင်ခြင်ပါကြောင်း။

ဦးအောင်ကြည်မှ တိုင်းပြည်အေးချမ်းတည်ငြိမ်သည်နှင့်အမျှ အကျဉ်းသားများကိုလွတ်ပေးသွားနိုင်မည်ဟု မျှော်လင့်ရကြောင်း။ ၎င်းတို.အနေဖြင့် တည်ဆဲဥပဒေများဖြင့်သာ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါကြောင်း အစိုးရနေဖြင့် လုပ်ငန်းအားလုံးကိုလုပ်ဆောင်ရသည်မှာ စေ့ငှဖို.မလွယ်ကူပါကြောင်း ဒေါ်အောင်ဆန်းစုကြည် တို.အနေဖြင့်ပူးပေါင်းပါဝင်လျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်းတင်ပြပါတယ်။

အချုပ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ NLD ပါတီ အမှုဆောင်များနှင့်ဆွေးနွေးတိုင်ပင်ပြီး ပါတီ၏ ရပ်တည် ချက်နှင့်ပတ်သက်၍ အကြောင်းပြန်မည်ဖြစ်ပြီး၊ အစိုးရမှလည်း သိသာသော အပြောင်းအလဲများပြုလုပ်ခြင်း နိုင်ငံရေးအကျဉ်းသားများလွတ်ပေးခြင်းများလုပ်ပေးရန်တင်ပြခဲ့သည်။

နှစ်ဖက်အဖွဲ.အစည်းများအတွင်း အသီးသီးဆွေးနွေးကြပြီး အဆင်သင့်ဖြစ်လျှင် နောက်တစ်ကြိမ် ထပ်မံတွေ. ဆုံကြမည်ဖြစ်ပါသည်။

ကျွန်ုပ်တို.အနေဖြင့်သုံးသပ်သည်မှာ ဦးအောင်ကြည်မှ NLD သို. တရားဝင်ရပ်တည်၍ အစိုးရအား ထိပ်တိုက်ရင် ဆိုင်မှုများမလုပ်ရန် ချိုချိုသာသာ ဖြင့်လာရောက်အသိပေးခြင်းသာလျှင်ဖြစ်ပြီး NLD အနေဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခြင်းမရှိပါက အစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်မှုများသာဖြစ်လာနိုင်သည် ဟုသာယူဆပါသည်။


...


No comments: