Monday, July 25, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်ဆွေးနွေးပွဲသုံးသပ်ချက်

..


အင်အယ်ဒီပါတီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ. ဦးအောင်ကြည် တွေ.ဆုံပွဲများနဲ.ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန် လေ့မရှိပါဘူး ။ ကျွန်ုပ်တို.ရဲ့လေ့လာချက်များအရ အစိုးရဘက်မှ သတင်းထုတ် ပြန်မှုမပြုလုပ်ဖို.တားမြစ်တဲ့အတွက်ကြောင့်လို.ဆိုပါတယ်။ ဦးအောင်ကြည်နဲ. ၂၀၁၀ အတွင်းနောက်ဆုံးတွေ.ဆုံပွဲမှာဆိုရင် အင်အယ်ဒီအနေနဲ. အစိုးရအားပြောဆိုလိုသောကိစ္စများကို အဘယ့်ကြောင့်မီဒီယာမှပြောနေရပါ သလဲဟုမေးမြန်းခဲ့ပြီး နောက်နောင်မီဒီယာမှ မပြောပဲ တာဝန်ရှိသူများကိုသာ တိုက်ရိုက်ပြောဆိုရန် ဦးအောင်ကြည်က ပြောခဲ့တယ်လို.ဆိုပါတယ်။

ယခုတွေ.ဆုံပွဲနဲ.ပတ်သက်လို. ကျွန်ုပ်တို.ပါတီမှ အောက်ပါအတိုင်းခန်.မှန်းသုံးသပ်ထားပါတယ်

ဦးအောင်ကြည်ပြောကြားနိုင်သော အရာများ မှာ အင်အယ်ဒီအား တရားဝင်ရပ်တည်လိုလျှင် ရွေးကောက်ပွဲကောင်မရှင်တွင်မှတ်ပုံတင်ရန်။ စီးပွားရေးပိတ်ဆို.မှုများ ရုတ်သိမ်းရေးတွင် အင်အယ်ဒီမှာ ပါဝင်ရန်။ ထိပ်တိုက်ရင်ဆိုင်မှုများမလုပ်ပဲ တရားဥပဒေဘောင်တွင်းမှသာဆောင်ရွက်ရန်။ ဆွေးနွေးပွဲအား သတင်း ထုပ်ပြန်ခြင်းမပြုလုပ်ရန်တို.ပါဝင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ဗိုလ်သန်းရွှေမရှိတော့တဲ့အတွက်ဦးသိန်းစိန်နဲ.ဆွေးနွေးဖို.ကမ်းလှမ်း နိုင်ပြီး၊ အင်အယ်ဒီဟာ တရားဝင်ပါတီတစ်ခုဖြစ်ကြောင်း အခြေတင်ပြောဆိုဖွယ်ရှိပါတယ်။

မည်သို.ပင်ဖြစ်စေ အင်အယ်ဒီကတော့အသေးစိတ်ကို တရားဝင်သတင်းထုပ်ပြန်တာမျိုးတော့လုပ်မယ်မထင်ပါဘူး အီးယူအဖွဲ. မြန်မာပြည်ကိုလာတုန်းကတောင် ဒေါ်စုဘာတွေပြောခဲ့သလဲဆိုတာကို အတူတက်ရောက်ခဲ့တဲ့ ဦးသုဝေ ပြန်ပြောပြမှ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို.မှုတွေဆက်လက်ထားရှိဖို. တင်ပြခဲ့တယ်ဆိုတာ ကိုသိခဲ့ရတာပါ ။အဲဒီတုန်းက အစပိုင်းမှာ အင်အယ်ဒီက သတင်းထုပ်ပြန်ဖို. ငြင်းဆိုခဲ့ပါသေးတယ်။ စီးပွားပိတ်ဆို.ဖို.ပြောခဲ့တာကို ပြည်သူကို မတင်ပြရဲလို.ထင်ပါတယ်။ အင်အယ်ဒီက ဒါမျိုးတွေကြိတ်လုပ်တာ များနေပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် အင်အယ်ဒီအနေနဲ. သတင်းထုပ်ပြန်မှုတစ်စုံတစ်ခု ကို သိသိသာသာပြုလုပ်ဖို.ပဲဖြစ်ပါတယ်။

ပြည်သူများကိုတင်ပြချင်တာကတော့ အဖက်ဖက်က စင်ပေါ်ရောက်နေတဲ့ အစိုးရက အင်အယ်ဒီကိုကြောက်လို. ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်က တရားဝင်တွေ.ဆုံတယ်လို.တော့ အထင်မရောက်စေချင်ပါဘူး။ အလွန်ဆုံးဖြစ်နိုင်တာကတော့ အင်အယ်ဒီကို ဆောင်ရန်ရှောင်ရန်တွေ လာပြောသွားတာပဲဖြစ်နိုင်ပြီး လက်မခံရင် အင်အယ်ဒီရုံးခန်းကိုဝင်စီးတာမျိုးဖြစ်လာနိုင်တဲ့ပထမ အဆင့်ကြိုးပမ်းမှုပဲဖြစ်နိုင်ပါတယ်။



...

No comments: