Friday, July 22, 2011

ကချင်တိုက်ပွဲသတင်းများဖြစ်ပါသည်

ည KIAဗုံးခွဲမှုကြောင့် ဂါးရာယန် တံတား ကျိုးကျ ပျက်စီး
E-mailPrintPDF
KIA_army_
လိုင်ဇာ ဗဟိုဌာနချုပ်တွင် လုံခြုံရေးယူနေသော KIA စစ်သားတဦး။ ဓါတ်ပုံ-ကချင်သတင်းဌာန

မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ မြစ်ကြီးနားမှ ၃၆ မိုင်အကွာ ဂါးရာယန်(Gara Yang)နှင့် ကဇူး(Kasu) ကြားမှ ပေ ၄၀ ကျော်ရှည်သည့် သံကူကွန်ကရစ် ပုံမွေခ (Pung Mwi Hka) ချောင်းတံတား ဇူလိုင် ၂၀၊ ဗုဒ္ဓဟူးနေ့ည ၁၁ နာရီကျော်ချိန် KIA ဗုံးခွဲမှုကြောင့် ကျိုးကျ ပျက်စီးသွားသည်ဟု ဒေသခံ မျက်မြင်များပြောသည်။

ယင်းတံတားသည် KIO/KIA ဌာနချုပ် လိုင်ဇာနှင့် ဆက်သွယ်သော အဓိကလမ်းမတွင် တည်ရှိသည်။

“အုတ်မြစ်ချလာတဲ့အပိုင်းပါ ပါမယ်ဆိုရင် ပေ ၁၀၀ ကျော်တယ်။ ခု ရေထဲကျိုးကျသွားတဲ့အပိုင်းက ပေ လေး ငါးဆယ် ရှိမယ်။ ခုဖြတ်နေသည့်သူတွေ ရေကူးပြီး ဖြတ်ကြတယ်။ ကားတော့ဖြတ်လို့မရဘူး။ လိုင်ဇာသွားတဲ့ကားတွေ ခေါက်ပြန်သွားကြတယ်။” ဟု ဒေသခံ တဦး ပြောသည်။

No comments: