Wednesday, April 25, 2012

အလှုငွေဖြင့် တိုင်းပြည်တည်ဆောက်၍ မရပါ

.


Civil Society ကို ပထမဆုံးတင်ပြသူ                                                     ကောင်းမြတ်သူ (မူဝါဒရေးရာဌန)
Adam Ferguson (1723-1816)
ယခုတစ်လော မြန်မာပြည်နိုင်ငံရေးလောကတွင် NGO သံတ ညံညံ ကြားနေရသည်။ ဟိုနားကြည့် လည်း NGO ထောင်မည်၊ ဒီနားကြည့်လည်း ဖေါင်ဒေးရှင်းထောင်မည် လုပ်နေကြ၏။ Civil Society များက တိုင်း ပြည်အတွက် အလွန် အရေးကြီးသည် စသည်ဖြင့်တို့ ပါဝင်သည့် အတွေးအ ခေါ်များလွှမ်းမိုးသော နေ့ရက်များဟု ဆို နိုင်ပေသည်။ နေ့ရက် များဟု သုံးနှုံးလိုက် ရခြင်းကတော့ ရက်ပိုင်းအတွင်း လည်း ထိုအသံများ ပြောက်သွားနိုင် သောကြောင့်ဖြစ် ပေသည်။ Civil Society ဆိုသည့် စကားလုံးသည် ၁၉၈၀ ကာလများတွင် အမေရိက ၌ စတင်ခေတ် စားခဲ့သော်လည်း မြန်မာပြည် သို့ ယခုမှ ရောက်သည်ဟု ဆိုရပေမည်။
                  လူမှု အဖွဲ့အစည်းများကို ဒီမိုကရေစီ ရေးအတွက် အရေးကြီး သာ အရင်း အမြစ် များအဖြစ် ပညာရှင်မျိုးစုံတို့ ကတင်ပြလာကြသည်လည်းရှိပါသည်။ မြန်မာပြည် တွင်တော့ လူမှုအဖွဲ့စည်းများ ဆိုင်ရာ အယူအဆသည် ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက် ကာလများ အတွင်း သိသိသာသာ ဖြစ်ထွန်းလာသည်ကိုတွေ့ရပါသည်။ လွတ်တော်ပြင်ပ နိုင်ငံရေးဟုလည်း နာမည်ပေး ကြသည်။ အမှန်တော့ လွတ်တော်ပြင်ပ နိုင်ငံရေးဆိုသည်မှာ ၂၀၁၀ သပိတ်မှောက် လမ်းစဉ် ကိုထောက်ခံမှု ပေးရန် NLD နှင့် ၎င်း လိုလားသူများ၏ ရသေ့စိတ်ဖြေ စကားလုံး မျှသာဖြစ်၏။

လူမှုအဖွဲ့ အစည်းများသည် အာဏာရှင် နိုင်ငံများတွင် ဒီမိုကရေစီရရှိရေးကို သော်၎င်း ၊ ဒီမိုကရေစီနိုင်ငံ များတွင် အစိုးရ အဏာပိုင်များနှင့် ပြည်သူအကြား ဒီမိုကရေစီထိန်းသိမ်းရေးအတွက် တွင်သော် ၎င်း အလွန်အသုံးတဲ့သော ကိရိယာ အဖြစ် လက်ခံနိုင်ဖွယ်ဖြစ်ပါသည်။ လူမှု အဖွဲ့အစည်းများအား တော်လှန် ရေး အဖွဲ့အစည်းတစ်ရပ်အဖြစ်၎င်း ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သော်၎င်း တိုက်ရိုက် အသုံးချ မည်ဆိုလျှင် လွဲမှားသော ရလဒ်များ ပေါ်ထွက်လာနိုင်စရာ အကြောင်းရှိနိုင်ပါသည်။

ဥပမာအားဖြင့် ဆိုလျှင် -- စာရေးသူ ၏ အသိမိတ်ဆွေတစ်ဦးက သူတို့ ပိုက်ဆံရှိသော လူများစုစည်း၍ NGO တစ်ခုထူထောင်ရန်အတွက် ပြည်ထဲရေးဌာနတွင် မှတ်ပုံတင်ထားကြောင်း၊ ပြည်ထဲရေး မှ မှတ်ပုံ တင်ခြင်းကိုခွင့်မပြုသဖြင့် မလုပ်ရဲသေးကြောင်း တင်ပြလာကြ၏။ သူတို့ဆိုလိုချင်သည်မှာ တော့ယခု တည်ထောင်နေကြသော NGO များမှာတရားမ၀င်လှုပ်ရှားနေကြခြင်းဖြစ်၍ အစိုးရနှင့်လည်း အတိုက်အခံ ဖြစ်နေကြပြီး အကယ်၍ သာသူတို့ အနေဖြင့် မှတ်ပုံတင်ခွင့် မရပဲ NGO လုပ်ငန်းများကိုလုပ်ဆောင်လျှင် အစိုးရ ဆန့်ကျင်ရေး အသင်းဟု သက်ဆိုင်ရာမှ ထင်မြင်၍ စစ်ဆေးခြင်း ဖမ်းဆီးခြင်းများဖြစ်လာမည်ကို မလိုလားကြောင်းသာလျှင်ဖြစ်၏။

စာရေးသူအနေဖြင့် ထိုသူငယ်ချင်းများ၏ အသိုင်းအ၀ိုင်းကို သိ၏။ ၎င်းတို့သည် ပညာတတ် ပိုက်ဆံရှိ သူများဖြစ်ပြီး ခေတ်အဆက်ဆက်တွင်လည်း အစိုးရနှင့် ခပ်ကင်းကင်းနေ၍ ချမ်းသာသူများဖြစ်၏။ သူတို့အနေဖြင့် ဘ၀တွင် အေးအေးဆေးနေလာသူများဖြစ်ပြီး ဘ၀၏ နေ၀င်ချိန်များတွင်လည်း ခပ်အေး အေးသာနေလို ပြီး လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း ဆောင်ရွက် လိုသူများဖြစ်၏။ NGO လုပ်ငန်းနှင့် Political Activist လုပ်ငန်းများကို ကွဲပြားစွာဆောင်ရွက်နိုင်ကြဖို့လိုလေပြီ။

တိုင်းပြည်တစ်ပြည်တိုးတက်လာရေး အတွက် လိုအပ်သော အလုပ်အကိုင် အခွင့်အလန်းများ တိုးတက် စေရေး၊ ကုန်ထုပ်လုပ်မှုများတိုးတက်စေရေး၊ တိုင်းပြည်၏ GDP ၊ လူတစ်ဦးခြင်းစီတို့၏ ၀င်ငွေ စသည်ဖြင့်တို့ တိုးတက်လာစေရေး လုပ်ငန်းများ မှာ အစိုးရမဟုတ်သော Civil Society အဖွဲ့အစည်း များနှင့် တိုက်ရိုက် သက်ဆိုင်သောလုပ်ငန်းများမဟုတ်ပါချေ။ NGO အချို့ ထောက်ပံ့မှုဖြင့် NLD မှလူငယ် အချို့ ထိုင်းနိုင်ငံတွင် သီတင်းပတ် အနည်းငယ်မျှဖြစ်သော သင်တန်းများကို တက်ရောက်စေ၏။ မျိုးဆက် သစ်ဆိုသည်မှာ ဤသို့မွေးမြူ၍ မရကြောင်း စာရေးသူမှ ဆွေးနွေးခဲ့ဘူး၏။ ထိုအခါ လူတစ်ယောက်က NLD ၏ စာဖတ်ဝိုင်းများဖွဲ့ခြင်း၊ လူငယ်များအား ပြည်ပ NGO များအကူအညီဖြင့် သင်တန်းများပေးခြင်းမှာ ပါတီ၏ အနာဂတ်အတွက် မျိုးဆက်သစ်များ ပေါ်ပေါက်လာရေး တွင်အကောင်း ဆုံးဖြစ်ကြောင်း စာရေးသူမှာ ဗဟုသုတနည်း သူဖြစ်၍ NLD ၏ လုပ်ရပ်ကိုလက်မခံနိုင်ဖြစ်နေကြောင်း ပြောလေသည်။ ထိုအခါ စာရေးသူက ထိုသို့ဆိုပါလျှင် စင်္ကာပူတွင် တက္ကသိုလ်တက်နေသော ခင်ဗျား၏ သားသမီးများကို ကျောင်းထုတ်၊  NLD ကစာဖတ်ဝိုင်းကိုပို့ပြီး NGO ကဖွင့်တဲ့သင်တန်းတွေ တက်ခိုင်းပါလားဟုပြောလိုက် တော့ ပါးစပ်ပိတ်သွား၏။

အမေရိကန်မှ ဖွင့်လှစ်ပေးလိုက်သော Sanctions များတွင်စီပွားရေးလုပ်ငန်းများသာမကပဲလူမှု အထောက် အ ကူပြုလုပ်ငန်းများ ၀င်ရောက်လာစေရေးကလည်း ရှေ့တန်းမှပါဝင်နေ၏။ အမေရိကန်အပါ အ၀င် ဥရောပ မှ အထောက်အ ပံ့များဝင်လာလျှင် တိုင်းပြည် စီးပွားရေး အတွက် တိုက်ရိုက်အကျိုးပြုမည်ဟု ထင်ယောင်မှားနေသူများလည်း ရှိကြပါသည်။ အမှန်တော့ ပြည်ပ အကူအညီများဟုဆိုရာတွင် စက်ရုံ အလုပ်ရုံများ ၊ နည်းပညာများ ကိုဘယ်တော့မှပေးလေ့မရှိပေ။ လေ့လာမှုများ အရ ဆိုလျှင် နိုင်ငံတကာ ၏ အလှုငွေများသည် နောက်ဆုံးတွင် လှုဒန်းငွေ၏ ၂၀ % ခန့်သာ ရောက်ရှိကြောင်း တွက်ချက်သိရှိရ၏။ စရိတ်စက များမှာ သက်ဆိုင်ရာ NGO အရာရှိများ၏ လစာ ငွေ၊ ခရီးစရိတ် နှင့် သုတေသန လုပ်ငန်း များ တွင် ၈၀ % ခန့်သုံးစွဲ ကြလေ၏။ သတင်းထဲတွင်ပါသော နိုင်ငံကြီးတစ်နိုင်ငံမှ ဒေါ်လာသန်း ၁၀၀ လှုလိုက် သည်ဟုဆိုလျှင် သက်ဆိုင်ရာ အလှုခံ မည့်သူလက်ထဲသို့ ဒေါ်လာ သန်း ၂၀ သာ ရောက်သည် ဟု မှတ်ယူရပေမည်။

တိုင်းပြည်တိုးတက်စေလိုလျှင် စီးပွားရေးပိတ်ဆို့မှုများ အားလုံး အမှန်တကယ်ဖွင့်လှစ်၍ ကာယ၊ ဥာဏ ပြည်သူများအားလုံး သေအောင်အလုပ်လုပ်ပါမှ အမှန်တကယ်အလုပ်ဖြစ်မည့် အရာဖြစ်ပါ၏။ တိုင်းပြည်၏ GDP နှင့်တစ်ဦးခြင်းဝင်ငွေ တိုးတက်ရေးအတွက် NGO များက တိုက်ရိုက်အားဖြင့် မတတ်နိုင်ပါချေ။

အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော လောနိုင်ငံ၊ ကမ္ဘောဒီးယားနှင့် ဗီယမ်နမ် နိုင်ငံတို့၏ တစ်ဦးခြင်းဝင် ငွေများသည် မြန်မာနိုင်ငံထက်မြင့်မားနေပေ၏။ တိုင်းပြည်၏ အရေးကြီးသော အချိန်တွင် အတိုက်အခံနိုင် ငံရေးလုပ်သူများ အနေဖြင့် ယခုထက် အဆင့်မြင့်မားကြဖို့လိုလေပြီ။ တိုင်းပြည်အတွက် ကယ်တင်ရှင် ဟု ပြည်သူများက အထင်ရောက်နေသော ကျောင်းသားခေါင်းဆောင်ဆိုသူများက သင်္ကြန်သံချပ် ၀ိုင်း အဆင့် လောက်သာလျှင်ဖြစ်နေပြန်၏။ လူထုခေါင်းဆောင်ပါတီကြီးက စကားလုံးတစ်လုံး အတင်မခံနိုင်၍ လွှတ် တော်ထဲဝင်ရောက်ရေးနှောင့်နှေးနေ၏။ ပြည်ပ ရင်းနှီးမြုပ်နှံ မှုများ ကို တားမြစ်နေ၏။ နိုင်ငံတကာဖိအား ကြောင့် ဦးသိန်းစိန်အစိုးရ ပြောင်းလဲလာသည် (သို့) ပြောင်းလဲလာမည်ဟု အထင်ရောက်နေ၏။ အမှန် တော့ ၂၀၀၈ အခြေခံဥပဒေဖြင့် ဦးသိန်းစိန်အစိုးရပေါ်ပေါက်လာသည်မှာ ထိုသို့ပေါ်ပေါက်မလာ ရန်ဖိ အားပေးနေသည့်ကြားမှ ပေါ်လာခြင်းဖြစ်လေ၏။

ထိုင်း နိုင်ငံက တစ်ဦးခြင်းဝင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၉၀၀၀၊လော နိုင်ငံက ဒေါ်လာ ၂၅၀၀၊ ကမ္ဘောဒီးယားက ဒေါ်လာ ၂၁၀၀၊ ဗီယမ်နမ်က ဒေါ်လာ ၃၁၀၀  ဖြစ်၍ မြန်မာပြည်က တစ်ဦးခြင်း တစ်နှစ် ၀င်ငွေ ဒေါ်လာ ၁၃၀၀ ခန့်ဖြစ်၏၊ လက်ရှိတွင် GDP တိုးတက်မှုနှုံးက ၅ % ကျော်ရှိ၏၊ မြန်မာ၏ GDP က တစ်နှစ် ဘီလီယံ ၈၀ ကျော်ဖြစ်၏။ မြန်မာနှင့်လူဦးရေ မတိမ်းမယိမ်းရှိသော ထိုင်းနိုင်ငံ GDP က တစ်နှစ်လျှင် ဘီလီယံ ၆၀၀ ကျော်ဖြစ်သည်။ တစ်နှစ်လျှင် စီးပွားတိုးတက်မှုနှုံး ၁၀ % ခန့်ရှိမှ သာ နောက် အနှစ် ၃၀ ခန့်ကြာ လျှင် ယခု ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးမှု နီးပါးရှိနိုင်ပေမည်။ ကျွန်ုပ်တို့ တိုင်းပြည် မ-ဆ-လ ခေတ် တွင် LDC ခေါ် ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည်များ စာရင်းတွင် ပါသွားစဉ်က မ-ဆ-လ ခေါင်းဆောင် တစ်ဦးက ပြောသည်မှာ တိုင်းပြည် LDC ဖြစ်သွားလို့ ခင်ဗျားတို့ နေတဲ့အိမ်ပေါ်က ဆင်းပေးလိုက်ရလို့ လားဟု အသိဥာဏ်နဲစွာပြောသည်ကို ကြားရဖူး၏။

ယခုလည်း NLD အပါအ၀င် NLD လိုလားသူများက ရွေးကောက်ပွဲဝင် နိုင်ငံရေး နှင့် အတူပေါ်ပေါက်လာ သောလွှတ်တော် ကိုဘာမှ အလုပ်မဖြစ်ပါ။ လွှတ်တော်ပေါ်လာပြီးမှ ကုန်ဈေးနှုံးတွေလည်း မကျသေးပါ။ ပြည်သူတွေလည်း ဒီအတိုင်းပါပဲဟု တွင်တွင်ပြော၍ တော်လှန်ရေးကြီး မပြီးဆုံးသေးကြောင်းတိုက်ပွဲခေါ် လျှက်ရှိသေး၏။ တိုင်းပြည်တိုးတက်ရေးအတွက် ဘာမျှမလုပ်ပဲ ၎င်းတို့ နိုင်ငံရေးရည်မှန်းချက်များ ကို အကောင်အထည်ဖေါ် နေကြ၏။ ၎င်းတို့စိတ်တိုင်းကျ အခြေခံဥပဒေ မပေါ်မခြင်း တိုက်ပွဲခေါ်လျှက်ရှိ၏။ လွှတ်တော်တွင်းဝင်ရောက်ရေးမှာ တိုင်းပြည်တိုးတက်ရေး၊ ကုန်ဈေးနှုံးကျဆင်းရေး မဟုတ်ပဲ အခြေခံဥပ ဒေပြင်ဆင်ရေးဆိုသော နိုင်ငံရေးရည်မှန်ချက်ဖြစ်နေ၏။ စစ်တပ်အားဖိအားပေး၍ နောက်ကြောင်းပြန် နိုင်ငံရေးကို အသက်သွင်းနေ၏။

ဂျပန်မှ လျှော်ပစ်သော အကြွေးငွေ ဒေါ်လာ ၃.၇ ဘီလီယံအတွက် ကျေးဇူးတင်ကြောင်းပြောဖို့ မစဉ်းစား၊ ပြည်ပအကူအညီဆိုလျှင် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကိုထိပါးသူအဖြစ် သတ်မှတ်နေလေပြီ။

၂၀၀၈ ထဲက ရေးထားခဲ့သော ကျမ်းကျိန်သည့် စာသားကို လွှတ်တော်တက်ခါနီးမှ ပြန်လည် သတိထားမိပါသည်ဟု ဦးဥာဏ်ဝင်းက DVB ကိုပြောလေ၏။ အနောက်နိုင်ငံဒီမိုကရေစီတိုင်း ပြည်များတွင်တော့ ဦးဥာဏ်ဝင်း လို အမှားမျိုး လုပ်မိသူများ ရာထူးမှ နှုပ်ထွက်ပေး လေ့ရှိ၏။ ယခုလည်း ဦးဥာဏ်ဝင်း အပါအ၀င် NLD ရှိ ဥပဒေ အကြံပေးတစ်ဖွဲ့လုံးနှုပ်ထွက်သင့်ပေသည်။ စာသားကိုပဲပြင်တာပါ၊ ဥပဒေ တစ်ရပ်လုံးကို ပြင်တာမဟုတ် တဲ့အတွက် ကျမ်းကျိမ် စာသားများကိုပြင်ဆင်ပေးသင့်ပါသည်ဟု လွှဲမှားစွာ တောင်းဆို၏။ အသိအမှတ် ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ အခြေခံဥပဒေ ဆိုသည် မှာ လုပ်ထုံးလုပ်နည်း ဖြင့် ပြင်သည်မှလွှဲ၍ စကားလုံးတစ်လုံးပင်ပြင်၍ မရ ဆိုသည်ကို NLD မှရှေ့နေများ နားလည်ဖို့ကောင်း၏။

သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်တွေ့သည်ဆို၍ ပြည်သူများက ၀မ်းသာ စွာဖြင့် တိုင်း ရေးပြည်ရေး ငြိမ်းချမ်းရေးများ အဆင့်တက်လာပြီဟုထင်၏။ အမှန်တော့ သမ္မတ ကိုယ်တိုင် ဘာမျှမ တတ်နိုင်သော ကျမ်းကျိန်စာသားပြင်ဆင်ရေးအတွက် ဆွေးနွေးခြင်းမျှသာဖြစ်၏။

အခြေခံဥပဒေ အလိုအရ မဲပေးပိုင်ခွင့်ရှိသော ပြည်သူ တစ်ရာခိုင်နှုံး ၁% က လက်မခံကြောင်းတင်ပြလျှင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အား ပြန်လည် စီစစ် ပေးရ၏။ သက်ဆိုင်ရာ မြို့နယ်တိုင်းတွင် ကြံ့ခိုင်ရေးပါတီ၏ အင်အားမှာ ၁ % ထက် အများကြီးပို၏။ ၎င်း ပါတီမှ ပါတီဝင်များက ကန့်ကွက်လာ လျှင် တိုင်းရေးပြည်ရေး ခက်ခဲဖွယ်ဖြစ်၏။

NLD မှ အနိုင်ရသော လွှတ်တော် ကိုယ်စားလှယ်များအားလုံး လွှတ်တော် မတက်ရေးကို ကန့်ကွက်ပြော ဆိုသူတစ်ယောက်မှ မရှိ။ လက်ညိုးထောင်ခေါင်းညိမ့်များသာဖြစ်၏။ နိုင်ငံရေးလောက မှ အများစုက NLD ကျဆုံးခန်း၏ အစဟုပင်ပြောနေကြလေပြီ။


..









1 comment:

wei said...

very good.. this is true. we're agree with
this.