Monday, November 15, 2010

ပါတီဆက်လက်ရပ်တည်သွားမည်

          မြန်မာဒီမိုကရေစီကွန်ဂရက် သည် ပြီးခဲ့သော ရွေးကောက်ပွဲဝင် လွတ်တော်ကိုယ်စားလှယ် တစ်နေရာ သာဝင်ပြိုင်နိုင်ခဲ့သဖြင့် ရွေးကောက်ပွဲကောင်မရှင်မှ ပါတီအားဖျက်သိမ်းခဲ့သည်။
          ပါတီ၏ ဥက္ကဌ ဦးကောင်းမြင့်ထွဋ် မှ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့လွတ်တော်မှဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပါတီကိုယ်စားပြုယှဉ်ပြိုင် ခဲ့သော်လည်း ရွေး ကောက် ပွဲကောင်မရှင်မှ ပါတီအား ဖျက်သိမ်း ခြင်း ပြုလုပ်ခဲ့သဖြင့် တစ်သီးပုဂ္ဂလ အဖြစ်သာဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မဲမသမာမှုများကြောင့် အနိုင်ရစာ ရင်း တွင် မပါဝင်ခဲ့ပါ။ ပါတီဥက္ကဌ ဦးကောင်းမြင့်ထွဋ်အနေဖြင့် ရွေးကောက်ပွဲဥပဒေ အရ ရွေးကောက် ပွဲရ လာဒ် အား အသိအမှတ်ပြုကြောင်း ပုံစံ (၁၉) အား လုံးဝလက်မှတ်ထိုးခြင်းမပြုပဲ ဆက်လက်ရပ်တည် သွား မည်ဖြစ် သည်။
          ပါတီအနေဖြင့် မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပါတီမှ ထုပ်ပြန် ကြေငြာထားသော မူဝါဒများကို အကောင်အ ထည်ဖေါ်နိုင်စေ ရေးဆက် လက်ကြိုးပမ်းသွားမည်ဖြစ်သည်။

1 comment:

The Wild Rose said...

ကောင်းမြတ်ထွဋ် ..... ငါညီ မင်းငယ်ပါသေးတယ် .... လေ့လာပါဦး ....
ခေါင်းဆောင်လုပ်ချင်ရင် အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်အောင်လုပ်ရတယ် ....
မင်းကိုလူတွေမဲပေးခဲ့တယ်ဆိုပြီး သွေးနထင်ရောက်မနေပါနဲ့ကွာ ..... ပြည်သူတွေဟာ ကြံဖွံ့နဲ့ စစ်အုပ်စုကို မကြိုက်လို့ မျက်မုန်းကျိုးနေလို့ ... ပြီးတော့ အပြောင်းအလဲလေးများဖြစ်မလားဆိုပြီး မင်းတို့လိုလူတွေ ပြောတာကို ယုံကြည်ခဲ့မိလို့ နောက် မဲမထည့်ရင် အဖမ်းခံရမယ် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီးတွေးကြောက်လို့ ထဲ့ခဲ့ကြတာ ... အဲဒါကို မင်းက မင်းကိုထောက်ခံတဲ့သူရှိတယ်ဆိုပြီး ပြောနေလို့ ပြောရတာ .... ဒီရွေးကောက်ပွဲဟာ ဘာလဲ ... ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ... နောက်ဆုံးတော့ အဖြေထွက်လာတာပဲ မဟုတ်လား .... မင်း စေတနာမှန်မှန်နဲ့ တကယ်လုပ်ချင်တယ်ဆိုရင် ကြီးကြီးကျယ်ကျယ် ပြောနေမဲ့အစား ကိုယ်တတ်နိုင်တဲ့ ကိုယ်လုပ်နိုင်တဲ့နေရာ ဝင်လုပ်လိုက်ပါ .... မတန်မရာနဲ့ ပါတီခေါင်းဆောင်ကြီးဆိုပြီး လုပ်မနေပါနဲ့ကွာ မင်းနောက်မှာ မင်းကိုထောက်ခံလေးစားတယ်ဆိုတဲ့သူ ပြန်ဆန်းစစ်လိုက်ပါဦး တကယ်ကောဟုတ်ရဲ့လားဆိုတာ ....
တခြားတော့ မဟုတ်ပါဘူး အမြင်မတော်လို့ သတိပေးတာပါ လက်ခံတာ လက်မခံတာ မင်းအပိုင်းပါ