Thursday, September 29, 2011

NLD မှတ်ပုံတင်ခြင်းကို ပြင်းထန်စွာကန်.ကွက်သွားမည်

..


ဗ-က-ပ ကတော့ NLD ကို နည်းပရိယာယ် အသစ်ချမှတ်ဖို. အကြံပြုနေပြန်ပါပြီ။ ဘာလုပ်ရမှာလည်းလို.တော့ တိတိ ပပ မပြောပါ။ တိတိပပ ကိုလည်း မီဒီယာမှာ ပြောစရာမလိုပါ။ NLD က ကွန်မြူနစ်တွေကိုပြော လိုက် ရုံ ပါ ပဲ။ မြန်မာပြည် နိုင်ငံရေး မှာ ဖိုးသံချောင်း၊ ဦးဝင်းတင်နဲ. ဒေါ်အောင်ဆန်းစု ကြည်တို. အသံတွေ တူနေသရွေ.တော့ ဘယ်တော့မှ တိုင်းပြည်ငြိမ်းချမ်းမှာမဟုတ်ပါဘူး။ ၁၉၈၈ ကတည်း က ကွန်မြူနစ်တွေ ဟာ သူတို.ရဲ့မူဝါဒတွေအောင်မြင်ဖို. ဒေါ်စုကို အသုံးချခဲ့ကြတာပါ။ သူတို.ရဲ့လုပ်နည်းလုပ်ဟန်က ပထမ အဆင့်အစည်းဝေး ခန်းပြင်ပမှာ ဒေါ်စုကို နားသွင်းပါတယ်။ နားရည်ဝလောက်ပြီဆိုမှ အစည်းဝေးမှာတင်ပြ နောက်တော့ ဒေါ်စု က၀င် ရောက်ထောက်ခံဆွေးနွေးပြီး အတည်ဖြစ်ခဲ့ရတာပါ။ ဒီလိုနဲ.ပဲ ဒေါ်စု ပထမဆုံး အဖမ်းခံခဲ့ရတဲ့ အာဏာဖီဆန်ရေးလမ်းစဉ် ၁၉၈၉ မှာဖြစ်လာခဲ့ရတာပါ။အာ ဏာဖီဆန်ရေးလမ်းကြောင်းကို အန်တီစု ကပဲချမှတ်ခဲ့သယောင် ဦးဝင်တင်က RFA မှာပြောခဲ့ပါသေးတယ် မအောင်မြင်တဲ့ မူဝါဒ ကိုဒေါ်စုခေါင်းပေါ်ပုံချတာပါ။ နောက်ဆုံးကတော့ ပါတီမှတ်ပုံမတင်ရေး ရဲရဲတောက်တွေ နားသွင်းပြီး NLD ကိုနိဂုံးချုပ်စေခဲ့တာဖြစ်ပါတယ်။ အန်တီစု နားဝင်အောင်လည်း မီဒီယာတွေမှာ ကွန်မြူနစ် တွေက ၀ါဒမျိုးစုံဖြန်.ပေးပါတယ်။ အန်တီစု အကျယ်ချုပ်ကနေ နားဆင်နိုင်အောင်ပေါ့။ သက်ဆိုင်ရာ ဘီဘီစီ၊ ဗီအိုအေ အစရှိတဲ့ အသံလွှင့်ဌာနက လူတွေကလည်း နိုင်ငံရေးသမားတွေမဟုတ်တော့ဘယ်သိပါ့မလဲ။ ဒီမိုကရေစီ အမှန် တရားလက်ကိုင်ထား တယ်ဆိုတော့ ၂၀၁၀ ဆန်.ကျင်ရေး အသံလွှင့်ပေးလိုက်ကြတာ NLD ပါပျက်ပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့ကိန်းဆိုက်ခဲ့တော့တာဖြစ်ပါတယ်။ သူတို.မှာလည်း အပြစ်မရှိပါဘူး။ သူတို.က သာမန်ပညာတတ်မျိုးချစ်တွေပါ။ နိုင်ငံရေးသမားတွေမဟုတ်တော့ မှန်တယ်ထင်ရာအသံလွှင့်ရင်း အခုလိုတွေဖြစ်ကုန်ကြတာပါ။

ဒီလိုပြောလိုက်ပြီဆိုတော့ ပညာတတ်တစ်ယောက်ဖြစ်တဲ့ အန်တီစု က သူများပြောတာနားထောင်ပါ့မလား ဆိုတာ မေးစရာဖြစ်လာမှာပါ။ အန်တီစု က ပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ နိုင်ငံရေးသမားတစ်ယောက်မ ဟုတ်လေတော့ နိုင်ငံရေးသမား လူလယ်တွေရဲ့ အသုံးချတာကိုခံလိုက်ရတာဖြစ်ပါတယ်။ NLD က ကွန်မြူနစ်တွေကိုမေးကြည့်ပါ။ အားလုံးက အန်တီစု ဟာ နိုင်ငံရေးသမားမဟုတ်ဘူးလို.ပြောကြပါလိမ့်မယ်။ အခြားသော ကွန်မြူနစ်မဟုတ်တဲ့ NLD က လူကြီးများကိုမေးကြည့်ပါ။ သူတို.ကလည်းဒီတိုင်းပဲပြောပါလိမ့် မယ်။ နိုင်ငံရေးသမားမဟုတ်တော့ဘာဖြစ်လဲလို.မေးစရာရှိပါတယ်။ ဘာမှမဖြစ်ပါဘူး။ အန်တီစု ဟာ နိုင်ငံရေး သမားတစ်ယောက်မဖြစ်လည်း နိုင်ငံရေးလုပ်လို.ရပါတယ်။ တစ်ခုတော့ရှိပါတယ် အန်တီစု သာနိုင်ငံရေး သမားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ လူလယ်နိုင်ငံရေးသမားတွေအသုံးချတာ ခံရစရာ အကြောင်းမရှိ တော့ဘူးပေါ့။

နောက်ဆုံးအကြိမ် အန်တီစု ရဲ့ရွေ.ကွက်တွေဟာ နိုင်ငံရေးသမားတစ်ယောက်ရဲ့စတိုင်ဖြစ်ပါတယ်။ အန်တီစု ဟာ တစ်ချိန်တုန်းက အခုလို အကွက်မျိုးမရွေ.တတ်ပါဘူး။ အခုတော့ သူဟာအတွေ.အကြုံများသူပီပီ ဦးဝင်းတင် သဘောမတူတဲ့ ကြားထဲက ရွေ.ကွက်သစ်တွေကို ကစားနေတာပါ။ အန်တီစု က နိုင်ငံရေးသမား မဟုတ်လေတော့ UN ကိုယ်စားလှယ်ရဲ့ လူ့အခွင့်အရေးစုံစမ်းရေးကော်မရှင်ကိုထောက်ခံတာမျိုး နဲ့ဧရာဝတီကိစ္စမှာ ၀င်ပါမိလိုက်ရတဲ့ ပညာတတ် တစ်ယောက်ရဲ့ လုပ်ဟန်မျိုးလည်း တွေကို တွေ့မြင် နေရ ပြန်ပါ တယ်။ ဧရာဝတီအရေးဟာ ပတ်ဝန်းကျင် ထိန်းသိမ်းလိုရေးထက် အစိုးရကို အကြပ်အတည်းဖြစ်စေ ဖို့ရည်ရွယ်တဲ့ နိုင်ငံရေးသမားတွေရဲ့ကစားကွက်သာဖြစ်ပါတယ်။ ဧရာဝတီပန်ကြားလွှာကို အန်တီစု ကိုယ်တိုင် တင်ပြလာတော့ ထာဝရအမှန်တရားလိုဖြစ်ပြီး အဆိုတော်တွေရော၊ စာရေးဆရာတွေရော၊ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူပါမကျန်ဝင်ပါစေခဲ့သော အစိုးရနဲ့ ထိပ်တိုက်တွေ့ စတဲ့ နိုင်ငံရေး ကစား ကွက်ပဲဖြစ်ပါတယ်။ အန်တီစု နာမယ်နဲ့ကြေငြာတဲ့ ဧရာဝတီပန်ကြားလွှာကို ဘယ်သူရေးပေးခဲ့သလဲ၊ ဒါကိုထုတ်ပြန်ဖို့ အန်တီစုကို ဘယ်သူက  နှပ် ကြောင်းပေးခဲ့သလဲ။ ကွန်မြူနစ်တွေက ဧရာဝတီကို အကြောင်းပြပြီး လူထုတိုက်ပွဲဖြစ်လာနိုး လှုံဆော်ဖို.ကြိုးစားနေကြတာပါ။ (ကွန်မြူနစ်တွေပြောသလို   မြစ်ဆုံဆည်ကြောင့် ဧရာဝတီတကယ်ခမ်းသွားမယ်ဆိုတာ သေချာရင် ဆက်ပြီးတော့သာ မြန်မြန် ဆောက်ခိုင်းလိုက်စမ်းပါ။ မြစ်ကြီး တကယ်ခမ်းသွားရင် အစိုးရ ပြဿနာတကယ်တက်ပြီပေါ့။)

နေပြည်တော်က ဆွေးနွေးပွဲကိုတက်တာ၊ ဘောလုံးပွဲသွားကြည့်တာ၊ အပြောင်းအလဲဖြစ်နိုင်တယ်လို့ပြော လိုက်တာ၊ တိုင်းရင်းသားများအရေး သူပါဝင်မယ်လို့ကမ်းလှမ်းတာ၊ နေပြည်တော်အရောက်မှာ ဗိုလ်ချုပ်မှုးကြီး ကိုလည်းတွေ့ချင်တဲ့အကြောင်းတွေပြောတာ။ သမ္မတ ကတော်နဲ့တွေ့တာ။ စသည်ဖြင့်တို့ ဟာ နိုင်ငံရေးသမားတစ်ယောက်သာလျှင် ရွေ့တဲ့အကွက်တွေဖြစ်ပါတယ်။ အန်တီစု ဟာ တစ်ချိန်က ဒီလို အကွက်မျိုးတွေ ကစားခဲ့တာမဟုတ်ပါဘူး။ အန်တီစု "Grand Master" တစ်ယောက်ဖြစ်လာပါပြီ။

မက်စ်ဝါဒ ဟာ တရားသေမဟုတ်ဘူးဆိုတဲ့ အယူအဆအရ နည်းပရိယာယ်တွေဟာ အမြဲတန်းပြောင်းနေရမယ် ဆိုတဲ့ မူဝါဒ ကို ဗ-က-ပ နဲ့ မြန်မာပြည်က ကွန် မြူနစ် တွေက လက်ခံ ပါတယ်။ မက်စ်ဝါဒ က တရား သေမဟုတ်ဘူးလို့နားသွင်းခံရပြီး ဘာမှန်းညာမှန်းမသိ ကွန်မြူနစ်ဖြစ်သွားသူ လူငယ်တွေ လည်း အများအပြားရှိပါ တယ်။ ဗ-က-ပ ခေါင်းဆောင်တွေဟာ ဥရောပမှာပညာသင်နေတဲ့  သူတို့သားသမီးတွေကို တရုပ် မြန်မာနယ်စပ် သံဆူးကြိုးဝိုင်းထဲက ဗ-က-ပ ဌာနာချုပ် ကိုခေါ်ပြီး မက်စ်ဝါဒ ဟာ တရားသေမဟုတ်ကြောင်း သင်ပေးပြီး မြစ်ဆုံရေကာတာကိုကန့်ကွက်ဖို့ မြန်မာပြည်ထဲကိုပြန် လွှတ် သင့်ပါတယ်။

အန်တီစု က NLD နှစ်ပတ်လည်မှာ မပြောင်းလဲဘူး ဆိုတာမျိုးဟာ NLD ရဲ့မူဝါဒ မဟုတ်ဘူးလို့ပြော ခဲ့ပါတယ်။ ပြောင်းလဲရမယ်ဆိုတဲ့ အယူအဆကိုတော့ ဦးဝင်းတင်ကလက်ခံခဲ့ပါတယ် ကွန်မြူနစ်အယူအ ဆနဲ့တစ်ထပ်တည်းကျလို့ဖြစ်ပါတယ်။တစ်ခုရှိတာကတော့ ပြောင်း လဲ ရမယ်ဆိုတာ ကွန်မြူနစ် တွေ သာလျှင် လက်ခံတဲ့အယူအဆတော့မဟုတ်ပါဘူး။

NLD ကမပြောင်းလဲပဲ ဆက်လက်ဆုပ်ကိုင်ထားတဲ့မူဝါဒ ကတော့ တွေ့ဆုံဆွေးနွေးရေးမူဝါဒပဲဖြစ်ပါတယ်။ အမှန်ကတော့ တွေ့ဆုံဆွေးနွေးရေးမူဝါဒ ဟာ ဟုတ်သယောင်ယောင်နဲ့ အလုပ်မဖြစ်တဲ့အရာဖြစ်နေခဲ့တာ ပါ။ တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုစရာမလိုပါ။ နည်းနာအချို့ကိုပြင်လိုက်ရင် စကားပြောခန်းက အလိုလို ရောက်လာမှဖြစ်ပါတယ်။ နည်းနာအချို့ကိုပြင်ပြီး စကားပြောခန်းရောက်အောင်လုပ်တဲ့အလုပ်ကို ကွန်မြူနစ် တွေကမလုပ်တတ်ပါဘူး။ သို့မဟုတ်လည်း လုပ်လေ့မရှိပါဘူး၊ ကွန်မြူနစ်ရဲ့အလုပ်က တိုက်ပွဲနဲ့ အောင်ပွဲပဲ ရှိပါတယ်။ အန်တီစု က တစ်ချိန်တုန်းကတော့ တိုက်ပွဲနဲ့ အောင်ပွဲအကြောင်းပြောလေ့ရှိပါတယ်။ အခုတော့ သိပ်မပြောတော့ပါဘူး။

အန်တီစု လုပ်ရမဲ့အလုပ်က တွေ့ဆုံဆွေးနွေးရေးလည်းမဟုတ်ပါဘူး၊ တိုက်ပွဲလည်းမဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ပါတီမှာ နာယက အဖြစ်ဝင်ရောက်ဦးဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက အန်တီစု ကို ကျွန်တော်တို့ကမ်းလှမ်းထားခဲ့ပါတယ်။ (၂၉- ၇-၂၀၁၁) နေ့စွဲနဲ့ ယခုဘလောက်စာမျက်နှာမှပြန်လည်ဖတ်ရှုနိုင်ပါတယ်။ ကျွန်တော်တို့ဟာ လူအပြောခံ (သို့) နိုင်ငံရေး သေရင်သေပစေ အမှန်တရားကိုပဲပြောမယ်ဆိုပြီး ရွေးကောက်ပွဲဝင်နိုင်ငံရေးကို ပါဝင်ဖို့ အရင်ဆုံးပြောခဲ့တဲ့ သူတွေဖြစ်ပါတယ်။ အခုမှ NLD ကဦးဥာဏ်ဝင်းက မီဒီယာမှာ စစ်အစိုးရဟာပြောင်းလည်းလာ သယောင်ရှိလို့ ပဲမှတ်ပုံပြန်တင်တော့မလိုလိုပြောလာပါပြီ။ အခုလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ကကြိုသိလို့ ဒီလမ်းကိုလျှောက်ခဲ့ကြတာပါ။ နိုင်ငံရေးဟာ ဘယ်အကွက်ရွှေ့ရင်ဘာဖြစ်မယ်ဆိုတာ ကြိုမြင်နိုင်သူတွေပဲလုပ်သင့်ပါတယ်။ ဒါကို သာမန်ပညာတတ်တွေ မသိနိုင်ပါဘူး။ နိုင်ငံရေးသမားတွေ သာသိနိုင်ပါတယ်။ အဲဒီလိုသိတဲ့အသိမျိုးကို နိုင်ငံရေးသမားပညာ လို့ခေါ်ပါတယ်။ ဗီဇ စိတ်နဲ့ဆိုင်ပါတယ်၊ သင်ယူလို့မတတ်မြောက်နိုင်ပါဘူး။ (ကျွန်တော်တို့ပါတီဥက္ကဌနဲ့ အန်တီစု ရက်ပိုင်းအတွင်းက တွေ့ဆုံခဲ့ပါတယ်။)

အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ဆန့်ကျင် တာ ဟာ မြန်မာပြည်နိုင်ငံရေးမှာ အလွန်လွယ်တဲ့ဖြစ်စဉ်တစ်ခု အဖြစ်ရှိခဲ့ပါတယ်။ ခက်ခဲတာက အစိုးရရဲ့ ဆောင်ရွက်ချက်တွေထဲက ဘယ်အချက်ကို လက်ခံမလဲဆိုတာက ခက်ခဲတာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ ခက်ခဲတဲ့ မူဝါဒတွေကိုပဲချမှတ်ခဲ့ပါတယ်။ ခက်ခဲတဲ့မူဝါဒကို ချမှတ်တယ်ဆို မှတော့ အလွန်ကိုပဲမလွယ်တဲ့ကိစ္စဖြစ်ပါတယ်။

အကယ်၍များ NLD ကိုမှတ်ပုံပြန်တင်ခဲ့ရင် သမိုင်းမှာ အလွန်မှားယွင်းတဲ့အမဲစက်ဖြစ်ပါလိမ့်မယ်။ မှတ်ပုံပြန်တင်ခဲ့ရင် အန်တီစု မျက်နှာနဲ့ NLD က လူရှုပ်တွေ အာဏာ ရပြီး သမိုင်းအလွန်နာပါလိမ့်မယ်။ အခုလာမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တာမျိုးမလုပ်ဖို့ အန်တီစု ကို အထူးပဲမေတ္တာရပ်ခံလိုက်ပါတယ်။ အန်တီစု ကျွန်တော်တို့ပါတီကို ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ရံပုံငွေ ထည့်ဝင်ပါရန်လည်း တောင်းခံလိုက်ပါတယ်။

NLD ဟာ ပါတီမှတ်ပုံပြန်တင်မယ်ဆိုရင်တော့အောက်ပါအချက်များကိုမလွဲမသွေလုပ်ဆောင်ရပါလိမ့်မယ်။

၁။ တစ်ချိန်က မှတ်ပုံမတင်ခဲ့တာ မှားယွင်းကြောင်း ပြည်သူတွေနဲ့   အခြားမှတ်ပုံတင်ခဲ့တဲ့ ပါတီများကိုဝန်ချတောင်းပန်ပါ။

၂။ မှတ်ပုံမတင်ဖို့ရဲရဲတောက် တင်ပြခဲ့ကြတဲ့ NLD ခေါင်းဆောင် များကို ပါတီဦးဆောင်မှုမှ ထုတ်ပယ်ပါ။

၃။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးကြိုးပမ်းသူတွေကို မဲမထဲ့ဖို့ လှုံ့ဆော်ခဲ့တာ မှားယွင်းတဲ့မူဝါဒ ဖြစ်ခဲ့ကြောင်း ၀န်ခံပါ။

၎။ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မဲ့ ဒီမိုကရေစီအရေးကြိုးပမ်းတဲ့ နိုင်ငံရေးပါတီတွေကို မဲထဲ့ကြဖို့ ပြည်သူများကို မေတ္တာရပ်ခံပါ။

၅။ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ လုံးဝ ၀င်မပါပါနဲ.။

၆။ ပြည်ပရင်းနှီးမြုပ်နှံမှုများပြန်လည် ၀င်ရောက်လာစေဖို့ နိုင်ငံတကာကို ဖိတ်ခေါ်ပါ။

၇။ NLD ကိုပြန်လည်မှတ်ပုံတင်တာထက် ၂၀၁၀ မှာ မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီကကိုယ်စားလှယ်တွေ ကိုပါဝင်စေပြီး အမျိုးသားကွန်ဂရက် သဘောသက်ဝင်တဲ့ နိုင်ငံရေးပါတီတစ်ရပ်ကိုတည်ထောင်ပါ။ (ပါတီငယ်တွေကို ဖြည်းဖြည်းခြင်း ဖျက်ပေါင်းပေါင်း စေဖို့ခွင့်ပြုနိုင်ရမှာဖြစ်ပါတယ်။)

၈။ ၂၀၁၅ ရွေးကောက်ပွဲကို မျိုးဆက်သစ်များနဲ့ယှဉ်ပြိုင်ပါ။

၉။ လမ်းပေါ်ထွက် နိုင်ငံရေးကိုတတ်နိုင်သမျှရှောင်ရှားဖို့ မျိုးဆက်သစ်များကို ဆွေးနွေးပါ။



...







ကချင်ပြည်နယ် ရှိ လီဆူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ကိုလေ့လာပါ

..


ကချင်သတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။


Details     Category: [LINK=/ဆောင်းပါး/ယဉ်ကျေးမှု.html]ယဉ်ကျေးမှု[/LINK]    Published on Saturday, 19 February 2011 16:48        Written by Nu Pan/KNG    
lisu_festival_myitkyina
မြန်မာစစ်အစိုးရမှ ကချင်ပြည်နယ် မြစ်ကြီးနားတွင် စီစဉ်ကျင်းပတဲ့ ကချင်မျိုးနွယ်စု လီဆူရိုးရာပွဲတော်။ ဓါးသွားလှေကားထစ် ပြင်ဆင်နေပုံ။

ကချင်မျိုးနွယ်စု လီဆူတိုင်းရင်းသားလူမျိုးတွေဟာ ခရစ်ယာန်အဖြစ်ပြောင်းလဲလာကတည်းက နှစ်အတော်ကြာ “နတ်ပူဇော်ကျင်းပတဲ့ရိုးရာ” တွေကို လျစ်လျူရှုမေ့ပျောက်နေခဲ့ကြတာပါ။

ဒီယဉ်ကျေးမှုတွေကို ကချင်ပြည်နယ်မြစ်ကြီးနား အာဏာပိုင်တွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရိုးရာမပပျောက်သွားအောင်လို့ နတ်ပူဇော်ကိုးကွယ်ဆဲဖြစ်တဲ့ တရုတ်ပြည်က လီဆူလူမျိုးတွေနဲ့ တနိုင်ငံလုံးကလီဆူးများအားလုံးကိုခေါ်ယူပြီး စီစဉ်ကျင်းပနေကြောင်း ဒေသခံကတွေက ပြောပါတယ်။

မိရိုးဖလာနတ်စားကာလက ကျင်းပခဲ့ကြတဲ့ လီဆူမျိုးနွယ်စုတွေရဲ့ ရိုးရာဓလေ့ဖြစ်ခဲ့ကြတဲ့ ချွန်ထက်တဲ့ဓါးသွား ၅၀ ထက်မနည်းနဲ့ လှေကားထစ်လုပ်ထားတဲ့အပေါ် နတ်ပူးတက်ပြတဲ့ပွဲကို နှစ်သစ်ကူးပွဲတော်နဲ့ပူးတွဲ လုပ်ဆောင်ပေးခြင်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ပထမဦးဆုံးအကြိမ် ကျင်းပနေတာဖြစ်တယ်လို့ ပါဝင်ခဲ့သူ ဒေသခံလီဆူအမျိုးသမီးက ပြောပါတယ်။
မကြုံဖူးဘူး အဲဒါသိသလောက်တော့သွားကြတာပဲ။ နတ်ကိုးကွယ်တယ်ဆိုတော့ ဒီမှာတော့မရှိတော့ဘူးလေ တရုတ်ပြည်ဘက်မှာ ပဲရှိကြတာကော။ ဘာလို့လဲဆိုတော့ အဲဒီမှာဓါးတက်ပွဲလို့ပြောတယ်လေ ဒီညကျတော့ မီးနင်းမယ်လို့ပြောတယ်။ စော်ဘွားမျိုးရိုးတွေမှ တက်လို့ရတယ်တဲ့ ကျန်တဲ့အမျိုးတွေက တက်လို့မရဘူးလို့ပြောတယ်။ အခုဒီနတ်ပူဇော်တာတွေဘာတွေကတော့ တရုတ်ပြည်ကလာတဲ့ လူတွေပဲလုပ်တာ ဒီကလူတွေကမလုပ်ဘူး။ အခုမီးနင်းတယ်ဆိုတာတွေ၊ လှေကားတက်တယ်ဆိုတာတွေ အကုန်လုံးက တရုတ်ပြည်က လာတာလေ။ တရုတ်ပြည်က လူခူးဘက်မှာအုပ်ချုပ်တဲ့အရာရှိကြီးပေါ့ လီဆူထဲမှာအကြီးဆုံးတွေက လာပြီးမှ ဦးစီးဦးဆောင်ပြီးမှ လုပ်တာလေ။
ခရစ်ယာန်ဘာသာကို ရိုသေကိုင်းရှိုင်းကြတဲ့ လီဆူလူမျိုးတွေကို အခုချိန်မှာမှနတ်စားခေတ်က ရိုးရာတွေပါထိန်းသိမ်းအောင် အာဏာပိုင်တွေက တိုက်တွန်းပြီးအားပေးအားမြှောက် သီးသန့်ခွဲထုတ်လုပ်ကျင်းပပေးခြင်းဟာ အဓိကရည်ရွယ်ချက် ရှိနေတယ်လို့ ကချင်တိုင်းရင်းသားထုရိုးရာကော်မတီအဖွဲ့ ကပြောပါတယ်။
ဘာ့ကြောင့်လဲဆိုရင် ကချင်တိုင်းရင်းသားထုစုပေါင်းဖွဲ့စည်းထားတဲ့ ယဉ်ကျေးမှုကော်မတီနဲ့ ခုလိုရိုးရာပွဲတော်တွေ အတူတကွလုပ်လေ့ရှိပေမယ့် အာဏာပိုင်တွေက ကော်မတီကို ပါဝင်ပတ်သက်ခွင့်မပေးပဲ လီဆူလူမျိုးများအဖြစ် သီးသန့်ခွဲထုတ်ပြီး ကူညီဆောင်ရွက်ပေးနေခြင်းဟာ အချင်းချင်းညီညွတ်မှုမရှိအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ယဉ်ကျေးမှုအဖွဲ့ဝင် တစ်ယောက်ပြောပါတယ်။
“ဒီပွဲဟာ သူတို့အစွမ်းအစနဲ့လုပ်တာမဟုတ်ပါဘူး။ ဓါးသွားကိုလှေကားထစ်လုပ်ပြီးတက်တယ် သလောက်ချွန်ထက်တဲ့ ဓါးသွားပေါ်မှာဘယ်လိုလို့သာမာန်လူက တက်နိုင်မှာလဲနတ်နဲ့လုပ်တာလေ။ နောက်ပြီး ခေါင်းပေါ်မှာအသီးတင်ထားပြီး လေးပစ်တာတို့ပါတယ်လေ ဒါကလီဆူတွေ တရုတ်ပြည်မှာပဲလုပ်ကြတာ။ သူတို့ရဲ့ရိုးရာကိုချီးမြှောက်ပေးတယ်ဆိုတာ ကောင်းပါတယ် ဒါပေမယ့် အတူတကွပူးတွဲပြီးလည်း လုပ်လို့ရတဲ့ဟာဖြစ်တယ်။ တကယ်လို့ သူတို့ ယဉ်ကျေးမှုပွဲတော်ဆိုရင် တိုင်းရင်းသားထု ယဉ်ကျေးမှုကော်မတီနဲ့ ပူးတွဲလုပ်ဆောင်ရတာ။ အမှန်ဆို မနောဝင်းကြီးမှာတောင်လုပ်လို့ရတယ်။ ဒါကြောင့် ဒီပွဲကတော့ သွေးခွဲအောင်စစ်အစိုးရက အားပေးပြီးလုပ်ပေးတာဖြစ်တယ်။”
လတ်တလော ကချင်တိုင်းရင်းသားများထဲက လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာစစ်တွေကြား ပဋိပက္ခဖြစ်နေချိန်ဖြစ်ပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ချိန် တိုင်းရင်းသားစည်းလုံးမှုအင်အားနည်း လာအောင် လူစုခွဲစည်းရုံးနေခြင်း ဖြစ်တယ်လို့ ဒေသခံနိုင်ငံရေးသုံးသပ်သူများကမြင်ပါတယ်။
ခုလိုစစ်အစိုးရရဲ့ သွေးခွဲတဲ့စနစ်ဟာလည်း မြန်မာနိုင်ငံက တိုင်းရင်းသားများအားလုံးမှာရှိနေကြသလို ခုလီဆူနဲ့ ကချင်ကြားထဲမှာလည်း ဘာမှမပတ်သက်ပါဘူးဆိုတဲ့ မတူညီတဲ့ရိုးရာတွေနဲ့ စိတ်ဝမ်းကွဲအောင်စည်းရုံးနေခြင်းဖြစ်တယ်လို့ ကချင်လူငယ်ခေါင်းဆောင် တစ်ယောက်ကခုလိုအမြင်ကိုသုံးသပ်ပါတယ်။
ကျွန်တော့်အမြင်နဲ့ပြောရရင် ဒါကရှင်းပါတယ်။ အစိုးရရဲ့သွေးခွဲတာ အမျိုးမျိုးကြုံနေရတာက ကျွန်တော်တို့ ကချင်ထဲမှာပဲ မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုးတိုင်းမှာ ဥပမာ ကရင်မှာဆိုရင်လည်း စကောကရင်၊ ပိုးကရင်ကရင်ဗုဒ္ဒ၊ ကရင်ခရယာန်ဆိုပြီး ခွဲခြားသလိုမျိုးပဲ ကျွန်တော်တို့ကချင်မှာလည်း ဘာသာရေးမှာရော ယဉ်ကျေးမှုမှာရော အဲလိုမျိုးအမျိုးမျိုး အခုလီဆူ တိုင်းရင်းသားပွဲလုပ်တယ်ဆိုတာက ဒီယဉ်ကျေးမှုကိုအားပေးတယ်။ ယဉ်ကျေးမှုကို ဒီလိုမျိုးလုပ်ပေးတယ်ဆိုတာက ကောင်းပါတယ် ဒါပေမယ့် ဒီလီဆူတိုင်းရင်းသားတွေရဲ့ ခံယူချက်ကသူတို့လုပ်ပေးတယ် အဲလိုမျိုးပဲသူတို့မြင်မှာ ဟိုကျယ်ကျယ်ပြန့်ပြန့်တော့သူတို့မြင်မှာ မဟုတ်ဘူး။ ပွဲလုပ်ရရင်ကျေနပ်နေမှာပဲ။ ဒီနအဖအစိုးရက သူတို့ကိုသွေးခွဲတာ ပြီးတော့ကြံ့ခိုင်ရေးပါတီမှာ အများကြီးပါလာအောင် သူတို့စည်းရုံးတာ အဲလိုမျိုးပေါ့။ သူတို့ရဲ့မူအရ လုပ်သွားတယ်လို့ပဲ ကျွန်တော်မြင်တယ်။
lisu_festival_myitkyina_kng
ပွဲတော်အတွင်း အံ့သြဖွယ်ဓါးသွားလှေကားထစ် တက်ပြနေပုံ။
မြန်မာစစ်အစိုးရဟာ ကချင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်ကြတဲ့ ရ၀မ်နဲ့ လီဆူလူမျိုးတွေကိုပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလည်း ကချင်ထဲကဖယ်ထုတ်ပြီး သီးသန့်ပါတီဖွဲ့ပေးခဲ့ပါတယ်။
နောက်ပြီးရ၀မ်လူမျိုးထဲမှလည်း ဦးအဒန်ကို ရ၀မ်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အဖြစ် လက်နက်ရိက္ခာ ကူညီထောက်ပံ့ပေးပြီး ပူတာအိုမှာ တပ်ဖွဲ့စည်းပေးခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်းယဉ်ကျေးမှုကော်မတီက ဦးစီးပြီး တိုင်းရင်းသားစည်းလုံးမှုခွန်အားဖြစ်စေတဲ့ ကချင်ပြည်နယ်နေ့ မနောပွဲတော်ကိုလည်း ဒီနှစ်မှာကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့နဲ့ အာဏာပိုင်ခေါင်းဆောင်းများက စစ်တပ်အင်အားသုံးပြီး ဦးဆောင်ကျင်းပခဲ့တဲ့အတွက် အရင်နှစ်တွေလိုလူထုကတက်ကြွစွာပါဝင်မှုမရှိပဲ စိုးရိမ်ကြောက်လန့်နေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာပိုင်တွေက ခုလိုတိုင်းရင်းသားရိုးရာပွဲတော်တွေကိုဦးဆောင်ကျင်းပတယ်ဆိုလို့ နိုင်ငံတော်ဘဏ္ဍာထဲက ကူညီပေးခြင်းမဟုတ်ပဲ ငွေကြေးတတ်နိုင်သူများအပါဝင် လူထုများဆီကအဓမ္မကောက်ခံမှုတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုကျင်းပနေတဲ့ လီဆူရိုးရာပွဲတော်အတွက်လည်း ကောက်ခံမှုတွေရှိတယ်လို့ ဒေသခံလီဆူးအမျိုးသမီးက ပြောပါတယ်။
“သူတို့ရံဘုံငွေလည်း ကောက်တယ်တဲ့။ မုဆိုးမဆီမှာလည်း မရှိဘူးဆိုရင်လည်း ကျပ် ၅၀၀ လောက်ပေါ့နော် အဲလိုမျိုးကောက်ပြီး မှ လုပ်တယ်လို့ပြောတယ်။ ရှိတဲ့လူက သောင်းငွေ၊ သိန်းငွေပေါ့နော် မရှိတဲ့လူက ငါးရာတစ်ထောင်ပေါ့နော် အဲလိုမျိုးကောက်တယ်လို့ ပြောတယ်။”
ဒါပေမယ့်ခုလိုပွဲတော်မျိုးကို မကြုံခဲ့ကြတဲ့လီဆူတိုင်းရင်းသားတချို့တွေအတွက်ကတော့ အားရကျေနပ်ပြီး လီဆူလူမျိုးတွေရဲ့ရိုးရာနဲ့ ဓလေ့ကိုလူများပိုသိလာပြီး ထင်ပေါ်တဲ့မျိုးနွယ်စုတမျိုးဖြစ်လာမှာကို လိုလားတယ်လို့ပြောပါတယ်။
“အခုလီဆူရိုးရာဆိုတော့ လီဆူးတွေကဘယ်လောက်တိုးတက်တယ် လီဆူတွေပညာတတ်တာ ဘယ်နှစ်ယောက်ရှိတယ် ဆိုတာပြခန်းတွေမှာ ပြထားတယ်လေ။ ဘော်လုံးသမားတွေက ဘယ်လောက်၊ ဆရာဝန်တွေကဘယ်နှစ်ယောက်ရှိတယ်၊ နောက် အားကစားသမားတွေက ထူးချွန်တဲ့လူကဘယ်လောက်ပေါ့၊ ပြီးရင် အဆိုတော်တွေဘာညာပေါ့နော် ပြီးရင် အရင်တုံးက စစ်တိုက်တဲ့အချိန်ပါခဲ့တဲ့ သူရဲကောင်းတွေအကုန်လုံး ပြခန်းမှာပြထားတာပေါ့နော်။ လီဆူလူမျိုးတွေလည်း သူများလူမျိုးတွေ လည်း ပိုပြီးမှ ပိုသိလာတာပေါ့။ အရင်ကတော့ လီဆူလူမျိုးဆိုရင် လူတွေအကုန်လုံးက အထင်သေးတာ ပေါ့နော်။ အခုကအဲလိုမျိုး တစ်နှစ်တစ်ခါပွဲကျင်းပပြီးမှ လုပ်နိုင်တယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ထင်တယ်လေ။”
ဒီလိုပွဲတော်ကို မြစ်ကြီးနားမြို့လယ် ရမ်ဘိုရပ်ကွက် ခေမာသီရိမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၄ရက်ကြာ ကျင်းပပြီး အာဏာပိုင်များဖက်ကမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နဲ့ ပြည်သူ့လွှတ်တော် အမတ်သိန်းဇော်တို့ တက်ရောက်အားပေးကြည့်ရှုခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်ပြည်နယ်နဲ့ တနိုင်ငံလုံးမှာရှိတဲ့ လီဆူလူမျိုးများအပြင် မြစ်ကြီးနားက ဒေသခံပေါင်းစုံ ဓါးတက်ပွဲကို စိတ်ဝင်စားသူ ၂သောင်းကျော်ခန့်လာရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။




...

Sunday, September 4, 2011

ဆင်းရဲမွဲတေမှုပပြောက်ရေးအတွက် ကျွန်ုပ်တို.ပါတီ၏မူဝါဒ



မြန်မာပြည်မှာ ဆင်းရဲမွဲတေမှုပြဿနာရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ သယ်ယူပို.ဆောင်ရေး စရိတ်စက ကြီးမြင့်တာက ထိပ်ဆုံးကပါဝင်ပါတယ်။ သိန်းပေါင်းထောင်ချီနေတဲ့ ကားတန်ဘိုးတွေကို ကာမိအောင် ကား ခတွေမြှင့်တင်ထားရတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ကားတစ်စီးရဲ့တန်ဖိုးက မြင့်မားသလို ကားအပို ပစ္စည်းများရဲ့တန်ဘိုးလည်း မြင့်မားလွန်းလို. ကားပြုပြင်ထိန်းသိမ်းစရိတ်ကလည်း မသေးလှပါဘူး။

ကားဈေးတွေ ကြီးမြင့်ရတာကတော့ စစ်အစိုးရရဲ့ သွင်းကုန်ဆိုင်ရာမူဝါဒများကြောင့်ပဲဖြစ်ပါတယ်။ ခရီးသည် တင်ယဉ်တစ်စီး သိန်း ဆယ်ဂဏန်းကနေ ထောင်ဂဏန်းဖြစ်လာတာ ကို ခါးဆီးခံရသူက ပြည်သူများပဲဖြစ်ပါ တယ်။ ဇိမ်ခံကားတွေ ဈေးမြင့်မားမှုကိုလည်း ပြည်သူပဲခံစားရတာပါ။ ဆင်းရဲသားပြည်သူကားမစီးနိုင် လို. သူတို.နဲ.မဆိုင်ဘူးလို.ပြောလို.မရပါဘူး။ မြန်မာပြည်သူတွေဟာ လူသုံးကုန်ပစ္စည်းမျိုးစုံကို ကမ္ဘာ.ပေါက်ဈေး ထက် အဆများစွာဈေးကြီးပေးဝယ်သုံးနေရပါတယ်။ ခေတ်အဆက်အဆက်ဖြစ်ပါတယ်။

တည်ဆဲအစိုးရနေနဲ. သွင်းကုန်ဆိုင်ရာမူဝါဒတွေကို လုံးလုံးလျှားလျှား ပြင်ဆင်သင့်ပြီဖြစ်ပါတယ်။ မြန်မာ ပြည်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ပြည်တွင်းမှာ ကားထုတ်လုပ်မှုများ မြင့်တက်လာခဲ့ပါတယ်။ အစိုးရဟာ ကမ္ဘာပေါ်မှာ ခေတ်မမှီတော့တဲ့ သွင်းကုန်အစားထိုးရေးမူဝါဒတွေကို ကျင်သုံးလာတာကိုလည်းတွေ.ရပြန်ပါ သေးတယ်။ ကားထုတ်လုပ်သူလုပ်ငန်းရှင်တွေနဲ. စစ်အစိုးရလက်ထက် ဗိုလ်ချုပ်များ နဲ.ဆက်ဆံရေးပြေ လည်မှုကလည်း ကားတင်သွင်းခွင့်တွေကို တင်းကြပ်စေခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်များရဲ့ အစုရှယ်ရာတွေ ကား ထုတ်လုပ်ရေး ကုမ္ပဏီတွေမှာ ပါဝင်နေတဲ့အတွက်ဖြစ်ပါတယ်။ ဦးပိုင်ကုမ္ပဏီကလည်း ကားထုတ်လုပ် မှု ရှယ်ရာ အများဆုံးပိုင်ဆိုင်သူတွေထဲက တစ်ခုဖြစ်ပါတယ်။

နည်းပညာ အဆင့်မမှီရင် ကားဝယ်သုံးသူတွေဟာ နိုင်ငံခြားကတင်သွင်းတဲ့ကားကိုပဲ ၀ယ်ယူမှာဖြစ်ပါတယ်။ သွင်းကုန်အစားထိုးရေးမူဝါဒကြောင့် ပြည်တွင်းကားထုတ်လုပ်မှုတွေကို ကာကွယ်တယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ. ပြည်ပ ကားတင်သွင်းမှုကို ပိတ်ပင်တာက နောက်ဆုံးအကြောင်းပြချက်ဖြစ်ပါတယ်။

ဈေးကွက်စီးပွားရေးမှာ အဆင့်မမှီရင် ယှဉ်ပြိုင်လို.မရနိုင်ပါဘူး။ ပြည်သူတွေဟာ အဆင့်နိမ့်ပြီး ဈေးကြီး တဲ့ ပစ္စည်းတွေကို ၀ယ်ယူသုံးစွဲရမယ်ဆိုရင် ဆင်းရဲမွဲတေမှုကို ဘယ်တော့မှ တိုက်ဖျက်နိုင်မယ်မဟုတ်တော့ပါ ဘူး။

အစိုးရမင်းများအနေဖြင့် ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်လိုတယ်ဆိုရင်-- သွင်းကုန်အစားထိုးရေးမူဝါဒကို စွန်.လွတ်ပါ။ သွင်းကုန်နဲ.ပို.ကုန် အတားအဆီးများကို ဖယ်ရှားပေးပါ။ ဦးပိုင်နဲ. စစ်အစိုးရလက်ဝေခံ ကုမ္ပဏီများ ကို အခွင့် ထူးများပေးခြင်းအား ချက်ခြင်းရုတ်သိမ်းပေးပါ။ စစ်မှန်သောဈေးကွက်စီးပွားရေးကိုဖေါ်ဆောင်ပါ။ အရှုံးပေါ် နေသော နိုင်ငံပိုင်လုပ်ငန်းများအားလုံး ရောင်းချပစ်ပါ။ ပြည်သူများအတွက် တန်းဖိုးနဲ အိမ်ယာ များကိုမြောက်များစွာ ဆောက်လုပ်ပါ။ ပြည်တွင်းပြည်ပ တယ်လီဖုန်းခေါ်ဆိုခနှုံးထားများလျှော့ချပေးပါ။ အင်တာနက်လိုင်း အမြန်နှုံးများမြှင့်တင်ပါ ။ နိုင်ငံရေးအကျဉ်းသားများနဲ. နိုင်ငံတကာမှ စီးပွားပိတ်ဆို.မှုဖွင့်လှစ်ရေး အလဲအလှယ်လုပ်ပါ။ ဘဏ်အတိုး နှုံးများ ယခုလျှော့ချထားသော ၁၀% မှ ၆ % ထိလျှော့ချပေးပါ ဗဟိုဘဏ်အတိုးနှုံးကို လည်းလျှော့ချပေးပါ။ ဒေါ်လာငွေကို ကျပ် ၅၀၀ ခန်.နဲ. နှုံးရှင်မျှောထားပါ။ နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းများကို ၂ နှစ်ခန်.ရပ်နားပေးပါ။ မြို.ကြီးများမှ ဘတ်စ် ကားများကို ချောင်ချိစွာသွားလာနိုင်အောင်စီစဉ်ပါ။ ကမ္ဘာမှာ ဘတ်စ် ကားတွေ ကြပ်တာဆိုလို. မြန်မာတစ်နိုင်ငံပဲရှိတော့ပါတယ်။ နိုင်ငံခြားကုမ္ပဏီများနဲ.လုပ်ငန်းစာချုပ်တွေချုပ်ဆိုတဲ့အခါ တန်းဘိုးတွက်မှုကိုသေချာစွာဆောင်ရွက်ပါ၊ သူတို.ဟာ ပစ္စည်းတန်ဘိုးကို ၂ ဆ ၃ ဆ မတန်တဆဈေးတင်လေ့ရှိပါတယ်။ အချို.၀န်ကြီးများက လာဘ်စားပြီး ဈေးမဆစ်တော့ပါ။လုပ်ငန်းရှင်ကြီးများရဲ့အခွန်ရှောင်မှုကို ဖေါ်ထုပ်ပါ။ သမ၀ါယမ ၀န်ကြီးဌာနကိုဖျက်သိမ်းပေးပါ။ GEC ကဲ့သို.သော သမ၀ါယမအသင်းများကိုလည်းဖျက်ပါ။ အထွေထွေလွတ်ငြိမ်းချမ်း သာခွင့်အမိန်.ထုတ်ပြန်ပါ။  စစ်ဗိုလ်ချုပ်ကြီးများကိုလည်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါဝင် ခွင့်ပြုလိုက်ပါတယ်။ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတစွာလုပ်ပါ။ ရန်ကုန်တက္ကသိုလ်ကို အရှေ.တောင်အာရှအဆင့်သို. မြှင့်တင်ပါ။ ပြည်ပ သို.အလုပ်သွားရောက်လုပ်ကိုင်သူများ အားလုံးကို နိုင်ငံကူးလက်မှတ်ထုတ်ပေးပါ။( ထိုင်းနိုင်ငံနှင့် မလေးနိုင်ငံတွင် မြန်မာအလုပ်သမား သိန်းပေါင်းများစွာ နိုင်ငံကူးလက်မှတ်မရှိပါ) အဂတိလိုက်စားမှု တိုက်ဖျက်ပါ။ နိုင်ငံရေး သမား စစ်စစ် တွေကို တိုင်းပြည်အုပ်ချုပ်ရေးမှာ ခန်.ထားပါ။


     (မူဝါဒရေးရာဌာန)

.

Saturday, September 3, 2011

အိန္နိယ နိုင်ငံရဲ.လျှပ်စစ်ထုပ်လုပ်မှု သတင်းကိုလေ့လာပါ

...


အိန္နိယ နိုင်ငံကတော့ လျှပ်စစ်ကိစ္စအတွက် နျူဓါတ်ပေါင်းဖိုတွေဝယ်ယူမယ်လို.ဆိုပါတယ်။ မြန်မာ့ ပတ်ဝန်း ကျင်ဝါဒီများ က လျှပ်စစ်ကိစ္စအတွက်မည်သို.များစီစဉ်ထားသလဲဆိုတာ သိသာစွာတင်ပြနိုင်ဖို.လိုပြီဖြစ်ပါ တယ်။ ဧရာဝတီအတွက် ဒေါသထွက်နေသူများအနေနဲ. ဧရာဝတီ မှာ ရေကာတာတည်ဆောက်ရင် မြစ်ကြီး ခန်းခြောက်သွားမယ်ဆိုတာ ပညာရှင်များနဲ. သေခြာစွာ သုတေသနလုပ်ပြီးမှ ပြောဆိုသင့်ပါတယ်။ ဆိုလိုခြင် တာက ခြောက်ခန်းနေတဲ့မြစ်မှာ လျှပ်စစ်ထုတ်လို.မရဘူးဆိုတာထင်ရှားတဲ့အတွက်ဖြစ်ပါတယ်။

မြစ်ဆိုတာ လျှပ်စစ် ထုတ်လို.ရနေရင်ခမ်းခြောက်တိမ်ကောဖို.ဆိုတာမဖြစ်နိုင်ပါဘူး။ မြစ်ထဲက ရေကို စိုက်ပျိုး ရေးလုပ်ငန်းများအတွက်သုံးစွဲမယ်ဆိုရင်တော့ မြစ်ရေခမ်းခြောက်မှုဖြစ်နိုင်ပါတယ်။ အခုသဘာဝပတ် ၀န်း ကျင် ၀ါဒီများရဲ့ တင်ပြချက်က ကွဲပြားစွာတည်ရှိနေပါတယ်။

၁။ ထုတ်လုပ်တဲ့လျှပ်စစ်ဟာ တရုတ်ကိုရောင်း ခြင်းကိုမကျေနပ်ခြင်း။
၂။ ပြောင်းရွေ. ဌာနေ ရွာသူရွာသားများ အတွက် အခွင့်အရေး။
၃။ ရေကာတာရဲ့ ရေလွှမ်းဧရိယာအပေါ် စိုးရိမ်မှု။
၎။ ဧရာဝတီမြစ်ကြီး တိမ်ကောမည်ဟူသည့် အယူအဆ။
၅။ သဘာဝ သားငါးများပြုန်းတီးမှု စတဲ့အယူအဆများဖြစ်ပါတယ်။

အဲဒီအထဲမှာ ဧရာဝတီကို တိမ်ကောစေမယ်ဆိုတဲ့ အယူအဆကအပြင်းထန်ဆုံးလို.ယူဆရပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် လျှပ်စစ်ထုတ်လို.ရနေရင် မြစ်ချောင်းဆိုတာ တိမ်ကောလေ့မရှိပါဘူး။ ဧရာဝတီဟာ မိုးတွင်းတိုင်းမှာ ရေလျှံပါတယ်။ မြစ်ကြောင်းတစ်လျှောက်က ရွာပေါင်းများစွာ အိမ်ခြေပေါင်းများစွာဟာ ရေလျှံလေ့ရှိပါတယ်။ စိုက်ပျိုးဧကပေါင်းများစွာရေလျှံပါတယ်။ နွေရာသီဆိုရင်တော့ စိုက်ပျိုးရေးလုပ်ငန်းတွေ သဲထုတ်လုပ်မှု၊ မြစ်ကျောက်စရစ်ထုတ်လုပ်မှုများ လုပ်ကိုင်နိုင်ပါတယ်။ ဧရာဝတီမှာ အဓိကတက်နေတဲ့ပြသနာက သောင်ထွန်းမှုဖြစ်ပါတယ်။ အစိုးရအဆက်ဆက်က သောင်ထွန်းမှုကို မကာကွယ်ခဲ့ပါဘူး။ မြစ်ကြောင်းထိန်း သိမ်းတယ်ဆိုတာ ပိုက်ဆံအလွန်ကုန်လို.မလုပ်နိုင်ကြတာဖြစ်ပါတယ်။

စာရေးသူဟာ ဧရာဝတီမြစ်ထဲမှာ ရန်ကုန်ကနေ မန္ထလေးထိ စုန်ဆန်သွားလာခဲ့ဘူးပါတယ်။ နွေရာသီမှာဆို ရင် သင်္ဘောကြီးတွေ CB လို.ခေါ်တဲ့ ကုန်တင်သင်္ဘောတွေဟာ ရေကြောင်းလမ်းပြနဲ. သွားရပါတယ်။ ပြည်တွင်း ရေကြောင်းပို.ဆောင်ရေးမှာ ရေကြောင်းလမ်းပြတွေခန်.အပ်ထားရှိပါတယ်။ ပြည်တွင်းရေ ကြောင်း တာဝန်ရှိသူ အားလုံးရဲ့တညီတညွတ်တည်း ဆန္ဒကတော့ ဧရာဝတီမြစ်ကို သောင်တူးဖေါ်ပြီး ရေလမ်းကြောင်းထိန်းသိမ်းဖို.ပဲဖြစ်ပါတယ်။

ဧရာဝတီဟာ လျှပ်စစ်ဓါတ်အား အမှန်တကယ်ထုတ်လို.ရတယ်ဆိုရင် တိမ်ကောဖို.ဆိုတာမဖြစ်နိုင်ပါဘူး။ နှစ်ပေါင်းသိန်းသန်းချီ စီးဆင်းနေတဲ့မြစ်ကို လျှပ်စစ်ထုတ်လုပ်ရုံနဲ.တိမ်ကောသွားမယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ပညာရှင်များနဲ. လေ့လာမှုများပြုလုပ်ပြီးမှ သဘောထားထုတ်ပြန်သင့်ပါတယ်။ ဧရာဝတီမှာ ရေကာတာမဆောက်ဖို.ပြောနေတဲ့ ပတ်ဝန်းကျင်ဝါဒီတွေဟာ ရေကြောင်းပညာရှင်တွေမဟုတ်ကြပါဘူး။ မသိပဲပြောနေခြင်းဟာ ရှက်ဖို.ကောင်းပါတယ်။ တကမ္ဘာလုံးက ၀ိုင်းကြည့်နေကြတာပါ။

အခုလျှပ်စစ်ထုတ်လုပ်တဲ့ကမ္ပဏီတွေဟာ သေခြာစွာတိုင်းတာပြီး လျှပ်စစ်ထုတ်လို.ဖြစ်နိုင်တဲ့အတွက် လာရောက် ရင်းနှီးမြုပ်နှံကြတာပါ။ တည်ဆောက်မှုမှာ မြန်မာပြည်ရဲ့ပိုက်ဆံတစ်ပြား မှမပါ ပါဘူး။ အခု အများ ပြောသလို မြစ်ကြီးတိမ်ကောသွားမယ်ဆိုရင် ဘယ်သူမှ လာပြီးရင်းနှီးမှုမလုပ်ပါဘူး။

အကယ်၍များ အများပြောသလို မြစ်ကြီးတိမ်ကောသွားမယ်ဆိုရင် ရေကာတာကိုပြန်လည် ဖွင့်လှစ်လိုက်ရုံပါ ပဲ။ အလွန်လွယ်ပါတယ်။

စေတနာရှေ.ထားပြီး ပညာရှင်တွေနဲ.တိုင်းတာမှုမပြုပဲဝေဖန်မှုပြုမယ်ဆိုရင် ကမ္ဘာ.အလယ်မှာ ရှက်စရာ  ကောင်းပါတယ် ။ အမျိုးသားအကျိုးစီးပွားဟာ အလွန်အရေးကြီးပါတယ်။ အောက်မှာ အန္ဒိယနိုင်ငံရဲ့ လျှပ်စစ် ထုတ်လုပ်လိုမှု စီမံချက်သတင်းကို ဖေါ်ပြထားပါတယ်။ လေ့လာကြဖို.ဖြစ်ပါတယ်။ သဘာဝပတ်ဝန်း ကျင်ထိခိုက်တဲ့ကျောက်မီးသွေး ကိုအလွန်အကျွံသုံးစွဲဖို. စီမံချက်ကိုတွေ.ရမှာပါ။ နျူစွမ်းအင်ကိုသုံးဖို့ လဲပါ ၀င်ပါသေးတယ်။

ကျွန်ုပ်တို့ မှာ နျူနည်းပညာမရှိပါ။ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများလည်း မတည်ဆောက်နိုင်သေးပါ အမျိုးသားအကျိုးစီးပွားကို သာပထမဦးစားပေးအဖြစ် ရည်မှန်းချက်ထားသင့်ကြပါတယ်။ ရေကာတာ စီမံကိန်းပြီးရင် စစ် အာဏာရှင် ကြီးများလည်း ဇရာထောင်းလို့  သေလုမြောပါးဖြစ်နေပါပြီ။

အာဏာ(နာ)ရှင်ကိုတိုက်တာလည်းတိုက်ပါ။ အမျိုးသားအကျိုးစီးပွားများကို လည်း ဂရုစိုက်ဖို့  လိုအပ်ကြောင်း လည်းနားလည်ဖို.လိုပါတယ်။ ပြည်သူရဲ့ အကျိုးစီးပွားကို စတေးပြီး အာဏာ(နာ)ရှင်ကိုတိုက်ပွဲဝင်တာ ၂၁ ရာစု နိုင်ငံရေးအတွေးအခေါ်မဟုတ်တော့ပါဘူး။

ကွန်မြူနစ်များက ရဲရဲတောက်တွေ ပြောပြီး လုပ်ဆောင်နေတဲ့ တိုက်ပွဲနည်းဗျူဟာတွေကို ပြည်သူအများနဲ. လူငယ်အများ နားမယောင်ဖို့ နဲ့ ပတ်ဝန်းကျင်ဝါဒီများ အသုံးချမခံရစေဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာဒီမိုကရေစီကွန်ဂရက်(မူဝါဒရေးရာဌာန)







Friday, August 19, 2011

ပြည်ပရောက်မြန်မာ အလုပ်သမားများအတွက် အခွန်လျှော့ပေါ့ခြင်းအားကြိုဆို

.

ကျွန်ုပ်တို.ပါတီမှ ပြည်ပရောက်မြန်မာအလုပ်သမားများ အခွန်လျှော့ပေါ့စေရေးအတွက်ကြိုးပမ်းသွားမည်ဖြစ် ကြောင်း  ၃၁-၀၇-၂၀၁၀ နေ.စွဲဖြင့် ယခုပါတီ၏ ဘလောက်စာမျက်နှာတွင်ဖေါ်ပြခဲ့သည်။(အောက်တွင်ပြန် လည်ဖေါ်ပြထားပါသည်)

နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ ပြည်သူများအတွက် အသုံးမ၀င်သော မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများကို ပြောင်းလဲအောင်လုပ်ခြင်းဖြစ်၏။ ထို.အတူ ပြည်သူများအတွက် အကျိုးရှိမည့် မူဝါဒများကို ပြဌန်းနိုင်စေရေး ဆောင်ရွက်ရ၏။ သို.အတွက် တိုင်းပြည်အတွက် အလွန်အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ရန် ကျွန်ုပ်တို. အမြဲ တန်း အားစိုက်ကြိုးပမ်းခဲ့၏။

ယခုရလာဒ်များကို ကြည့်၍ ကျွန်ုပ်တို.ပါတီ၏ မူဝါဒများအား ပြည်သူထောက်ခံမှုပို မိုရရှိလိမ့်မည်ဟု ယုံကြည် မိပါသည်။ ပြည်သူများ ၏ ထောက်ခံမှုမရပဲ ကျွန်ုပ်တို.ဘာမျှ ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ နိုင်ငံရေးဆိုသည်မှာ တိုက်ပွဲဝင်ရသည်လည်းရှိ၏။ ပြောင်းလဲသွားအောင်ဆောင်ရွက်ရသည်လည်း ရှိ၏။ တိုင်းပြည်အာဏာ ကိုရအောင်ယူရသည်လည်းရှိ၏။ လိုရင်းကတော့ တိုင်းပြည်နှင့် ပြည်သူများ၏ ဘ၀ တိုးတက် စေရးပဲဖြစ်သည်။

မည်သို.ပင်ဖြစ်စေ တိုင်းပြည်အတွက် လိုအပ်ချက်တစ်ခုကို မိမိတို.ပါတီမှဆောင်ရွက်နိုင်လိုက်ခြင်းအတွက် ဂုဏ်ယူမိပါသည်။ ပြည်သူအများမှ ဝေဖန်မှုနှင့် ထောက်ခံမှုများကို ကြိုဆိုအပ်ပါသည်။

ပြည်သူများအတွက် တိကျသေချာ သော မူဝါဒ များကိုချမှတ်ပေးသည်. အစိုးရမင်းများကိုလည်း ကျေဇူး အထူးတင်ရှိပါကြောင်း ဤနေရာမှ ပြောကြားလိုပါသည်။ ယခုထုပ်ပြန်သည့်ဥပဒေသည် သက်တမ်း ၆ လမျှသာ ရှိပါသဖြင့် ထိုဥပဒေ အား ယခုထက်ပိုမို သက်တမ်း ရှည်ကြာစွာ သက်တမ်းတိုးနှိင်မှ ပြည်ပရောက် ပြည်သူများ ပိုမို အကျိုးများမည်ဖြစ်ပါသဖြင့် သက်တမ်းပိုမိုတိုးပေးပါရန်လည်း အစိုးရမင်းများအားပန်ကြား အပ်ပါသည်။ ၎င်း အပြင် နိုင်ငံကူးလက်မှတ် မြန်ဆန်စွာ ထုပ်ယူခွင့်၊ လွယ်ကူစွာသက်တမ်းတိုးခွင့်၊ မိမိတို. ရှာဖွေရရှိသော နိုင်ငံခြားငွေဖြင့် ပစ္စည်းဝယ်ယူခွင့်၊ တိုင်းပြည်တွင်းသို.လွတ်လပ်စွာငွေလွှဲခွင့်၊ နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်ခွင့်၊ စသည်ဖြင့် သော နိုင်ငံသား တစ်ယောက်၏ ရပိုင်ခွင့်များကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက် ပေးပါရန်လည်း ဆက်လက်တိုက်တွန်းအပ်ပါသည်။

.

Saturday, July 31, 2010

ပြည်ပရောက်မြန်မာအလုပ်သမားများအရေးကြိုးပမ်းမည်



နိုင်ငံတကာရောက်မြန်မာအလုပ်သမားများ
အခွန်ကင်းလွတ်ခွင့်ရရှိရေးကြိုးပမ်းသွားမည်

နိုင်ငံတကာတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်လျှက်ရှိ သော မြန်မာနိုင်ငံသားများ၏ အရေးကိစ္စအတွက် ကြိုးပမ်းသွားမည်ဖြစ် သည်။ နိုင်ငံတကာတွင်အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာအလုပ်သ မားများမှာ (၃)သန်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းသိရှိရပြီး ၉၀%မှာလုပ်ငန်း ခွင်ရလာဒ်များနှင့်ပတ်သက်၍ အမြဲတန်း စိုးရိမ်ဖွယ်ရာအခြေအနေတွင် သာလှုပ် ရှားရုံးကန်နေရသည်ဟုသိရှိရပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ အနေဖြင့် ကောက်ယူရရှိသောစစ်တမ်းများ အချက်အလက်များအရ အောက်ဖေါ်ပြပါ အခွင့်အရေးများအတွက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

-သံရုံးနှင့်သက်ဆိုင်ရာ အခွန်ရုံးများတွင်အခွန်ဆောင်ရမှုမှကင်းလွတ်ခွင့်။
-နိုင်ငံကူးလက်မှတ်လွတ်လပ်စွာသက်တမ်းတိုးခွင့်၊လဲလှယ်ခွင့်။

-မိမိရှာဖွေရရှိသော နိုင်ငံခြားငွေဖြင့် တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းဝယ်ယူခွင့်။
 -မိသားစုထံသို့လွတ်လပ်စွာငွေလွှဲခွင့်။


နိုင်ငံသားများသည် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများအ တွက်ကျပ်ငွေသိန်းပေါင်းများစွာသုံးစွဲကြရသည်။ ထိုသို့သွားရောက် နိုင်ရေးအတွက် နည်းအမျိုးမျိုးဖြင့် အကုန်အကျ ခံကြရပါသည်။ အချို့တတ်နိုင်သူများ သည်လည်း ငွေလုံးငွေရင်း ပေးချေ ခြင်းဖြင့် အ ကုန် ခံကြသကဲ့သို့ အချို့သည်အရစ်ကျဖြင့်၎င်း၊ သက်ဆိုင် ရာလုပ် ငန်းခွင် တွင်နှစ်အကန့်အ သတ်ဖြင့်လုပ်ခ နည်းပါးစွာယူ၍ လုပ်အား ဖြင့်၎င်း ပေးဆပ်ကြရပါသည်။
ကျွန်ုပ်တို့လေ့လာသိရှိမိသမျှ နိုင်ငံတကာတွင်အလုပ်ရှာဖွေ ရင်း ဘ၀ပျက်သွားသူများစွာတို့အကြောင်းကို လေ့လာသိရှိရ၏။ ဘ၀ပျက်ပုံ ပျက်နည်းများ မျိုးစုံအောင်ရှိသော်လည်း နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများ၏ အား နည်းချက် ကြောင့်တော့ နိုင်ငံသားများဘ၀မပျက်သင့်ဟု ကျွန်ုပ်တို့က ခံယူပါသည်။
နိုင်ငံတကာသို့သွားရောက်အလုပ်လုပ်ကြသူများသည် အလုပ် အကိုင်အခွင့်အလမ်းများ အတွက် ဒေါ်လာငွေ ၃၀၀၀ မှ ၃၀၀၀၀ အထိ ကုန်ကျစရိတ် ရှိရသည်။အလုပ်အကိုင်အခွင့်အလမ်းကောင်းပါမှ၂နှစ်အ တွင်းရင်းစားပြန်ရသောပမာဏဖြစ်၏။ အလုပ်အကိုင်အခွင့်အ လမ်း မကောင်းသူတို့မှာ ၃ နှစ်မှ ၅ နှစ်အထိ လုပ်အားပေးဆပ်ရတတ် ပါသည်။ သို့ရာတွင် သံရုံးသို့အခွန်ပေးဆောင်ခြင်းကတော့ပုံမှန် ဆောင်ရွက်ကြရသည်။ အခွန်မပေးနိုင်၍ နိုင်ငံကူးလက်မှတ်သက်တမ်း မတိုးနိုင်ဖြစ်ပြီး ပြည်တော်ပြန်ရသူများ အရေအတွက်သည်လည်း လွန် စွာများပြားလာသည်ကို လေ့လာတွေ့ရှိရပါသည်။
အချို့သောပြဿနာများမှာ အခွန်ပေးဆောင်နိုင်ခြင်း မရှိသဖြင့် သက်ဆိုင်ရာနိုင်ငံတွင် နိုင်ငံသားခံယူသော အဖြစ် အပျက်များဖြစ်၏။ ထို အခါယောက်ျားက နိုင်ငံခြားသား၊ ရန်ကုန် ရှိမိန်းမက မြန်မာ နိုင်ငံသား ဖြစ်ပြီး ရှုပ်ထွေးသော လူမှုရေး ပြဿနာများပါ ၀င်ရောက်လာကြတော့ သည်။ စစ်တမ်းကောက် ယူခြင်းတိကျစွာ မလုပ်နိုင်သေးသော်လည်း စင်္ကာပူနိုင်ငံတွင် ထောင်ပေါင်း များစွာ သော မြန်မာပြည်သူများ နိုင်ငံသား ခံယူပြီးဖြစ် သည်ဟုသိရပါသည်။ စင်္ကာ ပူသည် ပညာတတ်များနှင့် အ လုပ်အ ကိုင် အတည်တကျ ရှိသူများကိုသာ နိုင်ငံသားပေးလေ့ရှိသဖြင့် တိုင်း ပြည်အ တွက် ပညာ တတ် များ ဆုံးရှုံးနေသည်မှာလည်း စိုးရိမ် ဖွယ်ရာဖြစ် ၏။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှု ကြန့်ကြာခြင်းများကြောင့် ခွင့်နှင့်ပြန်လာသောအလုပ်သမားများ ခွင့်ရက် ကျော်လွန်၍ လုပ် ငန်း ခွင် အချိန်မီမပြန်နိုင် ဖြစ်ပြီးအလုပ်ပြုတ်ကာ ဘ၀ပျက်ရသည် များ လွန်စွာများ ပြားလှပြီဖြစ်ပါသည်။
ကမ္ဘာ့စီးပွားပျက် ကပ်များကြောင့် နိုင်ငံတကာတွင်လည်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေ၍ မြန်မာအလုပ်သမားများမှာ ပင်ပန်းဆင်းရဲသော၊ လစာငွေအလွန်နည်းသော လုပ်ငန်းများတွင်သာ အလုပ်လုပ်ကိုင်ရလေ့ရှိသဖြင့် ၀င်ငွေနှင့်ထွက်ငွေ မျှတအောင် အလွန်ချိုးခြံစွာ သုံးစွဲရလေ့ ရှိပါ သည်။
လုပ်ငန်းခွင်မတော်တဆဖြစ်လျှင်သော်၎င်း၊ ကျန်းမာရေးကိစ္စ များဖြစ်လျှင်သော်၎င်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြုတ်လျှင် သော်၎င်း မိမိရှာဖွေသမျှ ကုန်ဆုံး၍ ဒုက္ခမျိုးစုံရောက်ကြရ၏။
နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးနိုင်၍ သက်ဆိုင်ရာနိုင်ငံတို့ တွင် တရားမ၀င်နေထိုင်မှုများပြားလာခြင်း တရားမ၀င်နယ်စပ်ဖြတ် ကျော်မှု များပြားလာခြင်းတို့ကလည်း မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေ၏။ ပြည်ပတွင်အ လုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနက် မြန်မာ အမျိုးသမီး ငယ်များ၏ အရေအတွက်သည် လျှင်မြန်စွာများပြားလာ၏။ အမျိုးသမီးတို့၏ ခံစားရသော ဒုက္ခများ ပိုမို၍ များပြားလာ သည်ကို လည်း ကျွန်ုပ်တို့လေ့လာသိရှိရပါသည်။
ပြည်ပရောက် မြန်မာပြည်သူများ ခံစားနေရသောဒုက္ခများကို ကျွန်ုပ်တို့အနေဖြင့်ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ရန် ပြည်ပ ရောက်မြန်မာများ၏ ထောက်ခံမှုနှင့် ဆန္ဒသဘောထားများ ပေးပို့မှုတို့ကကြီးမားသော အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ကျွန်ုပ်တို့လုပ်ဆောင်ရမည့်လုပ်ငန်း မှာ ကြေညာချက်ထုတ်ရုံ ဆန္ဒသ ဘောထားများကောက်ခံ၍ တင်ပြရုံထက် ပိုမိုသော လက်တွေ့ကျသည့် ပြုပြင် ပြောင်းလဲမှုများ၊ သိသာ သည့်ရလာဒ်များ အမှန်တ ကယ်ပေါ် ပေါက် လာအောင် ဆောင်ရွက်မည် ဖြစ်ပါသည်။
ပြည်သူများမှ ကျွန်ုပ်တို့၏ စစ်တမ်းကောက်ယူမှုစာမျက်နှာ တွင် သဘောထားများပေးပို့ခြင်း၊ အီးမေးဖြင့်ဖြစ်စေ ၊ ရန်ကုန်ရှိကျွန်ုပ် တို၏ပါတီရုံးခန်းသိုဖြစ်စေသဘောထားများပေးပိုအားဖြည့်ခြင်း ဖြင့်ပြည်ပရောက်မြန်မာ အလုပ်သမားများ၏ အရေး ပိုမိုထိ ရောက်စွာ ဆောင်ရွက် နိုင်မည်ဖြစ် ပါသည်။ ပြည်သူများ၏ ထောက် ခံမှုနှင့် သဘောထားများ ရရှိမှသာ ကျွန်ုပ်တို့အနေဖြင့်ရဲဝံ့စွာတိုက်ပွဲဝင်နိုင်မည်ဖြစ်ပါကြောင်း။

ကောင်းမြတ်သူ
(မူဝါဒရေးရာဌာန)
မေး။ ။ အခွန်ကောက်ခံခြင်းနှင့်ပတ်သက်သော မေးခွန်းများ။

ဖြေ။ ။အခွန်ငွေ မကောက်ခံပဲတိုင်းပြည်အတွက် ဘာမှလုပ်လို့မရပါ။ ကျွန်ုပ်တို့အနေဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ သံရုံးတွင်သော် ၎င်း၊ သံရုံးတွင်အခွန်မဆောင်နိုင်ခဲ့လျှင် ပြည်တွင်းအခွန်ရုံးများ၌ တာဝန် ကျေ ၁၀ % အခွန်အား နိုင်ငံခြား ငွေ ဖြင့် မဖြစ်မနေအခွန်ဆောင် ခိုင်း စေခြင်း ကိုတိုက် ဖျက် လိုခြင်းသာ လျှင်ဖြစ်၏။

ကျွန်ုပ်တို့အနေဖြင့် မူဝါဒတစ်ခုကိုချမှတ်သည့်အခါ ရှေ့နောက် ကောင်းကျိုးဆိုးကျိုး၊ အားနည်းချက်၊ အားသာချက်၊ ရလာဒ်နှင့် ပေးဆပ်ရမှု တို့ကိုပါထည့်သွင်းတွက်ချက်မှုပြုပါသည်။ ဥပဒေကြောင်း အရမှန်ကန်မှု၊ သဘာဝကြောင်းအရ မှန်ကန်မှု၊ လက်တွေ့ဘ၀နှင့်ထင် ဟပ် နိုင်မှုများအား လုံးကိုထည့်သွင်းတွက်ချက်ပါသည်။

ဥပမာအားဖြင့်။ ။ ပြည်ပပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အစိုးရတိုင်းသည် သက်ဆိုင်ရာလုပ်ငန်းရှင်တို့အား အ ခွန်လျှော့ပေါ့ခြင်း ၊ အခြားသောထောက်ပံ့မှုများပေး ခြင်း ကိုလုပ် လေ့ရှိကြ၏။ အခြားသော နယ်ပယ်များတွင်လည်း ထို့အတူဖြစ် ၏။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လာ ရောက်ရေး၊ စက်မှုလက် မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး စသည်ဖြင့် နယ်ပယ်အားလုံးတို့တွင်ဖြစ်သည်။
 န-၀-တ လက်ထက် ပြည်ပရင်းနှီးမြုပ် နှံမှုများ ကိုဆွဲဆောင် သည့်အနေဖြင့် နိုင်ငံခြားကုမ္ပဏီများကို ၃ နှစ် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ ၏။ ထိုလုပ်ငန်းများမှရသော အမြတ်ငွေကို ဆက်လက်ရင်းနှီးမြုပ်နှံမှု ပြုလျှင် အခွန်ကင်းလွတ်ခွင့် တစ်နှစ်ချင်းစီသက်တမ်းတိုးပေး၏။ ထို့ ကြောင့်လည်း စီးပွားရေးပိတ်ဆို့သည့်ကြားထဲက လာရောက်ရင်းနှီး မှု ပြုနေကြခြင်းဖြစ်သည်။

ဤသို့ဆိုလျှင် နိုင်ငံခြားငွေရှာဖွေပေးသော ကျွန်ုပ်တို့ နိုင်ငံ သားများကိုတော့မည်သို့သဘောထားမည်လဲ။ စရိတ်ကြီးမားစွာ အ လုပ်သွားလုပ်သူများ စရိတ်မှ မကြေခင် အခွန်လည်းကောက်မည် ဆိုတော့ မလွန်ပေဘူးလား။

အရှိတရားအရ တိုင်းတာရလျှင် ပြည်ပတွင်အလုပ်လုပ်နေ သော နိုင်ငံသားတိုင်း၏ အဓိကရည်ရွယ် ချက်မှာ မိသားစုထံသို့ငွေ လွှဲ နိုင်ရေး သာလျှင်ဖြစ်၏။ ထိုငွေအားလုံးက တိုင်းပြည်၏ နိုင်ငံခြားဝင်ငွေ သာ လျှင်ဖြစ်ပါသည်။

နိုင်ငံတော်၏အခွန်ကောက်ခြင်းနှင့် နိုင်ငံကူးလက်မှတ်ထုတ် ပေးခြင်းမူဝါဒများ ကြောင့် လူတစ်သန်းတွင် ၁၀ % ဒုက္ခရောက်မည် ဆိုလျှင် လူတစ်သိန်းဒုက္ခရောက်မည်ဖြစ်ပါသည်။ ကိန်းဂဏန်းသဘော အရ ၁၀% ဆိုသည်မှာ မများလှ သော် လည်း လူ ၁၀၀,၀၀၀ နှင့် သူတို့၏ မိသားစုများဒုက္ခ ရောက်ရမည်ဆိုခြင်းမှာ အလွန်များပြား သောပ မာ ဏ ဖြစ်ပါသည်။

ပြည်ပရောက် နိုင်ငံသားများအားအခွန် ဆောင်နေရသော်လည်း ၎င်း တို့၏ အရေးကိစ္စများအတွက် အစိုးရအနေဖြင့် ဘာမျှဆောင်ရွက် ပေးလိမ့်မည်မဟုတ် သည်ကို ပြီးခဲ့သောအတွေ့အကြုံများ အရ လေ့ လာ သိ ရှိတွက်ချက်ပြီးဖြစ်ပါသည်။


ကောင်းမြတ်သူ
(မူဝါဒရေးရာဌာန)

Wednesday, August 17, 2011

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးနှင့်ပတ်သက်သည့်မူဝါဒ

.


မြစ်ဆုံရေကာတာစီမံကိန်းရဲ. လျှပ်စစ်ဓါတ်အားထွက်ရှိမှုပမာဏ ဟာ မီဂါဝပ် တစ်သောင်း ရှစ်ထောင်ကျော် ရှိတယ်လို.ဆိုတဲ့အတွက် ညူကလီးယား ဓါတ်အားပေးစက်ရုံ အလုံး ၂၀ ရဲ့ပမာဏနဲ.ညီမျှပါတယ်။ အချို.သော အလတ်စားညူဓါတ်ပေါင်းဖို တစ်လုံးဟာ မီဂါဝပ် ၅၀၀ ထွက်ပြီး အကြီးစားတွေကတော့ မီဂါဝပ် ၁၀၀၀ တစ်ထောင်ကျော် ထုပ်လုပ်နိုင်ပါတယ်။ ညူဓါတ်ပေါင်းဖိုတစ်လုံးရဲ့ကုန်ကျစရိတ်က တစ် လုံး ကိုဒေါ်လာသန်း ၁၀၀၀ တစ်ထောင် ဖြစ်ပါတယ်။ ကမ္ဘာမှာ ညူ ဓါတ်အားပေးစက်ရုံ အလုံး ၂၀ လောက်ပိုင်တဲ့နိုင်ငံဆိုတာ ခပ်ရှားရှားပဲဖြစ်ပါတယ်။ ( နောက်ဆက်တွဲမှာ ကမ္ဘာ.ညူဓါတ်အားပေးစက်ရုံစာရင်းကိုဖေါ်ပြထားပါတယ်)

ညူဓါတ်အားပေးစက်ရုံတည်ဆောက်ဖို. ၁၀ နှစ်ခန်.အချိန်ယူရပြီး ဂျပန်ရဲ့ညူဓါတ်အားပေးစက်ရုံများကတော့ လ ၄၀ ခန်.သာကြာတယ်လို.ဆိုပါတယ်။ ကမ္ဘာမှာ အမြန်ဆုံးတည်ဆောက်နိုင်တဲ့ နည်းပညာပိုင်ဆိုင်သူက ဂျပန်ဖြစ်ပါတယ်။

ညူဓါတ်အားပေးစက်ရုံတစ်ရုံရဲ့တန်ဖိုးဟာ ဒေါ်လာသန်းတစ်ထောင်တန်တယ်ဆိုလို. ဒေါ်လာသန်း ၁၀၀၀ ပိုက်ပြီး ညူဓါတ်အားပေးစက်ရုံတစ်ရုံကို ကမ္ဘာပတ်ပြီးဝယ်လို.ဘယ်သူမှရောင်းမယ်မဟုတ်ပါဘူး။ နည်းပညာဆိုတာ ပိုက်ဆံပေးတိုင်းရတာမဟုတ်ပါဘူး။

ကမ္ဘာမှာ လျှပ်စစ်ဓါတ်အားအတွက် ရာခိုင်နှုံးအများဆုံးအသုံးပြုတဲ့စွမ်းအင်က ကျောက်မီးသွေးဖြစ်ပါတယ် အောက်မှာ ကျောက်မီးသွေး အသုံးပြုမှုပမာဏနဲ. ကျောက်မီးသွေးကနေ လျှပ်စစ်အများဆုံး ထုပ်လုပ် တဲ့တိုင်းပြည်များစာရင်းကိုတွေ.မြင်နိုင်ပါတယ်။ ကျောက်မီးသွေးသုံးစွဲမှုဟာ ကြောက်ခမန်းလိလိဖြစ်ပါတယ်။

ဒီစာရင်းတွေကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို.တိုင်းပြည်ရဲ့ လျှပ်စစ်ထုပ်လုပ်မှုအတွက် ဘယ်စွမ်းအင်ကို အသုံပြုကြမလဲဆိုတာကိုစဉ်းစားကြဖို.ဖြစ်ပါတယ်။ အခုတောင်မြန်မာပြည်က ကျောက်မီးသွေး လျှပ်စစ်စက် ရုံတစ်ရုံတည်ဆောက်မဲစီမံကိန်းကို သဘာဝပတ်ဝန်ကျင်ထိခိုက်တယ်ဆိုပြီး ကန်.ကွက်နေမှုများရှိကြပါ တယ်။ သက်ဆိုင်ရာနိုင်ငံကြီးများဟာ မိမိတို. အမျိုးသားအကျိုးစီးပွားကို သာအဓိကထားပြီး အလုပ်လုပ်နေကြတာကို မြန်မာပြည်မှ နိုင်ငံရေးလုပ်သူလူငယ်များ ပါးနပ်ကြဖို.ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို မကြည့်ပဲ သူများအော်တိုင်းလိုက်အော်နေလို.မဖြစ်နိုင်ပါဘူး။


Coal & Electricity ကမ္ဘာ.လျှပ်စစ်ထုပ်လုပ်မှုရဲ့ ၄၁ % ကိုကျောက်မီးသွေးကထုတ်လုပ်ပါတယ်

Total World Electricity Generation by Fuel (2006)

Source: IEA 2008
*Other includes solar, wind, combustible renewables, geothermal & waste
Modern life is unimaginable without electricity. It lights houses, buildings, streets, provides domestic and industrial heat, and powers most equipment used in homes, offices and machinery in factories. Improving access to electricity worldwide is critical to alleviating poverty.
Coal plays a vital role in electricity generation worldwide. Coal-fired power plants currently fuel 41% of global electricity. In some countries, coal fuels a higher percentage of electricity.
Coal in Electricity Generation ကမ္ဘာ.နိုင်ငံကြီးတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို.အတွက် အသံကောင်းဟစ်နေပေမဲ့ ကျောက်မီးသွေးကို အလွန်အကျွံသုံးစွဲ နေတယ်ဆိုတာ ထင်ရှားနေပါတယ်
South Africa 93%    Poland 92%     PR China 79%
Australia 77%    Kazakhstan 70%      India 69%
Israel 63%    Czech Rep 60%     Morocco 55%
Greece 52%    USA 49%    Germany 46%
Source: IEA 2010
The importance of coal to electricity generation worldwide is set to continue, with coal fuelling 44% of global electricity in 2030.(ကျောက်မီးသွေးထုပ်လုပ်မှုနဲ.သုံးစွဲမှုဆိုင်ရာဆောင်းပါးကို သီးသန်.တင်ပြသွားမယ်ဖြစ်ပါတယ်)

ဂျပန်မှာ လျှပ်စစ်ရဖို. ညူစွမ်းအင်သုံးရာကနေ စက်ရုံပေါက်ကွဲတော့ ရေဒီယိုသတိကြွမှုကို တစ်နိုင်ငံလုံးသာ မက တစ်ကမ္ဘာလုံးက ခံစားလိုက်ရပါတယ်။ စက်ရုံပတ်ဝန်းကျင်ရေပိုက်နက် က ငါးတွေဆို နှစ်ပေါင်းများစွာ စားသုံးဖို.မဖြစ်နိုင်တော့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် လျှပ်စစ်မီးတစ်ပွင့်ရဲ့တန်ဖိုးကိုနားလည်နိုင်ကြဖို.ပဲဖြစ်ပါတယ်။ လျှပ်စစ်မီးတစ်ပွင့်ရဖို.အတွက် ဘယ်လောက်တောင်ပေးဆပ်ရသလဲဆိုတာ ကိုဆိုလို ချင်တာဖြစ်ပါတယ်။

ကမ္ဘာမှာ စက်မှုတော်လှန်ရေးကစတာကြာပြီဖြစ်ပေမဲ့ မြန်မာပြည်မှာတော့ အခုမှ စရမှာဖြစ်ပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာပြည်ရဲ့ ပထမဆုံးသောစက်မှုတော်လှန်ရေးအစလို.ပြောနိုင်ပါတယ်။ ကျွန်ုပ်တို.ဟာ ဒီမိုကရေစီရရှိရေးကိုသာ တော်လှန်ရေးအသွင်နဲ.သွားရမှာမဟုတ်ပဲ လျှပ်စစ်ဓါတ်အား ရရှိရေး ကိုလည်းတော်လှန်ရေးတစ်ရပ်အသွင်နဲ.ချီတက်ရမှာဖြစ်ပါတယ်။ တော်လှန်ရေးတိုင်းမှာ အထိအခိုက် ရှိနိုင်ပါတယ်။

ဧရာဝတီမြစ်ကြီးရဲ့တန်ဖိုးကို ငါးရှာ၊ ဖါးရှာ၊ ငါးရှဥ့်ရှာတဲ့အဆင့်လောက်ပဲတန်ဖိုးထားမယ်ဆိုရင် နိမ့်ကျတဲ့အတွေးအခေါ်တစ်ရပ်ပဲဖြစ်နိုင်ပါတယ်။ ဧရာဝတီမြစ်ကြီးဟာ ဖန်လုံအိမ်အာနိသင် လျှော့ချ ပေးနိုင် မယ့် လျှပ်စစ်ဓါတ်ထုတ်လုပ်ပေး ရာကမ္ဘာ.စွမ်းအင်အရင်းအမြစ်ကြီးဖြစ်နေပါပြီ။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းက လျှပ်စစ်ထုတ်လုပ်မှုပမာဏဟာ လက်ရှိ မလေးရှားနိုင်ငံတစ်နိုင်ငံလုံး ရဲ့လျှပ်စစ်သုံးစွဲမှုပမာဏနဲ.ညီမျှပါတယ်။ ဒါဟာ မြစ်ဆုံတစ်ခုတည်းက ထွက်နိုင်မဲ့ပမာဏကိုဆိုလိုတာပါ။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ဆက်လက်ထုတ်လုပ်နိုင်တဲ့ ပမာဏတွေမပါဝင်သေးပါဘူး။

ကျွန်ုပ်တို. တိုက်ဖျက်ရမှာက မြစ်ဆုံရေကာတာစီမံကိန်းကိုမဟုတ်ပဲ လျှပ်စစ်ထုပ်လုပ်မှုက ထွက်လာမယ့်ဘေး ထွက်ဆိုးကျိုးတွေကိုဘယ်လိုကာကွယ်မလဲဆိုတာကို ဦးစားပေးရမှာဖြစ်ပါတယ်။ မီဂါဝပ် တစ်သောင်း ရှစ်ထောင်ကျော်ရဖို.အတွက် မြန်မာတစ်နိုင်ငံလုံးက သစ်တောတွေကို ထင်းဆိုက်ပြီး လျှပ်စစ်ထုပ်လုပ်တာတောင်မရနိုင်ပါဘူး။

ကျွန်ုပ်တို.တောင်းဆိုရမှာက မြစ်ဆုံစီမံကိန်းက ရလာမယ် လျှပ်စစ်ဓါတ်အားခ၀င်ငွေတွေကို ဧရာဝတီမြစ်ကြီး ထိန်းသိမ်းဖို.အတွက် ဘယ်လောက်ကျခံသုံးစွဲမလဲဆိုတာကိုဖြစ်ပါတယ်။ ပိုက်ဆံအကုန်မခံနိုင်လို. အင်းလေးကန်ကြီး တိမ်ကောနေတာကိုတောင် မနဲပြင်ဆင်နေရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဧရာဝတီမြစ် ကိုထိန်းသိမ်းဖို.အတွက် ဒေါ်လာ သန်းထောင်နဲ.ချိပြီးသုံးစွဲရ မှာဖြစ်ပါတယ်။

မြစ်ဆုံကလျှပ်စစ် ဓါတ်အားတရုတ် ကိုရောင်းမယ်ဆိုရင်လည်း ပိုက်ဆံရမှာဖြစ်ပါတယ်။ တရုတ်ပြည်နဲ.ချစ်ကြည်ရင်းနှီးမှုလည်း အလွန်တိုးတက်လာမှာဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားကိုသုံးစွဲမယ့်ပြည်သူတွေဟာ လည်း တရုတ်ပြည်သူတွေဖြစ်လို. မြန်မာနဲ.တရုတ်နယ်နမိတ်ထိစပ်နေတဲ့ တရုတ်ပြည်သူများက မြန်မာပြည်သူများကို လာမဲ့သမိုင်းတစ်လျှောက်လုံး ကျေးဇူးတင်ရှိနေမှာဖြစ်ပါတယ်။ တရုတ်ပြည်သူများ လျှပ်စစ်ဓါတ်အားကို ပိုမိုသုံးစွဲနိုင်တဲ့အလျှောက် တရုတ်မြန်မာ နယ်စပ်က သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အိမ်နီးနားခြင်းဖြစ်တဲ့ အတွက် တရုတ်မှာသစ်တောပြုန်းတီးရင် မြန်မာနိုင်ငံ အတွက် လည်း ရာသီဥတုဆိုးရွားမှုနဲ.ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အကြီးဆုံး လျှပ်စစ်ရေကာတာများကိုတည်ဆောက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်လည်း မြစ်ဆုံရေကာတာအတွက် လိုအပ်တဲ့ နည်းပညာဟာတရုတ်နိုင်ငံမှာ အဆင်သင့်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာကို စီးပွားရေးပိတ်ဆို.ထားတဲ့အတွက် လိုအပ်တဲ့နည်းပညာနဲ. အရင်းအနှီးအတွက် တရုတ်ကို မှီခိုနေရတာပါ။စီးပွားရေးပိတ်ဆို.လို. တိုင်းပြည်ဘာမှ မဖြစ်ပါဘူးဆိုတဲ့ သူတော်ကောင်း နိုင်ငံရေးသမားတွေ နဲ. ပညာရှင်ဆိုသူတွေကို လျှပ်စစ်ဓါတ်အားရအောင် နည်းပညာနဲ.အရင်းအနှီး မရှိပဲဘယ်လိုလုပ်မလဲလို.မေးလိုက်ချင်ပါတယ်။  အနောက်နိုင်ငံတွေဆိုတာဟာလည်း အငြင်းပွားမယ့် ကိစ္စမျိုးဆိုရင် လက်ရှောင်တတ်တာမို. မြန်မာပြည်မှာ စွမ်းအားကြီးမားတဲ့ ရေကာတာ တည်ဆောက်ဖို.အတွက် တရုတ်ကို မှီခိုနေရဦးမယ်ဖြစ်ပါတယ်။

ကျွန်ုပ်တို.မှာ မြစ်ဆုံလိုရေကာတာကြီးဆောက်ဖို. နည်းပညာလည်းမရှိပါဘူး၊ ငွေလည်းမရှိပါဘူး၊ အားလုံးဘာမှမရှိလို.တရုတ်ကိုပဲမှီခိုရတဲ့အတွက် ထွက်လာတဲ့ လျှပ်စစ်ဓါတ်ကို တရုတ်ကိုရောင်းရတယ် ဆိုတာလည်းဘာမှမဆန်းတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးနားခြင်းပြည်သူများကို မီးလင်းစေဖို.အတွက် ကျွန်ုပ်တို.မှ မုဓိတာပွားနိုင်ရမယ်ဖြစ်ပါတယ်။ တရုပ်ပြည်သူများက မြန်မာပြည်သူများကို ထာဝရ ကျေးဇူးတင်ရှိနေမှာဖြစ်ပါတယ်။ မြစ်ဆုံရေကာတာပြီးလို.မြန်မာပညာရှင်တွေ ကျွမ်းကျင်လာပြီဆိုတော့မှ နောက်ပိုင်းမှာ ကိုယ်တိုင်တည်ဆောက်လာနိုင်တော့မှာပါ။ နည်းပညာတစ်ခုရဖို.အတွက် အလွန်ပဲပေးဆပ်ရ တတ်ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာ အချို.သောငါးမျိုးစိတ်တွေပျက်သုန်း တာမျိုးရှိနိုင်ပါတယ်။ ဒါဆို ကချင်ပြည်နယ်မှာ ဖွံ.ဖြိုးမှုနိမ့်ကျလို. ပြောက်ကွယ်သွားနိုင်တဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြောင်းကျွန်ုပ်တို.မစဉ်းစားကြတော့ဘူးလား။

မြစ်ဆုံရေကာတာကိုကန်.ကွက်နေတဲ့သူတွေဟာ တိုင်းပြည်အတွက်လျှပ်စစ် ဘယ်လိုရနိုင်မယ်ဆိုတဲ့နည်း ကိုတော့ ရှာဖွေပေးနိုင်တာမဟုတ်ကြပါဘူး။ မြန်မာ့ပတ်ဝန်းကျင် မပျက်စီးအောင်ဆိုပြီး ဘယ်နိုင်ငံကမှ ညူဓါတ်အားပေးစက်ရုံတစ်ခု လာတည်ဆောက်ပေးမှာမဟုတ်ပါဘူး။ ညူဓါတ်အားပေးစက်ရုံဆိုတာ ကလည်း အင်မတန် ကြောက်စရာကောင်းတဲ့နည်းပညာအရင်းအမြစ်တစ်ခုဖြစ်ပါသေးတယ်။

ညူဓါတ်အားပေးစက်ရုံဆိုတာ ပိုက်ဆံရှိတိုင်းဝယ်လို.ရတဲ့ အမျိုးမဟုတ်ပါဘူး၊ မြန်မာစစ်အစိုးရဟာ ညူနည်းပညာရဖို.အတွက် ရုရှားကို မျက်နှာလုပ်ရတဲ့စရိတ်နဲ.တင် ညူစက်ရုံတစ်ရုံဖိုးမကတော့ပါဘူး။ စစ်အစိုးရဟာ ရုရှားနဲ.ပြေလည်ဖို. ရုရှားဆီက လက်နက်ဝယ်ရပါတယ်။ MIG တိုက်လေယဉ်တွေဝယ်ခဲ့ရပါ တယ်။ နည်းပညာအတွက် ပညာတော်သင်တွေပိုက်ဆံအကုန်ခံပြီး လွတ်ခဲ့ရပါတယ်။ ဒါတောင် ရုရှားဟာ သူ.တိုင်းပြည်ဝင်ငွေလိုအပ်ချက်အတွက် MIG တိုက်လေယဉ်တွေကို လွယ်လွယ်ကူကူရောင်းခဲ့လို. လေယဉ်တွေ ၀ယ်ယူရရှိရေးအတွက် မျက်နှာလိုမျက်နာရ စရိတ်တွေ သက်သာခဲ့တာပါ။ အမှန်တော့ အဆင့်မြင့်ဂျက်တိုက်လေယဉ်တွေဝယ်ယူခွင့်ရှိဖို.ဆိုတာလည်း လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။

နည်းပညာမရှိတဲ့တိုင်းပြည်တွေဟာ ကမ္ဘာ မှာ နည်းပညာတစ်ခုရဖို. အတွက် အမျိုးသားရေးစွမ်းဆောင်မှု အနေနဲ. လမ်းစဉ်ချမှတ်ရပြီး တိုင်းပြည် နဲ.တစ်မျိုးသားလုံး ဒုက္ခ မျိုးစုံခံရလေ့ရှိပါတယ်။ ကိုတိုင်မတတ်ရင် ညူနည်းပညာဆိုတာ တစ်နိုင်ငံလုံးရဲ့ပိုင်ဆိုင်မှုနဲ. ရင်းနှီးပြီး ၀ယ်ယူရတဲ့အရာပါ။ ကျွန်ုပ်တို.တိုင်းပြည်မှာ ညူစွမ်းအင်ကို အသုံးပြုနိုင်ဖို. အနည်းဆုံးမျိုးဆက်တစ်ဆက်စောင့်ရပါဦးမယ်။ သူများတိုင်းပြည်က အလားကားလာဆောက်ပေးတောင်မှ ကိုင်တွယ်နိုင်မယ့်ပညာရှင်မရှိသေးပါဘူး။ မျိုးဆက်သစ်လူငယ်ပညာ ရှင်များကိုမွေးထုတ်ဖို. မျိုးဆက်သစ်တစ်ခုကို အရင်တည်ဆောက်ရဦးမှာပါ။ ညူဓါတ်ပေါင်းဖို အလုံး ၂၀ စာလောက်ရှိတဲ့ ပညာရှင်အရေအတွက်ရဖို.ဆိုရင်တော့ မျိုးဆက် ၂ ဆက်လောက်တောင်စောင့်ရဦးမှာပါ။

ကျောက်မီးသွေးနဲ. သဘာဝဓါတ်ငွေ.ကနေ လျှပ်စစ်ထုပ်ဖို.ဆိုတာ လည်း အလွန်ပိုက်ဆံကုန်တဲ့ လုပ်ငန်းတစ် ခုဖြစ်ပါတယ်။ ကျောက်မီးသွေးက မြန်မာပြည်မှ ပေါပေါများများမထွက်လို. ပြည်ပကလည်းမ၀ယ်နိုင်ပါဘူး။ သဘာဝဓါတ်ငွေ.ကလည်း တိုင်းပြည်မှာ ၀င်ငွေမရှိတော့ ဒါကိုပဲရောင်းပြီး အခြားလိုအပ်ချက်တွေကိုဖြည်. ဆည်းနေရတဲ့အတွက် လျှပ်စစ်ထုပ်လုပ်ဖို.အတွက် ခက်ခဲနေတဲ့ကာ လဖြစ်နေပါတယ်။ စစ်အစိုးရလက်ထက် စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေကလည်း ဓါတ်ငွေ.ရောင်းရငွေနဲ. ပေးချေနေရတာပါ။

မြစ်ဆုံရေကာတာ စီမံကိန်းကို ကန်.ကွက်နေသူများဟာ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုတာထက် နိုင်ငံရေးရည်မှန်းချက်တွေနဲ. လုပ်ဆောင်နေတာကပိုများပါတယ်။ ဒါကိုအကြောင်းပြပြီး အစိုးရကို အကြပ်အတည်း ရိုက်စေဖို. အကြည်အညိုပျက်စေဖို. ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကပိုများနေတာကို တွေ.ရမှာပါ။ အမှန်တော့ NLD ကိုယ်တိုင်အာဏာရလည်း အဲဒီနေရာက ရေအားလျှပ်စစ်ကို မရရအောင် ထုတ်လုပ်ရမှာပဲဖြစ်ပါတယ်။

ကျွန်ုပ်တို.ဆောင်ရွက်ရမှာက စီမံကိန်းကို ဖျက်ဆီးပစ်စေဖို.မဟုတ်ပဲ စီမံကိန်းကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို.၊ ရရှိလာတဲ့လျှပ်စစ်စွမ်းအင်က ၀င်ငွေတွေကို ကချင်ပြည်နယ်ဖွံ.ဖြိုးရေအတွက်အမှန်တကယ်သုံးစွဲနိုင်ဖို.၊ ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းဖို.ကုန်ကျစရိတ်တွေကို ကျခံသုံးစွဲဖို.၊ ဒီစီမံကိန်းက ရလာတဲ့နည်းပညာနဲ. အတွေ.အကြုံတွေကို နောက်နောင် ရေကာတာများ ဆောက်လုပ်တဲ့အ ခါမှာ အသုံးချနိုင်ဖို.၊ ရလာတဲ့ လျှပ်စစ်ဓါတ်အားတွေကိုတရုတ်ပြည်ကို ရောင်းချရတဲ့ အတွက် တရုတ်နိုင်ငံနဲ. ပိုမိုခိုင်မာတဲ့ သံမဏိဆက်ဆံရေးထူထောင်နိုင်ဖို.၊ တရုတ်ပြည်သူများနဲ. မြန်မာပြည် သူများပိုမိုချစ်ကြည်ရင်းနှီးပြီး ခိုင်မာတဲ့ အိမ်နီးနားခြင်း ဆက်ဆံရေးများတည်ဆောက်နိုင်ဖို.၊ ကမ္ဘာမှာ အထူးလို အပ်နေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထုတ်လုပ်နိုင်ခြင်းဖြင့် ကမ္ဘာ.ဖန်လုံအိမ် ဓါတ်ငွေ.များထုတ်လုပ်မှုကိုလျှော့ချနိုင်ပြီး ကမ္ဘာကြီး သာယာစေရေးအတွက် ဧရာဝတီမြစ်ကြီး ရဲ့ အခန်းကဏ္ဍကို ကမ္ဘာက သိအောင်လုပ်ဖို.၊ စတဲ့ ကမ္ဘာအဆင့်မှီရည်မှန်ချက်များထားရှိပြီး မြစ်ဆုံရေကာတာစီမံကိန်းကို ကမ္ဘာကြီးရဲ့လိုအပ်ချက်အဖြစ် ဂုဏ်ယူနိုင်ကြဖို.ပဲဖြစ်ပါတယ်။



.


Monday, August 15, 2011

ပြည်ပသို. ကျွဲနွားအရှင်တင်ပို.မှုများ ပိတ်ပင်ခြင်းအား ကြိုဆိုလိုက်ပါသည်

..



ကျွန်ုပ်တို.ပါတီက ယခုပါတီရဲ့ ဘလောက်စာမျက်နှာမှာ  ( ၂၀-၃-၂၀၁၁) နေ.စွဲနဲ. မြန်မာ့လယ်ယာတိုးတက်ရေးအတွက် အကြံပြုချက်များထဲမှာ ပြည်ပကို ခိုင်းကျွဲ၊ ခိုင်း နွား အရှင်တင်ပို.မှုများ ဥပဒေဖြင့်တားဆီးသင့်ကြောင်းဖေါ်ပြခဲ့ဘူးပါတယ်။ ယခုအခါ မြန်မာနိုင်ငံမွေး မြူရေးအဖွဲ.ချုပ်မှ နွားအရှင်များ ဟာ အများအားဖြင့် ခိုင်းကျွဲ၊ ခိုင်းနွားများသာဖြစ်လေ့ရှိတဲ့အတွက် ပြည်ပတင်ပို.ခွင့်ပိတ်ပင်ထားကြောင်း(၁၀-၈-၂၀၁၁)  Weekly Eleven ဂျာနယ်မှာဖေါ်ပြပါရှိခဲ့ပါတယ်။

မိမိတို.ပါတီရဲ့တောင်းဆိုချက်နဲ. ဆက်စပ်တယ် မဆက်စပ်ဘူး ဆိုတာ တတ်အပ်တော့မပြောနိုင်ပေမယ်. ပြည်ပသို. ကျွဲ နွားအရှင်များ တင်ပို.မှုပိတ်ပင်ခြင်းကိုတော့ ကျွန်ုပ်တို.ပါတီမှ ကြိုဆိုလိုက်ပါတယ်။

ကျွန်ုပ်တို. ပါတီရဲ့ရည်မှန်းချက်က တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် နယ်ပယ်ပေါင်း စုံမှာ တတ်နိုင်သမျှ မြန်မြန် ပြုပြင်ပြောင်းလဲသွားစေဖို. ရည်ရွယ်တာဖြစ်ပါတယ်။ ဒါကို ကျွန်ုပ် တို.နိုင်ငံရေးပါတီတစ်ခုတည်းက ဆောင်ရွက်ရုံနဲ.တော့မရနိုင်ပါဘူး၊ ပါတီတိုင်းမှာ အဖွဲ.အစည်းတိုင်းမှာ ၊ ပညာရှင်တိုင်းမှာ မတူညီတဲ့ အမြင်များနဲ. တိုင်းပြည်အရေး ဆွေးနွေးစရာ အများအပြား ရှိမယ်ဖြစ်ပါတယ်။

တော်လှန်ရေးကြီးပြီးတော့မှ တိုင်းပြည်ကောင်းစားရေးဆက်လုပ်မယ်ဆိုတဲ့ အယူအဆဟာ ၂၁ ရာစု မှာ ကျင့်သုံးရမယ့် နိုင်ငံရေးအတွေးအခေါ်တစ်ရပ်မဟုတ်တော့ပါဘူး။

တိုင်းပြည်ကောင်းစားရေးကိုပဲ လုပ်ပြီး ဒီမိုကရေစီရေးကို မျက်ကွယ်ပြုတယ်ဆိုတာ ကလည်း ၂၁ ရာစု ရဲ့ နိုင်ငံရေး အတွေးအခေါ်တစ်ရပ်မဟုတ်ပါဘူး။


သိသာတဲ့ ကောင်းကျိုးတွေပြည်သူအများခံစားရပြီး လူ.အခွင့်အရေး စံချိန် စံညွှန်းတွေ တိုးတက်လာစေရေး အတွက် အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

နိုင်ငံရေးလုပ်ရာမှာ မိမိတို.ရဲ့မူဝါဒ တစ်ခုအောင်မြင်နိုင်ဖို.အတွက် လွန်စွာခက်ခဲပါတယ်။ အထူးသဖြင့်တော့ ခေတ်ကာ လအလျှောက် အများလက်ခံဖို.ခက်ခဲတဲ့အယူအဆ၊ မူဝါဒများ အောင်မြင်ဖို.က ပိုမိုခက်ခဲလေ့ရှိပါတယ်။ ကျွန်ုပ်တို.ပါတီကတော့ ရွေးကောက်ပွဲဝင်နိုင်ငံရေး မှာ ပါဝင်ဖို. အယူအဆကို အများကန်.ကွက်တဲ့ကြားက ရဲဝံ့စွာတင်ပြနေတာဖြစ်ပါတယ်။

တစ်ပြိုင်တည်းမှာပဲ တိုင်းပြည်မှာ လိုအပ်နေတဲ့ပြုပြင်ပြောင်းလဲမှုများကိုလည်း တင်ပြလျှက်ရှိပါတယ်။ ပြည်သူ အများမှ ကျွန်ုပ်တို.၏ မူဝါဒများကိုလေ့လာပြီး ဝေဖန်မှု လေ့လာမှုများ ဖြင့် တုန်.ပြန်ကြဖို.ဖိတ်ခေါ်အပ်ပါတယ်။


..




Saturday, August 13, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့်ဦးအောင်ကြည်ဒုတိယဆွေးနွေးပွဲ ပြသနာအချို.

...

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို. ဆွေးနွေးပွဲပြသနာမှာ ဧရာဝတီမြစ်ဆုံရေကာတာနှင့်ပတ် သက်သော ဒေါ်အောင်ဆန်းစုကြည် ၏ကန်.ကွက်လွှာဖြစ်၏။ ဦးအောင်ကြည်မှ ဒေါ်အောင်ဆန်းစုကြည် အား မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း သည် နိုင်ငံတော်၏ အဓိကကျသော စီမံကိန်းဖြစ်ကြောင်း၊ ယခုလို အဖက်ဖက်မှ အကြပ်အတည်းပေါင်းစုံနှင့်ရင်ဆိုင်နေရချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုလို ကြေငြာချက်မျိုးမထုတ်သင့်ကြောင်း စီမံကိန်းပြီးစီးပါက သက်ဆိုင်ရာဒေသခံပြည်သူများသာ အဓိက ခံစား ရမည်ဖြစ်ကြောင်း ပြောဆိုကြတယ်လို.ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်ဆွေးနွေးပွဲမှာ သဘောတူထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီတွင်း ပြန်လည်ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါကြောင်း NLD အားပြန်လည်မှတ်ပုံတင်ရေးကိစ္စကို အမှုဆောင်အဖွဲ.မှ သဘောတူညီခြင်းမရှိပါကြောင်း၊ တိုင်းပြည်ဖွံ.ဖြိုးရေးကိစ္စများတွင်ပူးပေါင်းဆောင်ရွက်သွားရန်ကို တော့ သဘောတူညီခဲ့ကြပါကြောင်း။ အစိုးရဖက်မှ သိသာသော ပြောင်းလဲမှုများ ကို NLD အနေဖြင့်မြင်တွေ.လို ပါကြောင်း ပထမအဆင့်ပူးပေါင်းဆောင်ရွက်မှု များကို တတ်နိုင်သမျှ မြန်မြန်စတင်ရန် လိုလားပါကြောင်း ၊ မိမိတို.အနေဖြင့် လောလောဆယ်တွင် ဖြစ်ပွားလျှက်ရှိသော ပြည်တွင်းငြိမ်းခြမ်းရေးကိစ္စများအတွက် စိုးရိမ်ပါကြောင်း တတ်နိုင်သမျှ အားလုံး လုပ်ဆောင်ရန်အသင့်ရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည် မှ ပြောဆိုတယ်လို.ဆိုပါတယ်။

ဦးအောင်ကြည်မှ ဒေါ်အောင်ဆန်းစုကြည် ၏ပြည်တွင်းငြိမ်းခြမ်းရေးနှင့်ပတ်သက်သော  အိတ်ဖွင့်ပေးစာကိုမိမိတို.သိရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ အမည်ဖြင့် ဖေါ်ပြသည့်အတွက် အံအားသင့်ရပါကြောင်း၊ သမ္မတထံသို. တင်ပြထားပါကြောင်း၊ မကြာခင် လွှတ်တော်အစည်းအဝေး များခေါ်ယူတော့မည်ဖြစ်ပါကြောင်း၊ လွှတ်တော် တွင် ယခုတစ်ပတ်ဆွေးနွေးမည့် အရာမှာ ပြည်တွင်းငြိမ်းခြမ်းရေးကိစ္စက နံပတ်တစ်ဖြစ်နိုင်ပါကြောင်း၊ မည်သည့်အဖွဲ.အစည်းမဆို တိုင်းပြည်အရေးကိစ္စများအား လွတ်တော်တွင်း၌ဆွေးနွေးခြင်းကသာ သင့်တော် ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း လွတ်တော်ဥက္ကဌ ထံသို.တိုက်ရိုက်လိပ်မူပြီ အကြံဥာဏ်များတင်ပြနိုင်ပါကြောင်း စသည်ဖြင့်ဆွေးနွေးကြောင်းကို  မိမိတို.ပါတီမှ စုံစမ်းသိရှိရပါသည်။

( ဧရာဝတီမြစ်ဆုံရေကာတာစီမံချက် ကန်.ကွက်လွှာမှာ NLD အတွင်းရှိ ကွန်မြူနစ်အုပ်စုမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည် ဆွေးနွေးပွဲ အနှောက်အယှက်ဖြစ်အောင် ခြေထိုးမှုသက်သက်သာလျှင်ဖြစ်ပါသည်။ မြစ်ဆုံရေကာတာနှင့်ပတ်သက်သော ကျွန်ုပ်တို.ပါတီ၏ သဘောထားကို သီးသန်.တင်ပြမည်ဖြစ်ပါသည်။ )





Friday, August 12, 2011

စစ်တပ် အရာရှိများ အရပ်ဖက်သို. ပြောင်းရွေ.တာဝန်ထမ်းဆောင်မှုများကို ကန်.ကွက်ကြပါ

...
 
 
 
မြန်မာပြည်မှာ မ.ဆ.လ ခောတ်ကတဲက စစ်တပ်က အရာရှိများ အကြပ်တပ်သားများဟာ အရပ်ဖက် ရာထူး ကြီးများကို ပြောင်းရွေ.တာဝန်ထမ်းဆောင်လေ့ရှိပါတယ်။ အာ နာ ရှင် ဦးနေ၀င်း တီထွင်ခဲ့တာပါ။ စစ်တပ်က အရပ်ဖက်ကိုပြောင်းရွေ.တာဝန်ထမ်းတဲ့ ဖြစ်စဉ်တွေကို နိုင်ငံတကာမှာလည်းတွေ.မြင်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ ပြည်မှာလိုတော့ စစ်တပ်က အရပ်ဖက်ဌာနများကို လက်ဝါးကြီးအုပ်ပြီး စစ် အာ နာ ကွန်ယက်ဖြန်.တဲ့ သဘောတော့မဟုတ်ပါဘူး။

စစ်တပ်အရာ ရှိတွေဟာ အရပ်ဖက်အုပ်ချုပ်ရေးများကို နားမလည်ပဲ ထင်ရာစိုင်းမှု၊ စစ်တပ် အခွင့်အရေးများ နဲ. အရပ်ဖက်ဌာန အခွင့်အရေးများ နှစ်ခုစလုံးကို ရယူခွင့်ရှိပြီး၊ စစ်တပ်အရှိန်အ၀ါနဲ. ဖြုတ်ထုပ်သတ်၊ တပည့်မွေး ဆရာမွေးလမ်းစဉ်များ ကျင့်သုံးပြီး အရပ်သား အုပ်ချုပ်ရေးမှာ ၀င်ရောက်နေရာယူမှုများ ကို အဆုံးသတ်စေသင့်ပြီဖြစ်ပါတယ်။

 နိုင်ငံရေးပါတီများ အားလုံးနဲ. ပြည်သူများ၊ သတင်းဌာနများမှ သိသာစွာထောက်ပြသင့်ပြီဖြစ်ပါတယ်။

သက်ဆိုင်ရာ ဌာနများမှာ အရပ်သား အရာရှိများဟာ ဌာနတွင်းအဆင့်မြင့်ရာထူးများကို တာဝန်ထမ်းဆောင် နိုင်လောက်အောင် အလွန် အတွေ.အကြုံများတဲ့ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်များဖြစ်ပါတယ်။

မည်မျှထူးချွန်သည်ဖြစ်စေ စစ်တပ်က အရာရှိတစ်ယောက်ဟာ အရပ်ဖက်မှာ သုံး လေးနှစ်လောက်တာဝန်ထမ်းဆောင်ပြီးမှ လုပ်ငန်းသဘာဝကိုနားလည်လာတာဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ အမှားတွေ ဘယ်လောက်များမယ်ဆိုတာ ခန်.မှန်းကြည့်ဖို.ပဲဖြစ်ပါတယ်။ စစ်တပ်အရှိန်နဲ. သူတို.ကိုကြောက်လည်း ကြောက်ရတော့ သူတို.မှားနေလည်း ဘယ်သူကမှမပြောရဲပါဘူး။ အဂတိလိုက်စားမှုကလည်း အလွန် ကြွံဖြစ်ပါတယ်။

မီဒီယာများကလည်း လူ.အခွင့်အရေး၊ ကလေးစစ်သား နဲ. သဘာဝပတ်ဝန်ကျင်အကြောင်းလောက်သာ ရှေ.တန်းတင် ဟောပြောနေတာကို တွေ.ရပါတယ်။ တိုင်းပြည်ရဲ့အရေးကြီးတဲ့ မတရားမှုများကို မီးမောင်းထိုး ပြဖို. အလွန်လိုအပ်နေတဲ့ကာလာဖြစ်ပါတယ်။

ကျွန်ုပ်တို.ပါတီအနေနဲ. တင်ပြနေမှုများကို ပုံမှန်အားဖြင့် မီဒီယာနဲ. နိုင်ငံရေးလောက မှာ စိတ်ဝင်စားမှုနဲပါတယ်။ ဒါပေမယ့် တိုင်းပြည်အတွက် အရေးကြီးဆုံးကိစ္စများဖြစ်တာကိုတွေ.ရမှာပါ။

ပြည်သူများ လေ့လာကြဖို.နဲ. နက်နဲစွာဆုံးဖြတ်နိုင်ကြဖို.ဖြစ်ပါတယ်။






...


Thursday, August 11, 2011

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြည်တွင်း၌ သာလုပ်ဆောင်သင့်ပါသည်

..

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးရာတွင် ပြည်တွင်း၌ သာလျှင်ဆွေးနွေးသင့်ပါသည်။ ပြည်တွင်းဟုဆိုရာ၌ အစိုးရထိမ်းချုပ်ရာ နယ်မြေဖြစ်နိုင်သလို မိမိတို. တော်လှန်ရေးတပ်ဖွဲ.များ ထိမ်းချုပ်သည်. နေရာများတွင်လည်းဖြစ်နိုင်ပါသည်။

ဗိုလ်ချုပ်မြကိုယ်တိုင် တစ်ချိန်က ရန်ကုန်တွင်သက်ဆိုင်ရာ တို.နှင့် သွားရောက်တွေ.ဆုံဘူးပါသည်။

အင်အားစုများအနေဖြင့် ရန်ကုန်တွင်သာ ဆွေးနွေးလိုကြောင်း ဂုဏ်သိက္ခာရှိစွာတောင်းဆိုနိုင်ပါသည်။

သက်ဆိုင်ရာ ဆွေးနွေးသူများ အနေဖြင့် တတ်နိုင်သရွေ. အိမ်နီးနားခြင်းနိုင်ငံများအားကြားဝင် စေ့စပ်ပေးစေလိုခြင်းကို ရှောင်ရှားစေလိုပါသည်။ သက်ဆိုင်ရာအိမ်နီးနားခြင်းနိုင်ငံများသည် ကျွန်ုပ်တို.၏ တော်လှန်ရေးအား မည်သို.ဒုက္ခပေး နေသည်ကို နယ်စပ်ဒေသတွင် အခြေချတိုက်ပွဲဝင်နေသော အင်အားစုများ အားလုံးအသိပင်ဖြစ်ပါသည်။


နေပြည်တော်က ငြိမ်းချမ်းရေးအတွက် လွယ်တိုင်းလျဲန်းနှင့် တွေ့ဆုံဆွေးနွေးလို

စဝ်ယွတ်စစ် ဦးဆောင်သောသျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်RCSS/ SSA (လွယ်တိုင်းလျဲန်း)နှင့်နေပြည်တော်ကငြိမ်း ချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးလိုသည့်ဆန္ဒရှိ ကြောင်း သိရှိရပါသည်။
“လွယ်တိုင်းလျဲန်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်ကူညီစေချင်တယ်ဆိုတာ မြန်မာ စစ်တပ်က ပြောလာတယ်လို့ ထိုင်းအာဏာပိုင်တွေ ကျနော်တို့ကို ပြန်လာပြောပြတယ်။ ဒါပေမဲ့အခုထက် ထိတော့ အကောင် အထည်ဖော်နိုင်တာ ဘာမှမရှိသေးပါဘူး” ဟု RCSS/SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောပါသည်။
Yord-sek
ဒု-ဗိုလ်ချုပ်ကြီးယွတ်စစ် Photo:S.H.A.N.

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ လွယ်တိုင်းလျဲန်းမှ အမြဲတမ်း တံခါးဖွင့် လက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသဖြင့် စာဖြင့် တရားဝင်အကြောင်း ကြားသင့်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

နအဖအစိုးရနှင့် SSA လွယ်တိုင်းလျဲန်းတို့သည် ၂၀၀၇ မေ ၂၃ ရက်နေ့၌ ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင်တွေ့ဆုံ ဆွေး နွေးရန် စီစဉ်ထားခဲ့သော်လည်း စစ်အစိုးရဖက်က တာချီလိတ်သို့ သွားရောက်တွေ့ဆုံရန်ဖိအားပေးခဲ့ သည်။ နေရာ ပြောင်းရွှေ့မှုကို လွယ်တိုင်းလျဲန်းက လက်မခံဘဲ နှစ်ဖက်စလုံးနစ်နာမှု မရှိသောပထမခြေလှမ်း အဖြစ် ယုံကြည်မှု တည် ဆောက်သင့်သည့် တတိယနေရာ မယ်ဆိုင်တွင်သာတွေ့ဆုံနိုင်သည်ဟုအကြောင်း ပြန်ခဲ့သည် ကို နအဖက ပယ်ချလိုက် သောကြောင့် ယနေ့တိုင် တွေ့ဆုံဆွေးနွေးခြင်း တကြိမ်တခါမျှမရှိခဲ့သေး ပေ။

ပြည်တွင်းစစ်အတွက် တိုက်လေများသုံးစွဲခြင်းအား ကန်.ကွက်သွားမည်

...
 
 
 

မြန်မာစစ်တပ် တိုက်လေယာဉ် ၄ စင်း SSPP/SSA ထိန်းချုပ်နယ်မြေအထက် ပျံဝဲ

မြန်မာစစ်တပ်မှ တိုက်လေယာဉ် ၄ စင်းသျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော်(SSPP/ SSA) ထိန်းချုပ် နယ်မြေအထက်သန်းခေါင်ယံကျော် အချိန် လာရောက်ပျံဝဲကြောင်း သိရှိရပါသည်။
“ပြီးခဲ့တဲ့လက နမ့်ပုတ်မှာ ပျံဖူးတဲ့ လေယာဉ်လိုဘဲ။ ၄ စင်းစလုံး နိမ့်နိမ့်လေးဘဲ ပျံတယ်။ တစင်းက အရမ်းနိမ့်လို့ သစ်ပင်ဖျား တွေတောင် ထိတော့မယ်။ နှစ်စင်းက မီးထွန်းတယ်။ နှစ်စင်းက မီးမထွန်းဘူး။ ကျနော်တို့ရွာသား တွေလဲ သူတို့ဗုံးလာကြဲမှာ စိုးလို့ ကျင်းတွေထဲမှာ ချက်ချင်း သွားပုန်းနေကြတယ်။ တနေကုန် ကျင်းထဲမှာဘဲ ပုန်းအောင်းနေကြတယ်။ အပြင်မထွက်ရဲ ဘူး” ဟု ကျေးသီးမြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါသည်။
plane
နမ့်ပုတ်တပ်စခန်းအထက် ပျံဝဲလာသော MIG 29 တိုက်လေယာဉ်
သြဂတ်လ ၉ ရက် နံနက် ၁း၁၆ နာရီခန့် မြန်မာစစ်တပ်မှ တိုက်လေယာဉ် ၄ စင်း မိုင်းနောင်မြို့နယ်ကို ဖြတ်ကျော်ကာ SSPP/SSA ထိန်းချုပ်နယ်မြေဖြစ်သော ကျေးသီးမြို့နယ် ဝမ့်ဝ၊ ဝမ့်မိတ်၊ ဝမ့်ဝပ်ကျေးရွာအုပ်စု (မိုင်းရှူး-မိုင်းရယ် ကားလမ်း အနောက်ဘက်)၊ နမ့်ပုတ်တပ်စခန်းနှင့် လွယ်ကုန်-လွယ်ကဲန်း(အနီး) ပျံဝဲကြောင်း၊ တောင်ဘက်စူးစူးမှလာ၍ လာသည့် လမ်းကြောင်းအတိုင်း ပြန်သွားကြောင်း ဆို၏။

“အမှန်တော့ သျှမ်းပြည်တပ်မတော် ကြောက်အောင် လာခြောက်တဲ့ သဘောပါ။ ပြည်သူကတော့ ကြောက်လို့ အိမ်ပြင် မထွက်ရဲကြဘူး။ လယ်ထဲမဆင်းရဲ၊ အလုပ်လဲ သွားမလုပ်ရဲကြဘူးပေါ့” ဟု သျှမ်းပြည်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ က ပြောပါသည်။

ဂျူလိုင် ၁၃ ရက် ကျေးသီးမြို့နယ်အတွင်းရှိ နမ့်ပုတ်တပ်စခန်း၌ မြန်မာစစ်တပ်နှင့်သျှမ်းပြည်တပ်မတော်တို့ အကြား တိုက် ပွဲပြင်းထန်းနေစဉ် နမ့်ဇန်လေယာဉ်ကွင်းမှ ရှရှားလုပ် MIG 29 တိုက်လေယာဉ်တစ်စင်းနမ့်ပုတ် တပ်စခန်း အထက် ၃ ခေါက်ခန့် ပျံဝဲခဲ့ဖူးသည်။
 
 
 
..

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ. တွင် လွတ်တော်ကိုယ်စားလှယ်များ တစ်ဦးမျှမပါဝင်

Thursday, August 4, 2011

နိုင်ငံရေးပါတီများ စီးပွားရှာမှုကန်.ကွက်သွားမည်

...



နိုင်ငံရေးပါတီများ စီးပွားရေးလုပ်ဆောင်မှုများကို ကျွန်ုပ်တို.ကန်.ကွက်ခဲ့ဘူးပါတယ်။ မေလ၁၄ ရက်နေ. နေ.စွဲနဲ. ယခုဘလောက်စာမျက်နှာမှာဖေါ်ပြခဲ့တာပါ။ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။ အခုတော့ ကြံ့ဖွံ.က လုပ်ပိုင်ခွင့် အများဆုံး ရပါတီဖြစ်နေပါပြီ။ ဒီသတင်းတွေကို အတည်ပြုဖို.ခက်နိုင်ပေမဲ့ မဟုတ်ဘူးလို.တော့ ဘယ်သူမှ မပြော နိုင်ပါဘူး။ ဘယ်နိုင်ငံရေးပါတီက ကြံ.ဖွံ.နဲ. ပြိင်ပြီး စီးပွားရှာနိုင်ပါ့မလဲ။ ကျွန်တော်တို. နိုင်ငံရေး ပါတီများ အားလုံးနဲ. ပြည်သူအများက ကန်.ကွက်ရပါမယ်။ အလွန်ကျော်ကြားလွန်းတဲ့ နိုင်ငံရေးဦးဆောင်သူ များ ပင်လျှင် ပိုက်ဆံအလွန် ချမ်းသာတဲ့ပါတီကို ရှုံးနိမ့်သွားနိုင်ပါတယ်။

ကြ.ဖွံ.ပါတီဝင် အငယ်စား သူဌေးကြီးတစ်ဦး ရဲ့ ပိုင်ဆိုင်မှုကိုသည်ပင်လျှင် ဘယ်နိုင်ငံရေးပါတီကမှ မယှဉ်နိုင်ပါ။ ကျွန်ုပ်တို.  ပိုင်ဆိုင်သည်မှာ အမှန်တရားသာလျှင်ဖြစ်ပါတယ်။ အမှန်တရားက ဘယ်လောက်ပဲ မှန်သည်ဖြစ်စေ၊ ရွေးကောက်ပွဲဝင်ဖို. စပေါ်ငွေမရှိဘူးဆိုရင်၊ ရွေးကောက်ပွဲမဲဆွယ်ဖို.ရပုံငွေမရှိဘူးဆိုရင် အမှန်တရားလည်း မကယ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်လောင်းတစ်ဦးစီအတွက် စပေါ်ငွေ ၅ သိန်းမရှိခဲ့လို. ၀င်မပြိင်နိုင်ခဲ့တဲ့ အမတ်တွေ နဲ. နိုင်ငံရေးပါတီတွေအများအပြားပဲရှိခဲ့ပါတယ်။ အချိ.အမတ်လောင်းများဆိုရင် စပေါ်ငွေ ၅ သိန်းတင်ပြီး မဲဆွယ်ဖို.အတွက် ပိုင်ဆံမရှိလို. မဲဆန္ဒရှင်များဟာ သူတို.ဘယ်သူဘယ်ဝါဆိုတာကိုတောင် မသိလိုက်ပါဘူး။

ကျွန်တော်တို.ဆိုလိုခြင်တာက မတရားစီးပွားရှာဖွေခွင့်တွေရပြီး တိုင်းပြည်အာဏာကိုဝယ်ယူနိုင်မဲ့ နိုင်ငံရေးပါတီကြီးများ ပေါ်ထွန်းလာမှာကို ကန်.ကွက်လိုခြင်းဖြစ်ပါတယ်။

အဲဒီအတွက် နိုင်ငံရေးပါတီများ စီးပွားရှာဖွေခွင့်ကို ဆန်.ကျင်သွားရမှာဖြစ်ပါတယ်။

ပြည်သူရဲ့ရိုးသားစွားထဲ့ဝင်ငွေမှ အပ (သို.) တစ်နိုင်တစ်ပိုင် ရံပုံငွေပွဲဈေးရောင်းခြင်း၊ အမှတ်တရပစ္စည်းများ ရောင်းခြင်းဖြင့်သာ စီးပွားရှာသင့်ကြောင်း တင်ပြအပ်ပါတယ်။


ကား ၅၀၀၀ အောက်လမ်းမှ ကြံ့ဖွံ့သွင်းခွင့်ရ

E-mail Print
ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ် အစီးရေ ၅၀၀၀ တင်သွင်းခွင့်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရရှိထားကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီဝင် အလုပ်အမှုဆောင်များကို လစာပေးနိုင်ရန်အတွက် အဆိုပါ ကားများကို တင်သွင်းခွင့် ရရှိခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၆ ရက်နေ့က အမျိုးအစား စုံလင်သော ကားများ ရန်ကုန်သို့ စတင် ရောက်ရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ်အမှုဆောင် တဦးကပြောသည်။
car-ygn-apr-28-11
ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် ၁၀ လှေဆိပ်တွင် တွေ့ရသည့် မြန်မာဘက် ပို့မည့်ကားများ (ဓာတ်ပုံ - ဧရာဝတီ)
ကားများကို မော်လမြိုင်ဘက်မှ တဆင့် တင်သွင်းလာခြင်းဖြစ်ပြီး စစ်တောင်းတံတား ဖြတ်ခအဖြစ် ယာဉ်အားလုံးအတွက်  ကျပ် ၁၂ သိန်းသာ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီမှ ပါတီဝင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအဆင့်များ ခွဲကာ လစာ သတ်မှတ် ပေးမည်ဖြစ်ကြောင်း၊ ပါတီ၏ ဗဟိုအဆင့်ရှိသူများကို လစာ ကျပ် ၃ သိန်း၊ ပြည်နယ်နှင့်တိုင်း အဆင့် ပါတီ အတွင်းရေးမှူး များကို ကျပ် ၁ သိန်း ၂ သောင်း၊ ခရိုင်အဆင့် အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များကို ကျပ် ၈ သောင်းနှင့် ၇ သောင်း၊ မြို့နယ်အဆင့် အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များကို ကျပ် ၆ သောင်းနှင့် ၅ သောင်း စသည်ဖြင့် သတ်မှတ်၍ လစဉ် ပေးနေကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ အလုပ်အမှုဆောင် တဦးကဆိုသည်။

ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး အဆင့်များအလိုက် စုစုပေါင်း ၇၂၆ ဦးကို ဇူလိုင် လဆန်းမှစတင်ကာ လစာပေးနေပြီ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ကြံ့ဖွံ့ပါတီဝင်များအား လစာပေးနိုင်ရန်အတွက် မော်တော်ယာဉ်များ ပြည်ပမှ တင်သွင်းခွင့် ရရှိသည့်အပေါ် နိုင်ငံရေး အသိုင်းအဝန်းကြားတွင် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

“လစာပေးတာတော့ သူတို့ပါတီအနေနဲ့ ရန်ပုံငွေရှိလို့ပေးတာ ဘာမှပြောစရာ မရှိဘူးပေါ့။ နိုင်ငံတော်က နေပြီးတော့ ဒီလို အခွင့်အရေးပေးတယ် ဆိုရင် ပါတီတွေအားလုံးကို ပေးရင် ပြောစရာအကြောင်း မရှိပါဘူး။ တပါတီတည်း ခွဲပေးတာ ကတော့ သိပ်မကောင်းဘူးပေါ့။ နိုင်ငံရေးပါတီတွေက ဝေဖန်စရာရှိလာနိုင်တာပေါ့။ နိုင်ငံရေးပါတီတိုင်း မှာလည်း ရပ်တည်ဖို့ ရန်ပုံငွေ အခက်အခဲ လိုတာပဲလေ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူတဦးကလည်း ကားများ အလုံးအရင်းနှင့် တင်သွင်းခွင့်ကို ပုံမှန် ကားတင်သွင်းနေသူများပင် မရနိုင်ကြောင်း ပြောသည်။

ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များ ကားဈေးကွက်အတွင်း အလုံးအရင်း ရောက်ရှိလာမည် ဆိုပါက ကားဈေးကွက် ကမောက်ကမ ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း တဦးကဆိုသည်။

“လက်တလော ဘယ်ကား အမျိုးအစားတွေလဲ ဆိုတာ မူတည်တယ်။ နောက်ပြီး ဒီမှာ ကားလိုအပ်ချက်က တနှစ်ထက် တနှစ် တိုးနေတယ်လေ။ ကားဈေးကွက်မှာတော့ နည်းနည်း လှုပ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ကားဈေးကွက်အတွင်း လိုင်စင်မဲ့ကားများအား လိုင်စင်ခွင့်ပြုပေးမည့် သတင်းနှင့်အတူ ကားမျိုးစုံ တန်ဖိုး သတ်မှတ်ထားသည့် စာရင်း ထွက်ပေါ်လာခဲ့သည်။ ဈေးကွက်အတွင်းတွင်လည်း ကားဈေးနှုန်း အတက်၊ အကျကို စောင့်ကြည့်နေသည့် အနေအထားဖြစ်သွားခဲ့ပြီး အရောင်းအဝယ် အေးသွားသည်ဟု သိရသည်။

“ဇွန်လအတွင်းက လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ်ဆိုပြီး ကားဈေးနှုန်းတွေ ထွက်လာတယ်။ အဲဒီလို ထွက်ပြီး ကားဈေးတွေ ငြိမ်သွားတယ်။ အခုရက်ပိုင်း ဈေးပြန်တက်လာတယ်။ လိုင်စင်မဲ့ကားတွေ ပြန်ခွင့်ပြုမယ် ဆိုတဲ့ သတင်းက အခုထိ မသေချာ သေးတော့ ပွဲစားတွေက ပြန်ပြီး ဈေးမြှင့် လာကြတယ်” ဟု မော်တော်ယာဉ် ၀ယ်ရောင်း တဦးကဆိုသည်။

ယခုလက်တလောတွင် မိုဒယ်လ်မြင့် အပေါ်ကားများသည် ကျပ်သိန်း ၁၅၀ မှ ၂၅၀ အထိ ဈေးနှုန်း မြင့်တက်သွားကြောင်း၊ ပြည်ပမှ မော်တော်ယာဉ်များ ပြည်တွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာပါက ဈေးကွက်အတွင်း ဈေးနှုန်းအကျဘက်သို့ ဦးတည်နိုင်ကြောင်း ၎င်းကပြောသည်။

ကြံ့ဖွံ့ပါတီမှ တင်သွင်းခွင့်ရခဲ့သော မော်တော်ယာဉ်များထဲတွင် လိုက်ထရပ်၊ Super Custom၊ Mark II၊ ၂၀၁၁ မိုဒယ်လ် Lexus အပါအ၀င် မိုဒယ်လ်မြင့် ကားများစွာ ပါဝင်ပြီး တင်သွင်းလာသောမော်တော်ယာဉ် စာရင်းအတိအကျကို သတင်း ထုတ်ပြန်၍ မရသေးကြောင်း ယင်းပါတီမှ တာဝန်ရှိသူ တဦးကပြောသည်။
 
 
...

ကြံ့ဖွံ့ပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နယ်အနက် ၂၅၉ နယ်၌လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် ၁၆၈ နယ် အနက် ၁၂၉ နယ်၌ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် မဲဆန္ဒနယ် ၆၆၁ နယ်အနက် ၄၉၄ နယ်၌ လည်းကောင်း အနိုင်ရရှိခဲ့ပြီး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ၁၁၅၄ နေရာ အနက် ၈၈၂ နေရာ၌ အနိုင်ရရှိခဲ့သည်ဟု အစိုးက ကြေညာခဲ့သည်။