Sunday, June 12, 2011

သူရိယ ဂျာနယ်မှကူးယူဖေါ်ပြပါသည်

ရန်-ငါ-စည်း မှ သံသယ ၀င်္ကဘာ (ဘိုဘိုကျော်ငြိမ်း)apr23,2011
၂၀၀၄ ဗိုလ်ချုပ်ခင်ညွန့် မပြုတ်ခင်က ထင်တယ်။ NCGUB ကဦးစီးပြီး NCUB က ဖဒိုမန်းရှာတို့ လည်းရောက်နေတုန်း ဆိုတော့ …Ft. Wayne မှာ ဗမာတွေ့ဆုံကြတဲ့ပွဲမှာ ..လူအတော် စုံကြတယ်။ ၀ုံးဆို အသံ ကျယ်ကျယ်နဲ့ ပုဂ္ဂိုလ်တယောက်က မာန်ပါပါနဲ့ စင်ပေါ်က ပြောနေသံ ကြားလို့ဂရုစိုက်နားထောင် လိုက်မိတယ်။ လူကို မမြင်ဖူးပေမယ့် ထောင်ထဲမှာ သူ့ကို ရင်းနှီးခဲ့ရတယ် ။ သူစပ်တဲ့ သီချင်း တပုဒ်က စိတ်ဓါတ်ကို အတော်တက်ကြွစေခဲ့တယ်။ ပီဒီပီ စစ်ချီသတင်းတပုဒ်ပါ။ ခုမှ..အပြင်မှာ မြင်တွေ့ဖူးရ တော့တယ်။ သူပြောတာကို .. အလေးပြု နားထောင်မိတယ် ….။ ပြောရင်း ဆုံးကာနီးမှ … .. သူက ထောက်လှမ်းရေး.. စပိုင် တွေကို သတိရှိကြဖို့ ..ပြောရင်းက ..ဒီအထဲ မှာလည်း ..စပိုင် … ရှိတာပဲ..တဲ့ ။ထမင်းစားချိန်မှာ .. .. သူ့ ကို သွားရောက် မိတ်ဆက် ..စကား ပြောမိရင်း ..ခင်ဗျား ခုန.. ပြောတဲ့ ထောက်လှမ်းရေး ..လူတွေဆိုတာ..ပြောပါဦး..ဆိုတော့ ..မသိဘူး လေဗျာ..တဲ့ ...။ရမ်းဆော်လိုက် တာ.. ရှိရမှာပေါ့တဲ့ … ။ကျနော်လည်း.. ပေါ့ပေါ့ပဲ ..သဘောထား လိုက်မိတယ် ….။

အခုမှ ..အသေအချာ..သုံးသပ်ကြည့်တော့မှ … မြတ်စွာဘုရား..ကွန်မြူနစ်တွေရဲ့ … ရန်-ငါ-စည်း ..စိတ်ဓါတ်ကို … ထောက်လှမ်း ရေးက …. ကောင်းကောင်း..မီးမွှေး..အသုံးချလိုက်တာ … ဒီ..သံသယ .. စက်ကွင်းဟာ … အတိုက် အခံထဲကို … စိမ့်ဝင်လာတာ … ပီဒီပီ တွေအထဲမှာထောင် ပြန့် လို့ နေ ပါလား?

စစ်ကြောရေး..အ၀င်ခံရဖူးသူတိုင်း..သိကြမှာပါ ….။ ဖုံးမနေပါနဲ့ကွာ..။ဘယ်သူက ဘာတွေပြောပြီးပြီ..ဆိုပြီး …. ထောက် လှမ်းရေး တွေက ....စိတ်ဓါတ်ကျအောင် စိတ်ရှုပ်ထွေးအောင် … သုံးတဲ့နည်းလေ … ။ တခါ … တခါ.. ထောက်လှမ်းရေးတွေ .. ရမ်းမွှေ လိုက်ရင် …ဒါမှမဟုတ် ...လံကြုတ်ဇာတ်လေး ..ထည့်ပေးလိုက်ရင် ..အချင်းချင်း ယုံထင်ကြောင်ထင်နဲ့ …. ညီညွတ်ရေးပျက် … ဇာတ်တွေ..ရှုပ်ကုန်ရော….။ အတိုက်အခံ ပြိုင်ဖက်တွေအကြား..မကျေနပ်မှု. ကို အရင်းပြုပြီး ..အမြတ်ထုတ်တာ ..ထောက်လှမ်းရေး ..တွေလုပ်နေကြပဲ…. ။

ရန်-ငါ-စည်း..ဆိုတဲ့..မီးစ ကလေးက.. ရှိလေတော့ ..ထောက်လှမ်းရေးတွေ အတွက် .. ၀ူး..ဆို..လေမှုတ်ပေးလိုက်ရုံပဲ …။ ကြာလာတော့ ..တယောက်ကို တယောက်..မယုံတဲ့.. သံသယမျက်စိနဲ့..အရင်ကြည့်တတ်တဲ့အကျင့်ဆိုးဟာ ..အတိုက်အခံ တွေကြားမှာ စွဲကပ် ..လာကြတယ် …။ မညီညွတ်ကြတာလဲ..မပြောနဲ့လေ ….။

ထောက်လှမ်းရေးတွေ တော်တာလား ..အတိုက်ခံတွေ ..ညံ့တာလားတော့ ..မပြောတတ်တော့ နောက်...ကျနော်တို့ ဗမာတွေရဲ့ အကျင့်ဆိုးက..(စည်း) မစောင့်ကြဘူး … ။ ရွာထဲမှာ … မိန်မအချင်းချင်း မတည့်လို့ … မိသားစုချင်း မတည့်ကြရင်လည်း … အခွင့်ရတာနဲ့ ..ချောက်(ဂျောက်)တွန်းလို့ရရင် ဂျောက်တွန်း လိုက်ကြမှာပဲ …။ ဂျပန်ခေတ် က ..ဒီလိုနဲ့ ..လူတချို့..ဘ၀ပျက် ..အသက်ဆုံးရှုံးခဲ့ကြရတယ် … ။အခု ..လည်း အခွင့်ရတာနဲ့ … စစ်တပ်လူ ..ဆိုပြီး..အတို့အထောင်လုပ်ဖို့ ..၀န်မလေးကြဘူး … ။ဝမ်းနည်း စရာက … conscious လို့ခေါ်တဲ့ ..စိတ်သန့်တာ -မသန့် တာ .. တရားတာ-မတရားတာ … မှန်တာ-မမှန်တာတွေ နားမလည်ကြဘူး။ အထူး သဖြင့် ..ကွန်မြူနစ်တွေ အဖို့ ..အမှန်တရား ..ဆိုတာက … ခေါင်းဆောင်ကြီးတွေရဲ့ ပါးစပ်က ပြောတာနဲ့ မော် ပြောတာတို့ပဲကိုး …..။

အခုလောက်ဆို … ရဲရဲနီ..ရဲဘော်ကြီး (၂) ဦး … အင်း..ဟင်း..ဆိုပြီး … လေချင်တက်လို့ ကောင်းနေ ကြရောပေါ့ …. ။ လူချ လိုက်ရလို့ အာသာပြေ အရသာ..ရှိ နေကြရောပေါ့…. ။ ရဲရဲနီတွေနဲ့..မနီ့တနီ တွေရဲ့ ချီးကျူးစာတွေ ..ဖတ် ပြီး… ငါးခူပြုံးလေးနဲ့ ..ကျေနပ်နေကြရောပေါ့ ..။ဒါပေမယ့်..ဒီအလွှာက တဆင့် … ခပ်နက်နက်လေး..တွေးကြည့်ရင် … မိမိတို့ကို ဖျက်မယ့်…မျိုစေ့ကို တိုးပွား နေခြင်း ဆိုတာကို ..သဘောပေါက်ကြမယ်..လို့ ..မထင်မိဘူး …..။


ယ္ခင့် ယ္ခင် တုန်းကလည်း …. ဗကပ ဥက္ကဋ္ဌ နဲ့ ပီကင်းပြန်တွေဟာ… အဖေတရုတ်ကြီးတွေရဲ့ …. ဥပမာ ကိုယူပြီး …. ဖြူတ်-ထုတ်-သတ် လုပ်စဉ်တုန်းကလည်း …. ရာဇ၀င်..ရှိခဲ့တဲ့ … ရဲဘော် ဘတင် (ခ) ဂိုရှယ်..နဲ့ ရဲဘော်ဌေး တို့ကို …. နို့နံ့ မစင်တဲ့ …. တပ်နီလေးတွေက … လူကြီးတွေရဲ့လည်ချောင်း သွေးနဲ့ ..ခြေထောက်ဆေးခဲ့ ကြတာကို ကြည့်ပြီး …. ရဲရဲနီတွေ ကျေနပ်.. ပီတိ..ဖြစ်ခဲ့ကြတာပဲ … ။နောင်မှ … ဒီစိတ်ဓါတ်နဲ့ ဒီအကျင့်ကို ..မဖျောက်နိုင်ကြဘဲ …. စစ်တပ် က …. လိုက်တိုက်နေတဲ့.. ကြားကအချင်းချင်းသတ်လို့ …. ဟင်္သာကိုးသောင်း ပျက်တဲ့ ..ကိန်းဆိုက်ခဲ့ရတယ်..မဟုတ်လား?

ပြည်တွင်းငြိမ်းချမ်းရေး ခေါ်တော့ ..နိုင်ငံရေး ကျားကစားတာကို ..နားမလည်တဲ့ ..စစ်ဗိုလ်တချို့ က ..ဗိုလ်ချုပ် နေ၀င်းကို မေး တော့ ..ငါ..ဘယ်သူ ဘာလဲဆို သိချင်လို့ ...ဖြေတယ် …။ တကယ်က .. ဗကပထဲမှာ ပြည်တွင်းစစ်ကို … ငြီးငွေ့လာတဲ့ … လူတွေနဲ့ …တင်းမာသူတွေအကြား…ကွဲပြားမှု ရှိတာ …sit report မှာ ပေါ်မှာပေါ့ ….။ စာရေးသူ တွေးလို့ရတာကတော့ ဗိုလ်ချုပ် နေ၀င်းက … ကျားတကောင် ထိုးကျွေး..သုံးကောင်စားပြီး ..ကင်းယူတာပဲ ….။ ပထမ က …. ပျော့ပျောင်းတဲ့သူ တွေကို မျှော် လင့်ချက်.. ပေးလိုက်တာ ..။အားပေးလိုက်တာ … ။ ဒါမှ အက်ကြောင်း ပိုနက်သွားမှာ ..။ ပြီး .. ပီကင်းပြန်တွေအကြောင်း … ပိုသိရမှာ … ။ နောက် ပြည်တွင်း ယူဂျီတွေအကြောင်း …ပိုသိခွင့် ရမှာ …. ။ခါကျင်အိမ်ကို ထုတ်နဲ့စွပြီး ..အပေါ်ကစီးကြည့်တာပဲ …. Risk တော့ရှိတယ် …။

ထင်တဲ့ အတိုင်း … ရန်-ငါ-စည်း … စိတ်ဓါတ်ကို ..ရင်ဝယ်ပိုက်ပြီး … ရန်-ငါ-စည်း မျက်စိနဲ့..ကြည့် တော့ … မိမိ နဲ့မတူ သူတိုင်း… ရန်သူ လာဖြစ်ကုန်ကြတာပေါ့ …။ တကယ်တော့ ဂိုရှယ်ဟာ ..သေတာတောင် ..အင်တယ်နေ ရှင်းနယ်သီချင်းဆိုရင်း ..သေသွား ရှာတဲ့ ..ကွန်မြူနစ်ပဲ …။ ကွဲတာက ဥက္ကဋ္ဌ သ္ခင်သန်းထွန်းနဲ့ အမြင်ချင်းကွဲကြတာပါ …။ဒါကြောင့် ..ဒေါ်စုက မိမိနဲ့မတူသူတိုင်း ရန်သူ အနေနဲ့ ..မမြင်ဖို့ပြောရတာပါ …. ။ ရန်-ငါ-စည်း … စိတ်ဓါတ်ကို အသေစွဲ.. ကိုင်ထားရင် …အချင်းချင်း အမြင်မတူတာနဲ့ ရန်သူလို့ ..လွယ်လွယ်သတ်မှတ်လိုက်ကြတော့… အတွင်း လှိုက်စား …. ညီညွတ်မှုပျက်ပြား .. နိုင်ငံရေးဘ၀..ပျက်တတ်ပါတယ်။

ဖဆပလ က အင်္ဂလိပ်နဲ့ စကားပြောတော့ … ဗိုလ်ချုပ်အောင်ဆန်းရဲ့ ..လုပ်ကွက်ကို ကြည့်ရအောင်။
ဗိုလ်ချုပ်ဦးဆောင်ပြီး.. ရ အောင် ဆွေးနွေးသူတွေ..ရှိသလို … (မရ) ရင် (ချ) ဖို့ … ပြင်ဆင်တဲ့ သူတွေက ပြင်ဆင်ကြရတယ် ….။ ရှင်းရှင်း ပြောရရင် .. ဗိုလ်ချုပ် က … ရန်-ငါ-စည်း စိတ်ဓါတ်ကို ရှေ့တန်းတင်မလာတော့ ..အချင်းချင်း … စိတ်ဝမ်းကွဲစရာ မရှိ … ။အားလုံး..ရည်မှန်းချက်..အတူတူ .. ကိုယ့်အလုပ်ကိုယ်လုပ်ကြရတာပဲ ….။ ညီညွတ်တော့ အားရှိတယ် … ။ အားရှိတော့ ရန်သူက.. လေးစားရတာပေါ့ … ။ ဗိုလ်ချုပ်ကိုယ်တိုင်က ရဖို့ ဥိး ဆောင်နေတာကိုး … ။
ဗိုလ်ချုပ်တို့ကို ချတာ .. ဆဲတာ ကွန်မြူနစ်တွေပဲရှိတယ် ….။

ဗိုလ်ချုပ်နဲ့ သခင်သန်းထွန်းတို့ ခေါင်းဆောင်မှုချင်း ကွာတယ်နော် … စိတ်ဓါတ်ချင်း..ကွာတယ်။
ဗိုလ်ချုပ် က မနာလိုစိတ် မရှိ … ။ နိုင်ငံရေး ..ဖျံပေမယ့် .sincere ဖြစ်တယ် ။ honest ဖြစ်တယ် …. ။(သိပ်လေးစား ..သိပ် ချစ်ဖို့ကောင်းတယ် …။ လူငယ်လေးတွေ အတုယူဖို့ ..သတိပြုစေချင်တယ်။)

အောင်ဆန်းအက်တလီ..ဆွေးနွေးပွဲ..သွားတော့ … ဦးတင်ထွဋ် တို့ ..ဂဠုန် ဦးစော တို့ကို ဘုရင်ခံက ထည့်တာ …. ။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့က ဖဆပလ ကိုယ်စားလှယ်တွေ .. ။ ဦးကျော်ငြိမ်းက ဖဆပလ အထွေထွေအတွင်းရေးမှုး..။ (၀န်ကြီး မဟုတ်တာကြောင့် ..ဗိုလ်ချုပ် က ဗိုလ်ချုပ်ရဲ့ အတိုင်ပင်ခံ ဆိုပြီး ခေါ်လာရတယ် …။) ဦးတင်ထွဋ် က ဘုရင်ခံ အင်မတန် အားကိုးရတဲ့ အိုင်စီအက်စ်။

သခင် သန်းထွန်းရဲ့ .. ရန်-ငါ-စည်း … စိတ်ဓါတ်..နဲ့ကြည့်ရင် ..ရန်သူ့လက်ပါးစေ ..ရန်သူပေါ့ ။ ဗိုလ်ချုပ်က သည်လို မမြင်ဘူး ။ ဗမာပညာတတ် ဗမာလူတော်..လို့မြင်တယ် …။ အင်္ဂလိပ်အစိုးရရဲ့ ..လုပ်ထုံး လုပ်နည်းတွေ …. ဘတ်ချက်တို့...စီးပွားရေး အသေးစိပ်တို့ကို .. ဦးတင်ထွဋ် အကူ အညီ နဲ့ ဗိုလ်ချုပ်ရော .. သခင်မြရော .. ဦးကျော်ငြိမ်းတို့ ပိုသိမြင်ခဲ့ရတာ …။ ဒါကြောင့် ဗိုလ်ချုပ်က ဆွဲခေါ်လာပြီး … လွတ်လပ်ရေးရတော့ ..နိုင်ငံခြားရေးဝန်ကြီးက .. ဦးတင်ထွဋ် …။ ဒီဖက်ခေတ် အခြေအနေနဲ့ကြည့်ရင် … ဗိုလ်ချုပ် သန်းရွှေနဲ့ ..ဆွေးနွေးပွဲမှာ … ဒေါ်စုက … ဗိုလ်ချုပ်ခင်ညွန့်ကို ဆွဲစားပြီး .. ဘယ်ဘက်မှာထိုင် ခိုင်းပြီး.. ဦးဏှောက် ဖေါက်စားသလိုပေါ့..။ (မှတ်ချက်။ တကယ်များဖြစ်ခဲ့ရင် ရန်-ငါ-စည်း သမားတွေ ဖင်ဆောင့်ဆောင့်ပြီး ..ဆဲ..လိုက်ကြမည့်ဖြစ်ခြင်း ..။ ဥါဏ်မှ မမှီကြတာကိုး။)

ကွန်မြူနစ်တွေအဖို့ … တရားတာ..မတရားတာ … ဟုတ်တာ..မဟုတ်တာတို့ …. ဖြစ်နိုင်..မဖြစ်နိုင်တို့ .. ကိုထည့်သွင်း ..စဉ်းစား တတ်တာ မဟုတ်ဘူး …။ ရန်-ငါ-စည်း ..အမြင်အရ … ရန်သူလို့သတ်မှတ်သူ ..ဒါမှမဟုတ် … အမြင်မတူသူတွေဆို … ရန်သူပဲ… ။ ဒါကြောင့် အခွင့်ရတာနဲ့ … နာမည်တပ် စွပ်စွဲ ..လာကြတယ် ….။ ထောက်လှမ်းရေးဆို တာက ..သူ့အလုပ်သူလုပ်ကြတာပဲ …။ ရရင်ဆွဲစားမယ် … ။အခွင့်ကြုံရင် … ကွဲအောင် ၀င် (ဖွ) လိုက်မယ် … ပေါ့ …။

ဗိုလ်ချုပ်မြ..လို လူမျိုးကိုတောင် ..၀င်လုံး..သေးတာပဲ…။ ဗိုလ်ချုပ်မြကြီးလည်း .. သူ့အဖွဲ့ အစည်း..အကျိုး .. သူ့လူမျိုး ..အကျိုးအတွက် … ဗိုလ်ချုပ်ခင်ညွန့်နဲ့တွေ့တာပဲ … ။ ကွန်မြူနစ်တွေလည်း … ဗိုလ်ချုပ် နေ၀င်း..လူတွေနဲ့ ..တွေ့ကြ တာပဲ …။ ဒါနိုင်ငံရေးမှာ… ဖြစ်စဉ်တခု .. ။တာဝန်တခုပဲ … တွေ့တိုင်း …စကားပြောတိုင်း .. စစ်တပ်လူ..ဖြစ်ရရော လား? စစ်တပ်သူလျှို ဖြစ် ..ရရောလား? ရန်-ငါ-စည်း ကို အသေကိုင်စွဲထားသူတွေအဖို့အတွက်ကတော့ … သံသယ.. ဆိုတာက ..ဖုံးလွှမ်းထား တော့… လူတိုင်းဟာ ရန်သူပေါ့ …။ ကိုယ်နဲ့ အမြင်မတူသူတိုင်းဟာ ..ရန်သူ့လူကြီးပဲ ….။

မသိလို့..မေးလိုက်ချင်တယ် ..။ဗိုလ်ချုပ်မြ .. ရန်ကုန် သွားတုန်းက.. ဘာကြောင့်..ရဲရဲနီ… ရဲဘော်ကြီးတွေ …ရဲရဲ တောက်.. မရေးရဲတာလဲ? မဲဆောက်မှာ နေပြီး.. ပေါက်ကရ ..စွပ်စွဲရင် … ခေါင်းနဲ့ကိုယ်..အိုးစားကွဲသွားမှာပေါ့ …။ သေနတ်ရှိတဲ့သူကိုတော့ ကြောက်တတ်သား ….။

စာရေးသူလည်း.. ရှင်းပြပြီးပေမယ့်..ကွန်မြူနစ်..ဆိုတာကတော့ … အမြင်မတူရင် ရန်သူလို့ပဲမြင်ကြ တော့ ..လစ် တာနဲ့ ….နောက်ကျော ကို ဓါးနဲ့..ထိုးဖို့က..အဆင်သင့် ….။ စာရေးသူကို..စွပ်စွဲဖို့က .. စာရေးသူဟာ ..ရန်ကုန် သို့လည်း..မသွားခဲ့…။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ..ရရင်ရ..မရရင်ချ..ပေါ်လစီကို လက်ခံသူ..ဟု အတိအလင်းရေးခဲ့သူ …..။

နောက် စာရေးသူဟာ ..နိုင်ငံရေးဖြစ်ရပ်တွေကို ….နိုင်ငံရေးအကွက်နဲ့ ..ကြည့်တတ်တယ် .. ။ဘာကြောင့်လဲ?

နိုင်ငံရေးအကွက်..အနောက်မှာ ..ဗျူဟာ ရှိတယ် ..။ ဒီ့နောက်မှာ .. အတွေးအခေါ်နဲ့Vision ရှိလို့ပါ..။
ရွေးကောက်ပွဲ ကာလကို ..တချက်ကြည့်ရအောင် ….။
ရွေးကောက်ပွဲ …မတိုင်ခင် ကာလ မှာ..ဖြစ်ရပ် နှစ်ခုဟာ ထင်ရှားခဲ့တယ် … ။ ဇင်ဘာဘွေ နဲ့…အီရန်။

ဇင်ဘာဘွေ မှာ မူဂါဗီ ဟာ ရွေးကောက်ပွဲဝင်လာတဲ့ အတိုက်အခံ မော်ဂင်ချန်ဂရိုင်းကို နိုင်ဖို့ဗြောင် .. ညစ်ရ ..ရိုက် ရတယ် …. ။ထို့နည်း၎င်းပဲ …။အီရန်မှာ … လူမြင်မကောင်းအောင် ညစ်ရတယ် …။ နောက်တခုက …. ရွေးကောက်ပွဲ ၀င်တာနဲ့ … စည်းရုံးခွင့်ရမယ် … ။ အီရန်မှာ ..ရွေးကောက်ပွဲ မတိုင်မီ လူထုစည်းဝေးပွဲတွေကို တားဆီးလို့မရ …။ ဒီစည်းဝေးပွဲတွေက အရှိန်တက်လာကြတာ … ။

အင်န်အယ်လ်ဒီ (NLD ).. လူထုနဲ့ ထိတွေ့ခွင့်ရမယ် ….။ ပွဲကြမ်းမယ်..။ risk များတယ် ။ ဒါပေမယ့် . ..အကွက်လှတယ် ။အင်န်အယ်လ်ဒီ NLD နိုင်ရင် (၉၀) ရလဒ် … (၂၀၁၀) ရလဒ် ကို ကိုင်ပြီး တောင်းဆို သောင်းကျန်း ပေတော့ ။ညစ်လို့..ရှုံးလည်း ..(၉၀) ရလဒ် ကို ကိုင်ပြီး အော်..လို့ရတယ် …။ ဒါကို ကျနော် မြင်ပြီး … NLD ၀င်ပါ ပါ..လို့ ကျနော်က ရေးခဲ့တာ ….။ တကယ့်ကို win-win-situation ကြီး ။ အီရန်ကို ကြည့်ပြီး ကျနော် စိတ်လှုပ်ရှားခဲ့ရတာ ..အမှန် ….။ ဒါက ဗျူဟာမျက်စိနဲ့ကြည့်တာ …..။

ကျနော်တောင်….မြင်မှတော့ … ဗိုလ်ချုပ်သန်းရွှေလည်း..မြင်မှာပေါ့ ….။
ဗိုလ်ချုပ်သန်းရွှေဟာ ..ကြည့်တော့ နုံတုံတုံ အတတ .. အူတူတူ .. မခုပ်တတ်တဲ့ ကြောင် …။ ခေါင်းထဲမှာ… ဥါဏ်ကြီး ပဲ … ။ အင်မတန်.. လျှင်တဲ့ ..ဗျူဟာမှူး..။ good strategist ..။

ဒီတော့ ..ပထမ..အကွက်က..ဘာကို ..စ..ရွှေ့သလဲ?

ဦးဝင်းတင်ကို အစောကြီး ကြို..လွှတ်ပေးလိုက်တယ် .. ။ စာရေးသူက..ပထမ.အစဉ်းစားကြပ်သွားတယ်? နိုင်ငံရေး မှာ .. အသားလွှတ် ..မရွှေ့ဘူး ….။ ဦးဝင်းတင်ရဲ့ရပ်တည်ချက် က ..(မူ အပေါ် ရပ်တယ်) … (ဒူးမထောက်ကြေး) ..(မာတယ်) ..စသည် စသည်ဖြင့်ပေါ့ ….။ တဖက်ကလည်း … အန်ကယ်ကြီးတွေကို ..၀င်ပါလို့ ..မျက်စိမှိတ်ပြလိုက်တယ်..လို့ထင်တယ် … ။ တဖက်က ၀င်မယ်ဆို ရင် … တဖက်က ..မ၀င်ဖို့ … ပိုကြိုးစားလာရတော့မယ်လေ ….။ NLD ထဲမှာ.. အပင်းထည့်ပေးလိုက် တာ …။ ရန်တိုက်ပေးလိုက်တယ် …. ။

တဖက်ကလည်း … ၀င်ကြပါ .. ၀င်မှ credibility ရှိမယ် ..တရား ၀င်မယ် ..ဆိုပြီး..တောခြောက်..တောလှန့်..ပေးလိုက်တော့ ..မ၀င်ဖို့ဖက်က … ပိုခံပြင်း.. ပိုအတိုက်ခံ လုပ် … ။ပိုပြင်းထန်လာကြတယ် ….။ ပိုသေချာအောင် … ထိုင်းနိုင်ငံရဲ့ ..ပုံစံကို ယူပြီး … ဥပဒေနဲ့ ..ညစ်ပြ ..လိုက်တယ် ..။ အမှန်က … မာန..ကို ကလိ..ကစားလိုက်တာပါ …။ ၀င်ချင်ရင်တောင်..မ၀င်နိုင်အောင် ..အောက်စည်း နဲ့..၀င် ဆိုတော့ … ဘယ်သူမှ… ရာဇ၀င်..တရားခံ..မဖြစ်ချင်ကြတော့ ..” မ၀င်ဘူးကွ …။ဒါပဲ..သန်းရွှေရ..”ဆိုပြီး ..ရင် ကော့ပြီး …. ထွက်ထိုင်ခဲ့ကြတယ် ….။

အတိုက်အခံတွေ ..အမြင်မှာ..ငါတို့မှန်တယ် .. မူအပေါ် ရပ်တယ် …. သတ္တိရှိတယ် ပေါ့ .. ။(မူ) နဲ့ (သိက္ခာ) အရ ..ငါတို့ (နိုင်) ..လိုက်ပြီ…။ ဗိုလ်ချုပ်သန်းရွှေ ၀င်စေချင်တာ မ၀င်ဘူးကွ .. ။ရန်-ငါ-စည်း..သမားတွေ..အတွက်ကတော့ … နိဗ္ဗာန်ပေါ့ ….။ ဒါက..အဆင့် တခုက ကြည့်တာ။

ဗျူဟာမျက်စိ ကို သုံးတဲ့အဆင့် တခုက..ကြည့်ရင် …. ဘယ် ချောက်ခါ ညာလှမ်း..အတိုက်ခံတွေကို ..မျက်လှည့် ပြပြီး … အားလုံးကို ..သူလိုချင်တဲ့ ပုံ… ကျုံးသွင်းသွားတာဗျို့ …။
အားလုံးက..၀ိုင်းဆဲ နေကြတဲ့ …အရူးကြီး … ငပေါ ကြီးဆိုတဲ့.. ပေါတာကြီး..သန်းရွှေက … သုလိုချင်တဲ့ ပုံ..သူ ဖေါ်သွားတာပဲ… ။သူ့လူတွေ တောင် ..အကုန် မပြော ..။ တယောက်ကို..တမျိုးပြောပြီး … ။ သူ တယောက်ထဲ..ကစားသွားတာ ….။ ဂျင်အပေါ်က ထုံးအစစ် ….။

သာမာန်..လြူပိန်းတွေး..တွေးရင် …၁၉၉၀ တုန်းကလို … ပါတီများများဝင်မှ ..ပို..တရားဝင်မယ် …။ ပိုကြည့်ကောင်း မယ် ...စသည်ဖြင့်ပေါ့ ….။ ၁၉၉၀ က တကယ် တော့ ဒီမိုကရေစီ..ဆိုတာ … ရှုပ်ထွေးမှု chaos ဆိုတာကို ဖေါ်ထုတ် ချင်လို့ … မဲဆန္ဒရှင်တွေ ရှုပ်ထွေးအောင် ..လုပ်တာ …။ မဲဆန္ဒရှင်တွေ က .. ဒေါ်စုမှ ဒေါ်စု ဖြစ်လို့ … ပွဲမလှ ဖြစ် ကုန်တာ ….။ ၂၀၁၀ မှာက ..နည်းနည်းနဲ့ ..ရှင်းရှင်းလေး ကစားတာ …။ မဲမရတဲ့ ..နေရာတွေမှာ ..ညစ်ပုံကလည်း ..သိပ်ယဉ်တယ် …။ မကြမ်းဖူး … ဘယ်ကမှန်း..မသိတဲ့ … ကြိုတင်မဲတွေ ရောက်လာတယ်။

တဖက်က..၀င်စေချင်သယောင် ..ဟန်ဆောင်ပြီး ..တကယ်က မ၀င်စေချင် … ။
မ၀င်မှ .. ပွဲလှမှာကိုး။
ဟော …အခု အတိုက်ခံ..မရှိဘူး..လို့လည်း မပြောနိုင် …။ ပြောရဲလောက်အောင်လည်း … အင်အားမရှိ …။ ချည်ပြီးး.. တုပ်ပြီးသား… ။ ဟဲဟဲ … စည်းကမ်းရှိသော … ဒီမိုကရေစီနိုင်ငံကြီးကို..ချီတက်ကြစို့လေ …။ ဗိုလ်ချုပ်သန်းရွှေ .. လိုချင်ထားတဲ့ အကွက်ဟာ ..အပြီးမှ ..ပုံပေါ်လာတယ် …။

စာရေးသူ အပါအ၀င် ..အများက ..အင်န်အယ်ဒီ ရွေးကောက်ပွဲ ..၀င်ရေး..မ၀င်ရေးကိုပဲ ..အာရုံစိုက်နေကြတယ် …။ မည်သူကမှ … မ၀င်ရင် ..ပါတီ register မလုပ်ရင် အင်န်အယ်ဒီ ..တရားမ၀င်တော့ဘူးဆိုတဲ့ … အကွက်ကို မမြင်ခဲ့ ဘူးလို့ပြောလို့ရမယ်..ထင်တယ်..။ ၂၀၁၀ ရွေးကောက်ပွဲဟာ ..၉၀ ရလဒ် ကို ဖျက်ပစ် တဲ့ အပြင် .. အင်န်အယ်ဒီ .. တရားဝင်မှု ကိုပါ ဖျက်ပစ်လိုက်တယ် … ။ ဒီအကွက်ဟာ ..စစ်အစိုးရ.အတွက် .. အပိုအာမခံ..ဖြစ်တယ် … လိုအပ်ရင် … သုံးဖို့ ..ချန်ထားတဲ့..အကွက်လို့..မြင်မိတယ် …. လောလောဆယ် … အေးဆေး နေရင်..ဘာမှလုပ်စရာမလို …. အကယ်၍ ..ထိပ်တိုက်ရင်ဆိုင်မှု … ဖြစ်လာခဲ့ရင် .. အင်န်အယ်ဒီ ကို ကိုင်နိုင်အောင် .. တကွက်ကြို ကန်ထားတာလို့ ..ယူဆနိုင်တယ် ….

ဆန်ဇူးကပြောတယ် … ရန်သူ့အကြောင်းကို … သိပါစေ … ကိုယ့်အကြောင်းကို ..ကိုယ်သိပါစေ … တဲ့ .. ပေါတာ ကြီး..သန်းရွှေက.. အတိုက်အခံ..တွေအကြောင်း..အတိုက်အခံ.တွေထက်..ပိုသိနေ ပုံရ တယ်.. အမှန်က … စိတ်ဓါတ် စစ်ဆင်ရေး..တပ်ဖွဲ့မှာ ..လုပ်လာတော့ .. အနီတွေရဲ့…ရန်-ငါ-စည်း .. စိတ်ဓါတ်ကို …. ကောင်းကောင်းသိပုံရတယ် …. ဘယ်အကြောနှိပ်ရင် ..ဘယ်လက်ထောင်မယ်.. ဆိုတာ..သိနေတာကိုး …. အတိုက်အခံတွေရဲ့..ပြဿနာက …. လက်ဝဲသူငယ်နာမဆင်သေးတဲ့ .. အနီတွေရဲ့ … လောင်းရိပ်အောက်က ..ခုထိ..မထွက်နိုင်ကြသေး…. နဲနဲလေး ဖြစ်တာနဲ့ … မာတယ်ကွ ..မူအပေါ်ရပ်တာဟ … ဒင်းတို့က သစ္စာဖေါက်တွေ … သာယာစီးတွေ … စစ်တပ်သူလျှိတွေ … ဆိုပြီး..ဟိုလူ့လက်ညှိုးထိုး..ဒီလူ့လက်ညှိုး..ထိုးရင်း… စိတ်အာသာဖြေနေကြတာ … နောက်ဆုံး အဖြေရှာလိုက်ရင် ဘာရလဒ်မှ ..မပြနိုင်ကြဖူး …. နောက်အနှစ် (၂၀) အော်ရင်း … အသက်ကြီးပြီး သေသာသေကုန်ကြမယ် …. ရန်-ငါ-စည်း ကတော့လျော့မှာ အဟုတ်ကြဖူး …

မေးစရာရှိတာက .. နိုင်ငံရေး..လုပ်တာဟာ … မိမိစိတ်အာသာပြေဖို့လား? တိုင်းပြည်အတွက်လား? အနှစ်(၂၀)ကျော် အော်လာကြတာ ..ဘာထိရောက်မှု … ဘာတိုးတက်မှုရှိသလဲ? လို့မေးမိကြရဲ့ လား? နောက် မျိုးဆက်နှစ် ဆက်လောက်ဆိုရင် …ဗမာနိုင်ငံမှာလည်း ..ကွန်မြူနစ်တွေရှိတော့မယ် မထင်…

ဗျူဟာ..နားလည်တဲ့ သူတွေက … အကွက်နဲ့..ရွှေ့ တယ် … ထောင်ဖမ်းတယ်… တောခြောက် ဖမ်းတယ် … စိတ်ခံ စားမှု .. အီမိုးရှင်း ..မရှိဖူး .. ဆိုတာကို..နားမလည်ကြဖူး …. ဆေးစွဲတဲ့ သူတွေဟာ … တဒင်္ဂခဏ စိတ်ချမ်းသာမှုကို …. မထိမ်းနိုင်ပဲ ..ထွက်ပေါက်ရှာကြသလို …. လက်ဝဲအစွမ်း ရောက် တွေ ..ရဲ့ … အားနဲချက် က … ရန်-ငါ-စည်း …စိတ်နဲ့ … (ငါ) ဆိုတဲ့ … မာန..ကိုထောင်လိုက်ရမှ .. စိတ်ငြိမ်သွားကြတော့ …. အနီ..တွေကို …သိမ်းသွင်း ချေမုန်း ခဲ့ဘူးတဲ့.. ဗိုလ်ချုပ်သန်းရွှေ.. အတွက် လွယ် သွားရတာပါ …..

ရန်-ငါ-စည်း …စိတ်နဲ့တွက်ရင် … အဖြူ..နဲ့ ...အမဲပဲ ရှိတယ် … ကြားက ..မီးခိုးရောင်တွေ … ဘာတွေမရှိဖူး … မသိချင်ဖူး … ဒါကြောင့် ..ပရိယာယ်အကွက်..ဆင်..ထောင်ဖမ်းရတာလွယ်ကူတယ် .. လောကကြီးဟာ … ထင်တာ ထက် …နက်နဲ..ရှုပ်ထွေး..တယ်ဆိုတာ ကို..လက္ခံချင် ကြပုံမရှိ .. capacity နဲတာလည်း..ပါပါတယ် ….

အနီတွေရဲ့..အတွေးအခေါ်..အကျင့်အကြံ..တွေရဲ့…လောင်းရိပ်..အောက်က..မထွက်နိုင်သ၍ …မိမိက ..တဗန်း ရှုံးပြီးသား ……

တရုတ် စစ် ဗျူဟာပညာရှင် ဆန်ဇူး က သင်ကြားသွားတဲ့ အထဲမှာ … ရန်သူကို .. မတိုက်ရပဲ … နှိပ်ကွပ်နိုင်ခြင်း (သို့) စစ်အောင်နိုင်ခြင်း ..ဟာ … အရည်အသွေးစွမ်းရည်၏ အကောင်းဆုံး အမြင့်ဆုံးဟု …မှာကြားသွားပါသည်။ တချိန်ထဲမှာ … စစ်ပွဲတိုင်းဟာ .. (လှည့်ဖျား) မှု ဟုလည်း မိန့်ကြားခဲ့ပြန်တယ် ….

၂၀၁၀ ရွေးကောက်ပွဲမှာ …. ဗိုလ်ချုပ်သန်းရွှေက … တကယ်က… ညာချိုးစေချင်တာ … သို့သော် ..ဘယ်ချိုးစေချင် သယောင် … ဖိန့်ဖိန့် ..လုပ်ပြလိုက်တော့ … ရန်-ငါ-စည်း … ခေါက်ရိုးကြိုးနေတဲ့ .. အတိုက်ခံ…တွေက … သူဖြူရင် ..ငါမဲ … သူမဲရင်..ငါဖြူ..ဆိုတဲ့… လှေနံဓါးထစ် .. တလမ်းသွား ..အတွေးအခေါ်နဲ့ … အလံထောင်ပြီး … ညာချိုးကာ ..ရဲရဲကြီးချီတက်..သွားကြတော့… ဗိုလ်ချုပ် သန်းရွှေ..တယောက်..မပင်ပန်းပဲ ..လက်ပိုက်ကြည့်နေရုံပဲ…

ဒါ..ကျနော်..ဥါဏ်မှီသလောက်လေး … တွေးကြည့်မိတာပါ။

ဒီနေရာမှာ ..ကျနော်ဒေါ်စု..ကို အပြစ်..မတင်ရက်ပါ …. ဗိုလ်ချုပ်သန်းရွှေ က …အားလုံးကို ..ခူးပြီးခပ်ပြီးမှ ..ဒေါ်စုကို ကပ်ပြီး … လွှတ်ပေးလိုက်တာ…. ဒေါ်စုကို..ရွေးစရာ..လမ်း..မရှိအောင် .. အကွက်ဆင်ပြီးပြီ … ကျနော်က .. (လူ) ထက် (အတွေးအခေါ်) ကို ပို အပြစ်တင်ချင်တယ် … ဒီ..ရန်-ငါ-စည်း အတွေးခေါ်..အမှားကြီး ..ကို ရင်မှာပိုက်ပြီး … နေရာတကာ..ဒီပေတံနဲ့တိုင်း .. ဒီပေတံနဲ့ ဆုံးဖြတ် ..နေကြရင် ..ဆက်မှား..နေကြဦးမှာပဲ … သခင်သန်းထွန်း ..တို့ ကို .. ဂျောက်ထဲ..တွန်းချခဲ့ တာ..လည်း ..ဒီ.စိတ်ဓါတ်..ဆိုး..တွေပဲ …

ကျနော် ..ဖြေးဖြေးခြင်း … လူကြီးတွေလည်း ..ဘယ်လိုးမှား ..ခဲ့ကြတယ်ဆိုတာကို ..ဖေါ်ထုတ်..တင်ပြ …ဆွေးနွေး သွားပါ့မယ် ….

အတိုက်ခံတွေ..ရင်ဆိုင်..နေရတာက … စစ်တပ်နဲ့ ..စစ်ဗိုလ်တွေ …
စစ်တက္ကသိုလ်.. အများစုမှ … ဆန်ဇူးရဲ့ ..ဗျူဟာအတွေးအခေါ်ကို … သင်ကြားကြရတယ် …
စစ်ဗိုလ်တိုင်းဟာ … စစ်ဗျူဟာ … စစ်ပွဲပလင် … ပြင်ဆင်မှု … logistic မရှိပဲ ..စစ်တိုက်လို့မရ…
အတိုက်အခံ ..အများစုက … စိတ်ခံစားမှု နဲ့ … အတင်း..ကျား..တက်ထိုးချင်ကြတာ … ရန်သူ့.. ထောင်ချောက် ကိုမမြင်လိုကြ ….
စစ်ပွဲမှာ … ရင်ဆိုင်..မတိုက်တိုင်း ..သတ္တိမရှိတာမဟုတ် ….

ရောမခေတ်က ..ဟန်နီဘား ..ဟာ ..စစ်တိုက်တော်ရုံမက … ရောမ သားတွေကို အသေမုန်းတယ် ..ထိပ်တိုက်စစ်ပွဲ ..အကြိမ်ကြိမ်ရှုံးတော့ …ရောမတွေက ..ထိပ်တိုက် ..စစ်မဆင်နွှဲတော့ … တဖြည်းဖြည်း ..ရှောင် တိုက်ရင်း …အမှဲ့ ချွေ ချွေ..သွားပြီး..အားယုတ်လာမှ ..အပြတ်ရှင်းတာ ….

ဒါကြောင့်..စာရေးသူဟာ … အကွက်..ကိုသတိရှိတာပါ … အကွက် ..က တဆင့်..ဗျူဟာ ကိုခန့်မှန်း လို့ရပါတယ် ….
လူငယ်လေးတွေ ..ဗျူဟာ..သတိ..ရှိနိုင်ကြပါစေ …
လူငယ်လေးတွေ … သတိပြုနိုင်ရန် .. ဆန်ဇူးရဲ့ .. ဟောာကြားချက် တချို့ကို ဖေါ်ပြလိုက်ပါတယ်

Sun Tzu Quotes

All war is based on deception.
All men can see these tactics whereby I conquer, but what no one can see is the strategy out of which victory is evolved.
Be extremely subtle, even to the point of formlessness. Be extremely mysterious, even to the point of soundlessness. Thereby you can be the director of the opponent's fate.

For to win one hundred victories in one hundred battles is not the acme of skill. To subdue the enemy without fighting is the acme of skill.

ဘိုဘိုကျော်ငြိမ်း

ချင်းမိုင်
ဇွန် .. ၁၀-ရက် ၂၀၁၁
To be continued … ဆက်ရန်ရှိပါသည် ….
--------------------------------

No comments: