Wednesday, June 15, 2011

ကချင်သတင်းဌာနမှကူးယူဖေါ်ပြပါသည်

...


ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းမကြား တံတားတခု KIA ဖျက်ဆီး
E-mailPrintPDF
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် အရှေ့ဘက် ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းကြား လန်နုချောင်း (Lant Nu stream) တံတားအား ယမန်နေ့ည (၉)နာရီတွင် KIAမှ ဗုံးဖေါက်ခွဲ ဖျက်ဆီးခဲ့သည်။

ယင်း ဗုံးဖေါက်ကွဲမှုကြောင့် ၁ပေခန့်စီရှိ အပေါက် နှစ်ခု ပေါက်သွားခဲ့ကာ တံတားအောက်၌ မပေါက်သေးသည့် ဗုံးနှစ်လုံးမှာ ရှိနေသေးသည်ဟု မျက်မြင် ဆဒုံ ဒေသခံ ပြောသည်။ ကျန်ရှိနေသေးသည့် ဗုံးကြောင့် မြန်မာအစိုးရမှ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်အား ပိတ်ပင်ထားသည်။

“အပေါက်နှစ်ပေါက်တော့ ပေါက်နေတယ်။ အခုဆို ဒေသခံတွေ အားလုံး အကုန် သတိနဲ့ နေနေရတယ်။ သေနတ်သံတွေ တော့ မကြားရသေးဘူး။”
civil_war_northern_burma
ဇွန် ၁၄၊ အင်္ဂါနေ့ည KIAမှ ဗုံးခွဲတိုက်ခိုက်ခဲ့သော ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ တံတားတချို့။
ယင်း ပေ (၁၀၀)ကျော် ကွန်ကရစ်တံတားတွင် မော်တော်ယာဉ်ကြီးအား ပိတ်ပင်ထားသော်လည်း ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ်များကိုမူ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

ဇွန်လ (၁၄) ရက် တစ်ရက်တည်းတွင် ဗုံးပေါက်ကွဲခြင်းကြောင့် ကချင်ပြည်နယ်ရှိ တံတား (၄) စင်း ပျက်စီးခံရသည်။ အဆိုပါ တံတားများမှာ ၀ိုင်းမော်မြို့ရှိ တန် ၆၀ ခံ နန့်မြစ် (N-Myen Hka)ချောင်းကူးတံတား၊ KIO ရေအားလျှပ်စစ်ထုတ်လုပ်သည့် မလီ(Mali Hka)ချောင်းကူးတံတား၊ လန်နုတံတား တို့ဖြစ်ကာ တစ်စင်းကိုမူ အတိအကျ မသိရသေးပေ။

ထို့ပြင် ရှမ်းပြည်နယ် KIA တပ်မဟာ (၄) အနီးရှိ မန္တလေး-မူဆယ် ကားလမ်းမှ နမ်ဖတ်ကာတံတားနှင့် တာမိုးညဲ-မုန်းစီကားလမ်းရှိ နမ်ဆာခမြစ်တံတား၊ (၂)စင်းလည်း ပျက်စီးခဲ့ရသည်။

တာခေါခ(တာပိန်မြစ်) ရေကာတာ ၂ ခုရှိရာသို့ အဓိက ဆက်သွယ်ပေးနေသည့် နမ်ဖတ်ခ ချောင်း တံတားလည်း ဇွန်လ (၁၃)ရက်နေ့တွင် KIAမှ ဗုံးခွဲဖျက်ဆီးလိုက်သည်။

ဖေါက်ခွဲမှု ခံရသည့် ဝိုင်းမော်မြို့ရှိ နန့်မြစ် ချောင်းကူးတံတားကိုမူ မြန်မာစစ်တပ်မှ လျင်မြန်စွာ ပြင်ဆင်လိုက်ပြီး စစ် မော်တော်ယာဉ်တန်းများ ပြန်လည် ဖြတ်ကျော်နေပြီ ဖြစ်ကြောင်း ဝိုင်းမော် ဒေသခံများ ဆိုသည်။
 
 
 
 
...

No comments: