Sunday, February 26, 2012

ပြည်တွင်းရှိ ပိဿာ အလေးချိန်များကို ကီလိုယူနစ် စနစ်သို့ ပြောင်းလဲအသုံး ပြုသွားရန် စီစဉ်နေ

ပြည်တွင်းရှိ ပိဿာ အလေးချိန်များကို ကီလိုယူနစ် စနစ်သို့ ပြောင်းလဲအသုံး ပြုသွားရန် စီစဉ်နေUpdated : 24 Feb, 2012

ပြည်တွင်းမှာ လက်ရှိအသုံးပြုနေတဲ့ ပိဿာအလေးများကို နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ကီလိုယူနစ် စနစ်သို့ ပြောင်းလဲ အသုံးပြုဖို့ စီစဉ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဲ့ဒီလို ကီလိုယူနစ် စနစ်သို့ ပြောင်းလဲဖို့ စီစဉ်ရခြင်းမှာ ပြည်ပနိုင်ငံများနဲ့ ကုန်သွယ်မှု ပြုလုပ်တဲ့အခါ အလေးချိန်ပိုင်းဆိုင်ရာမှာ အလွယ်တကူနဲ့ ကုန်သွယ်မှုပြုလုပ် နိုင်စေဖို့နဲ့ အလေးချိန် ချိန်တွယ်တဲ့အခါမှာလည်း နိုင်ငံတကာ စံနှုန်းတစ်ခုနဲ့ မှန်ကန် ကိုက်ညီစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကီလိုယူနစ် စနစ် ပြောင်းလဲမှုကိုတော့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ပူးပေါင်းပြီး စီစဉ်ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ အသုံးပြုနေတဲ့ ပိဿာအလေးတွေကို ကီလိုယူနစ်စနစ် ပြောင်းလဲမှုမှာတော့ အလေးချိန်ကို ဂရမ်ကနေစပြီး ကီလိုအထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှာ အဆိုပါ အလေးချိန်စနစ် ပြောင်းလဲဖို့ အတွက်ကို အခြေခံကျတဲ့အလေး ၊ ပိဿာအလေးနဲ့ ကီလို အလေးတွေလည်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီလို ကီလိုယူနစ်စနစ် ကို ပြောင်းလဲဖို့အတွက်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု ၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ အခါအားလျော်စွာ ဆွေးနွေးပွဲများ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သတင်းရရှိပါသည်။


..

No comments: