Wednesday, February 1, 2012

မြန်မာပြည်မှာ E-VISA လုပ်မည်ဟုဆိုလေပြီ

.


မြန်မာက E-VISA လုပ်မည်ဟုဆိုသည်။ အင်တာနက်မှလျှောက်ထားနိုင်သည်ဟု သိရသည်။ ခက်သည်က မြန်မာပြည်မှာ ဟိုတယ် အခန်းက နည်းနေသည်။ လေဆိပ်ကလည်း သေး။ လေယဉ်ပြောလမ်းကလည်း တိုသည်။ သူများတိုင်းပြည်မှာ  လေဆိပ်တစ်ခုတွင် ပြေးလမ်းနှစ်ခုရှိ၏။ မြန်မာပြည်မှာက ပြေးလမ်းတစ်ခုသာရှိသည်။ ဟိုတည် အခန်းတွေနည်းတော့ ရှိပြီးသား တွေက ဈေး ၂ ဆတင်သည်။ ကြယ် ၅ ပွင်းဟိုတယ်ကို ဒေါ်လာ ၆၀၀ ဟုဆိုသည်။ ဥရောပထက်တောင်ဈေးကြီးနေ၏။ ဒါတောင် လူတွေကပြည့်နေပြီဟုဆိုသည်။ ခေတ်ပျက်တုန်း မတရား ဈေးတင်တာတော့မကောင်းပါ။ မျှမျှတတ လုပ်ဖို့တောင်းဆိုလိုက်ပါ သည်။ ခက်သည်က မြန်မာ ပြည်မှာ တည်းခိုးခန်းတိုင်းက နိုင်ငံခြားသားကို လက်ခံလို့မရပါ။ နိုင်ငံခြားတိုင်းပြည်များတွင်တော့ ထိုသို့ကန့်သတ်ချက်မရှိချေ။

ခရီးသွားလုပ်ငန်းနှင့်အတူ တိုးတက်လာမည့် ပြည်တန်ဆာလုပ်ငန်းများလည်း တားဆီးဖို့လိုသည်။ ကျောင်းသားခေါင်းဆောင် ဆိုသူများ ကဒါမျိုးတွေကိုတောင်းဆိုရမည်။ ဇိမ်ခမ်းတွေလက်ညိုးထိုးပြီး အစိုးရကို အပုတ်ချသည်ထက် ကာရာအိုကေဆိုင်ရှေ့တွင် ဆန္ဒပြပွဲလုပ်ဖို့ကောင်းသည်။ မြန်မြန်လုပ်လျှင် မြန်မြန် ကောင်းသည်။


မြန်မာ ပြည်တွင်း လေကြောင်း လိုင်း ၆လိုင်းရှိသည် နိုင်ငံပိုင်က တစ်ခု အခြား သူဌေးကြီးများက ၅ လိုင်းဖြစ်၏။ Air Mandalay, Yangon Airways, Air Bagan, Asian Wings and Kanbawza. လိုင်းတို့ဖြစ်သည်။

နိုင်ငံတကာ ၀င်ထွက်နေသော လိုင်း က ၁၃ လိုင်းဖြစ်သည်။ Air China, China Southern Airline, China Eastern Airlines, Thai Airways International, Indian airline, Air Asia, Taiwan region's China airlines, Silk Air, Malaysian Airlines, Bangkok Airways, Jetstar Asia, Thai Air Asia and Vietnam Airlines


.

No comments: