Thursday, April 14, 2011

ငါနဲ.မတူရန်သူ.လူ အယူအဆများ ပြင်းထန်စွာရှုံ.ချ

အီးယူနဲ.ကုန်သွယ်မှု ပမာဏဟာအထူးပဲအရေးကြီးပါတယ် ယခုတင်ပြထားတဲ့ ကုန်သွယ်မှုပမာဏကိုလေ့လာရင် အာဆီယံနိုင်ငံများ ဖြစ်တဲ့ ထိုင်း၊ဗီယမ်နမ်၊ ဖိလစ်ပိုင် အစရှိတဲ့နိုင်ငံ များဟာ မြန်မာထက် အဆများစွာများနေတာကို တွေ.ရမှာဖြစ်ပါတယ်။ အီးယူနိုင်ငံများက သာ စီးပွား ပိတ်ဆို.မှုမလုပ်ခဲ့ရင် ကုန်သွယ်မှုပမာဏဟာ ယခုထက် များဖို.ရှိပါတယ်။မနေ.ကပဲ ကျင်းပ ပြီးစီးတဲ့ အီးယူ အစည်းဝေးမှာ စီးပွားပိတ်ဆို.မှုကို ဆက်လက်ထားရှိခဲ့ပါတယ်။
ဒါကိုဦးဝင်းတင်က စီးပွားပိတ်ဆို.မှုများဖွင့်လှစ်ဖို. ကြိုးပမ်းတဲ့ အခြားအမြင်မတူတဲ့ နိုင်ငံရေးပါတီများကို စစ်မှန်တဲ့အသံတွေ မဟုတ်ပဲ စစ်အုပ် စုနဲ. တစ်စုံတစ်ရာ သဘောတူညီမှုရခြင်း တစ်စုံတစ်ရာ အပေးအယူလုပ်လိုခြင်းက ပေါ်ထွက်လာတဲ့အသံတွေဆိုပြီး ဝေဖန်ပုတ်ခတ်သွားပါတယ်။အင်အယ်ဒီမှ ဦးဝင်းတင်ရဲ့အခြားသော နိုင်ငံရေးပါတီများအပေါ် ငါနှင့်မတူ ရန်သူ.လူဟူသောအဓိပါယ်သက်ရောက်တဲ့ စကားများ ဘီဘီစီနှင့်ပြောကြားချက်ကို ကျွန်ုပ်တို.ပါတီမှ ပြင်းထန်စွာရှုံချပါတယ်။


Trade with eu and burma -

No comments: