Wednesday, May 18, 2011

မြန်မာအောက်တွင်ဆိုမာလီတစ်နိုင်ငံသာလျှင်ရှိတော့သည်

လာဘ်ပေးလာဘ်ယူမှုတွင် မြန်မာက ထိပ်ဆုံးမှရှိနေသည်။ တိုင်းပြည်တိုးတက်မှုတွင် အတားအဆီးက လာဘ် ပေးလာဘ်ယူသာဖြစ်၏။ ချစားမှုများသော တိုင်းပြည်ကို ဘယ်စီးပွားရေးပညာရှင်ကမှ ကယ်နိုင်မည်မဟုတ်ပါ။ ချစား မှု၏ အဓိကလက်သယ်မှာ အစိုးရများသာဖြစ်၏။ မြန်မာပြည်တွင် လစာ အပြင်ရရှိသော အပိုဝင်ငွေက ဂုဏ်ယူ စရာပင်ဖြစ်နေ၏။ လာဘ်စားနိုင် သောဌာနတွင် အလုပ်ရလျှင်ဂုဏ်ရှိ၏။ လာဘ်စားနိုင်သော ပညာရေးနယ်ပယ်တွင် ပညာ သင်ကြားသူဦးရေလည်းများသည်။ စက်မှုတက်က္ကသိုလ်တွင် မြို.ပြအင်ဂျင်နီယာ သင်ကြားသူများ၏။ အလုပ်ရ လျှင် အောက်ဆိုက်ရသော ကြောင့်ဖြစ်သည်။

တစ်နှစ်တစ်နှစ် ဗိုလ်လောင်းသင်တန်းလျှောက်သူဦးရေသည်ပင်လျှင် နည်းလှသည်မဟုတ်၊ စစ်ဗိုလ်ဖြစ် လျှင် ချမ်းသာပြီ ရှေ.တန်းမသွားခြင်လျှင် လာဘ်ထိုးလိုက်ရုံသာဖြစ်၏။

ကျွန်တော်တို.မျိုးဆက်တွင် လုပ်သွားရမှာက ဒီမိုကရေစီရေး ပြီးလျှင် လာဘ်စားမှုတိုက်ဖျက်ရေးဖြစ်၏။ အမျိုးသားရေးအသွင်ဖြင့် လုပ်ရမည်ဖြစ်ပါသည်။ မိဘက သားသမီးကိုလာဘ်စားတာရှက်စရာဖြစ်ကြောင်းသင်ပေး ရမည် ။ ကျောင်းတွင်လည်းသင်ရမည်။ လုပ်ငန်ခွင်တွင်လည်း ရှုံချရမည်။ အစိုးရကလည်း လာဘ်မစားမှဖြစ်မည်။ မီဒီယာ မှလည်း ရဲဝံ့စွာတင်ပြဖို.လို၏။






အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.ကြီး၏ တိုင်းပြည်အလိုက်ချစားမှုများကို လေ့လာရန်တင်ပြ ပါသည်။



CPI_report_ForWeb_1_ -

No comments: