Tuesday, January 3, 2012

မြန်မာပြည်မှာ ဈေးအကြီးဆုံး အင်္ကျီ

စုပေါင်း လက်မှတ် ထိုးထားသည့် အင်္ကျီ ကျပ် ၁၂၅ သိန်းဖြင့် လေလံအောင် ၊ အခမ်း အနားဖြင့် လွှဲပေး ရန် စီစဉ် နေ
ပြည်ထောင်စု တိုင်းရင်းသားများအ တွက် ပညာရေး ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲတွင် ပါဝင် သည့် အနုပညာ ရှင် ၇၀ ဦး ကျော်က ဒေါ်အောင်ဆန်းစုကြည် အား ပေးအပ်ရန် စုပေါင်း လက်မှတ် ထိုးထားသည့်အင်္ကျီကို လေလံ ပစ်ခဲ့ရာ ကျပ် ၁၂၅ သိန်းဖြင့် လေ လံ အောင်ခဲ့ပြီး လေလံ အောင်သူ ကို ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် က အခမ်း အနားဖြင့် လွှဲပေးရန် စီစဉ်နေကြောင်း အ ဆိုပါ ရန်ပုံငွေပွဲ ဘဏ္ဍာရေး ကော်မတီ ၀င် ဦးမြင့်ဦး က မြန်မာပို့စ် သို့ပြောကြားသည်။
“အဲ့ဒီ အင်္ကျီကို လေလံပစ်တဲ့ အခါ ကြမ်းခင်း ဈေးသိန်း ၃၀ နဲ့စတယ်။ ခြောက်ယောက် မြောက် မှာ အမျိုးသမီး လုပ်ငန်းရှင် တစ်ဦးက ကျပ် ၁၂၅ သိန်းနဲ့ လေလံ အောင်တယ်။ လေလံ အောင်တဲ့ သူ ကို လွတ်လပ်ရေး နေ့နောက်ပိုင်းမှာ ဟိုတယ် ဖြစ် ဖြစ်၊ အဆောက်အအုံ တစ်ခုခု မှာဖြစ်ဖြစ် ဒေါ် အောင်ဆန်းစုကြည် ကိုယ်တိုင် အခမ်းအ နား နဲ့လွှဲပေးဖို့ စီစဉ်နေတယ်။ ဇန်န၀ါရီ ၉ ရက် လောက်ဖြစ်ဖို့ များတယ်” ဟု ဦးမြင့်ဦး က ဆိုသည်။ အဆိုပါ အင်္ကျီလေလံပစ်ရာ မှ ရရှိသည့်ငွေကျပ် ၁၂၅ သိန်းကိုလည်း ပညာရေး ရန်ပုံငွေ အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဂီတဖျော်ဖြေပွဲ တွင် အနုပညာ ရှင်များက စုပေါင်း လက်မှတ်ထိုး ထားသည့် အင်္ကျီနှစ်ထည် အနက်မှ တစ် ထည် ကိုလေလံပစ်ခြင်း ဖြစ်ပြီး၊ ကျန်တစ် ထည်ကို ဒေါ်အောင်ဆန်းစုကြည်က အ မှတ်တရ သိမ်းထားမည်ဖြစ်ကြောင်း၊ လွှဲအပ်ပွဲ အ ခမ်းအနား တွင် အနုပညာရှင် များကိုလည်းဖိတ် ကြားရန် စီစဉ်နေ ကြောင်း သိရသည်။

No comments: