Wednesday, January 18, 2012

ပြည်ပ စတူရီယိုသီချင်းများ အပါအ၀င် ပြည်ပအနုပညာများ ကော်ပီလုပ်ခြင်းအား ကန့်ကွက်သွားမည်




.

ကျွန်ုပ်တို့ပါတီမှ တိုင်းပြည်အတွက် လိုအပ်သော မူဝါဒများကို ပုံမှန် တင်ပြလျှက်ရှိပါတယ်။ တင်ပြချက် တွေထဲမှာ အချို့ အရာတွေဟာ ပြီးခဲ့တဲ့လွှတ်တော်မှာ ဥပဒေ အဖြစ်ပေါ်ထွက်ခဲ့တာတွေရှိခဲ့ပါတယ်။ ကျွန်ုပ် တို့ပါ တီ အနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကိုယ့်ပါတီက တစ်ဦးတစ်လေမျှ အနိုင်ရခြင်း မရှိခဲ့တော့ အခြားသော အနိုင်ရပါတီက လွတ်တော်ကိုယ်စားလှယ်များက တစ်ဆင့် ဥပဒေ များကို တင်သွင်း ရပါတယ်။ ဒါကို အပြည်ပြည်ဆိုင်ရာ ပါလီမန် လောကမှာတော့ လော်ဘီလုပ်တယ်လို့ခေါ်ပါတယ်။ မိမိ ဖြစ်ချင်တာ တစ်ခုကို လွတ်တော်မှာ တစ်နည်းနည်း နဲ့ အတည်ပြု အောင်လုပ်တာကို ခေါ်တာပါ။

အခုတစ်ကြိမ်မှာတော့ မြန်မာပြည်မှာ အလွန်ပဲအရုပ်ဆိုးနေတဲ့ ပြည်ပ အဆိုတော်များ သီဆိုထားတဲ့ သီချင်း၊ ဂီတ နဲ့  ရုပ်ရှင်၊ ၀တ္ထု၊ ကဗျာ၊   အစရှိသည်ဖြင့်တို့ကို မူပိုင်ခွင့်မရှိပဲ ၊ သက်ဆိုင်ရာ အဆိုတော် ထုတ်လုပ်သူတို့က သဘောမတူပဲ ကူးယူသီဆိုခြင်း၊ မှီငြမ်းခြင်း၊ တစ်နည်းမဟုတ်တစ်နည်း အလွဲသုံးစား လုပ်တဲ့ ကိစ္စများကို ကန့်ကွက်တဲ့ ဥပဒေ တွေပေါ်ပေါက်လာရေး အတွက်ကြိုးပမ်းသွားမယ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်များအတွင်းက စတီရီယို လောကမှာ ခိုးကူးခွေတွေကြောင့် ထိခိုက်နစ်နာရကြောင်းတွေဖြစ်ရ ကြောင်း သတင်းမီဒီယာတွေမှာ ကြားရပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာမှ အရေးယူစေရန်ကြိုးပမ်းသွား မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်းမှာ မြန်မာပြည်မှ အဆိုတော်များ ပြည်ပမှာ သီဆိုမှုများ ရှိခဲ့ကြ ပါတယ်။ သိတဲ့အတိုင်းပဲ သီချင်းတွေက ကော်ပီတွေဖြစ်နေလို့ ရှက်စရာ အတိဖြစ်ခဲ့ရတာတွေရှိပါတယ်။ သက်ဆိုင်ရာ အဆိုတော်တွေက လည်း တတ်နိုင်သမျှ ကော်ပီသီချင်းတွေကို ရှောင်ရှားပြီး သီဆိုတာမျိုးတွေ ဖြစ် ခဲ့ရပါတယ်။

ကျွန်တော်တို့ယခုတင်ပြနေတာက ပြည်ပယဉ်ကျေးမှုကို ကာကွယ်တယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ ခေတ် ပေါ် စတီရီယို၊ ရက်ပ်၊ ဟစ်ဟော့ပ်သီချင်း များကို ကမ္ဘာ့ဂီတများ အဖြစ် ကျွန်တော်တို့က သဘောထားပါ တယ်။ သူများသံစဉ်ကို ကိုထဲ့ချင်တဲ့စာသားထဲ့ပြီး ခိုးယူတာမျိုးကိုသာကန့်ကွက်တာဖြစ်ပါတယ်။ ကမ္ဘာ့ဂန္တ၀င် ၀တ္ထုတွေ ကဗျာတွေ ရဲ့ဇတ်လမ်းကြောရိုးတွေကိုခိုး ယူတာ တွေဟာ အင်မတန်မှ အကျဉ်းတန်လှပါ တယ်။

ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ ကျောင်းသင်ခန်းစာ အချို့ဆိုရင်လည်း နိုင်ငံခြားပုံပြင်တွေ ဖြစ်နေတာ ကိုကြီးလာတော့မှ သိခဲ့ရတာပါ။ ခေတ်အဆက်ဆက်က ဆရာတွေကလည်း မသိခဲ့ကြဘူးဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ဆန္ဒက အပြည်ပြည်ဆိုင်ရာမှာ မြန်မာ့ အနုပညာ ဂုဏ်မငယ် စေဖို့နဲ့ မြန်မာ အနုပညာ တိုး တက်ရေးဖြစ်ပါတယ်။ အခုခေတ်မှာ အလွန်ပဲပေါများလာတဲ့ လူငယ်အဆိုတော်များနဲ့ ဒါရိုက်တာများ၊ ဗီဒီယို ဇတ်ကားများဟာ ကူးယူဖေါ်ပြတွေဖြစ်နေတာများပါတယ်။

ကိုဇာဂနာရဲ့ အနုပညာပြိုင်ပွဲမှာ ဆုရတဲ့ ဇတ်ကားတိုတစ်ခုကတောင် FRA ရဲ့ အသံကို ကူးယူထားတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာအနေနဲ့ RFA ရဲ့ အသံကို သူတင်ပြချင်တဲ့ ဇတ်သဘောအရ ကူးယူဖေါ်ပြတယ် ဆိုပေမဲ့ ကူးယူတာကတော့ ကူးယူတာပါပဲ။ ကိုဇာဂနာရဲ့ ပြိုင်ပွဲဝင် စည်းကမ်းထဲမှာ မိမိကိုယ်ပိုင် အနုပညာ ဖြစ် ရမယ်လို့ တိတိပပ သတ်မှတ် မထားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်တစ်ကြိမ် တော့ ဒါမျိုတွေမဖြစ်အောင်ဥပဒေ နဲ့တားမြစ်တာ အကောင်းဆုံးဖြစ်တဲ့အတွက် ပြည်သူအများကလည်း တစ်ဖက် က သဘောထားစစ်တမ်းမှာ ဆန္ဒမဲပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။



ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)



..

1 comment:

MYANMAR DEMOCRACY CONGRESS said...

ကိုယ်ပိုင်သံစဉ်တီထွင်ကြိုးစား၍​ ကမ္ဘာ့အလယ်မှာ ဖျော်ဖြေပြနိုင်ပြီး ဒါ ငါတို့တိုင်းပြည်က ငါတို့ရဲ့ ဂီတသံစဉ် ဟု ဂုဏ်ယူနိုင်သောနေ့ကို အမြန်ရောက်စေချင်ပါသည်။