Saturday, July 10, 2010

ရွေးကောက်ပွဲ ၀င်နိုင်ငံရေး ပြဿနာများ (၂)

          ၂၁ ရာစုနိုင်ငံရေးလောကဝေဖန်ချက်     ( ကောင်းမြတ်သူ)


          လက်ခုပ်သံများကြားမှ နိုင်ငံရေးလုပ်ရသည်မှာ လွယ်ကူသော် လည်း  အငြင်းပွားဖွယ်ရာ အခြေအနေတွင် နိုင်ငံရေးလုပ် ရသည်မှာ အလွန်ခက်ခဲပါ၏ ။
         
          လက်ခုပ်သံကြား နိုင်ငံရေးလုပ်သူများ ယခု ၂၀၁၀ အရေးအ ခင်းတွင် သူတို.မပါတော့ ။ သပိတ်မှောက်ကြဖို.ပင်ဆော် သြ နေကြ၏ ။  သူတို့ပါသည်ဟုပြောလျှင်လည်း သပိတ်မှောက်စေဖို့ဆော်သြသည့်နည်းဖြင့်ပါသည်ဟု သာမှတ်ယူရပါမည် ။ ထို့အတွက်ပြည်သူထံမှ ၄င်းတို့ရရှိမည့်ဆုလာဒ်မှာ လက်ခုပ်သံများဖြစ်နိုင် ဖို့ရှိ၏ ။ လက်ခုပ်သံကြား ဆုလာဒ်များသည် နိုင်ငံရေးလုပ်သူ များအတွက် စိတ်လှုပ်ရှားစရာ အောင်မြင်မှု တစ်ခုဖြစ် နေခြင်း လားတော့မပြောတတ်ပေ ။

          နားထောင်၍စိတ်လှုပ်ရှားဖွယ် ကောင်းနိုင်သော်လည်း ၊ ပြတ်သားတက်ကြွပြီးအောင် မြင်မှုမရှိသောမူဝါဒများ အတွက် မည်သူမျှတာဝန်ယူနိုင်လိမ့်မည်မဟုတ်ပါ ။

          ၁၉၆၂ အာဏာသိမ်းခေါင်းဆောင်သည် ယခုအခါတွင်မရှိတော့ ။ ထိုခောတ်တွင်ပင် အာဏာရှင်စနစ်ကိုစတင်တော်လှန်ခဲ့သော မျိုးဆက်တို့ကို ကျွန်ုပ်တို့က ( ၆၂ ) မျိုးဆက်များဟုခေါ်သည်။ ထိုသူများ၏ အရေအတွက်ကား လွန်စွာနည်းပါး နေပြီ ၊ ကျန်ရှိသူများမှာလည်း အိုမင်းမစွမ်း ဖြစ်နေကြ၏ ။

          ၁၉၇၄/၇၅၀န်းကျင်တွင် တော်လှန်ခဲ့ကြသော မျိုးဆက်သာ လျှင် လှုပ်ရှားတက်ကြွနိုင်ဆုံးအသက် အရွယ်တွင်ရှိနေပါသည် ။ အာ ဏာရှင်စနစ်၏ အဖိနှပ်ဆုံးသော ကာလများတွင်တော်လှန်ခဲ့ကြသူ များဖြစ်၍ (အရေအတွက်သိပ်မများ သည့်တိုင်)ကျွန်ုပ်တို့နိုင်ငံရေး လောက တွင် အတော်သြဇာကြီး ခဲ့ပေသည် ။

          နိုင်ငံရေးကို လေ့လာသူတစ်ယောက် အနေဖြင့် ၁၉၇၄/၇၅ ပတ်ဝန်းကျင်တွင် ပေါ်ထွန်းခဲ့သော မျိုးဆက်အား တစ်ယောက်ခြင်းစီ ပင်လျှင်ရေတွက်၍ ရနိုင်ပါသည် ။ ၄င်းတို့ဘယ်မှာရှိသည် ၊ ဘာလုပ် နေသည် ၊ မည်သူတို့က မည်သည့်နိုင်ငံရေးခံယူချက်ရှိသည် စသည် ဖြင့် တစ်ယောက်နှင့်တစ်ယောက် ထိမ်ချန်၍မရ သိနိုင်ကြ၏ ။

          စာရေးသူ လက်လှမ်းမှီသ၍ လိုက်လံဆွေးနွေးမှုများ မှရရှိ သော ရလာဒ်များအရ ၁၉၇၄/ ၇၅ အုပ်စု၏ ၅၀ % ကျော်မှာ လက်ရှိ အခြေအနေအား သပိတ်မှောက်ရေးသာလျှင်ဖြစ် ၍ ထိုမှတစ်ပါး ဘာ လုပ်မည်လဲဟုသတ်မှတ်ချက်မရှိသော မူဝါဒ လက်ကိုင်မရှိ နိုင်ငံရေးသ မား များသာလျှင်ဖြစ်နေကြ၏ ။

          သပိတ်မှောက်ရေး လမ်းစဉ်နှင့်ပတ်သက်၍ သဘောထား အ တင်းမာဆုံးသူမှာ ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်၍ ( ၄င်း၏ သဘောထားကို ကွန်မြူနစ်ပါတီ၏ သဘောထားဟုလည်းမှတ်ယူရာ၏)။ အလယ်အလတ် သဘောထားရှိသူမှာ အမေရိကားမှ ဒေါက်တာထွန်း ကျော်ငြိမ်းဖြစ်၏။ သူက ရွေးကောက်ပွဲကိုသပိတ်မှောက်လျှင် တိုက်ပွဲ ကိုစွန့်ရာကျမည်ဟု ရေးသားခဲ့၏ ( မဉ္စိမ အွန်လိုင်းတွင် ရှု ) ။ မြန်မာ ပြည်တွင်းမှ လက်ရှိနိုင်ငံရေး အခြေအနေတွင်ပါဝင် ဖို့ကြိုးစားနေသူ များက ၇၄/၇၅ အုပ်စုဝင် ဒေါ် နေရီဗဆွေနှင့် ဒေါ်ချိုချိုကျော်ငြိမ်း တို့ဖြစ်၏ ။ သူတို့၏ နိုင်ငံရေးအမြင်များကိုတော့ မီဒီယာများတွင် အနည်း ငယ်ကြားရမည်ဖြစ်ပါသည် ။

          ၁၉၈၈ နိုင်ငံရေးမျိုးဆက်တို့မှာ လူဦးရေးအားဖြင့်အများဆုံး ဖြစ်သော်လည်း ၊ ပွင့်လင်းရာသီတွင် ပါဝင်လာကြသူများဖြစ်၍  ယခုအ ချိန်တွင် ယုံကြည်ချက်ခိုင်မာသူ များသာလျှင်လက်ကျန်ရှိတော့၏ ။ စာရေးသူအနေဖြင့် ၈၈ အုပ်စုဝင် ဖြစ်၍ ခောတ်ပြိုင် နိုင်ငံရေးလုပ်ဖေါ် ကိုင်ဖက်များ ကြားတွင်လိုက်လံ ဆွေးနွေးခဲ့ပါသည် ။ ဆွေးနွေးခဲ့သော မှတ်တမ်းများအရ ၅၀ %ကျော်တို့က လက်ရှိနိုင်ငံရေးအခြေအနေကို ၀င်ရောက်ဖြတ် သန်း ရမည် ကိုလက်ခံကြောင်းပွင့်လင်းစွာပြောကြ၏ ။ အချို့ကတော့ စာရေးသူအား ပုဂ္ဂိုလ် ရေးခင်မင်မှုအရ မကန့်ကွက်လို ပါဟုပြောလာသူများလည်းရှိပါသည် ။

          သို့သော် ပါဝင်သင့်ပါသည်ဟု ယူဆသော ၅၀% ကျော် သော ၈၈ အုပ်စုမှာလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် ကိုယ် တိုင
ပါဝင်ရန် (သို့) ပါဝင်နေသောပုဂ္ဂိလ်များအား လူသိရှင်ကြား ထောက်ခံရန် ငြင်းဆိုလျှက်ရှိကြ၏ ။

          နောင်အနှစ် ( ၂၀ ) ကြာလျှင် ယခုအငြင်းပွားနေကြသော လူ ကြီးများ သက်ရှိထင်ရှားရှိနိုင်ကြတော့မည်မဟုတ်ပါ ။ သက်ရှိထင်ရှားရှိ နိုင်သူများမှာလည်း လွန်စွာအိုမင်းမစွမ်း ရှိနေပေလိမ့်မည် ။ ယနေ့အ ချိန်တွင် သုံးလို့ကောင်းဆဲဖြစ်သော တော်လှန်ရေးဆိုသောစကားလုံး သည် လည်း နောက် အနှစ် (၂၀)ကြာလျှင် ခက်ခဲစွာ စာလုံးပေါင်းရ မည်ဝေါဟာရတစ်ခုဖြစ်နေပေလိမ့်မည် ။ ၈၈ အုပ်စုဝင် များသည်ပင် လျှင် အသက် ( ၆၀ ) ကျော်တန်းသို့ရောက်နေပေလိမ့်မည်။ ( ယခု ၈၈ အုပ်စုဝင်အများစုမှာ ၄၀ ကျော်ဖြစ်သည် )။ယခုကာလတွင် ၈၈ ကျောင်းသားခေါင်းဆောင်ဟု နာမည်ကြီးနေသူများသည် လည်းနောင် အနှစ် ၂၀ ကြာလျှင် ဆံဖြူသွားကျိုး ဒုတ်ကောက်တစ်ချောင်းနှင့် ငါ ဘယ်သူဘယ်ဝါဟုမာန်တင်း နိုင်တော့မည်မဟုတ်ပါ ။

          ထိုအခါမျိုးဆက်ပြတ်၍ ကယ်တင်မည့်သူမရှိသော မြန်မာပြည် နိုင်ငံရေးလောကသည် ၂၁ရာစုနှောင်းပိုင်းကာလအထိ ၀မ်းနည်း ဖွယ်ရာ မတည်ငြိမ်မှုများဖြင့် ဖြတ်သန်းရဖို့ရှိနေပါသည် ။ နောင်အနှစ် ၂၀ ကြာသောကာလတွင် ပြည်သူကလည်း နိုင်ငံရေးသမားများကို လုံးဝ ယုံကြည်တော့မည်မဟုတ်ပါ ။ ထိုအခါနိုင်ငံရေးသမားကောင်းဟူ၍ လည်းပေါ်ထွက်လာနိုင်မည်မဟုတ်ပဲ နိုင်ငံရေးလောကသည် အချောင် သမားများနှင့်သာ ပြည့်နှက်နေမည်ဖြစ်ပါသည် ။ (ထိုကာလမျိုးသည် နှစ် ၅၀ ခန့်ကြာတတ်ပါသည် ။)

          ထိုအချိန်ဆိုလျှင် ရေနံ ၊သဘာဝဓါတ်ငွေ့နှင့် သထ္တုရိုင်းသိုက် များ၊သစ်တောများလည်း ကုန်သလောက်ရှိနေပြီဖြစ်ပါသည်။(ညူက လီးယားစမ်းသပ်မှု ပင်လယ်ထဲကျကုန်မည်၊) ယခုအချိန်လောက်တွင် စိုက်ပျိုးထားသော သစ်တောများကိုသာ ၂၁ ရာစုကုန်ခါနီး လောက် တွင် တွေ့နိုင်ပါသည်။

         
          နိုင်ငံရေးဆိုသည် မှာ ရေရှည်လမ်းမျှော်ကြည့်၍ ယနေ့ကာ လ၏ ဆုံးဖြစ်ချက်များကိုချရသောအလုပ်ဖြစ်ပါသည် ။ အချို့သော ဆုံး ဖြစ်ချက်များသည် မနက်ဖြန်သဘက် အလုပ်အကိုင်အခွင့်အလန်းများ ရရှိစေဖို့ဖြစ်နိုင်သော်လည်း ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုသည် က အနှစ် ၂၀ မက ရေရှည်လုပ်ဆောင်ရသောလုပ်ငန်းမျိုးဖြစ်နေတတ် သည်။ ပညာရေးပြုပြင်ပြောင်းလဲမှုကို ယခုစတင်ပါမှ နောင်၁၀နှစ် ကျော်ကြာလျှင် အရည်အချင်းရှိသော အထက်တန်းကျောင်းသားများကို တွေ့မြင်နိုင်မည် ။ အားလုံးစဉ်းစားကြဖို.ဖြစ်ပါသည်။ တိုက်ပွဲဝင်ဖို့အော်ဟစ်ခြင်းမှာ လွယ်ကူသော်လည်း အောင်မြင်မှုရရန်မူကား အလွန်ခက်ခဲပါသည် ။
         
          ယခုကာလတွင် စကားများမနေကြပဲ အသေအကြေလုပ်နိုင်ပါ မှ နောင်အနှစ် ၂၀ ကြာလျှင် နိုင်ငံရေးမျိုးဆက်တစ်ခုကို မွေးဖွားပေး နိုင်လိမ့်မည်ဖြစ်ပါသည် ။

          စာရေးသူတို့ကြိုးပမ်းနေသော ကိစ္စမှာ ဒီမိုကရေစီရရှိရေးကြိုး ပမ်းမှုထက် ၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနိုင်မည့် နိုင်ငံရေးမျိုးဆက်သစ် တစ်ခုအားမွေးထုတ်ပေးနိုင်ရေးသာလျှင် ဖြစ်ပါသည် ။ နိုင်ငံရေးမျိုးဆက်တစ်ခု ပေါ်ထွက်လာရေး (သို့) မွေးထုတ်ပေးနိုင်ရေးမှာ လွယ်ကူသောကိစ္စတစ် ခုမဟုတ်ပါ။ ဤသည်ကို အနှစ် ၂၀ ကျော်ခန့်အနည်းဆုံးဖြစ်သန်းခဲ့ဘူးသော နိုင်ငံရေးလုပ်သူတိုင်းသိရှိပါသည် ။

          ပြာပုံဘ၀မှ မိုးပေါ်ရောက်သည်ဆိုသော နိုင်ငံများမှာ ဂျာမဏီ နှင့် ဂျပန်တို့ကဲ့သို့ နဂိုလ်ရှိရင်းစွဲနိုင်ငံများ အဖို့သာဖြစ်နိုင်ပါ၏ ။ရှိရင်းစွဲမရှိသော နိုင်ငံများမှာ ပြာပုံထဲ မှခုန်ထွက်လျှင် ပြာပုံဘေးသာ ရောက်နိုင်ပါသည် ။ သယံဇာတဆိုသည်မှာ ရောင်းစားဖန်များလျှင် ကုန်တတ်ပါသည် ။

No comments: