Wednesday, July 21, 2010

ပြည်ပရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်း


မြန်မာဒီမိုကရေစီကွန်ဂရက် မှ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်     (မူဝါဒရေးရာဌာန)
               Targeted FDI For The People           


          တိုင်းပြည်၏ လတ်တလောအရေးတကြီးလိုအပ်လျှက်ရှိသော ရင်းနှီးမြုတ်နှံမှုများတွင် ၀င်ရောက် လုပ်ကိုင် ရန် အ တွက် အောက်ဖေါ်ပြပါနယ်ပယ်များတွင် (Targeted FDI For The People) ပြည်သူများအတွက်တိုက်ရိုက် အကျိုးပြု ပြည်ပရင်းနှီးမြုတ်နှံမှုနှင့် နည်းပညာများ လာရောက်ရင်းနှီးမြုတ်နှံရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း အား ဖိတ်ခေါ် သည်။

          လုပ်အားဗဟိုပြုစီးပွားရေးလုပ်ငန်းများ၊ ပညာရေးနှင့်ဆက်စပ်လုပ်ငန်းများ၊ ကျန်းမာရေးနှင့်ဆက်စပ်လုပ်ငန်း များ၊စက် ရုံများ နည်းပညာများ နှင့် ကျွမ်းကျင် ပညာရှင်များ ပါဝင်သည် ။
          လုပ်အားဗဟိုပြုစီးပွားရေးလုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်းကဲ့သို့လုပ်သားအင်အားအများအပြားလို သော စက်ရုံများဖြစ်သည် ။ထိုလုပ်ငန်းတွင်လုပ်ကိုင်နေသော လုပ်သားအင်အားအများစုမှာ အမျိုးသမီးငယ်များ ဖြစ် သည်။ ထိုအမျိုးသမီးငယ်များ၏ စာရိတ္တနှင့် ဘ၀ကိုမြှင့်တင်နိုင်မည့်နည်းလမ်းမှာ ၎င်းတို့အတွက် အလုပ်အကိုင်အ ခွင့်အလမ်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးငယ် တစ်သန်းကျော်အထည်ချုပ်စက်ရုံ များတွင်ဆင်းရဲ စွာ လုပ်ကိုင်နေထိုင်ရသည်။ အထည်ချုပ်လုပ်ငန်းဆိုသည်မှာ ပြည်ပမှကုန်ကြမ်းပစ္စည်းများသွင်းယူ၍ လုပ်သားအင်အားဖြင့်ကုန် ချောထုတ်ယူပြီးပြည်ပသို့ အားလုံးပြန်လည်တင်ပို့သည့် (CMP) စနစ်သာဖြစ်သည်။ လုပ်သားများ လုပ်ခမှလွဲ၍ စက်ရုံပိုင် ရှင်က တစ်ပြားမှ အပိုမသုံးစွဲသောစနစ်ဖြစ်သည်။

          ပညာရေးနှင့်ဆက်စပ်လုပ်ငန်းဆိုသည်မှာ ဘောပင်၊ခဲတံ၊စာရေးကိရိယာမျိုးစုံ၊ စက္ကူစက်ရုံများ၊ ကွန်ပျူ တာ နှင့်ဆက်စပ်ပစ္စည်း စက်ရုံများဖြစ်သည်။၎င်းလုပ်ငန်းများ မထွန်းကား၍ ကျောင်းသားများမှာပညာရေးနှင့် ဆိုင် သော ပစ္စည်းများကို အလွန်ဈေးကြီးပေး၍ ၀ယ်သုံးရသည်။ စက္ကူစက်ရုံများမှ မဂ္ဂဇင်းများ၊ ဂျာနယ်များ နှင့်စာအုပ် ထုတ် ဝေရေးလုပ်ငန်းများကိုပါဖွံ့ဖြိုးတိုးတက်စေသည် ။

          ကျန်းမာရေးနှင့်ဆက်စပ်လုပ်ငန်းများဆိုသည်မှာ ဆေးရုံနှင့်ဆေးခန်းများ လာရောက်ဆောက်လုပ်ခြင်း၊ ရောဂါရှာဖွေရေးနှင့်ကုသရေးနည်းပညာများ၊ ဆေးဝါး ထုတ်လုပ်ရေး၊ တစ်ခါသုံးဆေးထိုးအပ်နှင့် ကွန်ဒုံးထုတ်လုပ်ရေးကဲ့သို့သော စက်ရုံများ တည်ဆောက်ခြင်းတို့ကို ဆိုလိုသည်။

      အထက်ဖေါ်ပြပါလုပ်ငန်းများနှင့်ပတ်သက်သောကျွန်ုပ်တို့၏တိကျသောမူဝါဒမှာ ထိုနယ်ပယ်များနှင့်ပတ်သက် သောရင်းနှီး မြုတ်နှံမှုများကိုဖိတ်ခေါ်ခြင်းသာဖြစ်ပြီး ထိုနယ်ပယ်များအားထောက်ပံ့ရန် (NGO) များနှင့် အလှူရှင်များ အားဖိတ် ခေါ် ခြင်းမဟုတ်ပါ။

          ကျွန်ုပ်တို့၏မူဝါဒမှာဖေါ်ပြပါလုပ်ငန်းများနှင့်ပတ်သက်သော ကုန်လုပ်ဆက်ဆံမှုနယ်ပယ်(EconomicSystem)တစ်ရပ် ပေါ်ထွန်း လာ ရေးသာဖြစ်ပါသည်။

          ပါတီ၏ တာဝန်ရှိသူများမှ ရန်ကုန်ရှိ နိုင်ငံတကာသံရုံးများ ၊ ကုလသမဂ္ဂရုံးများ သို့ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်း ဂျာနယ်များအားလည်းကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ ပြည် တွင်းရှိပညာရှင်များ ပြည်သူများ၊ ကျောင်းသားများ ၊ စက်ရုံအလုပ်ရုံလုပ်သားများ ၊ အထည်ချုပ်စက်ရုံမှ အမျိုးသမီး များ နှင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များကြားသို့ လည်း ဆွေးနွေးခြင်း၊ စစ်တမ်း ကောက် ယူ ခြင်း များ ပြု လုပ် သွားမည်ဖြစ်သည်။

ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)

ယူကေနိုင်ငံ

myanmardemocracycongress@googlemail.com





No comments: