Friday, July 16, 2010

အဂတိလိုက်စားမှုတိုက်ဖျက်မည်

 
  ကျွန်ုပ်တို့ပါတီမှအဂတိလိုက်စားမှုရာနှုံးပြည့်တိုက်ဖျက်မည်       ( မူဝါဒရေးရာဌာန)



          အဂတိလိုက်စားမှုဆိုလျှင် တော့ကျွန်ုပ်တို့နိုင်ငံက ထိပ်ဆုံးမှ ဖြစ်သည် ။ အဂတိလိုက်စားမှုက မျိုး ဆက်ပေါင်းများစွာ အတွင်းယဉ် ကျေးမှုသဖွယ်ပင်အမြစ်တွယ်နေပြီ ။ လာဘ်စားနိုင်မှဂုဏ်ရှိသည် ။

         ကျွန်ုပ်တို့ ပထမဆုံးလုပ်မည့်အလုပ်က ပါတီတွင်းအဂတိ လိုက်စားမှုတိုက်ဖျက်ရေးဖြစ်၏။တိုက်ဖျက်မည် မှရာနှုံးပြည့်တိုက်ဖျက် သွားမည်ဖြစ်ပါသည် ။

          အနိုင်ရအမတ်များ၊နည်းအမျိုးမျိုးဖြင့်တိုင်းပြည်ရာထူးကြီး များတွင် ၀င်ရောက်နေရာယူနိုင်သော ပါ တီခေါင်းဆောင် များ၏ ပိုင်ဆိုင်မှု ၊ ၀င်ငွေ နှင့်အသုံးစရိတ်များကို ပါတီတွင်းလေ့လာ စောင့် ကြည့်ရေး အဖွဲ့များမှပုံမှန် သုတေသနပြုမှတ်တမ်းတင်သွားမည်ဖြစ် ၏ ။

          အခြားသောကျွန်ုပ်တို့နှင့်သဘောတူညီဖွယ်ရှိသည့်နိုင်ငံရေး ပါတီများနှင့်လည်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည် ။ ဒါကပါ တီတွင်းနှင့် မဟာမိတ်ပါတီများ အတွင်း ဆောင်ရွက်ချက်ဖြစ်သည် ။

          နိုင်ငံနှင့်အ၀ှမ်း အဂတိလိုက်စားမှုများကိုတော့ အနှစ် (၂၀) အတွင်း ထက်ဝက်လျှော့ကျအောင်ဆောင် ရွက်သွားမည်ဖြစ်ပါသည် ။ နှစ်စဉ်တစ်ရိတ်ရိတ်တက်လာသော အဂတိလိုက်စား မှုကိုချက်ခြင်း ရပ် တံ့အောင်လုပ်၍ မဖြစ်နိုင်မှန်းလည်း ကျွန်ုပ်တို့နားလည်၏ ။ ပြီးခဲ့သော ဆယ်စုနှစ် ၂ စုကျော်အတွင်း အဂ တိလိုက်စားမှုကလည်း အဆ သုံး လေးဆယ်တက်လာခဲ့သည် ။

          လာမည့်အနှစ်၂၀ အတွင်း လူအများစုတို့၏ ၀င်ငွေနှင့်အသုံး စရိတ် မျှတစေမှ လာဒ်စားမှုလျှော့ချ နိုင်မည်ဖြစ်သည် ။ လာမည့်မျိုးဆက်သစ် လူငယ်များအားလည်း ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရ မည်ဖြစ်ပါသည် ။

          တိုင်းပြည်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် နိုင်ငံသား တိုင်းပါဝင်ဆောင်ရွက်ရမည့် အလုပ်ဖြစ်ပါသည် ။ ထို့အတွက် ကျွန်ုပ် တို့ကစံပြအဖြစ်ဆောင်ရွက်မည် ။ ပါတီထောင်ရေးအတွက် သက်ဆိုင် ရာအာဏာပိုင်များထံမှ ငွေကြေးနှင့် လုပ်ငန်းများတောင်းခံနေသော နိုင် ငံရေးပါတီများအနေဖြင့် အဂတိလိုက်စားမှုများကို ပပျောက်အောင် ဆောင် ရွက်နိုင်လိမ့် မည်မဟုတ်ပါ။



1 comment:

Unknown said...

Heartfelt welcome to this Party MDC. Your party has the strong wills to fight the corruption. This is the most difficult task to do in Burma. Also you have the courage to build the Democracy path way in Burma. Best of luck & safe journey! It is a long road to walk but you will be there one day & so are we...!!! Thanks for representing for New Generation!!!
Myat.