Tuesday, May 24, 2011

NLD ၏ ငွေချေးလုပ်ငန်းများ အစီအစဉ် ကန်.ကွက်သွားမည်



နိုင်ငံရေးပါတီတစ်ရပ်၏ အလုပ်မှာ ပြည်သူတို. အားငွေထုတ်ချေး ခြင်း ဟုဆိုလျှင် ကျွန်ုပ်တို. ပြင်းထန်စွာ ကန်. ကွက်ရမည်ဖြစ်ပါသည်။ ပြည်သူအားဆင်းရဲတွင်းမှလွတ် မြောက်စေချင်လျှင်ဆင်းရဲတွင်းမှ လွတ်မြောက်စေသော မူဝါဒ များကိုချမှတ်ရမည်သာလျှင်ဖြစ်ပါသည်။ စီးပွားပိတ်ဆို.မှု ဖွင့်လှစ်ပေး စေဖို. နိုင်ငံတကာ ကိုတိုက်တွန်းရမည်.အစား ငွေချေးဖို. လုပ်ခြင်းက ငွေကြေးဆိုင်ရာ ပြသနာများသာ လျှင်ပေါ်ပေါက်လာဖို.ရှိ၏။

နိုင်ငံရေးပါတီတစ်ရပ်၏ အလုပ်မှာ တိုင်းပြည်အာဏာရရှိရေးကိုသာ ပထမဆုံးကြိုးစားရမည်ဖြစ်ပါသည်။ သို. မှသာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မည်ဖြစ်၏။ အဂတိလိုက်စားမှုမရှိပဲ ရိုးသားစွာ လုပ်ဆောင်ပါမှ အနဲ ဆုံး ဆယ်စုနှစ် တစ်စု ၊ နှစ်စုခန်.လုပ်ဆောင်ရမည့်အလုပ်ကို ငွေထုပ်ချေးခြင်းဖြင့် ပြေလည်စေ မည်မဟုတ်ပါ။

အင်အယ်ဒီ ၏ မဆီလျှော်သော လုပ်ဆောင်မှုများကို ပြည်သူအများ နှင့် ပညာရှင်များမှလည်း ၀ိုင်းဝန်း ကန်.ကွက် ကြပါရန်ကျွန်ုပ်တို.မှ ပန်ကြားလိုပါသည်။ အင်အယ်ဒီ၏ လုပ်ဆောင်ချက်များမှာ ၂၀၁၀ ရွေးကောက် ပွဲကို ဆန်.ကျင်သော မှားယွင်းသည်. မူဝါဒများကို ဖါထေးနေခြင်းသာလျှင်ဖြစ်၏။

ယနေ.အင်အယ်ဒီ၏ လုပ်ဆောင်ချက်များကြောင့် ပြည်သူများ ဆင်းရဲတွင်းမှလွတ်မည်မဟုတ်ပါ။ အင်အယ်ဒီ မှ လုပ်ဆောင်သောအလုပ်များကို ပြည်သူတို.က ထာဝရအမှန်တရားအဖြစ် လက်ခံနေလျှင် တိုင်းပြည် ၏ နိုင်ငံရေးပိုမို၍ ရှုပ်ထွေးကြန်.ကြာစေမည်ဖြစ်၏။


...

6 comments:

Anonymous said...

အင်အယ်ဒီကို ...... သဖြင့် ကန့်ကွက်သည်။
ကြံ့ဖွတ်ကို ...... သဖြင် ကန့်ကွက်သည်။
နအဖ အစိုးရအဟောင်းကို ...... သဖြင့် ကန့်ကွက်သည်။
လက်နက်ကိုင် တိုင်းရင်းသားများကို ..... သဖြင့် ကန့်ကွက်သည်။
အင်ဒီဖက်ဖ်ကို .... သဖြင့် ကန့်ကွက်သည်။
တိုင်းရင်းသား ပါတီများကို ....... သဖြင့် ကန့်ကွက်သည်။

ကိုယ်လဲ ဖြစ်ဖြစ်မြောက်မြောက် ဘာတခုမှ လုပ်မပြနိုင်း))

သူများ လုပ်တာကိုပဲ ဘေးထိုင် ဘုကန့် နေသလို မြင်၏း)))))))))))

Anonymous said...

အပြည့်အ၀ထောက်ခံပါသည်။ ဒီလိုပွင့်လင်းရိုးသားစွာ ထောက်ပြဝေဖန်မှုများ ပြည်သူ့ကိုယ်စား လုပ်ပေးတာ ပါတီနိုင်ငံရေး လုပ်သူများအဖြစ်တာဝန်ကျေပါတယ်။

မှားတာကိုမှားတယ် မမှန်တာကိုမမှန်ဘူးဆိုတာ ပြောရဲမှ နိုင်ငံရေးသမားပီသမှာပါ။

ဒေါ်စုလုပ်လို့ အင်အယ်ဒီလုပ်လို့ မှားတာကို မှားတယ်လို့ မပြောကြ မပြောရဲကြရင် စစ်အာဏာရှင်ကို သက်ဆိုးရှည်အောင် ကျားကန်ပေးနေသလိုပါဘဲ။

Anonymous said...

မှားတာကို မှားတယ် မမှန်တာကို မမှန်ဘူး ပြောရဲတယ်.. အဆိုကို တချက်လောက် ထောက်ပြမည်။

စစ်တပ်ကို လုပ်နေတဲ့ တချို့ အမှားကြီးတွေကို မှားတယ်လို့ ထောက်ပြရဲသလားး)))))

စစ်တပ်က နှစ်ပေါင်းများစွာ အုပ်ချုပ်လာတာ တိုင်းပြည်လဲ ဆင်းရဲ၊ အစစအရာရာ ချွတ်ခြုံကျ နေတာ အခုထိပါပဲ။ အခြေခံဥပဒေမှာလဲ အခုထိ စစ်တပ်၏ ပါဝင်မှုကို အတင်း လုပ်ယူထားတယ်။

စစ်တပ်လုပ်နေတာ မှန်တယ်ပေါ့လေ...

Anonymous said...

NLD က ဆင်းရဲသားတွေကို ငွေထုတ်ချေးတာဟာ ပြည်သူတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြတာဘဲ ... တကယ်လုပ်ပိုင်ခွင့်ရှိတဲ့ အုပ်ချုပ်သူ မင်းတို့အဖေ န အ ဖ တွေရဲ့လုပ်ရပ်ဖြစ်တဲ့ လယ်သိမ်း အိမ်သိမ်း မြေသိမ်းတွေကျတော့ ပြည်သူကို ချမ်းသာစေတာလား ... NLD ဆိုတာ ပြည်သူတွေနဲ့ ထပ်တူရှိတယ် ပြည်သူတွေ ဘာတွေလိုအပ်နေတယ်ဆိုတာ သိတယ် .. ဘယ်လိုဖြေရှင်းရမလဲ ဆိုတာလဲသိတယ် .. အဲဒီလို သိပေမဲ့ န အ ဖ (နွားအဖွဲ့)ရဲ့ ကောက်ကျစ်ရက်စက်မူတွေက ပြည်သူတွေရဲ့ အသက်အန္တရယ်ကို ဖြစ်စေနိုင်လို့ အောက်ဆုံးအဆင့်က စလုပ်နေရတယ်ဆိုတာ သိအောင် ကြည့်ပါ ... မြင်တတ်ပါ .. မင်းတို့ နွားအဖွဲ့တွေလဲ တကယ်စေတနာမှန်မှန်နဲ့ ငွေချေးဖို့ကို မပြောနဲ့ ပြည်သူတွေရဲ့ စာဝတ်နေရေးအတွက် လုပ်ပိုင်ခွင့်တွေတောင် ပေးရဲလို့လား .. ထောက်ပြပါလား ဒါမျိုးတွေ ...ဝေဖန်လေ ... တောက် ... ပြောရင်းနဲ့ ဒေါသဖြစ်တယ် ...

Nwe Thu said...
This comment has been removed by the author.
Nwe Thu said...

This MDC Party always suggested to NLD to achieve the State Power. Humanitarian side, other people will do! NLD is the Political Party and knows "Politics" and is learing many years. MDC wanted Democratic groups to win. Obviously could see all along. Therefore think properly & do not change the subjects. MDC wants everyone the best!!! We respect them. Come on mates!!!