...
ကျွန်တော်တို.ပါတီက NLD ရဲ့ငွေချေးလုပ်ငန်းများအစီအစဉ်ကိုကန်.ကွက်ခဲ့ဘူးပါတယ် ။ ယခုကျွန်တော်တို.ပါတီ ရဲ့ဘလောက်စာမျက်နှာမှာ ၂၄ရက် မေလရက်စွဲနဲ.ဖေါ်ပြခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်တို.ကို အီးမေးနဲ.သာမက လူကိုယ်တိုင်ပါ လာရောက်ကန်.ကွက်သူများရှိခဲ့ပါတယ်။ အဲဒီတုန်းက NLD ကထုပ်ချေးတဲ့ငွေပမာဏ ဟာ ကျပ်သိန်း ၅၀ ဖြစ်ပါတယ်။ ကျွန်တော်တို.အား ကန်.ကွက်သူများက ပြည်သူ ဟာ အလွန်ဆင်းရဲနေတဲ့အကြောင်း NLD အနေဖြင့် အလွန်ဆင်းရဲတွင်းနက်နေသောပြည်သူ အား ထောင်ပံ့နေခြင်းကို ကန်.ကွက်ခြင်းဟာ မိုက်မဲခြင်းဖြစ်ကြောင်း။ ကန်.ကွက်ခြင်းကို ပြန်လည်ရုတ်သိမ်းဖို.နဲ. နောက်နောင် NLD ရဲ.လုပ်ရပ်များကို မကန်.ကွက်ဖို.ပါ တားမြစ်လိုက်ပါသေးတယ်။
ကျွန်တော်တို.က နိုင်ငံရေးပါတီဆိုသည်မှာ ငွေချေးလုပ်ငန်းများဖြင့် ပြည်သူကို မကယ်တင်ရကြောင်း၊ ကျွန်တော်တို.က ကျပ်သိန်း ၅၀ ထုပ်ချေး နိုင်လျှင် ကြံ့ဖွတ်လိုပါတီမျိုးက ဒေါ်လာ သန်း ၅၀ ကို အလကား ပေးလိုက်နိုင်ကြောင်း၊ ဇေကမ္ဘာဦးခင်ရွှေလို သူဌေးတစ်ယောက်ကပင်လျှင် ဒေါ်လာ သန်းနဲ.ချီ၍ အလကားပေးနိုင်ကြောင်း။ ဤသို.သာ အပြိုင်အဆိုင်ငွေထုပ်ချေးခြင်း၊ ငွေထုပ်ပေးခြင်းလုပ်ကုန်ကြလျှင် တိုင်းပြည်ပျက်၍ မဲဆွယ်ခြင်း ၊ မဲဝယ်ခြင်း စသော ညစ်ထေးသည်. နိုင်ငံရေး ယဉ်ကျေးမှုများ ထွန်းကားလာပြီး တိုင်းပြည်၏ အလားအလာမကောင်းဖြစ်နိုင်ကြောင်းကျွန်ုပ်တို.မှပြန်လည်ချေပခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ NLD ၏ စေတနာနှင့် ကျွန်ုပ်တို.အားဝေဖန်သူများ၏ စေတနာကိုလည်း နားလည်ပါကြောင်း သို.သော်လည်း ငွေချေးလုပ်ငန်းများကိုတော့ ကန်.ကွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို. မှပြန်လည်ချေပခဲ့ပါတယ်။
ယခု ကြံ့ဖွတ်မှငွေထုပ်ချေးနေပါပြီ ပြည်သူ.ကောင်းကျိုးလုပ်တယ်ဆိုပြီး ထောက်ခံလိုက်ကြမလား။ ကန်.ကွက်တယ်ဆိုရင် တော့ပြည်သူနဲ.ပါထိပ် တိုက်တွေ.ပြီပေါ့။ ဘယ်လိုလုပ်ကြမလဲ။ ကြံ့ဖွတ်လုပ်ရပ်မှန်တယ်လို ပြော နိုင်မလား။ အားလုံးစဉ်းစားကြဖို.ဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်နေတဲ့ပြည်သူ ကို ပိုက်ဆံထုပ်ချေးပြီး ပြေလည်သွားအောင်လုပ်လို.မရပါဘူး။ ဒါဆိုပိုက်ဆံထုပ်ချေးတော့နည်းနည်းပါးပါး ဖြစ်ဖြစ်ပြေလည်သွားတာပေါ့လို.ကပ် သပ် ပြောလို.တော့ရနိုင်ပါတယ်။ အဲဒီလိုဆင်းရဲသားတွေကို ငွေထုပ်ချေး တဲ့ သူဌေးကြီးက ဘင်္ဂလားဒေ့ရှ်မှာ နိုဘယ်ဆုတောင်ရသွားပါသေးတယ်။
ကျွန်တော်တို.ဆိုလိုချင်တဲ့အချက်က နိုင်ငံရေးပါတီတစ်ရပ်ရဲ့ အလုပ်က ပိုက်ဆံထုပ်ချေးခြင်းမဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။
ဥပမာအားဖြင့် တင်ပြရရင် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ဘဏ်လုပ်ငန်းရှင်များကိုဆင်းရဲတွင်းနက် ပြည်သူများအား ငွေမည်၍ မည်မျှထုပ်ချေးစေရန်အတွက် အစိုးရမှ အရေးပေါ်ဥပဒေ ပြဌန်းစေခြင်းမျိုးလုပ်ရန် ဆောင်ရွက်မှုမျိုးပြုလုပ်စေမယ်ဆိုရင် နိုင်ငံရေးပါတီတစ်ရပ်ရဲ့ အလုပ်လို.သတ်မှတ်လို.ရမယ်ဖြစ်ပါတယ်။
မည်သို.ပင်ဖြစ်စေ ရှေ.မျက်နှာနောက်ထား ပြီး ပြည်သူ.အတွက်ချေးငွေအစီအစဉ်များကို ကန်.ကွက်ရပါတော့မယ်။ ဒါလည်းပြည်သူ.အတွက်ပဲဖြစ်ပါတယ်၊ တိုင်းပြည်အတွက်ပဲဖြစ်ပါတယ်။
ယခု ကျွန်ုပ်တို.ရဲ့ တင်ပြချက်ကို ဖတ်ရသူများ COMMENT BOX မှာဝေဖန်မှုပြုဖို.ဖိတ်ခေါ်ပါတယ်။
ပြည်သူဟာ အခုချိန်မှာ ကြံ့ဖွတ်ရဲ့ငွေချေးလုပ်ငန်း တွေကို ပြင်းထန်စွာမဆန်.ကျင်ကြဘူးဆိုရင် မြန်မာပြည်မှာ ညစ်ထေးတဲ့ နိုင်ငံရေးယဉ်ကျေးမှုများထွန်းကားလာတော့မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်သက်ဆင်လက်ထက်က ကျေးရွာတစ်ရွာကို ဘတ်တစ်သန်းထောက်ပံ့မယ်လို. ကြေငြာပြီးမဲနိုင်ခဲ့ဘူးပါတယ်။ အမှန်တော့ တိုင်းပြည်ဘဏ္ဍာနဲ.မဲဆွယ်ခဲ့တာပါ။ ဒါကိုနားမလည်တဲ့ပြည်သူက သက်ဆင်ကို တစ်ခဲနက်မဲပေးခဲ့ပါတယ်။ အမှန်တော့ညစ်ထေးတဲ့ မဲဆွယ်မှုကို ပြုလုပ်ခဲ့တာပါ။ အဲဒီအရှိန်က အခုထိရှိနေသေးလို. သက်ဆင်ရဲ့ညီမ ၂၀၁၁ မှာ ရွေးကောက်ပွဲအနိုင်ရခဲ့ပြန်ပါပြီ။ သက်ဆင့်ညီမကလည်း ထိုင်းလယ်သမားတွေဆီက စပါးကို တိုင်းပြည်မှ ဈေးကြီးပေးဝယ်မယ်ဆိုပြီး မဲဆွယ်ပြန်ပါတယ်။ ဒါလည်း တိုင်းပြည်ဘဏ္ဍာကို ခုတုန်းလုပ်ပြီးမဲဆွယ်တာပါပဲ။
ကြံ့ဖွတ်ငွေချေးတာကို မကန်.ကွက်ဘူးဆိုရင် ကျွန်တော်တို.ဟာတိုင်းပြည်နဲ. ပြည်သူအပေါ်မှာ တကယ်ပဲတရားပါ့လား အားလုံးစဉ်းစားကြဖို.ဖြစ်ပါတယ်။
ကြံ့ဖွတ်ငွေချေးလုပ်ငန်းများ အစီအစဉ် သတင်းကို အောက်မှာပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ကျပ်သိန်းပေါင်း တသိန်း ရန်ကုန်မှာ ကြံ့ဖွံ့ထုတ်ချေး
မဇ္ဈိမသတင်းဌာန ။ ။ ချေးငွေယူလျှင် ပါတီဝင်ရသည့် ကျပ်သိန်းပေါင်း တသိန်းအား ရန်ကုန်တိုင်းအတွင်း ထုတ်ချေးခဲ့ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောသည်။
ကြာသပတေးမနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်း ကြံ့ဖွံ့ရုံးချုပ်၌ ကျင်းပသော ၎င်းတို့ပါတီနှင့် အခြား ၅ ပါတီမှ လူငယ်များ ဂျပန်သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ရှင်းလင်းသည့် အခမ်းအနား၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အတိုးနှုန်း ၂ ကျပ် ယူသည့် အသေးစား ချေးငွေ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း တာဝန်ခံ ဦးအောင်သိန်းလင်း (ဓာတ်ပုံ - မဇ္ဈိမ)
သိန်းပေါင်း ၇ သောင်းနှင့် လယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေ သိန်းပေါင်း ၃ သောင်း ထုတ်ချေးခဲ့ကာ၊ ရရှိလာမည့် အတိုးများကို လူထုကျန်းမာရေးအတွက် ဆောင်ရွက်မည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။ သူသည် လက်ရှိ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် အမတ် ဖြစ်ပြီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်းလည်း
ဖစ်သည်။
ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတဦးက ‘‘ မြို့နယ်ကို ဒီလောက် ငွေချေးပေးနေတာ၊ ပါတီကိုလည်း သိတတ်ရမှာပေါ့၊ ပြည်သူနဲ့ အပြန်အလှန်ပေါ့ ဆိုတာမျိုး ပြည်သူကို ပြောပြတယ်။ ပြီးတော့ သူတို့ကို ငွေချေးတယ်။ လူတွေကလည်း ပါတီ ဝင်ကြတယ်။ ငွေချေးလို့လေ’’ ဟု ဆိုသည်။
မြောက်ဥက္ကလာပ မြို့ခံတဦးကလည်း ‘‘ကျမတို့ကို တယောက်ကို ၃ သောင်း ချေးတယ်။ ကျမတို့အဖွဲ့မှာ
ခေါင်းဆောင်တယောက် ပါတယ်။ ငွေချေးတာ အပေါင်တော့ မပေးရဘူး။ ဒါပေမဲ့ ပါတီတော့ ဝင်ရတယ်’’ ဟု ပြောသည်။
ဦးအောင်သိန်းလင်းက ရန်ကုန်၌ (ဖြိုးစေတနာ) အခမဲ့ဆေးခန်း ၃၅ ခု ဖွင့်လှစ်ခဲ့သလို သမိုင်းလမ်းဆုံတွင် ၆ ထပ်
ဆေးရုံဖွင့်ကာ အခမဲ့ မျက်စိခွဲစိတ်ပေးနေပြီး၊ အင်းစိန် GTI ၌ အခမဲ့ ကျောက်ကပ်ဆေးခြင်းကို
ဆောင်ရွက်ခဲ့ကြောင်းနှင့် မကြာမီတွင် အခမဲ့ သားဖွားဆေးရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်









Myanmar democracy icon Aung San Suu Kyi (C) is greeted by a supporter in the country's ancient temple city of Bagan. Aung San Suu Kyi has met a minister of Myanmar's new government for the first time Monday, raising tentative hopes of sustained dialogue between the opposition icon and authorities.










