Monday, January 30, 2012

စင်္ကာပူ မှ ၀ိဇ္ဖာဆိုင်ရာနည်းပညာများ ပေးမည်

..

ရင်းနှီးမြုတ်နှံမှုများတိုးတက်ရေး ၊ ကြောထောက်နောက်ခံအဆောက်အဦးများ တိုးတက်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ မြို့ပြတည်ဆောက်ရေး၊ ဗဟိုဘဏ်လုပ်ငန်းနည်းပညာများ စသည်ဖြင့် မြန်မာ့စီးပွားရေး အထောက်အကူပြုနည်း ပညာများ ကိုသင်တန်းပေးမည်ဟုဆိုပါတယ်။

၂၀၁၄ အာဆီယံဥက္ကဌ ရာထူးယူတဲ့အခါ လုပ်ကိုင်ဆောင်ရွက်ရမဲ့ လုပ်ထုံးလုပ်နည်း များနဲ့ သံတမန်ရေးရာ နည်းပညာများ ကို လည်း သင်တန်းပေးမယ်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များ အခြင်းခြင်း ဆက်သွယ်ဆောင်ရွက်နိုင်မှု တွေကိုလည်း တိုးမြှင့်မှာပါ။ ၎င်း အပြင် အင်္ဂလိပ်စာ သင်တန်း၊ အခြားသော အဆင့်မြင့်နည်းပညာများနဲ့၊ သက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ရေး စသည်ဖြင့် နယ်ပယ်ပေါင်းစုံပါဝင်မှာပါ။

ကျွန်ုပ်တို့ပါတီမှ စင်္ကာပူနဲ့ နည်းပညာဆိုင်ရာ ၊ ရင်းနှီးမှုဆိုင်ရာ လုပ်ငန်းများ၊ သင်တန်းများ တိုးချဲ့ဆောင်ရွက်ခြင်း နဲ့ပူးပေါင်းဆောင်ရွက်ခြင်းများကို ကြိုဆိုလိုက်ပါတယ်။ သင်တန်းပေးခြင်း လေ့လာဆောင်ရွက် ခြင်းလုပ်ငန်းများဟာ ရေရှည် ဆောင်ရွက်ရတဲ့လုပ်ငန်းများဖြစ်ပါတယ်။ နည်းပညာတွေ ကို စင်္ကာပူလို နိုင်ငံငယ်တစ်နိုင်ငံက လေ့လာသင်ယူရတယ်ဆိုတာတော့ မြန်မာတွေဆင်ခြင်ရမဲ့ကိစ္စဖြစ်ပါ တယ်။ ကျွန်ုပ်တို့ဘယ်လောက် နောက်ကျနေပြီလည်းဆိုတာလည်း သတိပြုရမှာပါ။

အဲဒီလိုပဲမြန်မာတွေသင်ယူရမဲ့နည်းပညာတွေ ကမ္ဘာမှာ အများအပြားပဲရှိတယ်ဆိုတာပါ နားလည်ရမယ် ဖြစ်ပါတယ်။ အဓိက ကတော့ အချိန်နောက်မကျစေဖို့ဖြစ်ပါတယ်။ နည်းပညာရဲ့နယ်ပယ်ဟာ အလွန်ပဲ ကျယ်ဝန်းပါတယ်။ အမတ်လောင်းဝင်ရွေးမယ့် သူတွေလည်း အမတ်ဘယ်လိုလုပ်ရတယ် ဆိုတာ ကအစ နည်း ပညာတစ်ခုဖြစ်ပါတယ်။

သိပ္ပံနည်းပညာတင် သာမက ၀ိဇ္ဖာနည်းပညာတွေဟာလည်း အလွန်ပဲ လိုအပ်နေပါတယ်။ နည်းပညာမတတ် လို့ ကွန်ပြူတာတစ်လုံးကို ပြည်ပ ကအလွယ်တကူဝယ်သုံးလို့ရပေမဲ့ အမတ်တစ်ယောက် တိုင်းပြည် အုပ် ချုပ်ရေးနည်းပညာကို နားမလည်ရင် အလွယ်တကူဝယ်ယူလို့မရပါဘူး။ တိုင်းပြည်မအုပ်ချုပ်တတ်ရင် တိုင်းပြည်ပျက်မှာဖြစ်ပါတယ်။ တိုင်းပြည်အုပ်ချုပ်နိုင်ဖို့ မျိုးဆက်တစ်ဆက်ကို စောင့်ရပါဦးမယ်။ မြန်မာပြည် ကတက်ကြွသူတွေအများစုဟာ ခေါင်းဆောင်ရော နောက်လိုက်ရော တိုင်းပြည်အုပ်ချုပ်ရေးနည်းပညာ များကို လေ့လာစရာများစွာကျန်နေပါတယ်။

လာမဲရွေးကောက်ပွဲမှာ ပြည်သူများ မှန်ကန်စွားရွေး ချယ်နိုင်စေဖို့ဆန္ဒပြုလိုက်ပါတယ်။


ကောင်းမြတ်သူ(မူဝါဒရေးရာဌာန)



.


The courses will cover investment promotion, infrastructure building, trade, tourism development and central banking, according to a statement accompanying the Singapore-Myanmar Technical Cooperation Program agreement, which was signed during a state visit by Myanmar's president, U Thein Sein.
Mr. Thein Sein is on a three-day trip to Singapore, his first since he became president last year and began overseeing a series of economic and political overhauls. Myanmar was previously governed by a secretive military regime whose harsh rule drew criticism from human-rights groups and triggered economic sanctions by Western nations. The U.S. sanctions block investment by most U.S. companies.

No comments: