Friday, October 21, 2011

မလေးရှားသို. မြန်မာ စစ်ပညာသင်များ စေလွတ်ပြီး စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်ဟုဆို

..


မြန်မာ စစ်ပညာသင်များ မလေးရှားတွင် စစ်ပညာလေ့လာဖို.စေလွတ်မည်ဖြစ်ကြောင်း မလေးရှားကာ ကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကိုပြောလိုက်ပါတယ်။ မြန်မာဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း မလေး ရှား နိုင်ငံကို ပြီးခဲ့တဲ. ကြာသာပတေးနေ့ထဲက ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ၎င်းရဲ့ခရီးစဉ် အတွင်းမှာ ယခုလိုစစ်ဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို သဘောတူခဲ့တာဖြစ်ပါတယ်။ မြန်မာက မလေး ရှားနိုင်ငံထုတ်ရေတပ် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများဝယ်ယူမှာဖြစ်ပြီး စစ်ဖက်ဆိုင်ရာ အဆင့်မြင့်ကိုယ်စား လှယ်တွေကိုလည်းစေလွတ်မှာဖြစ်ပါတယ်။

မြန်မာဟာ ၎င်းရဲ့ စစ်ဖက်ဆိုင်ရာ အရည်အသွေး အဆင့်မြင့်စေဖို.နဲ. စစ်လက်နက်စက်ရုံများ ခေတ်မှီဖို.အတွက် မလေးရှားနိုင်ငံမှလေ့လာမှုပြုဖို.လိုလားတဲ့အကြောင်း၊ မြန်မာ ဒုဗိုလ်ချုပ်ကြီးကို လက်ခံတွေ.ဆုံခြင်းဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အစိတ်အပိုင်း တွေထဲက တစ်ခုဖြစ်တယ်လို.  မလေးရှားကာကွယ်ရေးဝန်ကြီးက ပြောဆို ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ်အဖြစ်တဲ့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးရဲ့ခရီး စဉ်ဖြစ်တယ် လို.သတင်းမှာဖေါ်ပြပါတယ်။ မြန်မာဝန်ကြီးဟာ မလေးရှားစစ် လက်နက်စက်ရုံကြီးနှစ်ခုသို့ လည်း သွားရောက်လေ့လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရေကြောင်းနဲ. လေကြောင်းပြပွဲကို ပါဝင်လိုတဲ့ဆန္ဒရှိပြီး Langkawa မှာ ဒီဇင်ဘာလကျရင်ကျင်းပမဲ့ အာရှ ကာကွယ်ရေးဆိုင်ရာပြပွဲ ကိုလည်းတက်ရောက်မှဖြစ်ပါ တယ်။

ကျွန်ုပ်တို.ပါတီကတော့ သဘာဝဓါတ်ငွေ့ရောင်းရငွေ ပူပူနွေးနွေးလေးတွေ မလက္ကာရေလက်ကြားကို ဖြတ် ပြီး မလေးရှားနိုင်ငံကိုဝင်ရောက်ခိုလှုံသွားမဲ့အရေး ကို စိတ်လေးလျှက်ရှိပါတယ်။



.. 

1 comment:

Anonymous said...

(1) buffer country is required when dealing with certain military technology and studies of general layout of asean countries naval and airforce strategies.
(2)perhaps putting the eggs in one basket is not a good idea but diversifying the suppliers of similar product would save budget and increase the knowledge
(3) Malay, Thai, SG presumed to be prowest but cannot ignore asia giant in many aspects.Out western neighbour also is maintaining the balance between Russia and Yank. think about it.