Wednesday, August 17, 2011

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးနှင့်ပတ်သက်သည့်မူဝါဒ

.


မြစ်ဆုံရေကာတာစီမံကိန်းရဲ. လျှပ်စစ်ဓါတ်အားထွက်ရှိမှုပမာဏ ဟာ မီဂါဝပ် တစ်သောင်း ရှစ်ထောင်ကျော် ရှိတယ်လို.ဆိုတဲ့အတွက် ညူကလီးယား ဓါတ်အားပေးစက်ရုံ အလုံး ၂၀ ရဲ့ပမာဏနဲ.ညီမျှပါတယ်။ အချို.သော အလတ်စားညူဓါတ်ပေါင်းဖို တစ်လုံးဟာ မီဂါဝပ် ၅၀၀ ထွက်ပြီး အကြီးစားတွေကတော့ မီဂါဝပ် ၁၀၀၀ တစ်ထောင်ကျော် ထုပ်လုပ်နိုင်ပါတယ်။ ညူဓါတ်ပေါင်းဖိုတစ်လုံးရဲ့ကုန်ကျစရိတ်က တစ် လုံး ကိုဒေါ်လာသန်း ၁၀၀၀ တစ်ထောင် ဖြစ်ပါတယ်။ ကမ္ဘာမှာ ညူ ဓါတ်အားပေးစက်ရုံ အလုံး ၂၀ လောက်ပိုင်တဲ့နိုင်ငံဆိုတာ ခပ်ရှားရှားပဲဖြစ်ပါတယ်။ ( နောက်ဆက်တွဲမှာ ကမ္ဘာ.ညူဓါတ်အားပေးစက်ရုံစာရင်းကိုဖေါ်ပြထားပါတယ်)

ညူဓါတ်အားပေးစက်ရုံတည်ဆောက်ဖို. ၁၀ နှစ်ခန်.အချိန်ယူရပြီး ဂျပန်ရဲ့ညူဓါတ်အားပေးစက်ရုံများကတော့ လ ၄၀ ခန်.သာကြာတယ်လို.ဆိုပါတယ်။ ကမ္ဘာမှာ အမြန်ဆုံးတည်ဆောက်နိုင်တဲ့ နည်းပညာပိုင်ဆိုင်သူက ဂျပန်ဖြစ်ပါတယ်။

ညူဓါတ်အားပေးစက်ရုံတစ်ရုံရဲ့တန်ဖိုးဟာ ဒေါ်လာသန်းတစ်ထောင်တန်တယ်ဆိုလို. ဒေါ်လာသန်း ၁၀၀၀ ပိုက်ပြီး ညူဓါတ်အားပေးစက်ရုံတစ်ရုံကို ကမ္ဘာပတ်ပြီးဝယ်လို.ဘယ်သူမှရောင်းမယ်မဟုတ်ပါဘူး။ နည်းပညာဆိုတာ ပိုက်ဆံပေးတိုင်းရတာမဟုတ်ပါဘူး။

ကမ္ဘာမှာ လျှပ်စစ်ဓါတ်အားအတွက် ရာခိုင်နှုံးအများဆုံးအသုံးပြုတဲ့စွမ်းအင်က ကျောက်မီးသွေးဖြစ်ပါတယ် အောက်မှာ ကျောက်မီးသွေး အသုံးပြုမှုပမာဏနဲ. ကျောက်မီးသွေးကနေ လျှပ်စစ်အများဆုံး ထုပ်လုပ် တဲ့တိုင်းပြည်များစာရင်းကိုတွေ.မြင်နိုင်ပါတယ်။ ကျောက်မီးသွေးသုံးစွဲမှုဟာ ကြောက်ခမန်းလိလိဖြစ်ပါတယ်။

ဒီစာရင်းတွေကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို.တိုင်းပြည်ရဲ့ လျှပ်စစ်ထုပ်လုပ်မှုအတွက် ဘယ်စွမ်းအင်ကို အသုံပြုကြမလဲဆိုတာကိုစဉ်းစားကြဖို.ဖြစ်ပါတယ်။ အခုတောင်မြန်မာပြည်က ကျောက်မီးသွေး လျှပ်စစ်စက် ရုံတစ်ရုံတည်ဆောက်မဲစီမံကိန်းကို သဘာဝပတ်ဝန်ကျင်ထိခိုက်တယ်ဆိုပြီး ကန်.ကွက်နေမှုများရှိကြပါ တယ်။ သက်ဆိုင်ရာနိုင်ငံကြီးများဟာ မိမိတို. အမျိုးသားအကျိုးစီးပွားကို သာအဓိကထားပြီး အလုပ်လုပ်နေကြတာကို မြန်မာပြည်မှ နိုင်ငံရေးလုပ်သူလူငယ်များ ပါးနပ်ကြဖို.ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို မကြည့်ပဲ သူများအော်တိုင်းလိုက်အော်နေလို.မဖြစ်နိုင်ပါဘူး။


Coal & Electricity ကမ္ဘာ.လျှပ်စစ်ထုပ်လုပ်မှုရဲ့ ၄၁ % ကိုကျောက်မီးသွေးကထုတ်လုပ်ပါတယ်

Total World Electricity Generation by Fuel (2006)

Source: IEA 2008
*Other includes solar, wind, combustible renewables, geothermal & waste
Modern life is unimaginable without electricity. It lights houses, buildings, streets, provides domestic and industrial heat, and powers most equipment used in homes, offices and machinery in factories. Improving access to electricity worldwide is critical to alleviating poverty.
Coal plays a vital role in electricity generation worldwide. Coal-fired power plants currently fuel 41% of global electricity. In some countries, coal fuels a higher percentage of electricity.
Coal in Electricity Generation ကမ္ဘာ.နိုင်ငံကြီးတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို.အတွက် အသံကောင်းဟစ်နေပေမဲ့ ကျောက်မီးသွေးကို အလွန်အကျွံသုံးစွဲ နေတယ်ဆိုတာ ထင်ရှားနေပါတယ်
South Africa 93%    Poland 92%     PR China 79%
Australia 77%    Kazakhstan 70%      India 69%
Israel 63%    Czech Rep 60%     Morocco 55%
Greece 52%    USA 49%    Germany 46%
Source: IEA 2010
The importance of coal to electricity generation worldwide is set to continue, with coal fuelling 44% of global electricity in 2030.(ကျောက်မီးသွေးထုပ်လုပ်မှုနဲ.သုံးစွဲမှုဆိုင်ရာဆောင်းပါးကို သီးသန်.တင်ပြသွားမယ်ဖြစ်ပါတယ်)

ဂျပန်မှာ လျှပ်စစ်ရဖို. ညူစွမ်းအင်သုံးရာကနေ စက်ရုံပေါက်ကွဲတော့ ရေဒီယိုသတိကြွမှုကို တစ်နိုင်ငံလုံးသာ မက တစ်ကမ္ဘာလုံးက ခံစားလိုက်ရပါတယ်။ စက်ရုံပတ်ဝန်းကျင်ရေပိုက်နက် က ငါးတွေဆို နှစ်ပေါင်းများစွာ စားသုံးဖို.မဖြစ်နိုင်တော့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် လျှပ်စစ်မီးတစ်ပွင့်ရဲ့တန်ဖိုးကိုနားလည်နိုင်ကြဖို.ပဲဖြစ်ပါတယ်။ လျှပ်စစ်မီးတစ်ပွင့်ရဖို.အတွက် ဘယ်လောက်တောင်ပေးဆပ်ရသလဲဆိုတာ ကိုဆိုလို ချင်တာဖြစ်ပါတယ်။

ကမ္ဘာမှာ စက်မှုတော်လှန်ရေးကစတာကြာပြီဖြစ်ပေမဲ့ မြန်မာပြည်မှာတော့ အခုမှ စရမှာဖြစ်ပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာပြည်ရဲ့ ပထမဆုံးသောစက်မှုတော်လှန်ရေးအစလို.ပြောနိုင်ပါတယ်။ ကျွန်ုပ်တို.ဟာ ဒီမိုကရေစီရရှိရေးကိုသာ တော်လှန်ရေးအသွင်နဲ.သွားရမှာမဟုတ်ပဲ လျှပ်စစ်ဓါတ်အား ရရှိရေး ကိုလည်းတော်လှန်ရေးတစ်ရပ်အသွင်နဲ.ချီတက်ရမှာဖြစ်ပါတယ်။ တော်လှန်ရေးတိုင်းမှာ အထိအခိုက် ရှိနိုင်ပါတယ်။

ဧရာဝတီမြစ်ကြီးရဲ့တန်ဖိုးကို ငါးရှာ၊ ဖါးရှာ၊ ငါးရှဥ့်ရှာတဲ့အဆင့်လောက်ပဲတန်ဖိုးထားမယ်ဆိုရင် နိမ့်ကျတဲ့အတွေးအခေါ်တစ်ရပ်ပဲဖြစ်နိုင်ပါတယ်။ ဧရာဝတီမြစ်ကြီးဟာ ဖန်လုံအိမ်အာနိသင် လျှော့ချ ပေးနိုင် မယ့် လျှပ်စစ်ဓါတ်ထုတ်လုပ်ပေး ရာကမ္ဘာ.စွမ်းအင်အရင်းအမြစ်ကြီးဖြစ်နေပါပြီ။

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းက လျှပ်စစ်ထုတ်လုပ်မှုပမာဏဟာ လက်ရှိ မလေးရှားနိုင်ငံတစ်နိုင်ငံလုံး ရဲ့လျှပ်စစ်သုံးစွဲမှုပမာဏနဲ.ညီမျှပါတယ်။ ဒါဟာ မြစ်ဆုံတစ်ခုတည်းက ထွက်နိုင်မဲ့ပမာဏကိုဆိုလိုတာပါ။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ဆက်လက်ထုတ်လုပ်နိုင်တဲ့ ပမာဏတွေမပါဝင်သေးပါဘူး။

ကျွန်ုပ်တို. တိုက်ဖျက်ရမှာက မြစ်ဆုံရေကာတာစီမံကိန်းကိုမဟုတ်ပဲ လျှပ်စစ်ထုပ်လုပ်မှုက ထွက်လာမယ့်ဘေး ထွက်ဆိုးကျိုးတွေကိုဘယ်လိုကာကွယ်မလဲဆိုတာကို ဦးစားပေးရမှာဖြစ်ပါတယ်။ မီဂါဝပ် တစ်သောင်း ရှစ်ထောင်ကျော်ရဖို.အတွက် မြန်မာတစ်နိုင်ငံလုံးက သစ်တောတွေကို ထင်းဆိုက်ပြီး လျှပ်စစ်ထုပ်လုပ်တာတောင်မရနိုင်ပါဘူး။

ကျွန်ုပ်တို.တောင်းဆိုရမှာက မြစ်ဆုံစီမံကိန်းက ရလာမယ် လျှပ်စစ်ဓါတ်အားခ၀င်ငွေတွေကို ဧရာဝတီမြစ်ကြီး ထိန်းသိမ်းဖို.အတွက် ဘယ်လောက်ကျခံသုံးစွဲမလဲဆိုတာကိုဖြစ်ပါတယ်။ ပိုက်ဆံအကုန်မခံနိုင်လို. အင်းလေးကန်ကြီး တိမ်ကောနေတာကိုတောင် မနဲပြင်ဆင်နေရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဧရာဝတီမြစ် ကိုထိန်းသိမ်းဖို.အတွက် ဒေါ်လာ သန်းထောင်နဲ.ချိပြီးသုံးစွဲရ မှာဖြစ်ပါတယ်။

မြစ်ဆုံကလျှပ်စစ် ဓါတ်အားတရုတ် ကိုရောင်းမယ်ဆိုရင်လည်း ပိုက်ဆံရမှာဖြစ်ပါတယ်။ တရုတ်ပြည်နဲ.ချစ်ကြည်ရင်းနှီးမှုလည်း အလွန်တိုးတက်လာမှာဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားကိုသုံးစွဲမယ့်ပြည်သူတွေဟာ လည်း တရုတ်ပြည်သူတွေဖြစ်လို. မြန်မာနဲ.တရုတ်နယ်နမိတ်ထိစပ်နေတဲ့ တရုတ်ပြည်သူများက မြန်မာပြည်သူများကို လာမဲ့သမိုင်းတစ်လျှောက်လုံး ကျေးဇူးတင်ရှိနေမှာဖြစ်ပါတယ်။ တရုတ်ပြည်သူများ လျှပ်စစ်ဓါတ်အားကို ပိုမိုသုံးစွဲနိုင်တဲ့အလျှောက် တရုတ်မြန်မာ နယ်စပ်က သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အိမ်နီးနားခြင်းဖြစ်တဲ့ အတွက် တရုတ်မှာသစ်တောပြုန်းတီးရင် မြန်မာနိုင်ငံ အတွက် လည်း ရာသီဥတုဆိုးရွားမှုနဲ.ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အကြီးဆုံး လျှပ်စစ်ရေကာတာများကိုတည်ဆောက်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်လည်း မြစ်ဆုံရေကာတာအတွက် လိုအပ်တဲ့ နည်းပညာဟာတရုတ်နိုင်ငံမှာ အဆင်သင့်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာကို စီးပွားရေးပိတ်ဆို.ထားတဲ့အတွက် လိုအပ်တဲ့နည်းပညာနဲ. အရင်းအနှီးအတွက် တရုတ်ကို မှီခိုနေရတာပါ။စီးပွားရေးပိတ်ဆို.လို. တိုင်းပြည်ဘာမှ မဖြစ်ပါဘူးဆိုတဲ့ သူတော်ကောင်း နိုင်ငံရေးသမားတွေ နဲ. ပညာရှင်ဆိုသူတွေကို လျှပ်စစ်ဓါတ်အားရအောင် နည်းပညာနဲ.အရင်းအနှီး မရှိပဲဘယ်လိုလုပ်မလဲလို.မေးလိုက်ချင်ပါတယ်။  အနောက်နိုင်ငံတွေဆိုတာဟာလည်း အငြင်းပွားမယ့် ကိစ္စမျိုးဆိုရင် လက်ရှောင်တတ်တာမို. မြန်မာပြည်မှာ စွမ်းအားကြီးမားတဲ့ ရေကာတာ တည်ဆောက်ဖို.အတွက် တရုတ်ကို မှီခိုနေရဦးမယ်ဖြစ်ပါတယ်။

ကျွန်ုပ်တို.မှာ မြစ်ဆုံလိုရေကာတာကြီးဆောက်ဖို. နည်းပညာလည်းမရှိပါဘူး၊ ငွေလည်းမရှိပါဘူး၊ အားလုံးဘာမှမရှိလို.တရုတ်ကိုပဲမှီခိုရတဲ့အတွက် ထွက်လာတဲ့ လျှပ်စစ်ဓါတ်ကို တရုတ်ကိုရောင်းရတယ် ဆိုတာလည်းဘာမှမဆန်းတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးနားခြင်းပြည်သူများကို မီးလင်းစေဖို.အတွက် ကျွန်ုပ်တို.မှ မုဓိတာပွားနိုင်ရမယ်ဖြစ်ပါတယ်။ တရုပ်ပြည်သူများက မြန်မာပြည်သူများကို ထာဝရ ကျေးဇူးတင်ရှိနေမှာဖြစ်ပါတယ်။ မြစ်ဆုံရေကာတာပြီးလို.မြန်မာပညာရှင်တွေ ကျွမ်းကျင်လာပြီဆိုတော့မှ နောက်ပိုင်းမှာ ကိုယ်တိုင်တည်ဆောက်လာနိုင်တော့မှာပါ။ နည်းပညာတစ်ခုရဖို.အတွက် အလွန်ပဲပေးဆပ်ရ တတ်ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာ အချို.သောငါးမျိုးစိတ်တွေပျက်သုန်း တာမျိုးရှိနိုင်ပါတယ်။ ဒါဆို ကချင်ပြည်နယ်မှာ ဖွံ.ဖြိုးမှုနိမ့်ကျလို. ပြောက်ကွယ်သွားနိုင်တဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြောင်းကျွန်ုပ်တို.မစဉ်းစားကြတော့ဘူးလား။

မြစ်ဆုံရေကာတာကိုကန်.ကွက်နေတဲ့သူတွေဟာ တိုင်းပြည်အတွက်လျှပ်စစ် ဘယ်လိုရနိုင်မယ်ဆိုတဲ့နည်း ကိုတော့ ရှာဖွေပေးနိုင်တာမဟုတ်ကြပါဘူး။ မြန်မာ့ပတ်ဝန်းကျင် မပျက်စီးအောင်ဆိုပြီး ဘယ်နိုင်ငံကမှ ညူဓါတ်အားပေးစက်ရုံတစ်ခု လာတည်ဆောက်ပေးမှာမဟုတ်ပါဘူး။ ညူဓါတ်အားပေးစက်ရုံဆိုတာ ကလည်း အင်မတန် ကြောက်စရာကောင်းတဲ့နည်းပညာအရင်းအမြစ်တစ်ခုဖြစ်ပါသေးတယ်။

ညူဓါတ်အားပေးစက်ရုံဆိုတာ ပိုက်ဆံရှိတိုင်းဝယ်လို.ရတဲ့ အမျိုးမဟုတ်ပါဘူး၊ မြန်မာစစ်အစိုးရဟာ ညူနည်းပညာရဖို.အတွက် ရုရှားကို မျက်နှာလုပ်ရတဲ့စရိတ်နဲ.တင် ညူစက်ရုံတစ်ရုံဖိုးမကတော့ပါဘူး။ စစ်အစိုးရဟာ ရုရှားနဲ.ပြေလည်ဖို. ရုရှားဆီက လက်နက်ဝယ်ရပါတယ်။ MIG တိုက်လေယဉ်တွေဝယ်ခဲ့ရပါ တယ်။ နည်းပညာအတွက် ပညာတော်သင်တွေပိုက်ဆံအကုန်ခံပြီး လွတ်ခဲ့ရပါတယ်။ ဒါတောင် ရုရှားဟာ သူ.တိုင်းပြည်ဝင်ငွေလိုအပ်ချက်အတွက် MIG တိုက်လေယဉ်တွေကို လွယ်လွယ်ကူကူရောင်းခဲ့လို. လေယဉ်တွေ ၀ယ်ယူရရှိရေးအတွက် မျက်နှာလိုမျက်နာရ စရိတ်တွေ သက်သာခဲ့တာပါ။ အမှန်တော့ အဆင့်မြင့်ဂျက်တိုက်လေယဉ်တွေဝယ်ယူခွင့်ရှိဖို.ဆိုတာလည်း လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။

နည်းပညာမရှိတဲ့တိုင်းပြည်တွေဟာ ကမ္ဘာ မှာ နည်းပညာတစ်ခုရဖို. အတွက် အမျိုးသားရေးစွမ်းဆောင်မှု အနေနဲ. လမ်းစဉ်ချမှတ်ရပြီး တိုင်းပြည် နဲ.တစ်မျိုးသားလုံး ဒုက္ခ မျိုးစုံခံရလေ့ရှိပါတယ်။ ကိုတိုင်မတတ်ရင် ညူနည်းပညာဆိုတာ တစ်နိုင်ငံလုံးရဲ့ပိုင်ဆိုင်မှုနဲ. ရင်းနှီးပြီး ၀ယ်ယူရတဲ့အရာပါ။ ကျွန်ုပ်တို.တိုင်းပြည်မှာ ညူစွမ်းအင်ကို အသုံးပြုနိုင်ဖို. အနည်းဆုံးမျိုးဆက်တစ်ဆက်စောင့်ရပါဦးမယ်။ သူများတိုင်းပြည်က အလားကားလာဆောက်ပေးတောင်မှ ကိုင်တွယ်နိုင်မယ့်ပညာရှင်မရှိသေးပါဘူး။ မျိုးဆက်သစ်လူငယ်ပညာ ရှင်များကိုမွေးထုတ်ဖို. မျိုးဆက်သစ်တစ်ခုကို အရင်တည်ဆောက်ရဦးမှာပါ။ ညူဓါတ်ပေါင်းဖို အလုံး ၂၀ စာလောက်ရှိတဲ့ ပညာရှင်အရေအတွက်ရဖို.ဆိုရင်တော့ မျိုးဆက် ၂ ဆက်လောက်တောင်စောင့်ရဦးမှာပါ။

ကျောက်မီးသွေးနဲ. သဘာဝဓါတ်ငွေ.ကနေ လျှပ်စစ်ထုပ်ဖို.ဆိုတာ လည်း အလွန်ပိုက်ဆံကုန်တဲ့ လုပ်ငန်းတစ် ခုဖြစ်ပါတယ်။ ကျောက်မီးသွေးက မြန်မာပြည်မှ ပေါပေါများများမထွက်လို. ပြည်ပကလည်းမ၀ယ်နိုင်ပါဘူး။ သဘာဝဓါတ်ငွေ.ကလည်း တိုင်းပြည်မှာ ၀င်ငွေမရှိတော့ ဒါကိုပဲရောင်းပြီး အခြားလိုအပ်ချက်တွေကိုဖြည်. ဆည်းနေရတဲ့အတွက် လျှပ်စစ်ထုပ်လုပ်ဖို.အတွက် ခက်ခဲနေတဲ့ကာ လဖြစ်နေပါတယ်။ စစ်အစိုးရလက်ထက် စစ်လက်နက်ပစ္စည်းဝယ်ယူမှုတွေကလည်း ဓါတ်ငွေ.ရောင်းရငွေနဲ. ပေးချေနေရတာပါ။

မြစ်ဆုံရေကာတာ စီမံကိန်းကို ကန်.ကွက်နေသူများဟာ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုတာထက် နိုင်ငံရေးရည်မှန်းချက်တွေနဲ. လုပ်ဆောင်နေတာကပိုများပါတယ်။ ဒါကိုအကြောင်းပြပြီး အစိုးရကို အကြပ်အတည်း ရိုက်စေဖို. အကြည်အညိုပျက်စေဖို. ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကပိုများနေတာကို တွေ.ရမှာပါ။ အမှန်တော့ NLD ကိုယ်တိုင်အာဏာရလည်း အဲဒီနေရာက ရေအားလျှပ်စစ်ကို မရရအောင် ထုတ်လုပ်ရမှာပဲဖြစ်ပါတယ်။

ကျွန်ုပ်တို.ဆောင်ရွက်ရမှာက စီမံကိန်းကို ဖျက်ဆီးပစ်စေဖို.မဟုတ်ပဲ စီမံကိန်းကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို.၊ ရရှိလာတဲ့လျှပ်စစ်စွမ်းအင်က ၀င်ငွေတွေကို ကချင်ပြည်နယ်ဖွံ.ဖြိုးရေအတွက်အမှန်တကယ်သုံးစွဲနိုင်ဖို.၊ ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းဖို.ကုန်ကျစရိတ်တွေကို ကျခံသုံးစွဲဖို.၊ ဒီစီမံကိန်းက ရလာတဲ့နည်းပညာနဲ. အတွေ.အကြုံတွေကို နောက်နောင် ရေကာတာများ ဆောက်လုပ်တဲ့အ ခါမှာ အသုံးချနိုင်ဖို.၊ ရလာတဲ့ လျှပ်စစ်ဓါတ်အားတွေကိုတရုတ်ပြည်ကို ရောင်းချရတဲ့ အတွက် တရုတ်နိုင်ငံနဲ. ပိုမိုခိုင်မာတဲ့ သံမဏိဆက်ဆံရေးထူထောင်နိုင်ဖို.၊ တရုတ်ပြည်သူများနဲ. မြန်မာပြည် သူများပိုမိုချစ်ကြည်ရင်းနှီးပြီး ခိုင်မာတဲ့ အိမ်နီးနားခြင်း ဆက်ဆံရေးများတည်ဆောက်နိုင်ဖို.၊ ကမ္ဘာမှာ အထူးလို အပ်နေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထုတ်လုပ်နိုင်ခြင်းဖြင့် ကမ္ဘာ.ဖန်လုံအိမ် ဓါတ်ငွေ.များထုတ်လုပ်မှုကိုလျှော့ချနိုင်ပြီး ကမ္ဘာကြီး သာယာစေရေးအတွက် ဧရာဝတီမြစ်ကြီး ရဲ့ အခန်းကဏ္ဍကို ကမ္ဘာက သိအောင်လုပ်ဖို.၊ စတဲ့ ကမ္ဘာအဆင့်မှီရည်မှန်ချက်များထားရှိပြီး မြစ်ဆုံရေကာတာစီမံကိန်းကို ကမ္ဘာကြီးရဲ့လိုအပ်ချက်အဖြစ် ဂုဏ်ယူနိုင်ကြဖို.ပဲဖြစ်ပါတယ်။



.


5 comments:

nyi-htet said...

ဧရာဝတီမြစ်ဆုံ ရေကာတာ ကြီးများမှ ထုတ်ပေးမယ့် လျှပ်စစ်စွမ်းအင်ရဲ. ၉၉%ကို တရုတ်က၀ယ်ယူမယ်။

မြန်မာက ၁% သာဝယ်ခွင့်ရပါမယ်။

အဲလို ရောင်းလို.ရတဲ့ဝင်ငွေကိုလဲ
တရုတ်ကပဲ ၇၀% ယူမယ်...။
မြန်မာပြည်က ၂၀% (သန်း၅၀၀)သာ ရပါမယ်။

ကျန်တဲ့ ၁၀% ကိုတော့ ပွဲစါးဖြစ်တဲ့ Asia World + (ဗိုလ်ချုပ်အချို.အပါအဝင်)+ အခြားပညာရှင် အဖွဲ.များက ရပါမယ်။

ဒါကြောင့်
(၁)လယ်ယာမြေနဲ့အသက်ဆက်
နေရသူတွေ
(၂) ရွာတွေယာတွေကို ဆုံးရှုံးစွန်.ခွာ ခဲ့ရတဲ့ ဒေသခံပြည်သူတွေ
(၃) မြစ်ကြီးကို မှီခိုစါးသောက် အသက်မွေး ၀မ်းကြောင်း ပြုနေရတဲ့ ပြည်သူ ၆၀% ခန်.နှင့်
(၄)ဧရာဝတီမြစ်ဝကျွန်းပေါ် (မြန်မာ့စပါးကျီကြီး)ကို မှီခိုရသူတွေ အတွက်တော့
ခုရမယ့် အကျိုးအမြတ်ဟာ စွန်.လွှတ်
ပေးဆပ်လိုက်ရတာ ဘ၀ပျက်စီးသွားရတာတွေ နဲ. မကာမိအောင် အလွန်.အလွန်ကို နည်းပါးလွန်းတာ တွေ.ရပါလိမ်.မယ်။

ဒါ့အပြင် အလွန်စိုးရိမ်စရာ ကောင်းတာက
မြစ်ဆုံ ရေကာတာတွေဟာ ဘူမိဗေဒပညာရှင်များ တိတိကျကျ သတိပေးချက်အရ စစ်ကိုင်းပြတ်ရွေ.ကြော ဇုံကြီး နှင့် အလွန်နီးကပ်နေတဲ့အတွက် တနည်းအားဖြင့် ငလျင်ကြောကြီးပေါ် ကျရောက် နေပါတယ်။ ငလျင်ကြောင့် ရေကာတာကြီးများ ကျိုးပေါက် သွားလို.ကတော့ မြစ်ကြီးနားမြို.
အပါအ၀င် မြစ်အောက်ပိုင်းက မြို.တွေ ရွာတွေအတွက် မတွေးဝန်.စရာ အနျွရာယ် ကြီးမားလှပါတယ် ။

ဧရာဝတီမြစ် ကယ်တင်ရေး ဆွေးနွေးခဏ်းကို နားဆင်ပြီးမှ ဆုံးဖြတ်ကြပါ...

http://www.rfa.org/burmese/commentaries/sunday-round-table-08142011095435.html
စစ်အစိုးရ/အစိုးရသစ်ကို ဝေဖန်ရှုံ.ချလိုလို. နိုင်ငံရေးအမြတ်ထုတ်လိုလို. ပြောနေတာမဟုတ်ပါ တရုတ်ပညာရှင်တွေ ကိုယ်တိုင် လေ့လာထားတဲ့ စါမျက်နှာ ၉၀၀ ပါ အစီရင်ခံစါမှ
ကောက်နှုတ်ချက်များ ဖြစ်ပါတယ်။

ပြည်သူများစွာရဲ. အသက်အိုးအိမ်စည်းစိမ်များ အတွက် အနျွှရာယ်အကြီးအကျယ် ရှိနိုင်လို. တိုင်းပြည်နဲ.လူမျိုး အတွက်ပြောနေတာပါ ... တာဝန်ရှိသူများက အကြိမ်ကြိမ် စုံစမ်းစစ်ဆေး ချင့်ချိန်စဉ်းစါး တိုင်ပင် ပြီးမှ လုပ်ကြပါရန် တိုက်တွန်းလိုက် ပါသည်။

Anonymous said...

Fuck u author of this article . Is china ur mother fucker ?

Anonymous said...

မငိုပါနဲ. ဧရာဝတီ ... http://www.ainchannmyay.com/?p=1190

အထက်ပါ ဆောင်းပါးကို ဖတ်ပြီးတော့ သဘောထားပေးကြပါ။

ညီမရဲ့ photo story လေးက ဧရာဝတီဟာ ဆည်ဆောက်ပြီး ပိုတောင် ရေစီးသန်လာ ဦးတော့မှာလိုလို ပြောနေသူတွေကို ပုံနဲ့တကွ ငြင်းလိုက်နိုင်ပါတယ်။ ကိုယ့် တိုင်းပြည်နစ်မွန်းတော့မဲ့ အန္တရာယ်ကို အဲဒီ နိုင်ငံသားတွေ ကိုယ်စီကသာ သိနေကြရင် အဲဒီ တိုင်းပြည် မနစ်မွန်းနိုင်လောက်ပါဘူး။

အခုလည်း အကိုတို့ သာမန် နိုင်ငံသားတွေမှာ အဲဒီ awareness to danger ရှိနေကြလို့ နောက်ဆုံးတော့ အကိုတို့နိုင်မှာပါ။ နိုင်အောင်လည်း မဖြစ်မနေ လုပ်ကြရမှာပဲ။ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို မြန်မာအစိုးရက ဆက်လုပ် လို့ မြန်မာပြည်သူတွေ လမ်းမပေါ် ထွက်လာခဲ့ကြရင် ကျနော်လည်း ယခုရောက်နေတဲ့ နေရာ ကနေ မြန်မာပြည်ကို ရောက်အောင် ပြန်သွားပြီး ဆန္ဒပြမယ်လို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ကြောင်း အခုကြုံလို့ ဒီနေရာကနေပြီး လူသိရှင်ကြား ကြေညာအပ်ပါတယ်။

Comment by ပြည်ကောင်းအောင် — August 16, 2011 @ 1:02 pm

nyi-htet said...

ဧရာဝတီမြစ်ဆုံ ရေကာတာ ကြီးများမှ (အများအကျိုးအတွက် ) ထုတ်ပေးမယ့် လျှပ်စစ်စွမ်းအင်ရဲ. ၉၉%ကို တရုတ်က၀ယ်ယူမယ်။
မြန်မာက ၁% သာဝယ်ခွင့်ရပါမယ်။

အဲလို ရောင်းလို.ရတဲ့ ဝင်ငွေကိုလဲ
တရုတ်ကပဲ ၇၀% ယူမယ်...။
မြန်မာပြည်က ၂၀% သာရပါမယ်။

((ကျန်တဲ့ ၁၀% ကိုတော့ ပွဲစါးဖြစ်တဲ့ Asia World + (ဗိုလ်ချုပ်အချို.အပါအဝင်) အခြားပညာရှင် အဖွဲ.များကရပါမယ်။))

ဒါကြောင့်......
(၁)လယ်ယာမြေနဲ့အသက်ဆက် ၀မ်းကြောင်းရ
သူတွေ....
(၂) ရွာတွေ မြေယာတွေကို စွန်.ခွာဆုံးရှုံး ခဲ့ရတဲ့ ဒေသခံပြည်သူတွေ...
(၃)ဧရာဝတီ မြစ်ကြီးကို ဘိုးဘွားဘီဘင် လက်ထက်ကထည်းက မှီခို အသက်မွေး ၀မ်းကြောင်း ပြုနေရတဲ့ ပြည်သူ ၆၀% ခန်.နှင့်..
(၄)ဧရာဝတီမြစ်ဝကျွန်းပေါ် (မြန်မာ့စပါးကျီကြီး) ကိုမှီခို အသက်ဆက်ရသူတွေ.....
အတွက်တော့ ရမယ့် အကျိုးအမြတ်ဟာစွန်.လွှတ်
ပေးဆပ်လိုက်ရတာ ဆုံးရှုံးပျက်စီးသွားရတာတွေ
နဲ. မကာမိအောင် အလွန်.အလွန်ကို နည်းပါးလွန်းတာ တွေ.ရပါလိမ်.မယ်။

ဒါ့အပြင် အလွန်စိုးရိမ်စရာ ကောင်းတာက
မြစ်ဆုံ ရေကာတာကြီးများဟာ ဘူမိဗေဒပညာရှင်များ တိတိကျကျ သတိပေးချက်အရ စစ်ကိုင်းပြတ်ရွေ.ကြောဇုံကြီး (Sagaing Fault System) နှင့် အလွန်နီးကပ်နေတဲ့အတွက် တနည်းအားဖြင့် ငလျင်ကြောကြီးပေါ် ကျရောက်နေပါတယ်။ ငလျင်ကြောင့် ရေကာတာကြီးများ ကျိုးပေါက် သွားလို. ကတော့ မြစ်ကြီးနားမြို.
အပါအ၀င် မြစ်အောက်ပိုင်းက မြို.တွေ ရွာတွေ ပြည်သူတွေအတွက် မတွေးဝန်.စရာ အနျွရာယ် ကြီးမားလှပါတယ် ။

ဒါတွေဟာ နိုင်ငံရေးအမြတ်ထုတ်လိုလို. စစ်အစိုးရ/အစိုးရသစ်ကို ဝေဖန်ဆန်.ကျင်လိုလို.
ပြောနေတာမဟုတ်ပါ။ ဒီအချက်တွေဟာ တရုတ်ပညာရှင်တွေ ကိုယ်တိုင် လေ့လာတွေ.ရှိ ထားတဲ့ စါမျက်နှာ ၉၀၀ ပါ အစီရင်ခံစါမှ ကောက်နှုတ်ချက်များ ဖြစ်ပါတယ်။

(( ဧရာဝတီမြစ် ကယ်တင်ရေး ဆွေးနွေးခဏ်းကို နားဆင်ရန်...
http://www.rfa.org/burmese/commentaries/sunday-round-table-08142011095435.html

မငိုပါနဲ့ ဧရာဝတီ .. မျက်မြင်သက်သေ.. http://www.ainchannmyay.com/?p=1190 ))

ပြည်သူများစွာရဲ. အသက်အိုးအိမ်စည်းစိမ်များ အတွက် အနျွှရာယ်အကြီးအကျယ် ရှိနိုင်လို. တိုင်းပြည်နဲ.လူမျိုး အတွက်ပြောနေတာပါ။ တာဝန်ရှိသူများက ပညာရှင်များ၏ အကြံဥာဏ်ကိုယူ အကြိမ်ကြိမ် စုံစမ်းစစ်ဆေး ချင့်ချိန်စဉ်းစါးကာ အမှန်တရားတွေကို ဖုံးကွယ်မထားပဲ တိုင်ပင်ညှိနှိုင်း ပြီး ဆောက်သင့်မှ ဆောက်ကြပါရန် တိုက်တွန်းလိုက် ပါသည်။

Anonymous said...

((ဧရာဝတီမြစ်ဆုံ ရေကာတာ ကြီးများမှ "အများအကျိုးအတွက်" ထုတ်ပေးမယ့် လျှပ်စစ်စွမ်းအင်ရဲ. ၉၉%ကို တရုတ်က၀ယ်ယူမယ်။
မြန်မာက ၁% သာဝယ်ခွင့်ရပါမယ်။
အဲလို ရောင်းလို.ရတဲ့ ဝင်ငွေကိုလဲ
တရုတ်ကပဲ ၇၀% ယူမယ်...။
မြန်မာပြည်က ၂၀% သာရပါမယ်။))

မငိုပါနဲ. ဧရာဝတီ ... http://www.ainchannmyay.com/?p=1190

လျှပ်စစ်မီး တစ်ပွင့်ရဖို.အတွက် ဘယ်လောက်တောင် ပေးဆပ်ရသလဲဆိုတာ ကိုဆိုလို ချင်တာဖြစ်ပါတယ်။
တကယ်တော့ မြန်မာ့ကမ်းလွန်က သဘာဝဓါတ်ငွေ.များဟာဖြင့် (နျူကလီယား လောင်စါပြီးရင်) လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာမှာ အကောင်းဆုံး၊ ပါတ်ဝန်းကျင် အသန်.ရှင်းဆုံး လောင်စါ Fuel ဖြစ်ပါတယ်-
ဒီ မြန်မာ့ကမ်းလွန် ဓါတ်ငွေ့  တွေလဲ
" မြန်မာပြည်သူများအကျိုး" အတွက်သုံးခွင့်မရ တရုတ် နှင်. ယိုးဒယားကိုသာ အားလုံးနီးပါး ရောင်းနေတာတွေ.ရပါတယ်။

ပြည်.စုံတဲ့ သုံးသတ်ချက် သတင်းအချက်အလက် အမှန်တွေကို မြန်မာပြည်တွင်း သတင်းစါတွေထဲ တခါမျှ မဖတ်ကြရပါ။
ယခုလို အမှန်တရားကို ပြည်သူများ အပြည့်အစုံ မသိရ ထိန်ချန်ထားကြမယ် ဆိုရင်တော့
ရှေ.ဆက် ဦးကျော်ဆန်း လိုပဲ (ပြည်သူအားလုံး) မချိတင်ကဲ ငိုကြရလိမ့်အုံးမယ်... မကြာတော့ပါဘူး။