Sunday, July 4, 2010

ပဉ္စမမြောက် ကြေငြာချက်


                                                                ( မြို.မကျောင်းသား )        

    တောင်းဆိုကြေငြာ ချက်များအား စစ်အစိုးရ သည် မည်သည်.အခါတွင်မျှ အကောင်အထည် ဖေါ်ပေးလေ့မရှိ။ သို.သော်လည်းတောင်း ဆိုချက်များကတော့တွင်တွင်ကြီးထွက်ပေါ်လာ လေ့ရှိသည် ။ ကြာလာတော့ တောင်းဆိုချက်များကို ဘယ်တော့မှ လိုက်လျှောမည် မဟုတ်ကြောင်းပြည်သူများကလည်း သိလာ၏ ။ မီဒီယာများကလည်းသိလာ၏ ။ နောက်ဆုံး တောင်းဆိုသူ များကိုယ်တိုင် ကလည်း သိလာ၏ ။

        တောင်းဆိုချက်များ ထုပ်ပြန်လျှင် မီဒီယာများကလည်း တောင်းဆိုချက်များမရလျှင် ဘာလုပ်မည်လည်း ဟုလှည်.ပတ်ပြီးမေး၏ ဖြေသူများကလည်း ထိုမေးခွန်းကို ဖြေရဖန် များ၍ လွန်စွာ ကျွမ်းကျင် နေကြပြီ ။
         
          အမှန်တရား အတိုင်းဆောင်ရွက်ပေး ရန် အစဉ်တစ်စိုက် တောင်းဆိုရမည် ဖြစ်သော်လည်း ဘာမှ လုပ်မပေး နိုင်မှန်း သိလျှက် နှင့် သမိုင်းတစ်ဖြတ်စာ အနှစ် ၂၀ ကျော် အစိတ်လောက် တောင်းဆို ရုံသက်သက်ကတော့ လွန်ကဲသောကိစ္စအဖြစ် သမိုင်းတွင်ကျန် ရစ်မည် သာဖြစ်၏ ။

ကြေငြာချက် သုံးမျိုး

          ကြေငြာချက်များကို လေ့လာမိသမျှ ၃ မျိုး ရှိလေ၏ ။ တစ်မျိုး ကရုံးခန်းတွင်းမှ ကြေငြာချက်ထုပ်ခြင်း ဖြစ်၏ ။ ရုံးခန်းထဲတွင် အစည်း အဝေး ထိုင် ၊ ကြေငြာချက်ထုပ် ၊ ထိုကြေငြာချက်အား မီဒီယာ နှင့် အင်တာဗျူး ကပ်သီးကပ်သပ် မေးခွန်းများအားလှည်.ပတ်ဖြေ ဒါကတစ် နည်းဖြစ်၏ ။

          နောက်တစ်မျိုးက လမ်းမပေါ်ထွက်၍ ကြေငြာချက်ထုပ် ခြင်းဖြစ်၏ ။ ရုံးခန်းတွင်းမှ ကြေငြာချက်ထုပ်သူများ ကို အားမရ သော တက်ကြွသူများက လမ်းမပေါ်ထွက်၍ ဆန္ဒပြကြ၏ ၊ ကြေငြာချက်ထုပ်၏ ၊ မီဒီယာများနှင့် အင်တာဗျူးသည် တောင်းဆိုချက် များ မရမခြင်း တိုက်ပွဲဝင်မည် ဟု မီဒီယာမှတစ်ဆင့် ပြည်သူကို  ဂတိပေး၏  ပြီးတော့ထောင်ထဲသွားကြသည် ။ ဒါက ဒုတိယ နည်းဖြစ် ၏ ခက်ခဲသော နိုင်ငံရေးစွန်းစားမှုဖြစ် ၏ ။ အလေးပြုထိုက်၏ ။

          တတိယနည်း ကတော့ လွတ်မြောက်နယ်မြေမှ ကြေငြာချက် များဖြစ်သည် ။ လွတ်မြောက်နယ်မြေဆိုမှတော့ အန္တရယ်နှင့်အလှမ်း ဝေး ၏ အဖမ်းအဆီးကဝေ လာဝေး တောင်းဆိုချက် တစ်ခုမရလျှင် နောက်ထပ် တောင်းဆိုချက် တစ်ခုအတွက်ပြင်ဆင်ရ သောအလုပ်သာ လျှင်ရှိ၏ ။ သူတို. ကရဲရဲတောက်အပြောဆုံးဖြစ်သည် ။

          စတုတ္ထမြောက်ကြေငြာချက်များကတော့ ထွန်းကားစပြုနေပြီ ကိုယ့်အခြင်းခြင်း ဒုက္ခပေးသော ကြေငြာချက်များဖြစ်၏ ။ NLD နှင့်  NDF  တို.၏ ခမောက်လုပွဲ ကြေငြာချက်မျိုးဖြစ်သည် ။ တိုင်းပြည်၏ အင်မတန် အရေးကြီးသော အချိန်တွင် တိုင်းရေးပြည်ရေးဘာလုပ်မလဲ မဆွေးနွေး မတိုင်ပင်ကြပဲ ခမောက်တစ်လုံးအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို တရားသူကြီး လုပ်ခိုင်းနေကြ၏ ။ အနှစ် ၂၀ ကျော် လက်တွဲ အလုပ် လုပ် လာခဲ့သော လူကြီးများ သဲကြီးမဲကြီး တိုက်ပွဲဝင် နေကြပြီ ။

         နောက်ဆုံးဖြစ်နိုင်ဖွယ်ရှိသော ကြေငြာချက်ကတော့ ကျွန်တော်တို.အားလုံးမှားသွားပါတယ်ဟူသော ပဉ္စမ မြောက် ကြေငြာချက် ဖြစ်ဖို.ရှိ၏ ။

No comments: