Monday, July 12, 2010

ပြန်လည်ထူထောင်ရေးနှင့် ဒီမိုကရေစီရေး

         
          နိုင်ငံပိုင်လုပ်ငန်းများရောင်းစားခြင်း          ( မြို့မကျောင်းသား)

          ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးပြီးလျှင် ဒုတိယအမြတ်အများဆုံး မှာ အရက် ၊ ဘီယာ ၊ စီးကရက် နှင့် အချိုရည်မျိုးစုံတို့ဖြစ်သည် ။ ထို လုပ်ငန်းများမှ အရှုံးပေါ်သည်ဆိုလျှင် အစိုးရတစ်ရပ်အနေဖြင့် ဘာလုပ် ငန်းမှလုပ်ဖို့မသင့်တော။့ မြန်မြန်သာ ရောင်း စားဖို့သင့်၏ ။ သို့မဟုတ် ပုဂ္ဂလိက ပိုင်သာ လုပ်သင့်၏ ။ တိုင်းပြည်၏ အဂတိလိုက်စားမှုနှင့် နိုင်း ယှဉ်လျှင် အလကားရသော အကောက်ခွန်ဌာနသည်ပင် အရှုံးပေါ်ဖို့ရှိ နေ၏ ။

          နိုင်ငံတော်ပိုင် စက်ရုံများဆိုသည်မှာလည်း ၆၂ ခုနှစ်အာဏာမ သိမ်းခင်ဆောက်လုပ်ခဲ့သောစက်ရုံများ နှင့် မ-ဆ-လ စီမံကိန်းများဖြင့် တည်ထောင်ခဲ့သော စက်ရုံများသာလျှင်ဖြစ်ပါသည် ။အချို့စက်ရုံများ ကတော့ ပြည်သူ ပိုင်သိမ်းစက်ရုံများဖြစ်၏ ။

          ၈၈ အာဏာသိမ်းပြီး နောက်ပိုင်း ဒုတိယအမြတ်အများဆုံးဖြစ် သော နိုင်ငံပိုင်စက်ရုံများ ဖြစ်သည့် စီးကရက်၊ ဘီယာ၊ အချိုရည်စက် ရုံများ ပုဂ္ဂလိက ပေးလိုက်၏ ။အလကားနေရင်းမြတ် နိုင်သောစက်ရုံများ သာ လုပ်ငန်းရှင်များက ယူကြ၏ ။

          န-၀-တ လက်ထက် ဖက်စပ်ကော်ပိုရေးရှင်းများ ပေါ်လာခြင်း နှင့်ပျောက်သွားခြင်းကိုအားလုံးအမှတ် ရလိမ့်မည်ထင်ပါသည် ။ ထိုဖက် စပ်လုပ်ငန်းများပျက်သုန်းသွားခြင်း၏ လက်သယ်မှာလည်း စစ်အစိုးရ အရာ ရှိကြီးများလာဒ်စားမှု ကြောင့်ဖြစ်၏ ။

          မြန်မာပြည်တွင်စက်ရုံအလုပ်ရုံများ ကလည်းသိပ်များများ စား စားရှိလှသည်မဟုတ်ပါ ။ စက်ရုံများ၏ သဘာဝက နှစ်ပေါင်းကြာလာ လျှင်ခောတ်မမှီတော့ ၊ စက်ပစ္စည်းများက ခောတ်မမှီခြင်းဖြစ်နိုင်သလို နည်းပညာများကလည်း ခောတ်နောက်ကျခြင်းဖြစ်နိုင်၏ ။ စက်မှုနည်း ပညာ၏ အတိုင်းအတာက ကျယ်ပြန့်သလို ကုန်ပစ္စည်းအရည် အသွေး တို့၏ နည်းပညာများကလည်းကျယ်ပြန့်သည် ။

          ဥပမာအားဖြင့် စက်ရုံအဟောင်းတစ်ခုသည် လုပ်သား အင် အား (၁၀၀) လိုအပ်လျှင် နည်းပညာသစ်နှင့်စက်ရုံများက (၅၀) သာလို အပ်နိုင်သည် ။စက်ရုံအသစ်က လောင်စာ (သို့) လျှပ်စစ်ဓါတ်အားသုံး စွဲမှု သက်သာခြင်းမျိုး၊နည်းပညာအသစ်က ဈေး ပေါသောကုန်ကြမ်း ဖြင့် အလုပ်ဖြစ်ခြင်း ၊ ထွက်ရှိသောအရည်အသွေးကောင်းခြင်း ၊တစ်နေ.ကုန် ပစ္စည်းပိုမိုထွက်ရှိခြင်းမျိုးဖြစ်နိုင်၏ ။

          ထိုသို့ စက်မှုနည်းပညာနှင့် ကုန်ပစ္စည်းအရည်အသွေး တို့အမြဲတန်းခောတ်မီနေစေရေး ဆိုသည်မှာ အဂတိလိုက်စားလွန်းသော အစိုးရအရာရှိကြီးများ လုပ်နိုင်သောအလုပ်မဟုတ်ပါချေ ။ မြန်မြန် ရောင်းလေ တိုင်းပြည်အတွက်မြန်မြန်သက်သာလေဖြစ်ပါသည် ။

          ပုဂ္ဂလိက လုပ်ငန်းရှင်များကတော့ အမြတ်အများဆုံးသော လုပ်ငန်းများကိုသာ လွှဲပြောင်းယူဖို့ဆန္ဒရှိနိုင်ပါသည် ။ လောင်စာဆီ ရောင်းဝယ်ရေးလုပ်ငန်း ၊ သစ်ပင်ခုတ်ရောင်းသောလုပ်ငန်း ၊ လမ်းများ ဖေါက်ပြီး အခွန်မတရားကောက်သောလုပ်ငန်း ၊ သင်္ဘောကပ်လာလျှင် ဆိပ်ကမ်းခွန်ကောက်ယူရုံသာဖြစ်သော ဆိပ်ကမ်းလုပ်ငန်း စသည်တို့ဖြစ်သည် ။

          မ-ဆ-လ ခောတ်က သမ၀ါယမဆိုသည်မှာ ပါတီ၏ မီးဖိုချောင် ဖြစ်ခဲ့၏ ။ ယခုလည်း နိုင်ငံပိုင်လုပ်ငန်းဆိုသည်မှာ အစိုးရအရာရှိများ၏ ငွေတွင်းဖြစ်နေသည် ။ ပုဂ္ဂလိက လုပ်ငန်းရှင်များ စိတ်မ၀င်စားခဲ့လျှင် နိုင်ငံပိုင်စက်ရုံများအားဖျက်သိမ်းရေးသာလျှင် ပြည်သူအတွက်အကျိုး များဖို့ရှိ၏။ဤသည်မှာ နိုင်ငံပိုင်စက်ရုံများနှင့်ပတ်သက်သော ကျွန်ုပ် တို့၏ သဘောထားဖြစ်လေသည် ။

         

No comments: