Tuesday, July 27, 2010

ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းရေးဆောင်ရွက်မည်


မြန်မာဒီမိုကရေစီကွန်ဂရက်မှကျောင်သားသမဂ္ဂတရားဝင်ဖွဲ့
စည်းနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်


          မြန်မာပြည်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကျောင်း သားများက ဦးဆောင်ခဲ့၏။ ကျောင်းသားများ၏ အခန်းကဏ္ဍသည် သမိုင်း တွင်ထင်ရှားခဲ့၏။အဘယ့်ကြောင့်ကျောင်းသားများကဦးဆောင်ရသ နည်းဟုသမိုင်းတွင်မေးခွန်းထုတ်ကြ၏။ ထို့အတွက်အဖြေကတိကျစွာရှိ ပြီးဖြစ်ပါသည်။ ကျောင်းသားများ ဦးဆောင်နိုင်ရခြင်းမှာ ရိုးသားခြင်းနှင့် ပညာတတ်ခြင်း ကြောင့်ဖြစ်၏။ အာဏာရှင် လက်ထက်တွင် ကျောင်း သား များ၏အရေးမှေးမှိန်ခဲ့ရသည်။ ကျောင်းသားသမဂ္ဂတရားဝင် ပေါ်ပေါက်လာရေးသည်လတ်တလောဆောင်ရွက်ရန်တာဝန်တစ်ရပ်ဟုယူဆ သည့်အလျှောက် အောက်ဖေါ် ပြပါမူဝါဒများ ကိုအကောင် အထည်ဖေါ် ဆောင်ရွက်သွားမည်။

-ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းရေးနှင့် ကျောင်းသားသမဂ္ဂအ ခြေခံဥပဒေရေးဆွဲရေး။

-ကျောင်းသားသမဂ္ဂအဆောက်အဦးအား ကျောင်းသားများ၏လုပ် အား၊ ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ဆောက်လုပ်ရေး။(မည်သည့်အစိုးရ ဘတ်ဂျက်ကိုမျှမသုံးခြင်း၊)

-နိုင်ငံတော်၏ ပါလီမန်အရပ်ရပ်တို့တွင် ကျောင်းသားသမဂ္ဂကိုယ် စားလှယ်မှ တရားဝင်စကားပြောခွင့်၊ အဆိုတင်သွင်းခွင့်ရရှိရေး။

-အစိုးရသော်၎င်း၊ နိုင်ငံရေးပါတီတစ်ရပ်ကသော်၎င်း လွှမ်းမိုးချုပ် ချယ်ခြင်းမှကင်းလွတ်စေရေး။

-မတရားသိမ်းပိုက်ခံထားရသော တက္ကသိုလ်နယ်မြေများနှင့် ကျောင်း နယ်မြေများပြည်လည်ရရှိရေး။

          ကျောင်းသားသမဂ္ဂအခြေခံဥပဒေအား တက္ကသိုလ်အသီးသီး ရှိဥပဒေဌာနမှ ကထိကများ၊ လက်ထောက်ကထိကများ ဦးဆောင်ပါ ၀င်သောဥပဒေပညာရှင်များမှ လွတ်လပ်စွာရေးဆွဲရန်ဖြစ်ပြီး ကျောင်း သားသမဂ္ဂညီလာခံမှ ထိုအခြေခံဥပဒေအားအတည်ပြုပေးရန်ဖြစ် သည်။

          အချို့သောနိုင်ငံရေးသမားများ၏ အယူအဆမှာ စစ်မှန် သောဒီမိုကရေစီရရှိလျှင် ကျောင်းသားသမဂ္ဂကြီး အုတ်မြစ်ချ၍ သမဂ္ဂ များပြန်လည်ဖွဲ့စည်းရေးလုပ်ဆောင်ရန်ဖြစ်၏။ ကျွန်ုပ်တို့အယူအဆ မှာရှိနေသည့် စနစ်ထဲတွင်ပင် တရားဝင် ကျောင်းသားသမဂ္ဂဖွဲ့စည်းရန် ဖြစ်သည်။

         ကျောင်းသားများ၏ပြောရေးဆိုခွင့်နှင့်ပတ်သက်၍လည်း မည်သည့်နည်းဖြင့်ဖွဲ့စည်းထားသော ပါလီမန်ဖြစ်စေ ကျောင်းသားသ မဂ္ဂကိုယ်စားလှယ်မှ ပြောရေးဆိုခွင့်ရရှိရေး၊တရားဝင်အဆိုတင်သွင်း ခွင့် ရရှိရေးသာလျှင်ဖြစ်၏။

         မြန်မာပြည်တွင်စစ်အာဏာရှင်လက်ထက်အတွင်းကျောင်းသား များ ကျောင်းသားအခွင့်အရေး ဘာမျှမဆောင်ရွက်နိုင်ဖြစ်ရသည်။ ကျောင်းအိမ်သာရေမလာသည်မှအစ၊သင်ရိုးညွှန်းတမ်းနှင့်သင်ကြား ရေးစနစ်များအလယ်၊ပညာရေးဘတ်ဂျက်အဆုံး ကျောင်းသားများဘာ ကိုမှ ပြောရေးဆိုခွင့်မရှိတော့။

         ကျောင်းသားများတရားဝင်ပြောရေးဆိုခွင့်ရှိမှသာဒီမိုကရေစီအ ရေးဆောင်ရွက်နိုင်မည်ဟုကျွန်ုပ်တို့ကယုံကြည်သည်။


ကောင်းမြတ်သူ
(မူဝါဒရေးရာဌာန)




   

No comments: