Wednesday, July 14, 2010

၁၉ ဇူလိုင်အခမ်းအနားတက်ရောက်ခြင်း

မြန်မာဒီမိုကရေစီကွန်ဂရက် အာဇာနည်နေ့အခမ်းအနားတက်မည်


          အစိုးရ၏ အာဇာနည်နေ့ကျင်းပရေးကော်မတီမှ နိုင်ငံရေးပါတီ များကိုအစည်း အဝေးဖိတ်ကြား၍ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လိုခြင်းရှိမရှိသဘော ထားမေးမြန်းခဲ့၍ မြန်မာဒီမိုကရေစီ ကွန်ဂရက် မှအခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်းသဘော ထားပေးခဲ့သည် ။

          ရန်ကုန်တိုင်းတွင် လက်ရှိမှတ်ပုံတင်ကျပြီးသော နိုင်ငံရေးပါတီ ၂၁ ခုရှိပြီး အာဇာနည်နေ့ကျင်းပရေး ဖိတ်ခေါ်အစည်းအဝေး သို့တက် ရောက်သော နိုင်ငံရေးပါတီပေါင်း ၁၄ ခုရှိသည် ။

          ပါတီတစ်ခုလျှင် ၇ ဦးတက်ရောက်နိုင်ပြီး အခန်းအနားတွင် ပါတီ၏ အလံကိုကိုင်ဆောင်ခွင့်ရမည်ဖြစ်သည် ။လွမ်းသူပန်းခွေကိုင် ဆောင်သူ ၂ ဦး၊ပါတီအလံကိုင် ဆောင်သူ တစ်ဦး နှင့် ပါတီဆိုင်းဘုတ်ကိုင်သူ တစ်ဦးအပါအ၀င် စုစုပေါင်း ၇ ဦးတက် ရောက်နိုင်မည်ဖြစ်သည် ။

           အခမ်းအနားမှတ်တမ်းတင် ဓါတ်ပုံများ ဗီဒီယိုများ ကိုယ်တိုင် ရိုက်ယူခွင့်ရမည်မဟုတ်ပဲ သက်ဆိုင်ရာမှ သီးသန့်ပေးပို့မည် ဟုသိရ သည်။ တက်ရောက်သူများကို အမျိုးသားဝတ်စုံဝတ်ရမည်ဟုသတ်မှတ် သည်။

          အာဇာနည်နေ့အခမ်းအနားဖိတ်ကြားခြင်းသည် အစိုးရအနေ ဖြင့်နိုင်ငံရေးပါတီများအား နိုင်ငံတော်၏ အရေးပါသောအဖွဲ့အစည်းအ ဖြစ် သတ်မှတ်သည့် သံခင်းတမန်ခင်း ကြိုးပမ်းမှုတစ်ခုအနေဖြင့် ရှုမြင် ပြီး MDC ပါတီမှလည်း အစိုးရ၏ ထိုသံခင်းတမန်ခင်း ကြိုးပမ်းမှုကို သ တိဝီရိယ အပြည့်ဖြင့်လက်ခံမှုပြုလိုက်သည် ။

          အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ဆိုင်ရာအခမ်းအနား များ အရေးကိစ္စများတွင် ပါဝင်နိုင်ရန် ပထမ ဦးဆုံးသော သံခင်းတမန် ခင်းကြိုးပမ်းမှု ခြေလှမ်းတစ်ရပ်အဖြစ် သတ်မှတ်ကြောင်းထုတ်ဖေါ်ကြေ ငြာအပ်သည် ။



No comments: