Tuesday, July 5, 2011

တိုက်ပွဲများဆက်လက်ရှိနေဆဲဖြစ်ပါသည်

မြန်မာအစိုးရပစ်မှတ် တိုက်ခိုက်ခြင်း KIA ကန့်သတ်


E-mail Print PDF

အပစ်အခတ်ရပ်စဲရေးကိစ္စ KIOနှင့် ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်များ ဇွန် ၃၀ လဂျားယန်၌ တွေ့ဆုံပြီးနောက် “မြန်မာစစ်သားများ KIA နယ်မြေထဲ ၀င်ရောက်ခြင်းမရှိလျှင် ပစ်ခတ်မှု မပြုရန်” KIA လိုင်ဇာစစ်ဌာနချုပ်က ရှေ့တန်းမှ ၎င်းတို့တပ်ဖွဲ့များကို ဇူလိုင် ၁ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာအစိုးရအုပ်ချုပ်သည့် မြို့ထဲ၊ ရပ်ရွာထဲဝင်ရောက်ဗုံးခွဲခြင်းနှင့် လမ်းပေါ်ဖြတ်သွားသော မြန်မာစစ်သားများအား တိုက်ခိုက်ခြင်း မ ပြုရန်လည်း ညွှန်ကြားချက်တွင်ပါရှိကြောင်း KIA ရှေ့တန်းသတင်း ရပ်ကွက်မှ သိရသည်။
kia_burmese_flag
သို့သော် ယင်းသို့ညွှန်ကြားချက်ထွက်လာပြီးနောက် ဇူလိုင် ၃ ရက်တွင် ဆန်ဂန်နှင့် ဘွမ်ဆဲန်ရှိ KIA တပ်စခန်းများကို သိမ်းပိုက် ထားသည့် မြန်မာစစ်တပ်က ဆက်လက်၍ KIA နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်လာသည့်အတွက် ယင်းဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။

ယင်းတိုက်ပွဲကြောင့် KIA ရှေ့တန်းတပ်များအား ညွန်ကြားထားချက် ပြောင်းလဲခြင်း မရှိပါ

No comments: