Tuesday, July 19, 2011

မြန်မာစစ်သားများ ကချင်အဖွဲ.မှဖမ်းဆီးနိုင်ခဲ့

ခယာတိုက်ပွဲ၌ မြန်မာစစ်သား ၇ ဦး အရှင်ဖမ်းဆီးရမိ
E-mailPrintPDF
army_k
ဌာနချုပ် လိုင်ဇာအနီး စစ်မျက်နှာတွင် နေရာယူထားသော ကေအိုင်အေ စစ်သားတစ်ဦး။ ပုံ-ကချင်သတင်းဌာန


ကချင်ပြည်နယ်အရှေ့တောင်ဘက်ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) လိုင်ဇာဌာနချုပ်အနီး ခယာ (Hka Ya) သေတွင် ဖြစ်ပွားသည့် စစ်ပွဲတွင် မြန်မာစစ်သား (၇) ဦးအား အရှင် ဖမ်းဆီးရမိသည်ဟု KIA အရာရှိများ ပြောသည်။ ဗိုလ်ကြီး ၁ ဦးပါဝင်သည့်မြန်မာစစ်သားများမှာ မြစ်ကြီးနားနယ်မြေခံ ခလရ ၂၁ မှဖြစ်သည်။

၎င်းတို့အား လက်နက်ငယ် ၁၇ ခု၊ စက်လက် ၂ ခု၊ ၆၀ မမ မော်တာတစ်ခုနှင့် ဆက်သွယ်ရေးစက်ကြီး တစ်ခုနှင့်အတူ ဖမ်းဆီးရမိသည်ဟု KIA အရာရှိများပြောသည်။ ဒဏ်ရာရ သေဆုံးမှုများကြောင့် ခလရ ၂၁ မှာ တပ်ပြုတ်သွားဟန်ရှိသည်ဟု ထပ်ဆိုသည်။

ခလရ ၂၁ က KIA ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ၀င်ရောက်ရန်ကြိုးပမ်းစဉ် ဇူလိုင် ၁၆ ရက် စနေနေ့တွင် စစ်ပွဲစတင်လာသည်။

KIA ဘက်မှ ဗိုလ်အောင်ဂျာ အမြောက်ကျည်သင့်ကာ လိုင်ဇာဆေးရုံသို့ရောက်ရှိပြီးနောက် သေဆုံးသွားသည် ဟု KIA အရာရှိတစ်ဦးပြောသည်။

၎င်းတို့အား KIA လိုင်ဇာအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

မြန်မာအစိုးရနှင့် စစ်မှန်သည့်နိုင်ငံရေးအဖြေမရဘဲ တိုက်ပွဲမရပ်သင့်ဟု ကချင်ဒေသအသီးသီးက ကိုယ်စားလှယ်များ လိုင်ဇာတွင် KIO/KIA အရာရှိများနှင့်တွေ့ဆုံစဉ် အကြံပေးကြသည်။

၎င်းအစည်းအဝေးအပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။

အဓိကအားဖြင့် မိုးညှင်းမြို့နယ် ဆင်ဘိုမြို့နယ်ခွဲဒေသ၊ မန်မော်(ဗန်းမော်)မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်ဒေသများတွင် တိုက်ပွဲအရှိန်တိုးမြှင့်လာသည်ဟု ဒေသခံများပြောသည်။

No comments: