Saturday, July 16, 2011

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က တရုတ်၌ သာလက်နက်ချမည်ဟုဆို

..


UWSA တပ်အနေဖြင့် စစ်အစိုးရထံတွင်လက်နက်ချလိုခြင်းမရှိပဲ တရုတ်၌ သာလက်နက်ချမည်ဟု ရှမ်းသံတော် ဆင့်သတင်းတစ်ပုဒ်တွင်ဖတ်လိုက်ရ၏ ။ ကျွန်ုပ်တို.အနေဖြင့် အလွန်ထူးဆန်းသော သတင်းတစ်ပုဒ်ဖြစ်နေပါသည်။ လက်နက်ဆိုသည်မှ မကိုင်ချင်လျှင် မိမိသဘောဖြင့်စွန်.လွတ်လို.ရသော ကိစ္စ သာလျှင်ဖြစ်သည်ဟု ကျွန်ုပ်တို.ကခံယူပါသည်။ မည်သူ.ထံမှလက်နက်ချနေစရာမလိုပါ။ နောက်တစ်နည်း က မိမိလက်နက်မကိုင်လိုလျှင် အခြားသောလက်နက်ကိုင် အင်အားစု များသို.လက်နက် ပေးလိုက်ရန်သာ အကြောင်းရှိပါ၏။



...


1 comment:

Anonymous said...

ကိုယ့်အမြင်ပြောရရင်ဖြင့်....

တချိန်တုန်းက တရုတ်ကွန်မြူနစ်တွေဟာ ဗကပကို အားသွန်ခွန်စိုက် အားပေးကူညီခဲ့တယ်လေ။ ဗကပကို ဖြုတ်ချလိုက်တဲ့ ၀ တွေဆိုလဲ တရုတ်နဲ့ မကင်းပါဘူး။

အခုလောလောဆယ် မြန်မာအစိုးရနဲ့ အဆင်ပြေနေတဲ့အခိုက်တော့ တရုတ်က ဘာမှ မလုပ်မှာ မဟုတ်ဘူး။ တကယ်လို့များ မြန်မာပြည်နဲ့အဆင်မပြေဖြစ်ခဲ့ရင်ပေါ့ ၀နယ်မှာရှိတဲ့ ၀တရုတ်တွေကို အစွမ်းကုန် တိုက်ခိုင်းဦးမှာပါ။ ဆိုတော့လဲ တရုတ်က မြန်မာပြည်ကို မလုပ်နိုင်အောင် ချည်နှောင်ထားပြီလေ။