Friday, October 14, 2011

ဒေါ်လာသန်း ၅၀၀ အိန္နိယ မှ မြန်မာသို.ကူညီမည်

..



သီးသန်.သဘောတူညီထားသော နေရာများတွင် သုံးစွဲရန်အတွက် အိန္နိယမှ ဒေါ်လာ သန်း ၅၀၀ ကူညီသွား မည်ဖြစ်တယ်လို. ဒေလီမှလာသောသတင်း တစ်ရစ်မှာ ဖေါ်ပြ ပါတယ်။ မြန်မာသမ္မတရဲ့ ခရီးစဉ်မှာ သဘောတူခဲ့ တာဖြစ်ပြီး နည်းပညာနဲ.ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများပြုလုပ်သွားမဲ့အထဲမှာ စိုက်ပျိုး ရေးဆိုင်ရာ သုတေသန လုပ်ငန်းများနဲ. ပညာရေးဆိုင်ရာ ကိစ္စများကို ရေဆင်းတက္ကသိုလ်နဲ.မနလေး နည်းပညာ တက္ကသိုလ် မှာ ပြုလုပ်သွား မယ်လို.ဆိုပါတယ်။

မြန်မာဘက်မှ အိန္နိယ နိုင်ငံမှ ကုမ္ပဏီများးကို လာရောက်ရင်းနှီးမြုတ်နှံမှုပြုရမှာဖြစ်ပါတယ်။ ရထားလမ်း ဆက်သွယ်ရေး၊ ရေလမ်းဆက်သွယ်ရေးနဲ. ဘစ်စကားလုပ်ငန်း များ မှာ ပူးပေါင်းလုပ် ဆောင်မှာဖြစ်ပြီး ရေလမ်း အဖြစ်နဲ. Chennai-Yangon ယခင် Madras နဲ. Kolkata-Yangon ယခင် ကာလတ္တကတား မြို.များ အကြားပြေး ဆွဲသွားမှာဖြစ်ပါတယ်။


..

No comments: