Thursday, October 20, 2011

သီးလေးသီးကျန်အဖွဲ့သားများ နိုဝင်ဘာလတွင်မြန်မာပြည်သို.ပြန်မည်

.


ထိုင်းနိုင်ငံတွင် ကျန်ရှိနေသော သီး လေးသီးအဖွဲ့သားသုံးဦးအား မြန်မာ နိုင်ငံသို့ ပြန်ဝင်လာရန် ခေါ်ယူထားရာ နိုဝင်ဘာလ လယ်လောက်တွင် ပြန်လည် ရောက်လာနိုင်မည်ဖြစ် ကြောင်း သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ကို စတင်တည် ထောင်သူ လူရွှင်တော်ဇာဂနာက အောက်တိုဘာလ ၁၄ ရက်နေ့က ပြောသည်။
သီးလေးသီးအဖွဲ့ဝင် သုံးဦးဖြစ်သည့် ပန်းသီး၊ကြယ်သီးနှင့် မင်းသမီးမြစပယ်ငုံတို့ကို ပြည်တွင်း ပြန်ဝင်လာရန် ပြောဆိုခဲ့ရာ ၎င်းတို့သည် နိုဝင်ဘာလအတွင်း ပြည်တွင်းပြန်ဝင်လာရန် ဆောင်ရွက် နေကြောင်း ဇာဂနာက ပြောသည်။
"နှစ်သီးကော၊ မင်းသမီးကော ပြန်ခေါ်ထားတယ်။ သူတို့က ကျွန်တော် ခေါ်မှ ပြန်လာမယ်လို့ ပြောထားတယ်။ ရက်ညှိနေတယ်"ဟု ၎င်းက ပြောသည်။


..

No comments: