Saturday, October 15, 2011

တာတာကားကုမ္ပဏီမြန်မာပြည်တွင် ဘတ်စ်ကားထုတ်လုပ်မည်

...
                                                                                                                                               မူဝါဒရေးရာဌာန


Tata Bus



                                          Tata Xenon is Tata's best selling vehicle in Europe.

The FIRST generation Tata Indica V2's excellent fuel economy, powerful engine and aggressive marketing strategy made it one of the best selling cars in the history of the Indian automobile industry.



The Tata Safari DiCOR is one of Tata's best selling vehicles in India and also has been fairly successful in the Mediterranean and Eastern Europe


ကျွန်ုပ်တို.ပါတီမှ တာတာ ကားကုမ္ပဏီဝင်ရောက်လာမှုအားကြိုဆိုလိုက်ပါတယ်။ တာတာ ကားကုမ္ပဏီ ဟာ အိန္နိယ ရဲ့ အကြီးဆုံးကားကုမ္ပဏီကြီးဖြစ်ပြီး ဂျာမန် နည်းပညာကို ဒိန်းမလားဘင့် ကုမ္ပဏီမှ ရယူထားတာဖြစ်ပါ တယ် ၁၉၅၄ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး  ယနေ.ထိ အိန္နိယ နိုင်ငံတွင်း ကားစီးရေ ၄ သန်းထုတ်လုပ် ပြီးဖြစ်ပါတယ်။အိန္နိယ နိုင်ငံအတွက်၂၀၁၁ ခုနှစ်မှာ အခွန်ငွေ ဒေါ်လာ ၂၇.၄၆ ဘီလီယံရှာပေးခဲ့တယ်လို.ဆိုပါတယ်။ ကမ္ဘာ စတုတ္ထ အကြီးဆုံး ထရပ်ကားထုပ်လုပ်သူဖြစ်ပြီး ၊ ကမ္ဘာဒုတိယ အကြီးဆုံး ဘတ်စ်ကား ထုတ်လုပ်သူဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးလာတာ မကြိုဆိုလို.မဖြစ်တဲ့အကြောင်း Sanction တော်လှန်ရေးသမားကြီးတို.အားသိစေအပ်ပါတယ်။

ပြဿနာကတော့ တာတာ ကားကုမ္ပဏီ က မြန်မာ အကြီးစားစက်မှုလုပ်ငန်းနဲ. စာချုပ်ချုပ်တာပဲဖြစ်ပါတယ်။ ဒီအတွက်ကတော့ ကျွန်ုပ်တို. ပါတီမှ တာတာ ကားကုမ္ပဏီရဲ့ အစုရှယ်ရာတွေအားလုံးကို ပြင်ပကိုထုပ်ရောင်း ပြီး ကားကုမ္ပဏီကို နိုင်ငံပိုင်မလုပ်ဖို.ပဲဖြစ်ပါတယ်။ ဒီအတွက် အိန္နိယ အစိုးရကိုလည်း တောင်းဆိုသွားမှာဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများအားလုံးဟာ အရှုံးပေါ်နေတာပါ။

ရာဘာစိုက်ပျိုးထုပ်လုပ်မှုနဲ. ရာဘာစက်မှုနည်းပညာများလည်း လာရောက်ရင်းနှီးဖို. အိန္နိယမှကမ်းလှမ်းထား တယ်လို.လည်းသိရပါတယ်။ ကျွန်ုပ်တို.ပါတီအနေဖြင့် ရာဘာစိုက်ပျိုးမှုအား ပြည်ပလာရောက်ရင်းနှီးတာကို မလိုလားပါဘူး။ ရာဘာလုပ်ငန်းဟာ မြေကြီးကိုရင်းပြီး အင်မတန် ၀င်ငွေကောင်းတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အခြားသော စိုက်ပျိုးပင်များနဲ.မတူတဲ့အချက်က သေချာစွာ အစေးခံလို.ရတဲ့ အဆင့်ရောက်ရင် ထုတ်လုပ်မှု စရိတ်မကုန်တော့ပဲ နှစ် ၃၀ မှ ၅၀ လောက်အထိ နှစ်ရှည် အကျိုးရှိစေတဲ့ အတွက်ဖြစ်ပါတယ်။ အခုချိန်မှာ ငွေရင်း ဒေါ်လာဘီလီယံ အနည်းငယ် ရင်းနှီးလိုက်တာကိုလက်ခံလိုက်ရင် မြေဧက သန်းပေါင်းများစွာကို တိုင်း တစ်ပါးလက်ထဲ နှစ်ရှည် အပ်လိုက်ရတော့မှာဖြစ်ပါတယ်။ အခြား သော နှစ်စဉ်စိုက်ပျိုးရတဲ့ သီးနှံများက တော့ စွန်.စားမှုများတဲ့အ တွက် ရင်းနှီးမဲ့သူရှားပါတယ်။

ကျွန်ုပ်တို.ပါတီမှ နှစ်ရှည်သီးနှံပင် များကို ပြည်ပ ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ချပေးခြင်းကို ကန်.ကွက်သွားမည်ဖြစ်ကြောင်း ပြည်သူအပေါင်းအားအသိပေးရင်း။

တာတာ ကားကုမ္ပဏီ ၀င်ရောက်လာမှုကို တော့ အထူးပဲလက်ကမ်းကြိုဆိုလိုက်ပါတယ်။




..

No comments: