Saturday, October 22, 2011

ဟောင်ကောင် ရန်ကုန် တိုက်ရိုက်လေကြောင်းပျံသန်းမည်

..
                                                     ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်


ဟောင်ကောင် မြန်မာ တိုက်ရိုက်လေကြောင်းလိုင်းပျံသန်း နိုင်ဖို. နှစ်ဖက်အာဏာပိုင်တွေဆွေး နွေးနေ ကြတယ် လို.ဆိုပါတယ်။ အဲဒီအတွက်လည်း ဟောင်ကောင် လေကြောင်းလိုင်းတာဝန်ခံတွေက ပြည်တွင်း မှာ လက်မှတ် ရောင်းချဖို. အေးဂျင့်တွေရှာဖွေလျှက်ရှိပါတယ်။

ဂျပန်နဲ. တောင်ကိုရီးယား ခရီးစဉ်တွေကတစ်ဆင့် မြန်မာ နိုင်ငံကိုပြေးဆွဲတာအဆင်ပြေပေမဲ့ ဟောင်ကောင်  အပြန်ခရီးစဉ်အတွက်ခရီးသည်ရရှိမှု နည်းပါးခဲ့ပါတယ်။ နိုဝင်ဘာ ၂၀၀၇ ခုနှစ်တုန်းက Hongkkong Express မှ ခရီးသည် ၁၆၄ ဦးဆန်.တဲ့ ဘိုးအင်း ၇၃၇-၈၀၀ လေယဉ်များနဲ. တစ်ပတ်ကို နှစ်ကြိမ် ၄ လခန်.ပြေဆွဲခဲ့ဘူးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရပ်နား ခဲ့ရတာပါ။ မြန်မာ လေကြောင်းလိုင်း MAI ကလည်း ဟောင်ကောင် ရန်ကုန် တိုက်ရိုက်ခရီးစဉ်များကို ပြေဆွဲခဲ့ပေမဲ့ ခရီးသည် နည်းပါးတဲ့အတွက်ပဲရပ်နား ခဲ့ရပါသေးတယ်။

ယခင် တိုက်ရိုက်ခရီးစဉ်များ မရှိတုန်းကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို.ကို ခရီးစဉ်တစ်ထောက်နားပြီးမှ သွားလာနိုင်ကြပါတယ်။

ဟောင်ကောင် လေဆိပ်ဟာ လေကြောင်း လိုင်းပေါင်း ၉၀ ကျော် နဲ. ကမ္ဘာ. နိုင်ငံပေါင်း ၁၅၀ ကျော်ကို ပြေဆွဲလျှက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ခရီးသည်ပေါင်း သန်း ၅၀ ကျော်ကို လက်ခံနိုင်ခဲ့တဲ့ လေဆိပ်တစ် ခုဖြစ်ပါတယ်။ အဲဒီလို ကြီးမားတဲ့ လေဆိပ်တစ်ခုက မြန်မာပြည်ကို ဆင်းသက်ဖို. ခရီးသည် နည်းပါးတယ် တာလည်း မြန်မာ့ခရီးသွား လုပ်ငန်းအတွက် အားပျက်စရာဖြစ်ပါတယ်။ မြန်ပြည်ဟာ ဘယ်စံနဲ.ပဲတိုင်းတိုင်း အလွန်ပဲနောက်ကျနေတဲ့ ပမာဏကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ကျွန်ုပ်တို.ပါတီမှာ ဟောင်ကောင် လေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းမှုကို ကြိုဆိုလိုက်ပြီး ရန်ကုန်လေဆိပ် ရဲ့လေကြောင်းလိုင်းဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်နိုင်ဖို.လည်း မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါ တယ်။ မြန်မာပြည်မှာ လေကြောင်းလိုင်းတွေအတွက်ဝန်ဆောင်မှုလုပ်ငန်းတွေက အလွန်ပဲနည်းပါးလှပါ တယ်။ လေယဉ်ရေးပေါ်ပြင်ဆင်နိုင်မှု၊လေယဉ်ဆီနဲ. အခြား စက်ပိုင်းဆိုင်ရာဝန်ဆောင်မှု၊ လေယဉ်ခရီးသည် များအတွက် လိုအပ်သော အစားအသောက်များဖြည်.တင်းနိုင်တဲ့ အစားအသောက်ဝန်ဆောင်မှု၊ လေဆိပ် တွင်း ခရီးသည်ဝင်ထွက်မှု ၊ လေဆိပ်မှ မြို.တွင်းသို. ခရီးသည် ပို.ဆောင်မှု စသည်ဖြင့်တွေက တိုးတက်မှုများစွာ ကျန်နေတဲ့ကိစ္စတွေဖြစ်ပါတယ်။



..

No comments: