Friday, July 29, 2011

ဒေါ်အောင်ဆန်းစုကြည် NLD ကိုစွန်.ခွာပြီလား

...


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာဟာ မီဒီယာလောက နဲ. နိုင်ငံရေးလောကမှာ ၂၀၁၁ အတွက် အထူး ခြားဆုံးသတင်းတစ်ပုဒ်ဖြစ်နေပါပြီ၊ စာပါအကြောင်းအရာ ကတော့ ငြိမ်းချမ်းရေးကိစ္စဖြစ်တဲ့အတွက် လူတိုင်း ကြားဖူးနေကြသတင်းဖြစ်ပေမဲ့ NLD မပါပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုပမ်းချက်က ပထမဆုံးဖြစ်နေ ခြင်းပါပဲ။ နောက်တစ်ခုကတော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ. အစိုးရသစ်ကြားမှာ ပေါင်းကူးမလိုလို သတင်းဖြစ်စေတဲ့အချက်ပါပဲ။ အမှန်တော့ စာပါအကြောင်း ရာထဲ မှာ အစိုးရနဲ. ကြားဝင်စေ့စပ်ပေးမယ်လို.တော့ တိတိပပ မပါဝင်ပါဘူး။

NLD နာမယ်နဲ.အဘယ့်ကြောင့် ကြေငြာချက်မထုတ်ရတာပါလည်း ဆိုတာကို NLD ခေါင်းဆောင်များရဲ့ဖြေ ကြားချက်ကလည်း NLD ဟာတရားမ၀င် တော့ ဘူးဆိုတဲ့သဘောသက်ရောက်စေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် NLD ခေါင်းဆောင်တွေဟာ မီဒီယာမှာ ပြောသမျှတွေကို ပါတီရဲ့စကားအဖြစ် သူတို. သတ်မှတ်ချင်ရင် သတ်မှတ်ပါတယ် ။ သူတို.စကားမှားသွားရင် ပါတီရဲ့အာဘော်မဟုတ်ဘူးလို.ပြော လေ့ရှိပါတယ်။ တစ်ချိန်တုန်းက ကာနယ်ကြည်မောင် စကားမှားပြီး စစ်အစိုးရကို ခုံရုံးတင်မလိုလိုပြောခဲ့ တာကို ယခု ခေါင်းဆောင်တွေက ပါတီရဲ့အာဘော်မဟုတ်ဘူးလို.ဆိုပြန်ပါပြီ။ ဒီလိုသာဆို နောင်တစ်ခါ ပါတီခေါင်းဆောင်တစ်ယောက်က စကားမှားခဲ့ရင်လည်း ဒီလိုပဲလွှဲချဦးမှာပါပဲ။ ကာနယ်ကြည်မောင်ရဲ့ စကားထဲမှာလည်း စစ်ခုံရုံးတင်မယ်လို.တော့တိတိပပ မပါဝင်ပါဘူး၊ ဒါပေမယ့်ဒီသဘောသက်ရောက် တယ်ဆိုတာတော့ အဲဒိအချိန်က အားလုံးသိကြပါတယ်။

ယခုလည်း စစ်ခေါင်းဆောင်တွေကို စစ်ခုံရုံးတင်မယ်လို. NLD ကကြေငြာချက်ထုတ်ပြီး မပြောပေမဲ့ အဲဒိသဘော သက်ရောက်တဲ့ စကားလုံးတွေကို အမြဲပဲပြောနေတာပါ။ စုံစမ်းစစ်ဆေးရေးကောင်မရှင်ဖွဲ.ဖို. NLD က မီဒီယာမှာ အမြဲပြောလေ့ရှိပါတယ်။ စုံစမ်းလို. ပြစ်မှုထင်ရှားရင် NLD ကဘာလုပ်မှာလဲ လွတ်ငြမ်း ချမ်းသာခွင့်ပေးမှာလား။ ဒါဆို အစကတဲ့က စုံစမ်းမနေပါနဲ. လွတ်ငြိမ်းခွင့်ပေးပါတယ် အားလုံး တစ်က စလိုက် ရအောင်လို.ပြောလိုက်ရင် မပြီးဘူးလား။ စစ်အစိုးရ လက်ထက် စစ်ရာဇ၀တ်မှုတွေကြူးလွန်တာ အင်အယ်ဒီကိုယ်တိုင်ခံခဲ့ရတာပဲ ဒီပဲရင်းကိစ္စကို NLD က မသိချင်ယောင်ဆောင်ပြီးပြီပဲ။ ဘာတွေကို စုံစမ်းနေ ဦးမှာလည်း။ ခင်ဗျားမဟုတ်တာလုပ်တာတွေ ကျုပ်စုံစမ်းမယ်ဆိုမှတော့ ခင်ဗျားနဲ.ကျုပ်နဲ.ဘယ်တဲ့ တော့မှာလည်း ဆိုတာကိုနားလည်ဖို.ကောင်းပါတယ်။

NLD ရဲ.မူဝါဒ ရေးရာမှာ ရှေ.နေတွေ လွှမ်းမိုနေပါတယ် နိုင်ငံရေးသဘောကို တရားရုံးမှာရှေ.နေပြောသလို ပြောနေလို.မရပါဘူး။ ကျွန်တော်တို.တိုင်းပြည်ကိုစီးပွားရေး ပိတ်ဆို.ဖို.တစ်ခါမှမပြောဘူးပါဘူး ဒါဟာအင်အယ်ဒီရဲ့မူဝါဒလည်းမဟုတ် ပါဘူး ဆိုပေမဲ့ အခြားသောစကားလုံးတွေက စီးပွားပိတ်ဆို.စေတဲ့ အကြောင်းအရာတွေဆိုတာ အားလုံးသိကြပါတယ်။ အဲဒီလို ရှေ.နေတွေပြောလေ့ရှိတဲ့ စကားလုံးဝေ့လည်ကြောင်ပတ်တွေကို နိုင်ငံရေးမှာ သုံးလို.မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရှေ.နေတွေနဲ. အလုပ်လုပ်ဖို.မကောင်းတော့ပါဘူး။

အခုတော့ NLD ရှေ.နေများရဲ့ဆင်ခြေအောက်မှာ NLD ဆိုတာကို ဘေးချိတ်ထားလိုက်ရတဲ့ကိန်းဆိုက်နေပါ ပြီ။ NLD မရှိလည်း နိုင်ငံရေးလုပ်လို.ရတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က NLD ခေါင်းဆောင်တွေကို လက်တွေ.ပြသလိုက်တာဖြစ်ပါတယ်။

NLD ခေါင်းဆောင်တွေက တော့ NLD မရှိရင် နိုင်ငံရေးလုပ်ဖို.ခက်ခဲတော့မှာပါ အစကထဲက NLD ကို တရားမ၀င်ဖြစ်စေခဲ့တဲ့ မူဝါဒတွေကို ချမှတ်ခဲ့တဲ့ ဦးဝင်းတင်မှာ တာဝန်ရှိပါတယ်။ သူဟာ ဗမာပြည်ကွန်မြူ နစ်ပါတီက ခိုင်းတာကို လုပ်နေရတဲ့သူပါ။

ပါတီနိုင်ငံရေးလုပ်ဖို.လိုအပ်နေသရွေ. ဒေါ်အောင်ဆန်းစုကြည်အတွက် ကျွန်ုပ်တို. ၈၈ ကျောင်းသား ဟောင်းတွေဖွဲ.စည်းထားတဲ့ပါတီမှာ ပါဝင်ဦးဆောင် ဖို. ကျွန်ုပ်တို.က တရားဝင်ဖိတ်ခေါ်ပါတယ်။

ကျွန်ုပ်တို.ဟာ လူတစ်ကာရဲ့ ဆဲသမျှကို ခံယူပြီး အစစ်အမှန် နိုင်ငံရေးကို ဆောင်ရွက်ခဲ့ကြတာပါ။ ကျွန်ုပ်တို.ကို စစ်အစိုးရလူလို.ပြောတဲ့အထဲမှာ ဦးဝင်းတင်ကိုယ်တိုင်ပါ ၀င်ပါတယ်။ သူဟာ လက်ဝဲ နိုင်ငံရေးသမားပီပီ ကျွန်ုပ်တို. လက်ယာ နိုင်ငံရေးသမားတွေကို တိုက်ခိုက်ခဲ့တာပါ။ လက်ယာနိုင်ငံရေးသမားတွေဟာ ပြောညံ့ သူတွေမဟုတ်ပါဘူး မပြောညံ့လို.ပဲ အာလုံးနဲ.ဆန်.ကျင်တဲ့ နိုင်ငံရေးအယူအဆကို တင်ပြနေတာပါ။ အချို.လူငယ်တွေက ထက်ထက်မြက်မြက် လုပ်ကိုင်ရတာနဲ.ပတ်သက်လာရင် လက်ဝဲ ဆန်တယ်လို.ပြောလေ့ရှိပါတယ်။ အမှန်တော့ အဲဒီလိုမဟုတ်ပါဘူး လက်ဝဲ နိုင်ငံရေးသမားတွေသာ ထက်မြက်မှုမရှိပဲ ကွန်မြူပါတီက ခိုင်းသမျှကိုလုပ်လေ့ရှိတာပါ ။လက်ဝဲ သမားတွေကို ထက်မြက်တဲ့အသွင်ရှိအောင် ကွန်မြူနစ် ပါတီက ရဲရဲတောက် မူဝါဒတွေကိုပဲချမှတ်ပေးလေ့ရှိပါတယ်။ အဲဒီရဲရဲတောက်မူဝါဒတွေကပဲ NLD ကို တရားမ၀င်ဖြစ်စေခဲ့တာပါ။ လက်ယာနိုင်ငံရေးသမားတွေထက်မြက်ခဲ့လို. လွတ်လပ်ရေးရပြီး စမြန်မာ နိုင်ငံဟာ ကွန်မြူနစ်နိုင်ငံမဖြစ်ခဲ့တာပါ။ ဦးနေ၀င်း မ ဆ လ ပါတီထောင်တော့ မ. ဆ. လ ပါတီထဲဝင်လုပ် သူတွေဟာ လက်ဝဲနိုင်ငံရေးသမားတွေသာလျှင်ဖြစ်ပါတယ်။ လက်ယာအုပ်စုမပါ ပါဘူး၊ အနဲအကျဉ်းလောက်ပဲရှိပါတယ်။  မ ဆ လ ရဲ့ မူဝါဒ ရေးရာဌာနမှုးတွေဟာ ကွန်မြူနစ်တွေဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲထပ်ဝင်လို. အာဏာရတောင် NLD ခေါင်းဆောင်တွေနဲ.မထိုက်တန် ပါဘူး။ သူတို.တွေဟာ အာဏာ နိုင်ငံရေးသမားတွေ မဟုတ်ပါဘူးလို.ဆင်ခြေပေးကောင်းပေးပါလိမ့်မယ်။ ဒီမိုကရေစီဆိုတာ လူထုအတွက်အာဏာရအောင်လုပ်တာပါပဲ။

ဒီမိုကရေစီရေးဆောင်ရွက်တယ်ဆိုတာ ပြည်သူ.အတွက် အာဏာရအောင်ဆောင်ရွက်တာပါ။

အကယ်၍များ ဒီမိုကရေစီအရေးကြိုးပမ်းသူဟာ အာဏာရဖို. အတွက်လမ်းစမရှိတော့ဘူးဆိုရင်၊ ဒါမှမ ဟုတ် လည်း အာဏာရရှိရေးလမ်းကြောင်းကို သွေဖီတော့မယ်ဆိုရင် မူဝါ ဒ မှားယွင်းနေပြီဖြစ်ပါတယ်။ ဒီမိုကရေစီရေးမှာ တိုင်းပြည်အာဏာရဖို.ထက်ပိုအရေးကြီးတာ ဘာမှမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးဆုံးလိုအပ်နေတဲ့အရာကတော့ NLD တရားဝင်ဖို.အတွက် ဘာလုပ်ရင် ကောင်းမလဲဆိုတာမျိုးစဉ်းစားနေဟန်ရှိပါတယ်။ အဲဒီအတွက်ကျွန်ုပ်တို.မှာ အဖြေရှိပါတယ်။


...

2 comments:

Anonymous said...

ဒေါ်စု NLD ကို ဘယ်သောအခါမှ စွန်.ခွာမည်မဟုတ် တစ်ချိန်က စစ်အစိုးရ၏ ခြိမ်းချောက်ဖိအားကြောင့် NLD ကဒေါ်စုကို ပါတီမှ ထုတ်ပယ်ခဲ့ရဘူးသည်။

ဒေါ်စု နှင့် NLD ကို
ကွဲအောင် လှည့်ပါတ် ရန်တိုက်ပေးနေသော...
အတိုက်အခံအင်အားစုကို ချိနဲ.အောင်လုပ်နေသော ...
တပ်မတော်ခေါင်းဆောင် အချောင်သမါးများ ထောင်ချောက် ဆင်နေခြင်းသာ ဖြစ်နေတာကို တွေ.ရမှာပါ။

LOKA PALA said...

ဒေါ်စုရဲ့စာမှာ NLD လိပ်စာမပါသဖြင့် ဒေါ်စု NLDကို စွန့် ပြီလားဟု မဆိုင်းမတွ မေးလိုသူ၊ မေးသူများသို့..

မိမိကိုယ်မိမိ နိုင်ငံရေးသမားဟု သတ်မှတ်လျှင် (အဖျင်းဆုံး) မှတ်ပုံတင်ထားပြီး ဖြစ်လျှင်၊ ထိုအချက်ကို အခြေခံလျက် တိုင်းပြုပြည်ပြု နိုင်ငံရေးအကြောင်း ပြောလိုလျှင်

၁။ ရိုးသားမှုရှိပါစေ
၂။ ဓါတ်ခံကောင်းပါစေ

ရိုးသားမှုဆိုသည်ကို (မိမိကိုယ်မိမိ လက်မခံနိုင် သည့်တိုင် သိလောက် သည်ဖြစ်၍) မရှင်းပြလိုပါ။

အနုပညာဘဲဖြစ်ဖြစ်၊ နိုင်ငံရေးဘဲဖြစ်ဖြစ်၊ ဘာဘဲဖြစ်ဖြစ် ဓါတ်ခံမကောင်းလျှင် အလွဲကြီး လွဲ တတ်ကြောင်း သိလိုစိတ် အမှန်ရှိသည်ဆိုပါက ၈၀ ခုနှစ်များက ဆရာဦးအောင်သင်း ရေးသားခဲ့သော ရဿ စာပေ ဝေဖန်ရေး ဆောင်းပါးများကိုဖတ်ပါ။ သို့တည်းမဟုတ် အသက်ထင်ရှား ရှိသေးသော ဆရာကြီးဦးအောင်သင်းအား ချဉ်းကပ်မေးမြန်းပါ။ ရဿစာပေအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ တခုသောစာသင်ခန်း၌ ဆရာကြီးအား ပထဝီဦးကျော်ရင် အပါအဝင် ကျောင်းသားတစုမှ ချစ်စနိုးပညာစမ်းခဲ့ခြင်းအပေါ် ဆရာကြီးမှ “ဓါတ်ခံ” ဟူသော ဥပစာဖြင့် လက်တန်းဖြေကြားကျေနပ်စေခဲ့ သည့် သာဓက ရှိခဲ့ပါသည်။

တိုင်းပြည်ကို ဦးဆောင်မည်ဟု ရည်မှန်းချက် ပြင်းပြကြ သူတိုင်း ထို (၂) ချက်ကို သိသင့် ဆောင်သင့်ကြပါသည်။