Tuesday, November 30, 2010
Friday, November 26, 2010
နိုင်ငံရေးပါတီများဘယ်လဲ
Tuesday, November 23, 2010
Wednesday, November 17, 2010
Monday, November 15, 2010
ပြည်သူ့ဆန္ဒဘာလဲဆိုတာ သိဖို့ကောင်းပြီ
ပြီးခဲ့သောရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ်များ ရှုံးနိမ့်ခဲ့သော်လည်း ရန်ကုန်မြို့တစ်မြို့ တည်းမှာပင် အတိုက်အခံကိုယ်စားလှယ်များဘက်မှမဲပေးခဲ့သော ပြည်သူများ သိန်ပေါင်းများစွာရှိခဲ့သည်။
စစ်အစိုးရကိုယ်စားပြုပါတီအား မဲမထဲ့လျှင်ဘာဖြစ်မည်ငြာဖြစ်မည်ခြိမ်းခြောက်သည့်ကြားမှ ပြည်သူများ ရဲဝံ့စွာမဲပေးခဲ့သည်။
ကျွန်ုပ်တို့ထက် အဆမတန်ကြော်ကြားသော နိုင်ငံရေးခေါင်းဆောင်တို့ ၏ မဲမပေးရေး လှုံ့ဆော်မှုကို တန်ပြန်ကာ အတိုက်အခံကိုယ်စားလှယ်တို့အား မဲပေးခဲ့၏။ အချို့သောမဲဆန္ဒနယ်များတွင် အနိုင် ရရှိမှုများပင်ရှိခဲ့၏။
ပြည်သူ၏ အသံကို နိုင်ငံရေးခေါင်းဆောင်များသိချင်နေကြ၏။ ပြည်သူသန်းပေါင်းများစွာတို့ မဲရုံသို့ အတင်းသွား၍ အတိုက် အခံတို့အား ရွေးချယ်ကြ၏။
အကယ်၍သာ မဲမပေးရေး လှုံ့ဆော်မှုမရှိပဲ အားလုံးတစ်ညီတစ်ညွတ်တည်းမဲရုံသို့သွားရောက်မဲပေး ခဲ့လျှင် ရွေးကောက်ပွဲရလာဒ် ပြောင်းလဲသွားနိုင်စရာအကြောင်းရှိ၏။
ယခုတော့ မဲရုံသပိတ်မှောက်သော ကိုယ့်တပ်ကိုယ်ပြန်နင်းရေးမူဝါဒ ကြောင့် အားလုံးရှုံးနိမ့်ပြီ။
ပြည်သူက ကြံ့ဖွတ်ကိုယ်စားလှယ် ကိုသူတို့နယ်မြေတွင် မမြင်လိုကြောင်းပြသခဲ့၏။
အတိုက်အခံတို့ရှုံးသည့်တိုင် လည်းကောင်းတို့ရသောမဲတို့အား ရေတွက်လျှင် သန်းပေါင်းများစွာရှိ ၏။ ပြည်သူ့ဆန္ဒ ကိုသိဖို့ကြိုးစားနေသော ခေါင်းဆောင်များ နားလည်ဖို့အချိန်တန်ပြီ။
ကောင်းမြတ်သူ
မူဝါဒရေးရာဌာန
ပါတီဆက်လက်ရပ်တည်သွားမည်
မြန်မာဒီမိုကရေစီကွန်ဂရက် သည် ပြီးခဲ့သော ရွေးကောက်ပွဲဝင် လွတ်တော်ကိုယ်စားလှယ် တစ်နေရာ သာဝင်ပြိုင်နိုင်ခဲ့သဖြင့် ရွေးကောက်ပွဲကောင်မရှင်မှ ပါတီအားဖျက်သိမ်းခဲ့သည်။
ပါတီ၏ ဥက္ကဌ ဦးကောင်းမြင့်ထွဋ် မှ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့လွတ်တော်မှဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပါတီကိုယ်စားပြုယှဉ်ပြိုင် ခဲ့သော်လည်း ရွေး ကောက် ပွဲကောင်မရှင်မှ ပါတီအား ဖျက်သိမ်း ခြင်း ပြုလုပ်ခဲ့သဖြင့် တစ်သီးပုဂ္ဂလ အဖြစ်သာဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး မဲမသမာမှုများကြောင့် အနိုင်ရစာ ရင်း တွင် မပါဝင်ခဲ့ပါ။ ပါတီဥက္ကဌ ဦးကောင်းမြင့်ထွဋ်အနေဖြင့် ရွေးကောက်ပွဲဥပဒေ အရ ရွေးကောက် ပွဲရ လာဒ် အား အသိအမှတ်ပြုကြောင်း ပုံစံ (၁၉) အား လုံးဝလက်မှတ်ထိုးခြင်းမပြုပဲ ဆက်လက်ရပ်တည် သွား မည်ဖြစ် သည်။
ပါတီအနေဖြင့် မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ပါတီမှ ထုပ်ပြန် ကြေငြာထားသော မူဝါဒများကို အကောင်အ ထည်ဖေါ်နိုင်စေ ရေးဆက် လက်ကြိုးပမ်းသွားမည်ဖြစ်သည်။
Monday, September 13, 2010
Thursday, September 2, 2010
Wednesday, August 25, 2010
Tuesday, August 24, 2010
ရွေးကောက်ပွဲဝင်နိုင်ငံရေးပြဿနာများ (၄)
(မူဝါဒရေးရာဌာန)
Monday, August 23, 2010
Saturday, August 21, 2010
NLD ရွေးကောက်ပွဲသပိတ် ပါတီတွေ ဝေဖန် ( VOA News) 20-8-2-10
မူဝါဒ ဌာနနှင့် အင်တာဗျူး
ပါတီမူဝါဒရေးရာဌာနနှင့် ဘီဘီစီ လွတ်လပ်အတွေး ကဏ္ဍ ဖြစ်ပါ သည်။ လက်ရှိအခြေအနေ နှင့် မူဝါဒ အမှန်ကိုတင်ပြထားပါသည်။
Wednesday, August 18, 2010
Saturday, August 7, 2010
ပြည်သူများအား မူဝါဒများနှင့်ပတ်သက်၍ ရှင်လင်းတင်ပြခြင်း
Tuesday, August 3, 2010
ပညာရေးပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခြင်း
ရန်ကုန်တက္ကသိုလ် ကိုအရှေ့တောင်အာရှအဆင့်မြှင့်မည်
ကြော်ငြာစီဒီ ကိုဖွင့်ပြ၏။ ဗီဒီယိုထုတ်လုပ်ရေးအတွက် သုံးသော ပစ္စည်းများက လုပ်ငန်းခွင်သုံးပစ္စည်း အစစ်များဖြစ်သည်။ ဤ သည်က တစ်နိုင်ငံလုံး ရှိအစိုးရ ကျောင်းများ (StateSchools) အားလုံးဖြစ်သည်။ သီးသန့်ကြေးကြီးပေးရသောပုဂ္ဂလိကကျောင်းများ (Private Schools) မဟုတ်ကြပါ။
ကလေးတိုင်းဝတ်ရ၏။ ကစားကွင်းများ အလုံအလောက်ရှိသည်။
ကောင်းမြတ်သူ
(မူဝါဒရေးရာဌာန)
Monday, August 2, 2010
မဇ္ဈိမ ဂျာနယ်တွင်ဖေါ်ပြထားချက်ကို ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်
ခိုင်စု
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ နောင်လာမည့် လွှတ်တော်ထဲတွင် စစ်တပ်မှ အလိုအလျောက် ၂၅ ရာခိုင်နှုန်းမှာ ပြ ဿနာ မဟုတ်သော်လည်း လွှတ်တော်အတွင်းမှ မည်သည့်အချိန် ပြန်ထွက်သွားမည်ကို မပြောထား သည် က ပြဿနာပါဟု ပြောလာသည်က မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ (Myanmar Democracy Congress – MDC) ပါတီအထွေထွေ အတွင်းရေးမှူး ဦးကောင်းထက်ခေါ် စာရေးဆရာ ဝေမှူးသွင် ဖြစ် သည်။
လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော MDCကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုလ ၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၃၄ ဖြင့် ခွင့်ပြုခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အတွက် ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အမတ်လောင်း လျာထား မှုအတွက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
ပါတီရုံးချုပ်ကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်တာဝါတွင် ဖွင့်လှစ်ထားပြီး ပါတီရုံးခွဲများကို ဖွင့်လှစ်ရန် စီစဉ်ဆဲ ဖြစ်သည်။
၎င်းတို့ ပါတီအတွက် အဓိက အခက်အခဲမှာ ရန်ပုံငွေ ကောက်ခံသည့်အခါ ဥပဒေကြောင့် အခက်အ ခဲ ဟု ဦးဝေမှူးသွင်က ပြောသည်။
” ဥပဒေကို လက်တွေ့ ကျင့်သုံးနိုင်စွမ်း ကိစ္စတွေမှာ အလုပ်ဖြစ်တဲ့ functioning status အားနည်း နေတယ်” ဟု ဆိုသည်။
မြန်မာပြည်သူများအနေဖြင့် လူထုရွေးချယ် တင်မြှောက်ထားသော အစိုးရမျိုးကို လိုချင်နေကြသော် လည်း အကြောက်တရား စိုးမိုးထားသောကြောင့် အခက်တွေ့နေသည်ဟု သူက ပြောသည်။
၂ဝဝ၈ အခြေခံ ဥပဒေတွင် မကြိုက်နှစ်သက်သည့် အချက်များစွာ ရှိသော်လည်း ယင်းတို့ကို လွှတ် တော်ထဲတွင် လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားရန် မျှော်လင့်နေသည်။
“ဥပမာ - နိုင်ငံသားတယောက်ဟာ ဝန်ကြီးဌာန တခုထဲမှာပဲ တာ ဝန်ထမ်းဆောင်ခွင့် ရှိရမယ်ဆိုတာမျိုးကို ကျနော်တို့က လွှတ်တော် ထဲမှာ အတည်ပြုနိုင်အောင် ကြိုးစားရမယ်” ဟု သူက ပြောဆို သည်။
ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရ ဖွဲ့စည်းနိုင်လျှင် ပြည်သူများ ယုံကြည်ကိုးစားသော အစိုးရမျိုး ဖြစ်လာစေရန် တည်ဆောက်မည်ဖြစ်ကြောင်း MDC က မျှော်လင့်သည်။
ပါတီတွင် ဦးကောင်းမြင့်ထွဋ် (ဥက္ကဋ္ဌ၊ ၁၉၈၈ ခုနှစ် ၁၅ နှစ်သား အရွယ်တွင် ထောင်ကျခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း) ၊ ဦးဝေမှူးသွင် (အထွေထွေ အတွင်းရေးမှူး - စာရေးဆရာ)၊ ဦးကျော်ကျော်မင်း ၊ ဦးထောင်အဲရ် (ဒုဥက္ကဋ္ဌ၊ ချင်းတိုင်းရင်းသား နိုင်ငံရေးသမား၊ စီးပွားရေး လုပ်ငန်းရှင်)၊ ဦးကောင်းမြတ်သူ (ပေါလစ်ဗျူရို၊ ယခု အင်္ဂလန်နိုင်ငံတွင် နေထိုင်ပြီး MDC ပါတီ၏ မူဝါဒရေးရာ ကြေညာချက်များကို ရေးသား သူ) စသူတို့ဖြင့် ဦးဆောင်ဖွဲ့စည်းထားသည်။
ဦးဝေမှူးသွင်၏ ကိုယ်ရေးအကျဉ်း
အမည်အရင်း ဦးကောင်းထက် ခေါ် စာရေးဆရာ ဝေမှူးသွင်ကို ပွဲရုံနှင့် ဆီစက်လုပ်ငန်းရှင် မိဘများဖြစ်သော ဦးမောင်မောင်နီနှင့် ဒေါ်ကေသီအောင်တို့က ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပဲခူးတိုင်း ပြည်မြို့၌ မွေးဖွားခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှာ ဒဿနိကဗေဒဘွဲ့ကို ဒဂုံတက္ကသိုလ်က ရရှိခဲ့သည်။ လက်ရှိတွင် စာရေးဆရာ၊ ကဗျာဆရာအဖြစ် သက်မွေးဝမ်းကျောင်းပြုသည်။
Saturday, July 31, 2010
ပြည်ပရောက်မြန်မာအလုပ်သမားများအရေးကြိုးပမ်းမည်
-မိမိရှာဖွေရရှိသော နိုင်ငံခြားငွေဖြင့် တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းဝယ်ယူခွင့်။
နိုင်ငံသားများသည် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများအ တွက်ကျပ်ငွေသိန်းပေါင်းများစွာသုံးစွဲကြရသည်။ ထိုသို့သွားရောက် နိုင်ရေးအတွက် နည်းအမျိုးမျိုးဖြင့် အကုန်အကျ ခံကြရပါသည်။ အချို့တတ်နိုင်သူများ သည်လည်း ငွေလုံးငွေရင်း ပေးချေ ခြင်းဖြင့် အ ကုန် ခံကြသကဲ့သို့ အချို့သည်အရစ်ကျဖြင့်၎င်း၊ သက်ဆိုင် ရာလုပ် ငန်းခွင် တွင်နှစ်အကန့်အ သတ်ဖြင့်လုပ်ခ နည်းပါးစွာယူ၍ လုပ်အား ဖြင့်၎င်း ပေးဆပ်ကြရပါသည်။
ကောင်းမြတ်သူ
(မူဝါဒရေးရာဌာန)
Thursday, July 29, 2010
ရွေးကောက်ပွဲ ၀င်နိုင်ငံရေး ပြဿနာများ (၃)
ခက်ခဲသောမူဝါဒများကိုချမှတ်ခြင်း (ကောင်းမြတ်သူ)
ကိုယ်ကျင့်တရားဝေဖန်ချက်တွင်လည်း အငြင်းပွားဖွယ်များရှိ နိုင်ပါသည်။ နိုင်ငံရေးသမားတစ်ယောက် အနေဖြင့် ပြည့်တန်ဆာလုပ် ငန်းတွင်ရှယ်ရာဝင်မထားသော်လည်း အခြားသောတရားဝင်လုပ်ငန်း များတွင် ရှယ်ရာဝင်နိုင်ပြီး စီးပွားရေးဆိုင်ရာမူဝါဒများနှင့် ပတ်သက်၍ ၎င်းရှယ်ရာဝင်ထားသောကုမ္ပဏီများသို့ဘက်လိုက်ခြင်းမျိုးရှိနိုင်၏။ သို့အတွက် နိုင်ငံရေးသမားများအနေဖြင့် ဘယ်လုပ်ငန်းကိုမျှရှယ်ရာမ၀င်ရ ဆိုလျှင်လည်းမတရား ရာကျပေမည်။(လိုအပ်လျှင်လည်းတားမြစ်ရမည် ဖြစ်ပါသည်။)
မူဝါဒများနှင့်ပတ်သက်၍ ကြီးမားသောပြဿနာမှာ ပြီးပြည့်စုံ သောမူဝါဒဟူ၍မရှိနိုင်ခြင်းဖြစ်၏။ ယခုကာလ၌ပင်လျှင် မတူညီသောမူ ၀ါဒများက ကျွန်ုပ်တို့နိုင်ငံရေးလောကတွင်အားပြိုင်လျှက်ရှိပါသည်။ ဥပမာ ပြရလျှင် ရွေးကောက်ပွဲဝင်ရေးမူဝါဒများနှင့် ရွေးကောက်ပွဲမ၀င် ရေးမူဝါဒများ၊ နိုင်ငံရေးပါတီများထောင်ခြင်းနှင့် နိုင်ငံရေးပါတီများမ ထောင်ခြင်းမူဝါဒများတို့ဖြစ်၏။
ပြီးပြည့်စုံသောအရာကိုရှာဖွေသောအလုပ်မှာ ဒဿနပညာရှင် များ၏ အလုပ်သာဖြစ်ပြီး နိုင်ငံရေးသမားများ၏ အလုပ်မဟုတ်ပါ။ နိုင်ငံရေးသမား၏အလုပ်မှာ တိုင်းပြည်ဘဏ္ဍာငွေရရန် သစ်ထုတ် လုပ်ပြီး သစ်တော လည်းမပြုန်းတီးစေရေးဖြစ်၏။
ဝေဖန်မှုများမှာ များသောအားဖြင့်တစ်လမ်းသွားဝေဖန်မှုမျိုးဖြစ် တတ်၏။ ဒါမလုပ်ရဆိုသော်လည်း အခြားဘာလုပ်ပါဟုမပါသော ဝေဖန်မှုမျိုးဖြစ်၏။ ဥပမာအားဖြင့် စစ်အသုံးစရိတ်များလျှောချဖို့ဝေဖန်မှုပြု ခြင်းသည် အခြားအသုံးစရိတ်များကိုပိုမိုအသုံးပြုစေလို ခြင်းဖြစ်၏။ ဘာ ကိုပိုသုံးပါဟုဖေါ်ပြစရာမလိုသောထောက်ပြမှုမျိုးဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ဝေဖန်သူတို့အနေဖြင့် ဒါမလုပ်သင့်ဆိုသော်လည်း အခြားဘာ လုပ်ရမည်ဟု မပြောနိုင်သည်ကများပါသည်။ ဗြိတိန်ပြည်သူများအနေ ဖြင့် အာဖဂန်စစ်ပွဲကိုဆန့်ကျင်သော်လည်း အကြမ်းဖက်သမားများအား ဘယ်လိုနှိမ်နှင်းမည်လဲဆိုသည်ကိုကျတော့ အဖြေမရှိခြင်းမျိုးဖြစ်၏။ဤသို့သောဝေဖန်မှုမျိုးကို ဝေဖန်ရေးသမားများနှင့် သတင်းစာများက ပြင်းထန်စွာ လုပ်လေ့ရှိပါသည်။ နိုင်ငံရေးပါတီများကျတော့ ထိုသို့လုပ်၍ မရပါ။ အခြားပါတီ၏လုပ်ရပ်အား ဝေဖန်လျှင် ၎င်းအတွက်အဖြေရှိရ၏။ ရွေးကောက်ပွဲကိုသပိတ်မှောက်လျှင် အခြားဘာလုပ်မည်လဲဟု ပြောနိုင်ရ၏။
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့များက ဤနေရာတွင် ဆည်ကြီးဆောက်လုပ်ပါက ပတ်ဝန်းကျင် ပျက်စီးမည်ဟုသာထောက်ပြ ပြောဆို၏။ ထိုနေရာတွင်ဆည်မဆောက်ပဲ ရေရအောင် ဘယ်လိုလုပ် မည်လဲဟူသောအဖြေကို ထိုအဖွဲ့ကတာဝန်မယူပါ။ နိုင်ငံရေးသမား တွက်ကတော့ထိုသို့မဟုတ်၊ ဤနေရာတွင် ဆည်မဆောက်ရလျှင် ရေဘယ်လိုရအောင် လုပ်မလဲဟူသော နည်းလမ်းကိုရအောင်ရှာရ၏။
ဆည်ဆောက်လျှင်ပတ်ဝန်းကျင်ပျက်စီးမည်၊ ရေမရလျှင်ဒေသ ခံများမှဆန့်ကျင်မည်။ ထိုအခါ နိုင်ငံရေးသမားသည် တစ်ခုခုကိုရွေးချယ် ပြီး တစ်ဖက်ဖက်က အပြစ်တင်ခြင်းကိုခံယူလိုက်ရ၏။ ဤသို့ဖြင့် နောက် ရွေးကောက်ပွဲတွင် ရှုံးပြီး နိုင်ငံရေးသမားအသစ်တစ်ယောက်တက်လာ ၏။ နိုင်ငံရေးသမားအနေဖြင့် ထာဝရ အနိုင်ရသူတော့မဖြစ်နိုင်ပေ။
ဖေါ်ပြပါဥပမာအရ ဆည်တစ်ခုဆောက်ခြင်းသည် ဒေသဆိုင် ရာပြဿနာဖြစ်သော်လည်း၊ တစ်နိုင်ငံလုံးနှင့်ဆိုင်သော မူဝါဒများ၊ တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲနှင့်ပတ် သက်သောကိစ္စတို့တွင် မတူညီသော အငြင်းပွားစရာ ပြဿနာများ ပြည့်နှက်နေတတ်၏။ အဆင်မသင့်လျှင်အချို့သော မျိုးချစ်နိုင်ငံရေးသမားများ နိုင်ငံရေးလောကမှ ရာသက်ပန်စွန့်ခွာသွားရ၏။ ထိုအဖြစ်မျိုးနှင့်ကြုံလာလျှင် နိုင်ငံရေးသမားအများစုမှာ အများကြိုက်မူဝါဒ များကိုသာ ချမှတ်လေ့ရှိပြီး အစစ်အမှန်လောကကို ကျောခိုင်းလေ့ရှိတတ်သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံရေးပါတီတို့သည် မိမိတို့ပါတီ၏မူဝါဒ များသည်သာမှန်ကန်ကြောင်း ကာကွယ်ပြော ဆိုလေ့ရှိပြီး အများကြိုက် အယူအဆများ နှင့် ခေတ်ကာလတစ်ခုတွင်ရေပန်းစားသော အယူအဆ များကိုသာ ဟောပြောလေ့ရှိသဖြင့် ပြည်သူများအနေဖြင့် ပို မိုလက်တွေ့ကျသောမူဝါဒများကိုသာထောက်ခံကြရန် ဆန္ဒပြုလိုက် ရပေသည်။
Tuesday, July 27, 2010
ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းရေးဆောင်ရွက်မည်
Friday, July 23, 2010
ထောင်ဥပဒေများပြင်ဆင်ရေးကြိုးပမ်းမည်
ကျွန်ုပ်တို့ပါတီမှ Jail Manual ခေါ်အကျဉ်းထောင်လက်စွဲနှင့်
Wednesday, July 21, 2010
ပြည်ပရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ခြင်း
ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)
ယူကေနိုင်ငံ
myanmardemocracycongress@googlemail.com
Friday, July 16, 2010
အဂတိလိုက်စားမှုတိုက်ဖျက်မည်
Wednesday, July 14, 2010
၁၉ ဇူလိုင်အခမ်းအနားတက်ရောက်ခြင်း
Monday, July 12, 2010
ပြန်လည်ထူထောင်ရေးနှင့် ဒီမိုကရေစီရေး
Saturday, July 10, 2010
ရွေးကောက်ပွဲ ၀င်နိုင်ငံရေး ပြဿနာများ (၂)
ပါဝင်ရန် (သို့) ပါဝင်နေသောပုဂ္ဂိလ်များအား လူသိရှင်ကြား ထောက်ခံရန် ငြင်းဆိုလျှက်ရှိကြ၏ ။