..
မူဝါဒရေးရာဌာန
အိန္နိယဟာ နှစ်စဉ် ပဲတန်ချိန် ၃ သန်းမှ ၄ သန်းအထိလိုအပ်လျှက်ရှိပြီး လိုအပ်ချက်အားမြန်မာနိုင်ငံမှပုံမှန် တင်သွင်းလျှက်ရှိနေပါတယ်။ ယခင်မြန်မာ ကုန်သယ်ကြီးများအသင်း ဥက္ကဌ ဦးဝင်းမြင့် မှာ ယခု အခါတွင် ၀န်ကြီးအဖြစ် ဦးသိန်းစိန် ၏ ခရီးစဉ်တွင်လိုက်ပါလျှက်ရှိပြီး။ အိန္နိယ သို.ကုန်စည်များ သင်္ဘောတင် စရိတ်မှာ အခြားတိုင်းပြည်များနှင့်စာလျှင်မြင့်မားလျှက်ရှိသဖြင့် လျှော့ချပေးရန်ညှိနိုင်းသည်ဟု သိရှိရပါတယ်။
ဦးသိန်းစိန်အစိုးရအနေဖြင့် အခွန်နှင့် ရင်းနှီးမြုတ်နှံမှု ဥပဒေများကို ပြင်ဆင်လျှက်ရှိပြီး အိန္နိယ ကဲ့သို.သော တိုင်းပြည်များကို ဆွဲဆောင်ဖို.ရည်ရွယ်တယ်လို.ပြောခဲ့တယ်လို.ဆိုပါတယ်။ မြန်မာ အိန္နိယ ကုန်သွယ်မှုပမာ ဏ မြှင့်တင်နိုင်ရေးအတွက် ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်းနဲ. အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များကို တိုးချဲ.ဖို.လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္နိယ သံအမတ်ကြီးက တင်ပြခဲ့ပြီး နောက်ပိုင်းမှာ နယ်ခြား ကုန်သွယ်ရေးမြှင့်တင်ဖို.၊ စိုက်ပျိုးရေးလုပ်ငန်းနည်းပညာများ မြှင့်တင်နိုင်ဖို. နဲ. ငွေကြေးထောက်ပံ့ဖို.ကိစ္စများပါဝင်မယ်လို.ဆိုပါတယ်။
အိန္နိယဟာ စားနပ်ရိက္ခာတင်သွင်းမှုအတွက် မြန်မာကို အားထားပုံရရှိပြီး မြန်မာ၏ သီးနှံထုပ်လုပ်ရေးလုပ် ငန်းများကို ကူညီပေးခြင်းဖြင့် ရိက္ခာပြဿနာကို ဖြေရှင်းဖို.ကြိုးစားပုံရကြောင်း ကျွန်ုပ်တို.ပါတီမှ သုံးသပ်ရပါတယ်။
..
No comments:
Post a Comment