Tuesday, October 11, 2011

နော်ဝေနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်သို.သွားခွင့်ပြုမည်ဟုဆို

မြန်မာနိုင်ငံသို့ နော်ဝေကမ္ဘာ လှည့်ဧည့်သည် များသွားရောက်လည် ပတ်ရန် ကန့်သတ် ထားသောစည်းမျဉ်း များကို ၂၀၁၁ ခုနှစ်မေလမှ စတင်ကာ ဖယ်ရှား လိုက်ပြီဖြစ်ကြောင်း နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Espen Barth ကဆိုသည်။
“နော်ဝေနိုင်ငံအနေနဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ခရီးသွား လုပ်ငန်း တွေ အပေါ် ကန့်သတ် ထားတဲ့ ပေါ်လစီ တွေကို ဖယ်ရှားပြီး မြန်မာ နိုင်ငံသို့ ခရီး သွား များ လာရောက် လည်ပတ်ရန် အားပေး နေပါတယ်” ဟု နော်ဝေ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Espen Barth ကပြောသည်။
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟို တယ်၌ အောက်တိုဘာ ၈ရက် နေ့တွင် ပြည်တွင်း မီဒီယာ အချို့နှင့် တွေ့ဆုံစဉ် နော်ဝေ နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Espen Barth က အထက်ပါ အတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။
H.E Mr. Espen Barth သည် အောက်တိုဘာလ ၇ ရက်က ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာန ဒုတိယ၀န်ကြီးဦးဌေးအောင် နှင့် တွေ့ဆုံ ဆွေးနွေးစဉ် နှစ်နိုင်ငံ ခရီး သွား လုပ်ငန်းဆိုင်ရာ လူသား အရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ များ ကျင်းပရေး၊ မြန်မာနိုင်ငံ ရှိ ခရီးစဉ် ဒေသများကို လာရောက် လေ့လာနိုင်ရေး အတွက် နော်ဝေ နိုင်ငံမှ ခရီးသွား လုပ်ငန်း ကိုယ် စားလှယ်များ အားဖိတ်ခေါ်ပြသရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး တို့ကိုဆွေးနွေး ခဲ့ ကြောင်း သိရှိရသည်။

No comments: